Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၃၁)

[3column][content]
 (မေးခွန်း-၁) 

တရားရုံးတွင် ကွာရှင်းသော ဇနီးမောင်နံသည် ရှရီအသ်အရ သွလာက်အထမြောက်/မမြောက်သိလိုပါသည်။

မိုဟမ္မဒ်အီစာ (ကမမောင်းမြို့)

 (အဖြေ-၁) 
  • သွလာက်ရဲ့ ပိုင်ရှင်က အမျိုးသားလင်ယောက်ျားဖြစ်တဲ့အတွက် အမျိုးသားအနေနဲ့ မိမိအိမ်မှာပဲ နှုတ်ကနေသွလာက်ပေးတာဖြစ်ဖြစ်၊ ရုံးမှာသွလာက်ပေးတာဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲသွလာက်ပေးတာဖြစ်ဖြစ်၊ သွလာက်ပေးမဲ့ရည်ရွယ်ချက်နဲ့ စာရေးပြီးသွလာက်ပေးတာဖြစ်ဖြစ်၊ မက်ဆေ့ခ်ျပို့ပြီး သွလာက်ပေးတာဖြစ်ဖြစ် အထမြောက်ပါတယ်။
  • သွလာက်ကျသွားပါတယ်။
  • ဒါကြောင့် တရားရုံးမှာ နှစ်ဦးနှစ်ဖက် ကွာရှင်းပြတ်စဲခြင်းဖြင့် အမျိုးသားကိုယ်တိုင် သွလာက်ပေးကွာရှင်းကြောင်း ထင်ရှားတဲ့အတွက် ရှရီအသ်အရ သွလာက်မြောက်ပါတယ်။

[/content][content]
 (မေးခွန်း-၂) 

အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်း ပိုင်ပါသလား။ တမန်တော်မြတ်ကြီးရော အိမ်မွေးတိရစ္ဆာန်များ မွေးမြူခဲ့ပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင်။

မွန်မွန်ကျော် (ရွှေဘို)

 (အဖြေ-၂) 

အိမ်မွေးတိရစ္ဆာန်တွေကိုမွေးမြူခြင်းဟာ ဥပမာ - အစောင့်အရှောက်အတွက်၊ ဒါမှမဟုတ် သာယာတဲ့အသံကို နားဆင်ဖို့အတွက်၊ ဒါမှမဟုတ် လှပတင့်တယ်မှု ရယူဖို့အတွက် စတဲ့ ရှရီအသ်တရားတော်အရ ပြုပိုင်တဲ့ ရည်ရွယ်ချက်နဲ့ဆို မွေးမြူပိုင်ပါတယ်။ ဒါပေမဲ့ အချက်နှစ်ချက်ကို အထူးဂရုပြုရပါလိမ့်မယ်။

  1. တိရစ္ဆာန်ကို မွေးမြူမဲ့သူဟာ တိရစ္ဆာန်ရဲ့အသက်ကို တန်ဖိုးထားတဲ့အနေနဲ့ တိရစ္ဆာန်ကို အစာကျွေးရမယ်။ ရေတိုက်ရမယ်။ ပစ်မထားရဘူး။ ထုတ်ကျောင်းဖို့ လိုအပ်တဲ့ တိရစ္ဆာန်ဆို ထုတ်ကျောင်းရပါမယ်။ ကိုယ်တိုင်မကျောင်းနိုင်ရင် ကိုယ်စားကျောင်းခိုင်းရမယ်။ ရေနဲ့ယဉ်ပါးရင် ရေကမ်းဆပ်တွေကို ဆင်းသက်ပေးရမယ်။ မယဉ်ပါးရင်လည်း သူနဲ့ယဉ်ပါးတဲ့အရာတွေကို ဆောင်ရွက်ပေးရမယ်။

    မွတ်စ်လင်မ်မှန်ရင် ကိုယ်တော်မြတ် ﷺ သတိပေးခဲ့တဲ့ကိစ္စကို အထူးဂရုပြုရပါလိမ့်မယ်။ တမန်တော်မြတ် ﷺ က မိန့်ကြားတော်မူတယ်။ (အမျိုးသမီးတစ်ဦးဟာ ကြောင်တစ်ကောင်ကြောင့် အပြစ်ဒဏ်ကျခံရတယ်။ သူမဟာ ကြောင်ကိုသေတဲ့အထိ လှောင်ထားခဲ့တဲ့အတွက် ငရဲမီးထဲ ကျရောက်ရတယ်။ သူမဟာ ကြောင်ကိုဖမ်းထားပြီး ကိုယ်တိုင်လည်း အစာမကျွေး၊ ရေလည်းမတိုက်။ ပြီးတော့ မြေရဲ့ပိုးမွှား (ကြွက်) တွေကို စားလို့ရအောင် လွှတ်လည်းမပေးဘူး။) (ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း)

  2. မွေးမြူခြင်းဟရာမ်ဖြစ်တဲ့ တိရစ္ဆာန်မျိုးတွေကို မွေးမြူခွင့် မရှိပါဘူး။ အဲဒီတိရစ္ဆာန်တွေထဲမှာ အညစ်အကြေးဖြစ်တဲ့ တိရစ္ဆာန်တွေဖြစ်တယ်။ ဥပမာ - ဝက်တို့၊ ခွေးတို့ ဖြစ်တယ်။ ဒါပေမဲ့ တိရစ္ဆာန်စောင့်ခွေး၊ လယ်စောင့်ခွေး၊ အမဲလိုက်ခွေးကိုတော့ မွေးမြူခွင့် ရှိတယ်။

[/content][content]
 (မေးခွန်း-၃) 

မွရ်သဒ်ဖြစ်သူနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ရမယ်ဆိုတာ ဟုတ်ပါသလား။ လူတချို့ကတော့ မွရ်သဒ်ဖြစ်လဲ ပုံမှန်အတိုင်း ဝင်ထွက်စားသောက်နေကြတာ မြင်ဖူးပါတယ်။ ဆရာတို့ ရှင်းပြပေးလို့ရရင် ရှင်းပြပေးစေချင်ပါတယ်။ အခက်အခဲရှိမယ်ဆိုရင်လည်း မဖြေပါနဲ့။ သိချင်ရုံသက်သက်ပါ။
မာရီယာ (ဝန်းသို)
 (အဖြေ-၃) 
  • အလ္လာဟ်အရှင်ကို သွေဖည်လိုက်ခြင်း၊ ငြင်းဆန်လိုက်ခြင်း၊ သာသနာကနေ ကျောခိုင်းခြင်း၊ ဘာသာပျက်သွားခြင်းဟာ အလွန်ကြီးလေးတဲ့ ပြစ်မှုကြီးကို ကျူးလွန်လိုက်ခြင်းပါ။ ဒီလိုလူမျိုးကို အတတ်နိုင်ဆုံး ဖျောင်းဖျပြောဆိုရှင်းပြရမယ်။ ဒီပြစ်မှုကြီးကနေ သောင်ဗဟ်အမှားဝန်ခံဖို့ ဖိတ်ခေါ်ရမယ်။ နောက်ပြီး ဒီလိုအခြေအနေမျိုးအတိုင်း ကွယ်လွန်သွားခဲ့ရင် အပါယ်ငရဲမှာ ထာဝရအပြစ်ကျခံရမယ်ဆိုတဲ့အကြောင်း သတိပေး ဆိုဆုံးမရမယ်။
  • တကယ်တမ်း ဥပဒေက မုရ်သဒ် (ဘာသာပျက်သွားသူ) ကို တခြားဘာသာခြားတွေလိုမျိုးပဲ ဆက်ဆံသမှု ပြုခွင့်ရှိပါတယ်။ သူနဲ့ အရောင်းအဝယ် လုပ်လို့ရပါတယ်။ သူဟာ အစ္စလာမ်ကိုကျောခိုင်းနေသရွေ့ အစ္စလာမ်ကို အာရုံပြန်စိုက်လာစေဖို့ တအားကြီးတော့ ရောရောနှောနှော မနေသင့်ပါဘူး။ ဒါပေမဲ့လည်း ရောရောနှောနှောနေခြင်းက သူ့အတွက် ပိုပြီးအကျိုးရှိနိုင်မယ်၊ ဒီနောက်ကွယ်မှာ အစ္စလာမ်သာသနာဘက်ကို ဒအ်ဝသ်ဖိတ်ခေါ်မှုတစ်ခု ဖြစ်နိုင်မယ်ဆိုရင်တော့ ရောရောနှောနှော ဆက်ဆံသင့်ပါတယ်။
  • နောက်ပြီး သူ့ကို ကိုယ့်အစားအစာတွေ ကျွေးမွေးလို့ရသလို သူ့အစားအစာတွေကို ကိုယ်စားခြင်းကလည်း (သူလှီးထားတဲ့ သားကောင်ရဲ့ အသားမျိုးမဟုတ်ဘူးဆိုရင်) ဘာပြဿနာမှ မရှိပါဘူး။
  • သူသေသွားခဲ့ရင် မွတ်စ်လင်မ်ဆွေမျိုးတွေက သူ့ရဲ့အမွေ မဆက်ခံရသလို မွတ်စ်လင်မ်ဆွေမျိုးတစ်ဦးဦး ကွယ်လွန်ရင်လည်း သူက အမွေမဆက်ခံရပါဘူး။ အမွေခန်းမရှိတော့ပါဘူး။ ကာဖိရ်ရဲ့အမွေကို မွတ်စ်လင်မ်က မဆက်ခံရသလို မွတ်စ်လင်မ်ရဲ့အမွေကိုလည်း ကာဖိရ်က မဆက်ခံရဘူးဆိုတဲ့ သဘောမျိုးပါ။

[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat