Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

(9/11) နေ့နှင့် အချိန်ကိုက်ဖြစ်ပွါးသည့် တောင်တွင်းကြီး ဘာသာရေး အကြမ်းဖက်မှုဖြစ်စဉ်


၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ တနင်္ဂနွေနေ့ ည (၇) နာရီ (၄၅) မိနစ်ခန့်အချိန်မှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ပေါ်ရှိ မွတ်စ်လင်မ်ဆိုင်များအား တုတ်၊ ဓါး၊ လက်နက်များကိုင်ဆောင်လာတဲ့ လူအုပ်စုကြီးမှ မွတ်စ်လင်မ်အိမ်အချို့ကို တစ်ဖက်သတ် စတင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

ည(၈)နာရီအချိန်ခန့်မှာတော့ အဆိုပါ လက်နက်ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်အုပ်စုဟာ ရွှေကြာအင်း(၁)ရပ်ကွက်၊ ဓမ္မာရုံနှင့်ကပ်လျက်တည်ရှိတဲ့ တောင်တွင်းကြီးမြို့ရဲ့ တစ်ခုတည်းသော ဗလီကြီးဘက်သို့ ဦးတည်ထွက်ခွါလာခြင်းကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား (၄၀) ကျော်က ပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအကြမ်းဖက်လူအုပ်ကြီးဟာ ဗလီကြီးအား လေးခွများ၊ ခဲများဖြင့် အဝေးမှပစ်ထုခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ဗလီအနီးရပ်နားထားတဲ့ အစီးအနင်းတချို့ကိုလည်း အနီးကပ်ရိုက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ည(၉)နာရီအချိန်ခန့်မှာတော့ ဗလီ၏အနီးတဝိုက်မှာ အဆိုပါအကြမ်းဖက်အုပ်စုအပါအဝင် လူရာပေါင်းများစွာ စုရုံးရောက်ရှိလာတဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က လူစုခွဲခဲ့ကြပါတယ်။

ည(၁၀)နာရီဝန်းကျင်အချိန်ခန့်မှာတော့ တောင်တွင်းကြီးမြို့၊ အမှတ်(၇)လေ့ကျင့်ရေးတပ်မှ စစ်သားအင်အား (၂၀) ကျော်နှင့် မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့အင်အား (၃၀) တို့ ရောက်ရှိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြို့တွင်းလုံခြုံရေးကို ထိန်းသိမ်းခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက ဖော်ပြပါတယ်။

ည(၁၂)နာရီအချိန်ကျော်အချိန်အထိ ၎င်းလူအုပ်စုကြီးမှ အုပ်စုငယ်များ ကွဲထွက်သွားပြီး မြို့ပေါ်နှင့် မြို့စွန်ဆင်ခြေဖုံးရပ်ကွက်များမှ မွတ်စ်လင်မ်နေအိမ်များနှင့် ဆိုင်များအား အကြမ်းဖက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံများက ဆိုပါတယ်။

လူအုပ်စုအတွင်း မျက်နှာဖုံးစွပ်ထားသူများနဲ့ အမျိုးသမီးအချို့လဲ ပါဝင်ခဲ့ကြပြီး အကြမ်းဖက်မှုများအတွင်း နိုင်ငံတော်သီချင်းနဲ့အတူ အခြားသီချင်းတစ်ပုဒ်ကိုလည်း အလှည့်ကျ သံပြိုင်အော်ဟစ်ရွတ်ဆိုကြတဲ့အပြင် ခြိမ်းခြောက်ခြင်းများ၊ ဆဲဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ညတွင်းချင်းမှာပင် ဒေသခံအာဏာပိုင်များအပါအဝင် အဖွဲ့စုံမှတာဝန်ရှိသူများက အကြမ်းဖက်ခံခဲ့ရတဲ့ မွတ်စ်လင်မ်များအား လိုက်လံစာရင်းကောက်ယူမေးမြန်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။

ဖြစ်စဉ်ကြောင့် မြို့ပေါ်ရှိ ဒေသခံမွတ်စ်လင်မ်တို့၏ နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြရပြီး နံနက်(၃)နာရီဝန်းကျင်အချိန်မှာတော့ အပျက်အစီးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေဘက်ကလို့ ယူဆရတဲ့ ကားများက လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့တယ်လို့ လူမှုကွန်ယက်တွေက ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ ဘာသာရေးအကြမ်းဖက်ဖြစ်စဉ်အတွင်း ပါဝင်သူ အသက် (၃၀) အရွယ်ရှိ ဦးနှင်းကိုကိုလင်း (ဘ) ဦးဖိုးထောင်၊ မောင်းတိုင် (၂)ရပ်ကွက်၊ တောင်တွင်းကြီးမြို့တွင်နေထိုင်သူအား လက်ရဖမ်းဆီးရမိခဲ့ပြီး အခြားပါဝင်ပတ်သက်သူများကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ စစ်ဆေးနေတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ပါတယ်။

လူမှုကွန်ယက်ပေါ်မှ ကောလဟလသတင်းများ ချိန်ကိုက်ဖြန့်ဝေခြင်း

ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ စက်တင်ဘာ(၂)ရက်နေ့က ပြီးစီးခဲ့တဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ကုရ်ဘာနီအီးဒ်ပွဲတော်မတိုင်ခင်က ရုံးတွင်းသတိပေး ကြေးနန်းစာတစ်စောင်ဟာ လူမှုကွန်ယက်အတွင်းမှာ ပျံ့နှံ့ခဲပါတယ်။

အဆိုပါကြေးနန်းစာအတွင်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် အီးဒ်ပွဲတော်ကို ဝတ်ပြုဆုတောင်းခြင်းမျှသာ ပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာ (၁၁) ရက်နေ့တွင် နိုင်ငံအနှံ့ ဆူပူလှုပ်ရှားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၎င်းကြေးနန်းစာကဲ့သို့ပင် ပုံစံတူ ရုံးတွင်းသတိပေးညွှန်ကြားလွှာအချို့လည်း လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှ လူမှုကွန်ယက်သုံးစွဲသူများထံသို့လည်း (9/11) နေ့မှာ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွါးနိုင်ချေရှိတယ်လို့ စာတိုပေးပို့မှုများ ကျယ်ပြန့်စွာရှိခဲ့ပါတယ်။

ယာဉ်စည်းကမ်းလိုက်နာမှုမရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ဘာသာတစ်ခုကိုးကွယ်သူတွေကို ထိခိုက်စေတဲ့စကားပြောဆိုတဲ့ ရုပ်သံတစ်ခုကိုလည်း ကျယ်ပြန့်စွာ ဖြန့်ဝေမှုများ ရှိခဲ့ပါတယ်။

ကျီးလန့်စာစား အခြေအနေ

ရခိုင်ပြည်နယ်မှ ဘင်္ဂလီတွေဟာ နိုင်ငံအနှံ့ ဖောက်ခွဲမှုတွေပြုလုပ်လိမ့်မယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်အပေါ် အခြေခံ၍ နိုင်ငံအနှံ့ မြို့ရွာဒေသတော်တော်များများမှာ ကျီးလန့်စာစားအခြေအနေ ဖြစ်နေခဲ့ပါတယ်။

အချို့မြို့နယ်တွေမှာတော့ ဘင်္ဂလီများရောက်ရှိနေပြီဆိုသောသတင်းများကြောင့် အချိန်အခါမဟုတ်ဘဲ ရုတ်တရက်ဆိုင်များ ပိတ်ခြင်း၊ လူများခြောက်ကပ်သွားခြင်းများ ပေါ်ပေါက်ခဲ့ပါသည်။

နေရာဒေသအတော်များများမှာတော့ ဈေးဆိုင်များကိုစောစောပိတ်ကြခြင်း၊ ကလေးများကို ကျောင်းသို့မလွှတ်တော့ခြင်း၊ ပန်းခြံ၊ ဘုရား၊ ကျောင်း၊ ကန်၊ ရုပ်ရှင်ရုံများသို့ မသွားရဲတော့ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

လုံခြုံရေးတင်းကြပ်မှုများကြောင့် ကားများ၊ ဆိုင်ကယ်များကို ပိတ်ဆို့ရှာဖွေခံရမှုများ ရှိခဲ့ကြပါတယ်။

အဝေးပြေးလမ်းမများမှာလည်း မှတ်ပုံတင်/အထောက်အထားမပါရှိဘဲ သွားလာကြတဲ့မွတ်စ်လင်မ်တွေကို ဖမ်းဆီးခံရခြင်းများလည်း ရှိခဲ့ပါတယ်။

(9/11) ဆိုသည်မှာ

(9/11) Nine Eleven ဆိုတာကတော့ (၁၁-၉-၂၀၀၁) နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်ရှိ (WTC=World Trade Center) ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာနရှိရာ မျှော်စင်ညီနောင်အပါအဝင် အမေရိကန်နိုင်ငံရဲ့ ဒေသတချို့ကို အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နေ့ကို အစွဲပြုခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ တချို့ကလည်း စက်တင်ဘာ-၁၁ လို့ ခေါ်ဝေါ်ကြပြန်ပါတယ်။

၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ တရားခံမည်သူမည်ဝါဆိုတာကို ယနေ့တိုင် အငြင်းပွါးနေကြဆဲဖြစ်ပြီး အမေရိကန်အစိုးရကိုယ်တိုင်က တရားခံလို့ စွပ်စွဲခဲ့တဲ့ အိုစာမင်ဘင်လာဒင်ဟာလည်း ၎င်းကိစ္စဖြစ်ဖြစ်ချင်း နာရီပိုင်းအတွင်းမှာပင် မိမိလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ပညာရှင်အချို့ကလည်း ၎င်းကိစ္စဟာ အမေရိကန်အစိုးရကိုယ်တိုင်ပင် လက်သည်ဖြစ်ကြောင်း အချက်အလက်တွေဖြင့် ထောက်ပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

(9/11) သည် အစ္စလာမ်ဘာသာနှင့် မည်သို့မျှ သက်ဆိုင်ခြင်းအလျဉ်းမရှိပါ။ မွတ်စ်လင်မ်တစ်ဦးအဖြစ် လူသိများတဲ့ အိုစာမာဘင်လာဒင်ကို တရားခံအဖြစ် စွပ်စွဲခဲ့ကြပေမယ့် ၎င်းနေ့သည် အစ္စလာမ်ဘာသာ၏ မည်သည့်အထိမ်းအမှတ်နေ့မှ မဟုတ်ပါ။

ကမ္ဘာတစ်ဝန်း အစ္စလာမ်ဘာသာဝင်များသည် ဟစ်ဂ်ျရီလို့ခေါ်တဲ့ အစ္စလာမ့်ပြက္ခဒိန်ကိုအသုံးပြုပြီး မိမိတို့၏နေ့ထူးနေ့မြတ်များကို ပြုလုပ်ကြခြင်းသာ ဖြစ်ပါသည်။

Mnews-01 © Alin Myet Wyun

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.