Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၂၉)

[2column][content]
 (မေးခွန်း-၁) 
အတ်​စ္စလာမုအလိုင်းကွမ်း
အိမ်​သုံး လျှပ်​စစ်​ပစ္စည်း၊ မိုဘိုင်းဖုန်း၊ ​မော်​​တော်​ကား၊ ဆိုင်​ကယ်​ အစရှိတာ​တွေကို  ​ဆိုင်​အ​တော်​​တော်​များများမှာ အရစ်​ကျနဲ့ ​​ရောင်းပါတယ်​။ ​ဈေးနှုန်းက လက်​ငင်းဝယ်​ရင်​ တစ်​မျိုး အရစ်​ကျနဲ့ ဝယ်​ရင်​တစ်​မျိုးပါ။ အရစ်​ကျနဲ့ ​မွတ်​စ်​လင်​​မ်တော်​​တော်​များများ ဝယ်​သုံးကြပါတယ်​။ ပိုင်​/မပိုင်​ ရှင်းရှင်းလင်းလင်း သိချင်​လို့ပါ။ ဆရာ​တွေ​မေး​တော့ တစ်​ချို့ဆရာက ပိုင်​တယ်​။ တစ်​ချို့ဆရာက အတိုးပါတယ်​ မပိုင်​ဘူး ​ပြောတယ်​။ အရစ်​ကျနဲ့ဝယ်​လို့ ပိုင်​/မပိုင်​ ​ဖြေကြား​ပေးပါ။ တစ်​​နေ့လုပ်​ တစ်​​နေ့စား အ​ခြေခံလူတန်းစား​တွေမှာ​တော့ အရစ်​ကျနဲ့ပဲ ဝယ်​နိုင်​ကြပါတယ်​။ အလင်းမျက်​ဝန်း ဒီထက်​မက တိုးတက်​​အောင်​မြင်​ပါ​စေ။ ဆရာတို့ရဲ့ အ​ဖြေကို ​စောင့်​​မျှော်​​နေပါတယ်​။
အွမ္မရ် ဖာရူးက် (ရန်ကုန်)
 (အဖြေ-၁) 
و عليكم السلام ورحمة الله وبركاته
  • အရစ်ကျဝယ်ယူခြင်းကိစ္စဟာ ဒီကနေ့ခေတ်အခါသမယမှာ တော်တော်လေးကို ရေးပန်းစားလာတဲ့ အရောင်းအဝယ်ကိစ္စတစ်ခုလို့ ပြောရင်မမှားပါဘူး။ တကယ်တမ်းတော့ ဒီလို အရစ်ကျဝယ်ယူတာဟာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးနောက်မှာ လူ့အသိုင်းအဝိုင်းတွေမှာ ပျံ့နှံ့လာခဲ့ခြင်း ဖြစ်ပါတယ်။
  • ဌာနတွေ၊ ကုမ္ပဏီတွေဟာ ထုတ်လုပ်သူတွေဆီကနေ ပစ္စည်းပစ္စယာတွေကို အများကြီးဝယ်ယူကာ တစ်ခြားသူတွေကိုအရစ်ကျနဲ့ ပြန်လည်ရောင်းချကြပါတယ်။ ဥပမာ- ကားတွေ၊ ဆိုင်ကယ်တွေ၊ ဟန်းဆက်တွေ၊ ကိရိယာပစ္စည်းတွေ စသဖြင့်။
  • အဆိုပါ ကိစ္စမျိုးအတိုင်းပဲပျံ့နှံ့လာတဲ့ ကိစ္စရပ်တစ်ခုက ဘဏ်တွေရဲ့ လုပ်ဆောင်ချက်ပါ။ အဲဒါကတော့ ဘဏ်က ကိရိယာပစ္စည်းတစ်ခုကို လက်ငင်းဝယ်ယူလိုက်ပြီး မိမိရဲ့ဘဏ်မှာရှိတဲ့ ဝန်ထမ်းတွေကို အရစ်ကျနဲ့ အကြွေးပြန်ရောင်းခြင်းပါ။
အရစ်ကျရောင်းဝယ်ခြင်းအမိန့်
  • ဟဒီးဆ်တော်မှာ အကြွေးနဲ့ ရောင်းဝယ်ပိုင်ကြောင်း လာရှိထားပါတယ်။ တမန်တော်မြတ် ﷺ ဟာ ယဟူဒီတစ်ဦးဆီကနေ အကြွေးနဲ့ အစားအစာတချို့ကို ဝယ်ယူတော်မူခဲ့တယ်။ ပြီးတော့ မိမိရဲ့ သံချပ်ကာအင်္ကျီကို အာမခံထားခဲ့တယ်လို့ မိခင်မွန်အာအိရှဟ် رضي الله عنها က ဆင့်ပြန်ထားပါတယ်။ (ဗုခါရီကျမ်း-၂၀၆၈၊ မွတ်စ်လင်မ်ကျမ်း-၁၆၀၃)
  • ဒီဟဒီးဆ်တော်ဟာ တန်ဖိုးငွေကို အကြွေးထားပြီး ရောင်းဝယ်ပိုင်ကြောင်း ဖော်ပြနေပါတယ်။
  • အရစ်ကျ ရောင်းဝယ်ခြင်းဆိုတာကလည်း တန်ဖိုးငွေကို ဆိုင်းငံ့ထားပြီး အကြွေးရောင်းဝယ်ခြင်းပါ။ အချိန်ကာလ အတိအကျသတ်မှတ်ပြီး ဥပမာတစ်ပတ်လျှင် - ၁၀၀၀၊ တစ်လလျှင် - ၁၀၀၀ စသဖြင့် ပေးချေဝယ်ယူခြင်းမျိုးပါ။
  • သာသနာ့အမိန့်မှာက ကာလတစ်ခုတည်း သတ်မှတ်အကြွေးပေးတာနဲ့ ကာလနှစ်ခုသုံးခုခွဲပြီး အကြွေးပေးတာရဲ့ကြားမှာ ဘာမှမခွဲခြားထားပါဘူး။ ဆိုလိုတာက အကြွေးနဲ့ ဝယ်ယူပြီး တစ်ခါတည်းပေးချေတာဖြစ်ဖြစ်၊ ခွဲခွဲပြီးပေးချေတာဖြစ်ဖြစ် ရပါတယ်။ အချိန်ကာလအတိအကျသတ်မှတ်ရပါမယ်။ ဟဒီးဆ်တော်မှာ ဗရီရဟ် رضي الله عنه  က “ ကျမဟာ ကျမရဲ့ ပိုင်ရှင်တွေကို အောင်ကီယဟ် ကိုးခုပေးမယ်ဆိုပြီး မိုကာသဗဟ် (ကျွန်ဘဝကနေလွတ်မြောက်ဖို့) ချုပ်ဆိုခဲ့တယ်။ တစ်နှစ်မှာ ဝကီယဟ်တစ်ခုပေးရမှာ ဖြစ်တယ် ” လို့ မိခင်မွန်အာအိရှဟ် رضي الله عنها က ဆင့်ပြန်ထားပါတယ်။ (ဗုခါရီကျမ်း-နံပါတ် ၂၁၆၈)
  • သာသနာ့အထောက်အထားတွေဟာ အကြွေးနဲ့ ရောင်းဝယ်ခြင်းပိုင်ကြောင်း များစွာလာရှိထားပေမဲ့လည်း အကြွေးဖြစ်သွားလို့ ဈေးပိုတိုးခြင်းပိုင်ကြောင်းကိစ္စကိုတော့ လာရှိမထားပါဘူး။ ဒီအတွက်ကြောင့် ပညာရှင်ကြီးတွေကြားမှာ အနည်းငယ်ကွဲလွဲမှု ဖြစ်ပေါ်ပါတယ်။
  • အချုပ်ဖော်ပြရရင်တော့ မဇ်ဟဗ်ကြီးလေးပါးဖြစ်တဲ့ ဟနဖီမဇ်ဟဗ်၊ ရှာဖိအီမဇ်ဟဗ်၊ ဟန်ဗလီမဇ်ဟဗ်နဲ့ မာလိကီမဇ်ဟဗ်စတဲ့ မဇ်ဟဗ်လေးပါးစလုံးမှာ အရစ်ကျဝယ်ယူတဲ့အခါ ဈေးပိုတိုးသွားခြင်းဟာ ပိုင်ပါတယ်။ အကျယ်တဝင့် ရှင်းပြစရာတွေလည်း ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း မေးမြန်းချက်မှာပါတဲ့ အရစ်ကျရောင်းဝယ်ခြင်းဟာ ပြုပိုင်တဲ့ ရောင်းဝယ်ခြင်းပါ။ والله أعلم بالصواب

[/content][content]
 (မေးခွန်း-၂) 

သာမန်ရေချိုးပါတယ်။ စွန္နသ်တော်အတိုင်းချိုးတာ မဟုတ်ပါ။ ဆိုလိုတာက ရေမချိုးခင် ဝိုဇူမလုပ်ပါ။ ရေကိုတော့ တစ်ကိုယ်လုံး နှံ့အောင်ချိုးပါတယ်။ သိချင်တာက အဲ့ဒီလို ရေချိုးပြီးတဲ့အခါ ဝိုဇူမလုပ်ဘဲ နမားဇ်ဖတ်လို့ရပါသလား။ အလားတူပါပဲ ရေကူးပြီးတဲ့အခါမျိုးရော ဝိုဇူထပ်ပြုရပါသလား။ ပြန်ဖြေပေးမယ်လို့ မျှော်လင့်ပါတယ်။
ကိုကျော်ကျော် (ဆွီဒင်နိုင်ငံ)
 (အဖြေ-၂) 
  • ကျနော်တို့ ဟနဖီမဇ်ဟဗ်မှာ ဝုဿူပြုရာမှာ နိယသ်ပြုခြင်းဟာ မပြုမနေရ တာဝန်တစ်ရပ် မဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို ရေလောင်းချိုးလို့ဖြစ်ဖြစ်၊ ရေကူးလို့ဖြစ်ဖြစ်၊ မိုးရွာထဲလမ်းလျှောက်လို့ ဖြစ်ဖြစ် ဝုဿူပြုရာမှာ ဆေးကြောဖို့၊ ပွတ်သပ်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ရေရောက်သွားရင် သီးသန့် ဝုဿူလုပ်နေစရာမလိုဘဲ စွလာသ်ဆောက်တည်ခွင့် ရှိပါတယ်။ မေးမြန်းအဖြေရှာ အတွဲ-၈၊ အဖြေ-၃ မှာလည်း အလားတူအဖြေမျိုး လေ့လာကြည့်ပါ။
 (မေးခွန်း-၃) 
အတ်စလာမိုအာလိုင်ကွမ်
ဟိုတစ်ရက်က အလင်းမျက်ဝန်းမှာ မိမိခန္ဓာကိုယ်ပြင်ပကထွက်လာတဲ့ အမွှေးအမျှင်လိုအရာတွေကို ရောင်းပိုင်ခွင့်ရှိပါသလားဆိုတာကို ဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ အခုထပ်မေးချင်တာလေးရှိလို့ပါ။ မိမိခန္ဓာကိုယ်အတွင်းထဲက ကလီဇာတွေ၊ အရည်တွေ (သုတ်၊ သွေး၊ နို့၊ ...) ကိုရော ရောင်းပိုင်ခွင့်ရှိပါသလား။ တလောကတော့ သွေးလှူတာ ပိုင်တယ်လို့ အလင်းမျက်ဝန်းမှာ ဖတ်လိုက်ရပါတယ်။ အခု ကျမ မေးမြန်းတာကတော့ လှူမှာမဟုတ်ဘဲ ရောင်းတာကို ဆိုလိုတာပါ။ လက်ရှိအရောင်းအဝယ်ဖြစ်နေတာတွေ အများကြီးရှိပါတယ်။ တကယ်လို့ အရောင်းအဝယ်သဘောမဟုတ်ဘဲ သဒ္ဓါလို့ ပေးတာဆိုရင်ရော ယူပိုင်ခွင့်ရှိပါသလား။
ဒေါ်ဘာနူး (ကျောက်ဆည်)
 (အဖြေ-၃) 
و عليكم السلام ورحمة الله وبركاته
  • မေးမြန်းအဖြေရှာ အတွဲ-၂၇၊ အဖြေ-၂ မှာ ဖြေကြားခဲ့တဲ့အတိုင်း ခန္ဓာကိုယ်အတွင်းထဲက ကလီစာတွေ၊ အရည်တွေ (နို့၊ သွေး၊ မနီသုက်ရည်) တို့ကိုလည်း ရောင်းဝယ်ခြင်း မပိုင်ပါဘူး။ နို့ထိန်းသည်က ကလေးနို့ချိုတိုက်ကျွေးဖို့ အခကြေးငွေနဲ့ တိုက်ကျွေးတာကိုတော့ သာသနာက ခွင့်ပြုထားပါတယ်။ 
  • အထက်ဖော်ပြပါ ခန္ဓာကိုယ်အတွင်းအပြင် အစိတ်အပိုင်းတွေရော၊ နို့၊ သွေး၊ သုက်ရည်နဲ့ ဆံပင် (အမွှေးအမျှင်) တို့ရော ဘယ်တစ်ခုမှ ရောင်းချခြင်း ခွင့်ပြုမထားပါဘူး။
  • ဒါပေမဲ့ သွေးလှူခြင်းကို ခွင့်ပြုပေးထားပါတယ်။ အကျယ်တဝင့်ကို မေးမြန်းအဖြေရှာ အတွဲ-၂၅၊ အဖြေ-၁ မှာ လေ့လာနိုင်ပါတယ်။ နောက်ပြီး သွေးနဲ့ဆင်တူတဲ့ ကျောက်ကပ်ကိုလည်း တစ်ခြားတစ်ယောက်ကို ပေးလှူခွင့် ရှိပါတယ်။ စည်းကမ်းချက်က (၁) မိမိထုတ်မဲ့ ကျောက်ကပ်ဟာ ယူမဲ့လူနဲ့ သဟဇာတ ဖြစ်ရမယ်။ မလိုအပ်ဘဲ၊ ယူမဲ့သူအတွက် အသုံးမဝင်ဘဲ ထုတ်ခွင့် မရှိဘူး။ (၂) ပေးမဲ့သူအတွက် ဒုက္ခအခက်အခဲ၊ နစ်နာမှု တစ်စုံတစ်ခု မဖြစ်ရဘူး။
[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat