ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၃၀)

[2column][content]
 (မေးခွန်း-၁) 
အခု အင်တာနက်တွေသုံးရတာမှာ ဘာသာခြားတွေက အစ္စလာမ်အပေါ် ပုတ်ခတ်တဲ့စာတွေ ဖတ်နေရပါတယ်။ တချို့တွေဟာ အလ္လာဟ်အရှင်မြတ်သခင်၊ တမန်တော်မြတ်ကြီးတို့ကို ဆဲဆိုတာတွေမြင်ရတဲ့အခါ စိတ်ထဲက ဖတ်မိတာမျိုးတွေ ရှိပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ပုံတွေကို မဖွယ်မရာလုပ်ပြထားတာတွေကို မြင်ရတာမျိုးတွေ ရှိပါတယ်။ အဲ့ဒါတွေကြောင့် ဖတ်မိသူဟာ အပြစ်ထိုက်ပါသလား။ အီမာန်အတွက်ရော စိုးရိမ်ရပါသလား။
အောင်သူ (တပ်ကုန်း)
 (အဖြေ-၁) 
  • အလွန်ဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စရပ်တွေပါ။ ဒီကနေ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကိုယ့်ဘာသာ၊ သူ့ဘာသာ အပြန်ပြန်အလှန်လှန် စော်ကားနေကြတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။
  • ဘာသာတရားတွေရဲ့ ဓမ္မစစ်တွေကို သေချာလေ့လာကြည့်တဲ့အခါ ဘယ်ဘာသာကမှ တခြားဘာသာကိုစော်ကားဖို့ သွန်သင်ထားတယ်ဆိုတာ တွေ့ရမှာ မဟုတ်ပါဘူး။ အဲဒီလို စော်ကားလိုက်လို့လည်း တစ်ဖက်ဘာသာက ကျဆင်းမသွားဘဲ စော်ကားတဲ့သူ လက်ခံယုံကြည်ထားတဲ့/ကိုးကွယ်နေတဲ့ ဘာသာတရားကိုပဲ ပြန်လည် ထိခိုက်စေပါတယ်။
  • အလ္လာဟ်အရှင်မြတ်ကို စော်ကားထားတဲ့ စာတွေ၊ ချစ်နဗီတမန်တော်မြတ် ﷺ ကို စော်ကားထားတဲ့စာတွေ၊ အဲဒီလိုပဲ ကုရ်အာန်ကျမ်းတော်ကို စော်ကားထားတဲ့ စာတွေကိုဖတ်မိလို့ အပြစ်မထိုက်ပါဘူး။
  • ကုရ်အာန်ကျမ်းတော်နဲ့ ဟဒီးဆ်တော်တွေအထဲမှာကိုပဲ လူမျိုးစုတွေက အလ္လာဟ်အရှင်မြတ်သခင်ရဲ့ ကျေးဇူးတရားတွေကို နားမလည်ကြလို့ အလ္လာဟ်အရှင်မြတ်ကို အမျိုးမျိုးဝေဖန် ပုတ်ခတ်စော်ကားကြကြောင်း ဖော်ပြထားပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ဟဒီးဆ်တော်တွေကို လေ့လာကြည့်ပါ။
ဒီနေရာမှာ ဘလော်ဂါ ကျော်ကျော်ဦးရဲ့ ဆောင်းပါးပါအချက်အလက်တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ဘာသာရေးနှင့်အင်တာနက်
အောက်တန်းကျ အဆင့်နိမ့်တဲ့လူတွေ အင်တာနက်လောကထဲမှာ ရှိနေပါတယ်။ လူအများကိုးကွယ်တဲ့ ဘာသာတရားကို အလွန်နိမ့်ကျတဲ့စကားများနဲ့ စော်ကားနေတဲ့လူအချို့ဖြစ်ပါတယ်။ ဘာသာရေးသည် လူသားတဦးခြင်းရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ပါတယ်။ လူသားအားလုံး အများစုကိုးကွယ်တဲ့ ဘာသာကြီးတွေဟာ ကောင်းရာလမ်းကို သူ့နည်းလမ်းနဲ့ ညွှန်ပြတာကိုသတိပြုမိပါတယ်။ ဘာသာအယူဝါဒကို ယူဆောင်လာသူ ဘာသာရေးခေါင်းဆောင်မှ တမန်တော်များအဆုံးကို ယဉ်ကျေးတဲ့လူသားတိုင်း လေးစားမှု ပြသကြပါတယ်။

လူလိမ္မာ့သားယဉ်ပါး
မိမိမယုံကြည်တဲ့ ဘာသာကိုစော်ကားတဲ့သူဟာ သူယုံကြည်တဲ့ဘာသာအဆုံးအမအရပင်လျှင် သူတော်ကောင်းစာရင်းမဝင်ဘဲ သူယုတ်မာစာရင်းဝင်မှာဖြစ်ပါတယ်။ အကယ်၍ အခြားဘာသာတစ်ခုကို စော်ကားခြင်းသည် ဒီလောကရဲ့ လောကီလောဘအတွက်သာဆိုရင်တော့ လူမှုရေးရှုထောင့်ကကြည့်ကြည့် ဘာသာရေးရှုထောင့်ကကြည့်ကြည့် အလွန်တရာနိမ့်ကျသောသူများဖြစ်လို့ စိတ်ဆိုးဒေါသထွက်စရာထက် အပါယ်ငရဲမှ လွတ်လမ်းမမြင်တဲ့သူများအဖြစ် သနားမိပါကြောင်းတင်ပြလိုက်ရပါတယ်။

Islam ဘာသာဝင် မောင်နှစ်မများကို ဒီလူများက စိတ်ဆိုးမခံချင်စိတ်နဲ့ တုံ့ပြန်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေကြောင်း သတိပေးလိုပါတယ်။ မြန်မာလူမျိုးအများစုဟာ အင်မတန်ယဉ်ကျေးပြီး ဘာသာတရားကိုင်းရှိုင်းကြပါတယ်။ ကျနော်တို့အနေနဲ့ အခြားဘာသာရဲ့ကိုးကွယ်ယုံကြည်မှူကို ဝေဖန်စရာ အကြောင်းမရှိပါ။ တုံ့ပြန်စရာလဲမရှိပါ။

Islam ဘာသာရဲ့ သင်ကြားချက်မှာ အခြားဘာသာကိုလေးစားဖို့ အမြဲပါဝင်ပါတယ်။ ဖန်ဆင်းရှင်က လူသားမျိုးနွယ်အားလုံးအတွက် တမန်တော်များ အသီးသီးစေလွှတ်တဲ့အကြောင်း ကျမ်းမြတ်ကုရ်အာန်မှာ အတိအလင်း ဆိုထားပါတယ်။ ယေရှုတမန်တော်သည် ခရစ်ယာန်ဘာသာဝင်တို့အတွက်သာ မဟုတ်ဘဲ Islam ဘာသာဝင်တို့ရဲ့ တမန်တော်ဖြစ်တဲ့အတွက် ခရစ်ယာန်ဘာသာဝင်တို့က Islam ဘာသာဝင်တို့ကို တိုက်ခိုက်သတ်ဖြတ်နေသည့်တိုင်အောင် ရေရှုတမန်တော်ကို စိတ်နှင့်ပင် မပစ်မှားဝံ့ပါ။ ဂျူးတို့၏ မိုးဇက်တမန်တော်ကိုလည်း ထိုနည်းအတူပါ။ တမန်တော်အဆူဆူပွင့်ခဲ့သည့်အတွက် မည်သည့်ဘာသာရေးခေါင်းဆောင်ကိုမှ စော်ကားရန်အကြောင်းမရှိပါ။

Islam ဘာသာသည် တစ်ဆူတည်းသော ဖန်ဆင်းရှင်ကို ယုံကြည်သည့်အတွက် ဖန်ဆင်းရှင်က Islam ကို ကာကွယ်စောင့်ရှောက်ပြီးသားပါ။ ဒီလိုအဖြစ်တွေဟာ တမန်တော်အဆက်ဆက်လက်ထက်မှာ ဖြစ်ခဲ့ပြီးသားဖြစ်လို့ အထူးအဆန်းမဟုတ်ပါ။

အလွန်ယဉ်ကျေးသော ဗုဒ္ဓဘာသာဝင်မြန်မာတို့အတွက် ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးရောနေသည့် လူတဟ်စု၏လုပ်ရပ်ကို အားလုံးသိစေရန်နှင့် မေတ္တာပွားနိုင်ရန် ရည်ရွယ်ပါသည်။

ချစ်ခင်စွာဖြင့်-ကျော်ကျော်ဦး
  • အစ္စလာမ်ကို စော်ကားတဲ့စာ၊ အလ္လာဟ်အရှင်မြတ်သခင်ကို စော်ကားတဲ့စာ၊ တမန်တော်မြတ်ကို ဝေဖန်ပုတ်ခတ်တဲ့စာ၊ ကုရ်အာန်ကို ပုံစံအမျိုးမျိုး စော်ကားတဲ့ စာတွေကို ဖတ်ခြင်းဟာ အပြစ်မထိုက်ပါဘူး။
  • မိမိနှလုံးသားအတွင်းကနေ နာကျင်ပြီးဖတ်ရမဲ့အစား လက်ခံပြီး ဖတ်ရင်တော့ အပြစ်ထိုက်ရုံမက အီမာန်ပါ ထွက်သွားပါလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်သခင် အဲဒီလိုလူမျိုးတွေကို ဟိဒါယသ်-လမ်းမှန်တရား ချီးမြှင့်ပါစေသား။
[/content][content]
 (မေးခွန်း-၂) 
ဆဲဆိုခြင်းကို အစ္စလာမ်သာသနာမှာ ခွင့်ပြုထားပါသလား။ မွတ်စ်လင်မ်တွေက တခြားဘာသာဝင်တွေထက် ပိုပြီး အဆဲပုပ်သလိုပဲ။
ကိုမြင့်မောင် (ညောင်ဦး)
 (အဖြေ-၂) 

الحمد لله وحده والصلوة والسلام على من لا نبي بعده : أما بعد
  • အလွန်အင်မတန်မှ စိတ်ထိခိုက်ဖွယ်ရာကိစ္စက ဒီကနေ့ ညီနောင်တော်တော်များများဟာ အပြန်ပြန် အလှန်လှန် မြိန်ရည်ရှက်ရည် ဆဲရေးတိုင်းထွာခြင်း၊ ကျိန်စာတိုက်ခြင်းဆိုတဲ့ ချောက်ကမ်းပါးကြီးထဲကို မရှုမလှ ကျဆင်းနေကြပါပြီ။
  • ဒီဆဲရေးတိုင်းထွာခြင်းကို အစ္စလာမ်က ခွင့်မပြုထားရုံတင်မက မြောက်မြားစွာသောသတိပေးမှုတွေ၊ ကြုံးဝါးမှုတွေတောင် ပြုထားပါသေးတယ်။
  • အစ္စလာမ်သာသနာပို့ချရတဲ့ ရည်ရွယ်ချက်တွေအထဲမှာ စာရိတ္တတွေ၊ ကိုယ်ကျင့်သီလတွေကို မွန်မြတ်စေဖို့၊ အတွင်းမနောတွေ၊ အတွင်းစိတ်တွေကို ဖြူစင်သန့်ရှင်းစေဖို့၊ အသိတရားတွေကို သန့်စင်ကောင်းမွန်စေဖို့၊ လူသားတို့အကြား အဖျက်သဘောတွေရှောင်ပြီး အပြုသဘောတွေဆောင်စေဖို့၊ အချင်းချင်းတစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာယုယထွေးပိုက်တတ်စေဖို့၊ ညီရင်းအစ်ကို မောင်ရင်းနှမတွေအဖြစ် ကူးလူးဆက်ဆံနေထိုက်ကြစေဖို့အတွက်ပဲဆိုတာ ဒွိဟသံသယမရှိပါဘူး။
  • တမန်တော်မြတ် ﷺ က မိန့်ခြွေတော်မူခဲ့ပါတယ်။ “ ငါကိုယ်တော်ဟာ မွန်မြတ်ထူးကတဲ့ ကိုယ်ကျင့်တရားတွေကို ပြည့်ပြည့်ဝဝ ဖော်ဆောင်ဖို့အတွက် စေလွှတ်တော်မူခြင်း ခံရပါတယ်။ ” (အဟ်မဒ်ကျမ်း၊ သွဗ်ရာနီကျမ်း)
  • ဒီကနေ့ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ ကြောက်ခမန်းလိလိ ကပ်ဘေးကြီးတစ်ခုဟာ လူတန်းစားအလွှာအသီးသီးမှာ ဆိမ့်ဝင်လို့ နေပါပြီ။ အထက်တန်းလွှာတွေမှာရော၊ အလယ်လတ်တန်းအလွှာတွေမှာရော၊ အောက်တန်းလွှာတွေမှာရော၊ အရွယ်သုံးပါးမှာရော၊ ယဉ်ကျေးမှုနယ်ပယ်အသီးသီးမှာရော ဝင်ရောက်လာပါပြီ။
  • အဲဒီကြီးမားလှတဲ့ ကပ်ဘေးကြီးအပေါ်မှာပဲ ကလေးငယ်တွေက ကြီးပြင်းလာခဲ့ရသလို လူကြီးတွေကလည်း ကျော်ဖြတ်လာခဲ့ရပါတယ်။
  • ဖခင်တွေ၊ မိခင်တွေ၊ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ လူပျိုအပျိုတွေစတဲ့ လူအများစုဟာ မသိဖာသာ လျစ်လျူရှုနေကြပါတော့တယ်။ ဒီဒုက္ခကြီး၊ ဒီကပ်ဘေးကြီးဟာ အရှင်မြတ်ကို အမျက်ဒေါသထွက်စေပါတယ်။
  • မနုဿကို သူတော်ကောင်း၊ သူမြတ်လောင်းတွေအုပ်စုကနေ ဆွဲထုတ်ပစ်လိုက်ပြီး သူခိုးကြမ်းပိုးတွေ၊ လူဆိုးလူသွမ်းတွေရဲ့ အုပ်စုအတွင်းကို ထည့်သွင်းပစ်လိုက်ပါတယ်။
  • အဲဒီကပ်ဘေးကြီး၊ အဲဒီဒုက္ခကြီးကတော့ ဆဲရေးတိုင်းထွာခြင်း၊ ကျိန်ဆဲခြင်း၊ နှုတ်ကြမ်းခြင်း၊ ညစ်ညမ်းတဲ့ စကားတွေ ပြောဆိုခြင်းပါပဲ။ အစ္စလာမ်က ဘယ်နည်းနဲ့မှ လက်ခံမထားပါဘူး။
  • ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ဟဒီးဆ်တော်တွေမှာ ဆဲရေးတိုင်းထွာခြင်းမပြုဖို့ ဆုံးမထားတွေ ဒုနဲ့ဒေးပါ။
  • ဂိုနာကဗီရဟ်လို့ခေါ်တဲ့ ပြစ်မှုကြီးမြောက်ပါတယ်။ ဒါကြောင့် မွတ်စ်လင်မ်စစ်မှန်ရင် လုံးဝ ဆဲမှာမဟုတ်ပါဘူး။
  • ဆဲဆိုနေသူကလည်း စစ်မှန်တဲ့ မွတ်စ်လင်မ် မဖြစ်သေးလို့ပါ။
  • အလ္လာဟ်အရှင် ထိန်းသိမ်းတော်မူပါစေ။
 (မေးခွန်း-၃) 

ကြက်ရဲ့ကျောကုန်းရိုးမှာပါတဲ့ အဖြူချောင်းလေးကို စားမပိုင်ဘူးလို့ ကြားဖူးပါတယ်။ အဲ့ဒါလေးမဖယ်ဘဲ ချက်ထားတဲ့ဟင်းကိုရော စားလို့ပိုင်ပါသလား။

မေသူ (ကျွန်းလှ)

 (အဖြေ-၃) 
  • ကြက်ရဲ့ ကျောကုန်းမှာပါတဲ့ အဖြူချောင်းလေးကို မဖယ်ဘဲ ချက်ထားတဲ့ ဟင်းကို စားပိုင်ပါတယ်။
[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat