October 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဟဒီးဆ်မျက်ဝန်း HB-007 © Alin Myet Wyun
[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]


ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် သုခုမမျက်ဝန်းမှာတော့ ကမ္ဘာဦး သဘာဝသာသနာဖြစ်တဲ့ အစ္စလာမ်ဘာသာကို အသစ်တစ်ဖန် ပြန်လည်လန်းဆန်းစေခဲ့သော မွတ်စ်လင်မ်တို့ရဲ့ စံပြပုဂ္ဂိုလ်ကြီး တမန်တော် မိုဟမ္မဒ် ﷺ အား ဂုဏ်ပြုသီဆိုထားတဲ့ ကဆွီဒါလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးကို ကူဝိတ်နိုင်ငံ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မေရှာရီ အရဗီဘာသာစကားဖြင့် သီဆိုထားပြီး စတူဒီယိုတွင်းသီဆိုမှု၊ ဖန်တီးမှုမြင်ကွင်းပုံစံမျိုးလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။

ဝေနေယျစကြဝဠာခပ်သိမ်းအတွက် မေတ္တာကရုဏာလူသားအဖြစ် ပွင့်ပေါ်ခဲ့တဲ့ နောက်ဆုံးတမန်တော်ကြီး မိုဟမ္မဒ် ﷺ ရဲ့ ဂုဏ်ရည်တန်ဖိုး၊ ပေးဆပ်မှုခန္တီးပါရမီတွေကို ဖော်ကျူးဖွဲ့ဆိုထားပါတယ်။ ကဆွီဒါလေးကိုနားထောင်ရင်း အနည်းဆုံးတော့ စလ်ဝသ်စလာမ်တွေ အကြိမ်ကြိမ်ပို့သမှုတွေကို နားဆင်နိုင်မှာပါ။

ကျွန်ုပ်တို့သိပ်ချစ်ရတဲ့ ကိုယ်တော် မိုဟမ္မဒ် အပေါ် ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေ!

ENTM-11/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/mXbssNRzPCI
[/error]

ဟဒီးဆ်မျက်ဝန်း HB-006 © Alin Myet Wyun
[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

ခေတ်ပေါ်သတင်း (ကာတွန်း » Saudi Gazette)

CMM-06/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
[/alert]


ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် သုခုမမျက်ဝန်းမှာတော့ ကမ္ဘာကျော် သီချင်းတစ်ပုဒ်ကို Cover ပြန်ဆိုထားတဲ့ အူရ်ဒူ+အင်္ဂလိပ် နှစ်ဘာသာ တူရိယာမဲ့ ကဆွီဒါလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးကိုတော့ အသံနုနုလေးနဲ့သီဆိုလေ့ရှိတဲ့ ကနေဒါနိုင်ငံမှ အဆိုတော် အွမ္မရ်အီစာက သီဆိုထားပြီး စတူဒီယိုတွင်းသီဆိုမှုမြင်ကွင်းပုံစံနဲ့ အမြင်သစ်တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်သခင်အပေါ် ထားရှိတဲ့ အနှိုင်းမဲ့ တွယ်တာမှုချစ်ခြင်းတရားတွေကို သိမ်မွေ့နူးညံလွန်းတဲ့ စကားလုံးတွေနဲ့ ဖွဲ့နွဲ့ဖော်ကျူးသီဆိုထားတဲ့ ဇစ်ကစ်ရ်တသမှု ကဆွီဒါတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ENTM-10/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/clB3h3QGeeI
[/error]

[3column][content]
 (မေးခွန်း-၁) 

အတ်စလားမိုအလိုက်ကွမ်း
လေးစားစွာဖြင့်မဆာအိလ်တခုလောက် ဖြေပေးစေလိုပါတယ်။ မိုဘိုင်းပေါ်မှာပါတဲ့ ကုရ်အာန်အပလီကေးရှင်းကို ဝူသူမရှိဘဲ သေလာဝသ်လုပ်လို့ရလား? ရခဲ့မယ်ဆိုရင်ရော စဝါးဗ်အပြည့်အဝရမှာလား? ကျေးဇူးပြုပြီးဖြေပေးပါ။
ဗန်ဒဟ် ဒေ့လ် (KL, မလေးရှား)

 (အဖြေ-၁) 
  • ကုရ်အာန်ကျမ်းတော်မြတ်ကို သိလာဝသ် (ဖတ်ရွတ်သရဇ္ဈာယ်) ဖို့အတွက် ဝုဿူရှိဖို့ အရေးမကြီးပါဘူး။
  • ဝုဿူဟာ ကုရ်အာန်ကိုင်ဖို့အတွက်ပဲ အရေးကြီးပါတယ်။
  • နှုတ်တိုက်ဖတ်ရွတ်ဖို့ဟာ ဝုဿူမရှိရင်လည်း အခွင့်ရှိပါတယ်။
  • ရေချိုးဖို့ တာဝန်ထိုက်သူကတော့ နှုတ်တိုက်လည်း ဖတ်ခွင့် မရှိပါဘူး။
  • အဲဒီလိုပဲ ဖုန်းအပလီကေးရှင်းနဲ့လည်း သိလာဝသ်လုပ်လို့ ရပါတယ်။
  • ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သရဇ္ဈာယ်ရာမှာ ဌာန်ကရိုဏ်းကျကျဖတ်ဖို့၊ ပီပီသသ၊ အသံကောင်းကောင်းနဲ့ ဖတ်ရွတ်ဖို့၊ စိတ်ပါဝင်စားဖို့အချက်တွေက အဓိကပါ။
  • ဖုန်းအပလီကေးရှင်းက ရွတ်ဖတ်တာကလည်း ကုရ်အာန်ကျမ်းတော်က ရွတ်ဖတ်သလို ဆဝါဗ်ကုသိုလ် ရရှိပါမယ်။ စိတ်ဝင်စားမှု ရှိနေရပါမယ်။
  • ဒါပေမဲ့ ကျမ်းမြတ်ကုရ်အာန်ရှိနေပါလျက်နဲ့ ဖုန်းအပလီကေးရှင်းကနေ မဖတ်ရွတ်တာ ပိုကောင်းပါတယ်။
  • ကုရ်အာန်ကျမ်းစာအုပ်ကနေ ဖတ်ရွတ်ဖြစ်တဲ့အခါ ကုရ်အာန်ကို ကိုင်ခြင်းရဲ့ ဆဝါဗ်၊ ကြည့်ခြင်းရဲ့ ဆဝါဗ်၊ နမ်းခြင်းရဲ့ ဆဝါဗ် စတာတွေ ရရှိဦးမှာပါ။
[/content][content]
 (မေးခွန်း-၂) 

လင်ရှိအမျိုးသမီးတစ်ဦး ဖောက်ပြန်ခဲ့ပြီးနောက် ကိုယ်ဝန်ရလာခဲ့ပါတယ်။ အိမ်ထောင်သည်အမျိုးသားနဲ့လည်း ကလေးတစ်ဦး မွေးဖွားပြီး ဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသားနဲ့လည်း အကြိမ်ကြိမ် အတူနေခဲ့ပါတယ်။ ဖောက်ပြန်သူနဲ့လည်း အကြိမ်ကြိမ် အတူနေခဲ့ပါတယ်။ မွေးလာတဲ့ကလေးက ဘယ်သူ့အသွေးအသားဆိုတာ တရားတော်အရ ခွဲခြားဖို့နည်းလမ်းရှိပါသလား။
ဖိုးလုံး (တပ်ကုန်း)

 (အဖြေ-၂) 

မေးခွန်းကို တွေ့ရတာ အလွန်ဝမ်းနည်းစိုးရိမ်မိပါတယ်။ အလ္လာဟ်အရှင် အိမ်ထောင်ရှင်များကို အိမ်ထောင်ရေးသုခများ ချီးမြှင့်ပေးသနားတော်မူပါစေ။ သစ္စာတရားများ ထားနိုင်ကြပါစေ။ အကြင်လင်မယားနှစ်ဦး တစ်ဦးနဲ့တစ်ဦး အေးအတူပူအမျှ၊ ချစ်ခင်ကြင်နာယုယမှု၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုများဖြင့် ဘဝလမ်းခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။
  • ဗုခါရီကျမ်းရဲ့ ဟဒီးဆ်တော်မှာ (ကလေးဟာ လက်ရှိအိပ်ရာရှင် လင်ယောက်ျားနဲ့ပဲ ဆက်နွယ်ရပါမယ်။ ဇေနာ တရားမဝင် ကာမကျူးလွန်တဲ့ အိမ်ထောင်ရှင်အတွက် ခဲပေါက်စီရင်ရပါမယ်) လို့ လာရှိထားပါတယ်။
  • ဒါကြောင့် တရားမဝင် ဇေနာမှု ဘယ်လောက်ပဲ ကျူးလွန်ကျူးလွန်၊ ဘယ်နှစ်ကြိမ်ပဲ ဖောက်ပြန်ဖောက်ပြန် မွေးလာတဲ့ ကလေးဟာ လက်ရှိ တရားဝင် ပေါင်းသင်းနေတဲ့ လင်ယောက်ျားရဲ့ သွေးသားလို့ပဲ သတ်မှတ်ရပါမယ်။ ဒီအတိုင်း ရှရီအဟ်တရားတော်က အတည်ပြုထားပါတယ်။
[/content][content]
 (မေးခွန်း-၃) 

တရားရုံးမှာ ပုဂ္ဂိုလ်ရေးခင်မင်မှုအရ ကိုယ့်မိတ်ဆွေအနိုင်ရအောင် လိမ်ပြီးသက်သေထွက်ခဲ့ပါတယ်။ ဖြစ်တဲ့အမှုကလည်း ဗလီနဲ့သက်ဆိုင်တာမို့ပါ။ မိတ်ဆွေက ဂေါပကဖြစ်နေတော့ သူရှုံးရင် ဗလီနစ်နာမှာစိုးလို့ ရှေ့နေသင်ပေးတဲ့အတိုင်းပဲ လိမ်ပြီးသက်သေထွက်ခဲ့ပါတယ်။ အပြစ်ရှိပါသလား။
မြင့်သန်း (မြင်းခြံ)

 (အဖြေ-၃) 
  • လိမ်လည်သက်သေထွက်ဆိုခြင်းဟာ ပြစ်မှုကြီးပါ။ အကြီးမားဆုံးသော ပြစ်မှုကြီးတွေထဲကပါ။ အလ္လာဟ်အရှင်မြတ်နဲ့ တုဘက်နှိုင်းယှဉ်ကိုးကွယ်ခြင်း၊ မိဘနှစ်ပါးအမိန့်ဖီဆန်ခြင်း၊ သူတစ်ပါးအသက်သတ်ခြင်း လိုမျိုး ပြစ်မှုကြီးမြောက်ပါတယ်။
  • တစ်နေရာရာမှာ နစ်နာမှု၊ ဆုံးရှုံးမှုဖြစ်ပေါ်မယ်၊ မဖြစ်ပေါ်ဘူးဆိုတာ အလ္လာဟ်အရှင်မြတ် အသိဆုံးပါ။ ဒါကြောင့် မိမိဘက်ကနေ အဆိုပါ နေရာတစ်ခုခု (ဗလီစသဖြင့်) မှာ နစ်နာမှု ဖြစ်ပေါ်မှာကို စိုးရိမ်မှုထားမဲ့အစား အလ္လာဟ်အရှင်မြတ်ကို အားကိုးပါ။ ပုံအပ်လိုက်ပါ။ အလ္လာဟ်အရှင်မြတ်က ဒီနေရာနဲ့ ဘယ်သူနဲ့ အသင့်တော်ဆုံး၊ အထိုက်တန်ဆုံးဆိုတာ ပိုသိတော်မူပါတယ်။
  • ဘောင်အတွင်းကနေ တတ်နိုင်သလောက် ကြိုးစားခွင့်ရှိပါတယ်။ လက်လွှတ်အရှုံးပေးလိုက်ဖို့ မဟုတ်ပါဘူး။ ကောင်းရာကိစ္စကို သူ့ထက်ငါ အပြိုင်အဆိုင် လုပ်သင့်ပါတယ်။ ဒါပေမဲ့ လိမ်လည်သက်သေထွက်ဆိုခြင်းမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဒီနေရာမှာ မိမိအတွက် ပိုလို့တောင် ဂရုပြုသင့်ပါတယ်။ ပြစ်မှုကြီးတစ်ခု ကျူးလွန်မိတဲ့အတွက် သောင်ဗဟ်ပြုရပါမယ်။
အို- အလ္လာဟ်အရှင်မြတ်၊ သာသနာရေးဌာနတွေမှာရော ကျွန်တော်တို့ကို အုပ်ချုပ်နေတဲ့ နေရာတိုင်းမှာရော ကျွန်တော်တို့အပေါ် ကြင်နာတတ်တဲ့ ပုဂ္ဂိုလ်တွေ၊ အလ္လာဟ်ပိုင် ပစ္စည်းကို အလွဲသုံးစား မလုပ်တဲ့သူတွေကို ခန့်အပ်ပေးတော်မူပါ။ အာမီန်း။
[/content][/3column]

ဟဒီးဆ်မျက်ဝန်း HB-005 © Alin Myet Wyun

[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]



ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်းအတွင်း (၁၀-၁၀-၂၀၁၇) အင်္ဂါနေ့ညနေပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) (ရန်ကုန်တိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပ၍ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ကျင်းပခဲ့သည့် အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအတွင်း အစ္စလာမ်ဘာသာဝင်များအား ကိုယ်စားပြုကာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြရာကုန်းလမ်းရှိ MM ရောင်နသ်ဗလီ၏ ရှေ့ဆောင်ဆရာတစ်ပါးဖြစ်သော အလ်ဟဂ်ျ မောင်ဝ်လာနာ မွတ်ဖ်သီ မိုဟမ္မဒ် အလီက ငြိမ်းချမ်းရေးမေတ္တာစကားပြောကြားပြီး ဆုတောင်းခဲ့ပါတယ်။

MNTV ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား တစ်ဆင့်ပြန်လည်ကူးယူ၍ ဖော်ပြခြင်းဖြစ်ပါသည်။

[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/nRMDXdd9Ejs
[/error]



အီဂျစ်မှာမွေးပြီး အီဂျစ်မှာ ကြီးပြင်းခဲ့တဲ့ အဗ္ဗဒွလ်ဝလီဒ်ဟူစိုင်န်ဆိုတဲ့ မွတ်စ်လင်မ် ဆေးကျောင်းသား လူငယ်လေးတစ်ဦးဟာ နောင်နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်လောက်အကြာမှာတော့ ယနေ့ခေတ် ဆေးသိပ္ပံပညာအတွက် အကြီးမားဆုံးသော တီထွင်ဖန်တီးမှုတစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

အစားထိုးကုသမယ့် နှလုံးနဲ့အဆုတ်တွေကို အရင်ကလို ရေခဲရိုက်ပြီး ထိန်းသိမ်းစရာမလိုတော့ဘဲ ၎င်းထက် အချိန်သုံးဆလောက်ကြာအောင် ပိုမိုထိန်းသိမ်းနိုင်တဲ့ နည်းပညာတစ်ခုကို တီထွင်ခဲ့ပါတယ်။

၎င်းနည်းပညာဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းကို လူသားတစ်ဦး သက်ရှိထင်ရှားရှိစဉ်ကလိုပဲ ပုံမှန်အလုပ်ဆက်လုပ်နိုင်အောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ အချိန်မလုံလောက်တာကြောင့် ရရှိတဲ့အင်္ဂါအစိတ်အပိုင်း (၁၀) ခုမှာ (၃) ခုလောက်ပဲ အသုံးတည့်ခဲ့ပါတယ်။

အခုတော့ ခန္ဓာအင်္ဂါ အစားထိုးပြုလုပ်ပေးမယ့် ခွဲစိတ်ဆရာဝန်ကြီးတွေဟာ အရင်ကလို အချိန်လုစရာမလိုတော့ဘဲ အေးအေးဆေးဆေးနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

၎င်းတီထွင်မှုကြောင့် လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ဒေါက်တာအဗ္ဗဒွလ်ဝလီဒ်ဟူစိုင်န်ကို 2017 EPO European Inventor Award ဆုအပါအဝင် ဆုပေါင်းများစွာနဲ့ ဆေးပညာလောကရဲ့ ဂုဏ်ပြုချီးမြှင့်မှုကို ခံခဲ့ရပါတယ်။

HMM-01/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/x-RynSZCuGw
[/error]


အကောင်းဆုံးသော သေခြင်းတရားက ရှဟီးဒ်အဖြစ်နဲ့ အသက်ထွက်ခြင်း ဖြစ်ပါတယ်။ စစ်မှန်တဲ့ မွတ်စ်လင်မ်တိုင်းဟာ ရှဟီးဒ်အဖြစ်နဲ့ သေဆုံးရခြင်းကို လိုချင်ကြပါတယ်။

တမန်တော်မြတ် ရဲ့ ဦးရီးတော် ဟဇရသ်ဟမ်ဇာဟ် رضي الله ﺗﻌﺎﻟﯽٰ عنه သခင်ရဲ့ နှာခေါင်းကိုဖြတ်ထားတယ်၊ လျှာကိုဖြတ်ထားတယ်၊ အသဲကိုထုတ်ထားတယ်၊ ဦးခေါင်းမာလာခွံထဲ အရက်ထည့်သောက်ခြင်း ခံခဲ့ရတယ်။

ဟဇရသ်အုမရ် رضي الله ﺗﻌﺎﻟﯽٰ عنه သခင်ကို ဓားနဲ့အကြိမ်ကြိမ် ထိုးခံရတယ်။ သမားတော်တွေ အနာတစ်ပေါက်ကနေ ဆေးရည်ထည့်ပေးရင် အခြားအနာတစ်ပေါက်ကနေ ဆေးရည်တွေ ပြန်ထွက်လာတဲ့အထိ ဒဏ်ရာက ပြင်းလွန်းတယ်။ နောက်ဆုံးတော့ အဲ့ဒီပုံစံအခြေအနေနဲ့ပဲ ရှဟီးဒ်ဖြစ်ခဲ့ရတယ်။

ဟဇရသ် အွသ်စ်မားန် رضي الله ﺗﻌﺎﻟﯽٰ عنه သခင်ကို သံဒုတ်နဲ့အကြိမ်ကြိမ်အရိုက်ခံခဲ့ရပြီး ပါးစပ်ကနေ သွေးခြောင်းစီးခဲ့ရတဲ့ပုံစံနဲ့ ရှဟီးဒ်ဖြစ်ခဲ့ရတယ်။ ရှဟီးဒ်ဖြစ်ပြီးတဲ့နောက်မှာတောင် ဦးခေါင်းကို ဖြတ်ခံခဲ့ရတယ်။

ဟဇရသ်အလီ رضي الله ﺗﻌﺎﻟﯽٰ عنه သခင် ဓားနဲ့အထိုးခံရပြီး ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။

... စသဖြင့် ခေါင်းဆောင်ဆွဟာဗာသာဝကကြီးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှဟီးဒ်ဖြစ်ခဲ့ကြရတာပါ။ သူတို့ ဒီလို ရှဟီးဒ်ဖြစ်မယ်ဆိုတဲ့အကြောင်းကိုလည်း တမန်တော်မြတ် ဟာ သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကာယကံရှင်တွေကို သင်တို့ ကြိုတင်အသိပေး မိန့်မှာခဲ့ပါသေးတယ်။

ဆွဟာဗာသာဝကပေါင်းများစွာ ရှဟီးဒ်ဖြစ်ခဲ့ကြတဲ့အထဲမှာမှ လူတချို့က ဟဇရသ်ဟူစိုင်န် رضي الله ﺗﻌﺎﻟﯽٰ عنه သခင် တစ်ပါးထဲကိုပဲ ရက်ရက်စက်စက် ရှဟီးဒ်လုပ်ခံရတဲ့သဘောရောက်အောင် သမိုင်းတွေ သီးခြားရွေးထုတ်ပြီး လိုသလို ပုံဖော်ဝေဖန်ရေးသားတင်ပြမှုတွေဟာ မဖြစ်သင့်တဲ့ကိစ္စတခုလို့ သတိပေးပါရစေ။

အထူးသတိထားရမယ့် ကိစ္စတစ်ခုကတော့ တမန်တော်မြတ်ကြီး သက်တော်ထင်ရှားရှိ့စဉ်အချိန်မှာ ပြဿနာတစ်ခုခုဖြစ်လာရင် ဝဟီကျလာတယ်။ ဒါမှမဟုတ်လဲ ကိုယ်တော်က ဆုံးဖြတ်ပေးလိုက်တယ်။ ဘယ်သူမှားလဲ-ဘယ်သူမှန်လဲဆိုတာ ကွက်ကွက်ကွင်းကွင်း သိသွားတယ်။

တမန်တော်မြတ်ကြီး  ဝဖားသ်ဖြစ်ပီးနောက်ပိုင်း ဝဟီရဲ့အဆက်အသွယ် ပြတ်တောက်သွားတဲ့အခါမှာတော့ ဘယ်သူမှားလဲ-ဘယ်သူမှန်လည်း မသိရတဲ့အပေါ်မှာ ဆွဟာဗာကြီးတွေ၊ သာဗေအီးန်ကြီးတွေ၊ သဗသာဗေအီးန်ကြီးတွေရဲ့ ကွဲလွဲမှုကိစ္စရပ်တွေအပေါ်မှာ နှုတ်ဆိတ်နေရမှာ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံးဖြစ်တော်မူတယ်လို့ ယုံပုံအပ်ရပါလိမ့်မယ်။

وخير امتي قرني ثم الذين يلونهم ثم الذين يلونهم
အကောင်းဆုံးခေတ်သုံးခုထဲမှာ ဆွဟာဗာတွေရော သာဗိအီန်တွေရော ပါရှိနေကြပါတယ်။

ဒါ့ကြောင့် ဟဇရသ်မုအာဝိယာ رضي الله ﺗﻌﺎﻟﯽٰ عنه သခင်နှင့် ဟဇရသ်အလီ رضي الله ﺗﻌﺎﻟﯽٰ عنه သခင်တို့ကြား ဘယ်သူမှန်လည်း-ဘယ်သူမှားလည်း။
ဟဇရသ်အလီ رضي الله ﺗﻌﺎﻟﯽٰ عنه သခင်နှင့် ဟဇရသ်အာအိရှာ رضي الله ﺗﻌﺎﻟﯽٰعنها သခင်မကြီးတို့ကြား ဘယ်သူမှားတယ်-ဘယ်သူမှန်တယ်ဆိုပြီး ဝင်ပြောနေမယ့်အစား နှုတ်ဆိတ်နေပြီး အရှင်မြတ်ပေါ်မှာသာလျှင် ယုံပုံအပ်ထားသင့်တယ်။

ဒီတိုင်းပဲ ယဇီးဒ်နှင့်ဟဇရသ်ဟူစိုင် رضي الله ﺗﻌﺎﻟﯽٰ عنه ကြား ယဇီးဒ်ကိုဆဲတာတို ဝေဖန်ပစ်တင်တာတို့ မလုပ်ဘဲ နှုတ်ထိန်းနေသင့်တယ်။

“ ယဇီးဒ်က လူယုတ်မာပဲ သူကိုယ်တိုင် မသတ်လည်း သူ့အကြံစည်ကြောင့် ဖြစ်ရတာလေ၊ ဒါလည်း မကောင်းမပြောရတော့ဘူးလားလို့ စောဒကတတ်လာရင် ” အဖြေ ရှင်းရှင်းလေးတစ်ခု ရှိပါတယ်။
ဟဒီးဆ်တော်တစ်ပုဒ်မှာ စစ်မှန်တဲ့ ကလိမာဟ်ဖတ်ထားသူတွေဟာ တစ်နေ့မဟုတ်တစ်နေ့ ဂျန္နသ်ကို ဝင်ရောက်ရမှာ ဖြစ်တယ်။ အဲ့ဒီ အီမန်ရှင်တွေဟာ ဖာစိက် (သူယုတ်မာ) ဖြစ်လင့်ကစား မဆဲဖို့ လအ်နသ်မပို့ဖို့ အလ္လာဟ်ရစူလ်က မိန့်တော်မူထားပါတယ်။

ယဇီးဒ်ဟာ အကောင်းဆုံး ခေတ်သုံးခုထဲက သာဗိအီန်ဖြစ်နေတာက တစ်ကြောင်း၊ ယဇီးယ်ရဲ့အဘိုး (ဟဇရသ်မုအာဝိယာ رضي الله ﺗﻌﺎﻟﯽٰ عنه ရဲ့ဖခင် အဗူဆူဖိယာန် رضي الله ﺗﻌﺎﻟﯽٰ عنه ) ရဲ့ နှမ (အဘွားလေး) နဲ့ ဟဇရသ်အလီ رضي الله ﺗﻌﺎﻟﯽٰ عنه သခင်တို့ နိကာဟ်လုပ်ခဲ့ပြီး သမီးလေးဦးတောင် ထွန်းကားခဲ့ပါသေးတယ်လို့ သမိုင်းပညာရှင်တွေက တင်ပြကြတာကြောင့် ယဇီးဒ်နဲ့ ဟဇရသ်ဟူစိုင်တို့ ဆွေမျိုးတော်ဆက်နေတာက တစ်ကြောင်း၊ ဟဇရသ်ဟူစိုင်န်ဟာ တော်တော်ကို စခီစခါဝသ် (အလှူအတန်းရက်ရောမှု) ရှိ့တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် “ ငါ့ကိုသတ်တဲ့အထဲမှာ ပါဝင်ကြံစည်သူ ငါ့အမျိုးယဇီးဒ်ကို ငါခွင့်လွှတ်ပါတယ် ” ဆိုရင် ယဇီဒ်ကိုဆဲတဲ့ လအ်နသ် (ကျိန်စာ) ပို့နေတဲ့ကျနော်တို့ ဘာတွေ ဖြစ်ကုန်ကြမလဲ စဉ်းစားကြည့်ပါ။

ဒါ့ကြောင့် အရှင်မြတ်ပေါ်မှာ ပုံအပ်ပြီး ဆိတ်ဆိတ်နေသင့်ပါတယ်။ အလ္လာဟ်အရှင်မြတ်သာလျှင် အကောင်းဆုံး ဆုံးဖြတ်နိုင်တော်မူသောအရှင် ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို ကြည့်ပြီး တရားသံဝေဂ ယူဖို့ပါ။ ဝေဖန်ပြစ်တင် ဆဲဆိုဖို့ မဟုတ်ပါဘူး။ မိမိတို့ရဲ့ နှုတ်ပါးစပ်ကို အထူးထိန်းသိမ်းပါ။ ခိုင်မာမှုမရှိတဲ့၊ လိုရာဆွဲရေးသားတဲ့ စာအုပ်စာပေတွေဖတ်ရှုပြီး ကျနော်တို့ လိုက်မမှီသော အဆင့်အတန်း မြင့်မားလှတဲ့ အလ္လာဟ်အရှင်မြတ်ချစ်နှစ်သက်ခြင်းခံရသူတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်မိကြပါစေနဲ့။

ဆိုရှယ်မီဒီယာပေါ်မှာ လူတချို့ဟာ အလ္လာဟ်အရှင်မြတ်သခင် ချစ်မြတ်နိုးတဲ့ ဆွဟာဗဟ် သာဝကကြီး رضي الله ﺗﻌﺎﻟﯽٰ عنهم တွေကို အသိတရားမဲ့စွာ လူတတ်ကြီးများလုပ်ပြီး ဝေဖန်ပုတ်ခတ်စော်ကားနေကြတာကို မြင်လိုက်ရလို့ ဤစာကို ရေးသားလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အမှားပြင်ပေးလျှင် ကျေးဇူးရှင်ပါ။

ဆရာနောင်

MOL-007 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.alinmyetwyun.com/2017/06/MOL.html[/info]


ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် သုခုမမျက်ဝန်းမှာတော့ အမှန်နှင့်အမှားကို ခွဲခြမ်းစိတ်ဖြာပေးခဲ့သူ ကမ္ဘာ့ပထမဦးဆုံးသော သမ္မတကြီး အွမ္မရ်ဖာရူးက် رضي الله ﺗﻌﺎﻟﯽٰ عنه သခင်ကြီးအား ဂုဏ်ပြုသီဆိုထားတဲ့ ကဆွီဒါလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးကို ကူဝိတ်နိုင်ငံ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မေရှာရီ အရဗီဘာသာစကားဖြင့် သီဆိုထားပြီး စင်မြင့်ထက်ဖျော်ဖြေသီဆိုမှု (Live Show) ပုံစံလေးနဲ့ မြင်တွေ့ရမှာမို့ သုခုမမျက်ဝန်း ပရိသတ်ကြီးအတွက် အမြင်သစ်တစ်ခုပုံစံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အာဏာရှင်တွေ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ခဲ့ကြတဲ့ သမ္မတကြီး အွမ္မရ်ဖာရူးက်ရဲ့ မြင့်မြတ်မှု၊ ရဲရင့်ပြတ်သားမှု၊ လက်ရုံးရည်၊ နှလုံးရည်တို့ကို ဖော်ကျူးထားပြီး သခင်ကြီးဟာ အမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ဘယ်လောက်ထိ တန်ဖိုးကြီးမားတဲ့သူဖြစ်တယ်ဆိုတာတွေကိုလည်း လှပတဲစကားလုံးတွေနဲ့ မြင်တွေ့ရမှာပါ။

အဘက်ဘက်က စိတ်ပျက်အားငယ်နေကြတဲ့ မြန်မာမွတ်စ်လင်မ်တွေအတွက် ဤကဆွီဒါလေးက အင်အားတစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

သမ္မတကြီး အွမ္မရ်ဖာရူးက်သခင်အပေါ် အေးချမ်းသာယာမှုတွေ အစဉ်ခညောင်းနိုင်ပါစေ!

ENTM-08/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/69mqQD5MqfI
[/error]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat