November 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[2column][content]
 (မေးခွန်း-၁) 

(အတွဲ-၃၄၊ အဖြေ-၂) က ဖြေကြားချက်အရ...

အဲ့လိုဆို အဲ့မဇီပေတဲ့အဝတ်နဲ့အတူရောပြီး လျှော်ခဲ့တဲ့အဝတ်တွေကို ပြန်လျှော်ရမှာလား။ အဝတ်တွေကလဲအများကြီးပဲ။ အပါအဝတ်တွေကော။ အမာအဝတ်တွေရောပဲ။ အရင်က အဲ့လိုမသိခဲ့လို့ ရောပီးလျှော်ခဲ့မိတာ။ အဲ့အဝတ်တွေနဲ့ နမာဇ်ဝတ်ပြုလို့ရော ပိုင်ပါတော့မလား။ ဘယ်လိုပြန်လုပ်ရမလဲ ပြောပြပေးပါလား။

အိုကာရှား (သထုံ)

 (အဖြေ-၁) 

  • မဇီ၊ သွေး၊ အရက်၊ မစင် စသဖြင့် အညစ်အကြေး နိဂျာစသ် ပေကျံတဲ့အဝတ်အထည်ဟာ ပွတ်တိုက်ပြီး ရေသုံးကြိမ်ဆေးကြော လျှော်ဖွပ်ရင် သန့်ပြန့်သွားပါတယ်။ (အတွဲ-၂၂၊ အဖြေ-၂) နဲ့ (အတွဲ-၂၅၊ အဖြေ-၂) တို့မှာလည်း ပြန်လည်လေ့လာနိုင်ပါတယ်။
  • မေးခွန်းအရ တကယ်လို့ မိတ်ဆွေအနေနဲ့ အဝတ်တွေကို အထက်ဖော်ပြပါအတိုင်း ပွတ်တိုက်ပြီး ရေသုံးကြိမ်ဆေးကြော လျှော်ဖွပ်ခဲ့တာဖြစ်ရင် ပြန်ပြီးဆေးကြောစရာ မလိုတော့ပါဘူး။ အဲဒီလိုမဟုတ်ဘဲ တစ်ရေမှာပဲ စိမ်ခဲ့တာဆိုရင်တော့ အားလုံး မသန့်ဖြစ်ပြီး ပြန်လျှော်ဖွပ်ရပါလိမ့်မယ်။
  • အဝတ်လျှော်စက်ထဲ ထည့်လျှော်ဖြစ်ခဲ့ရင်လည်း ဒီအတိုင်းပါပဲ။ နိဂျာစသ် အညစ်အကြေး ပျောက်သွားလောက်တဲ့အထိ ရေထည့်တာတို့၊ ရေညှစ်တာတို့ကို လုပ်ဖြစ်ရင် သန့်သွားပါပြီ။ အဲဒါကို ဖိကဟ်ပညာရှင်များက သုံးကြိမ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီလို လျှော်ပြီးအဝတ်တွေကိုဝတ်ကာ စွလာသ်ဆောက်တည်ဖြစ်ခဲ့ရင် သန့်ပြန့်တဲ့အဝတ်ကို ဝတ်ခဲ့တာဖြစ်လို့ ပြန်ဝတ်ပြုစရာ မလိုပါဘူး။

ဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ယခင်က အဖြေဟောင်းတချို့ကိုလည်း လေ့လာကြည့်ပါ။



 (မေးခွန်း-၂) 

ချမ်းသာတဲ့ ဆွေမျိုးအင်အားကြောင့် သူ့အတွက် ဇကားသ်တွေက နှစ်စဉ် ပေါပေါများများ ရလေ့ရှိပါတယ်။ သူ့ရဲ့မိသားစုဟာလည်း အားလုံး အလုပ်ရှိအကိုင်ရှိပြီး ဝင်ငွေအသီးသီးကြောင့် ပြေလည်ကြပါတယ်။ ဆွေမျိုးတွေကလည်း သံယောဇဉ်ကြောင့် ဇကားသ်အချိန်ဆို သူတို့ကို ဦးစားပေးပြီး ထောက်ပံ့ကြပါတယ်။ အဲ့ဒီလိုလူမျိုးအတွက် ဇကားသ်ပေးခြင်း/ယူခြင်း ပိုင်/မပိုင်ကို ဖြေကြားပေးပါဆရာ။

ကိုမျိုး (တောင်တွင်းကြီး)

 (အဖြေ-၂) 

  • လူတစ်ဦးမှာ ဇကာသ်ရဲ့ သတ်မှတ်ထားတဲ့ နိစွာဗ်ကို ပိုင်ဆိုင်မှုမရှိရင် ဆွေမျိုးတွေ ချမ်းသာကြလို့ ဖြစ်ဖြစ်၊ ပေါပေါများများပေးလို့ ငွေတွေအများကြီးရနေတာဖြစ်ဖြစ် သူ့ကိုဇကာသ်ပေးပိုင်ပါတယ်။ တစ်ယောက်တည်းကိုပဲ တစ်ပြိုင်တည်းအများကြီးပေးလိုက်လို့ ရပါတယ်။ ဒါပေမဲ့ သူ့ပိုင်ဆိုင်မှုမှာ တစ်နှစ်ပတ်လည်လုံး ဇကာသ်နိစွာဗ်မျှ ရှိနေတယ်ဆိုရင်တော့ မပေးပိုင်တော့ပါဘူး။
  • ဥပမာ- မောင်ဖြူဟာ ဆွေမျိုးသားချင်း အင်အားတောင့်တင်းတာကြောင့် လွန်ခဲ့တဲ့နှစ် လမြတ်ရမဿွာန်မှာ ဆွေမျိုးတွေဆီကဖြစ်ဖြစ်၊ တခြားသူတွေဆီကဖြစ်ဖြစ် ဇကာသ်ငွေ သိန်း (၁၀၀) လောက် ရတယ်ဆိုပါစို့။ တကယ်လို့ ဒီနှစ် ရမဿွာန်လရောက်တဲ့အထိ သူ့လက်ထဲမှာ အနည်းဆုံး ဇကာသ် နိစွာဗ်ပမာဏ ဥပမာ- (၅) သိန်း သို့မဟုတ် (၅) သိန်း ထက်ပိုတဲ့ ငွေကြေးဟာ လွန်ခဲ့တဲ့နှစ်ကနေ ဒီနှစ်အထိ ကြားထဲမှာ လုံးဝ လျော့နည်းသွားခြင်း၊ လုံးဝ ပျောက်ပျက်သွားခြင်း၊ ကုန်အောင်သုံးလိုက်လို့ ကုန်သွားခြင်းမရှိဘဲ ဆက်တိုက်ရှိနေခဲ့တယ်ဆိုရင်တော့ သူ့ကို ဒီနှစ်ရမဿွာန်မှာ ဇကာသ် မပေးမပိုင်တော့ပါဘူး။ သူကလည်း ဇကာသ် မစားပိုင်ပါဘူး။ အဲဒီလို လူမျိုးကို ဇကာသ်ပေးရင် ဇကာသ် အထမြောက်မှာ မဟုတ်ပါဘူး။
  • တကယ်လို့ ဒီနှစ်ရောက်လာတဲ့အခါမှာ နှစ်ပတ်လည်ပိုင်ဆိုင်လာခဲ့တဲ့ ဇကာသ်နိစွာဗ်မရှိရင်တော့ သူ့ကို ဇကာသ်ပေးခွင့် ရှိပါတယ်။ တစ်ခါတည်း ကြွယ်ဝသွားအောင်၊ နောင်နှစ် တောင်းစရာ ပေးစရာမလိုလောက်အောင် မတည်ပေးလိုက်လို့လည်း ရပါတယ်။
  • အလှူဒါနဟာ ဆွေမျိုးကိုပေးခြင်းဖြင့် အကျိုးကုသိုလ် နှစ်ဆရတယ်လို့ ကိုယ်တော်မြတ်ကြီး ﷺ ရဲ့ မိန့်ကြားချက်တွေအရ သိရှိရပါတယ်။

[/content][content]
 (မေးခွန်း-၃) 

ကလေးတစ်ယောက် အရွယ်ရှိတုန်းမှာ သာသနာ့အခြေခံ ပညာသင်ယူခြင်းနဲ့ ကုရ်အာန်သဂ်ျဝီးဒ်သင်ယူခြင်းနှစ်ခုအနက် ဘယ်အရာကို ဦးစားပေးသင့်ပါသလဲ။ အခုမြင်လာရတာကတော့ ဆရာတွေက သဂ်ျဝီးဒ်ပညာကို ဦးစားပေးသင်နေပြီး သာသနာ့အခြေခံပညာကို အားနည်းနေတဲ့အတွက် ကလေးတွေ အရွယ်ကြီးပြီး ကျောင်းကထွက်သွားတဲ့အခါ ဘာမှ မသိလို့ အခက်တွေ့နေတာ များပါတယ်။ ပိုဆိုးတာက ကလေးတွေဟာ သာသနာ့အခြေခံပညာအသိနည်းတော့ သာသနာအပေါ် ကြည်ညိုကိုင်းရှိုင်းစိတ်တွေလဲ နည်းပါးကြပါတယ်။ ကုရ်အာန်ကိုတော့ သဂ်ျဝီးဒ်သံနေသံထားနဲ့ ပီပီပြင်ပြင် ဖတ်တတ်ကြပေမယ့် သာသနာ့အသိတရားကျတော့ ဘာမှမရှိကြသလို ဖြစ်နေကြပါတယ်။ ဒီအပေါ် ဆရာတို့အမြင်လေးကို သိချင်ပါတယ်။

နူရွလ်ဟက် (ပျော်ဘွယ်)

 (အဖြေ-၃) 
  • ဒီကိစ္စကို ရှင်းပြရရင် တော်တော်လေး ကျယ်ပြန့်ပါလိမ့်မယ်။ ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့ ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်တတ်အောင် ကလေးကို သင်ကြားပေးတာက ပိုအရေးကြီးလား၊ ဒီနီယာသ်ကို သိအောင် တတ်အောင် သင်ပေးတာက ပိုအရေးကြီးပြီး ပိုလိုအပ်လား။
  • ကျနော်တို့နိုင်ငံရဲ့ အစ္စလာမ့်ရင်သွေးငယ် ကလေးတွေရဲ့ အစ္စလာမ့်အခြေခံပညာရေး တစ်နည်း မက္ကသဗ်ပညာရေးအကြောင်းကို ဦးစွာဆွေးနွေးတင်ပြလိုပါတယ်။ ကျနော်တို့နိုင်ငံမှာက အစိုးရပညာရေးနဲ့ ဘာသာရေးအခြေခံပညာရေးဆိုပြီး ပညာရေးနှစ်ရပ်စလုံးကို အစ္စလာမ့်ရင်သွေးငယ်တို့က သင်ယူနေကြရပါတယ်။ ဒါပေမဲ့ အချိန်ပေးပုံ၊ အချိန်ပေးတဲ့အတိုင်းအတာ မတူညီပါဘူး။ အစိုးရကျောင်းပညာရေးအတွက် နံနက် ၉ နာရီ ကနေ ညနေ ၃ နာရီ၊ အချိန်ပို ကျူရှင်အတွက် စသဖြင့် ညနေ ၄ နာရီလောက်အထိ အချိန်ပေးကြရပါတယ်။
  • မက္ကသဗ်ပညာရေးအတွက်ကတော့ ညနေ ၅ နာရီလောက်ကနေ ည ၇ နာရီခွဲ (သို့မဟုတ်) ၈ နာရီလောက်အထိသာ အချိန်ပေးနိုင်ကြပါတယ်။ အဆိုပါ ၅ နာရီကနေ ၈ နာရီအတွင်းမှာကလည်း စွလာသ်ဝတ်ပြုချိန်တွေ ရှိနေသေးတဲ့အတွက် အချိန်ပြည့် မရနိုင်ပြန်ပါဘူး။ အဲဒီတော့ တစ်နေ့ကို ဘာသာရေးပညာအတွက် ၂ နာရီ သို့မဟုတ် ၂ နာရီခွဲလောက်သာ အချိန်ပေးနိုင်ကြတယ်လို့ ဆိုရင် မမှားပါဘူး။
  • အဲဒီတော့ကာ ၂ နာရီလောက်အချိန်အတွင်းမှာ ကလေးကို ကုရ်အာန်ကျမ်းတော်လည်း သင်ပေးရ၊ စူရဟ်တွေလည်း ကျက်မှတ်ပေးရ၊ ကလိမဟ်(၇)ပုဒ်၊ ဟဒီးဆ်တော်များ၊ ကုရ်အာနီးဒုအာများ၊ မတ်စ်နူးန်ဒုအာများ၊ အစ္စလာမ့်စည်းကမ်းများ၊ အထက်မြန်မာပြည်မှာဆို ပရိယတ္တိအခြေခံစာအုပ်များ စတာတွေကို အကုန် သင်ပေးကြရပါတယ်။
  • ဒီနေရာမှာ အခုတင်ပြတဲ့ ဘာသာရပ်တွေထဲကနေ ဘယ်အရာကဖြင့် ပိုအရေးကြီးသလဲ၊ ဘယ်အရာကဖြင့် ကြီးပြင်းလာတဲ့ ဘဝမှာ ပိုအရေးပါသလဲ၊ သာသနာကို ပိုမိုကိုင်းရှိုင်းလေးစားတဲ့စိတ် ဖြစ်သလဲဆိုတာ ကျောင်းပြီးသွားတဲ့ ကလေးတွေရဲ့ စစ်တမ်းကို ကြည့်ရပါလိမ့်မယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ အရှိအတိုင်း ဝန်ခံကြစတမ်းဆို အစ္စလာမ့်အခြေခံဘာသာရေးကျောင်းပြီးသွားတဲ့ ကလေးငယ်အများစုဟာ အထက်ပါ ဘာသာရပ်တွေထဲက ဟိုဟာမေ့၊ ဒီဟာမေ့၊ ဟိုဟာကဖြင့် စမ်းတဝါးဝါး၊ ဒီဟာကဖြင့် တိတိပပ မသိတော့ဘူးလို့ဖြစ်တာကို တွေ့ရပေမဲ့ ကလေးငယ်အားလုံး တစ်ပြေးညီမမေ့တာတစ်ခုကတော့ ကုရ်အာန်ကျမ်းတော်ပါပဲ။
  • ဆရာတွေက အခြေခံပညာရေးကို တိတိကျကျ သင်ကြားပေးလိုက်ပေမဲ့ ကျောင်းပြီးသွားလို့ တခြားကျောင်း ဆက်တက်တာဖြစ်ဖြစ်၊ အပြင်အလုပ်ထဲ ရောက်သွားလို့ဖြစ်ဖြစ် မောင်ဝ်လဝီကျောင်း၊ ဟာဖိဇ်ွကျောင်း မရောက်ဘဲ တခြားနေရာကိုများ ရောက်သွားမယ်၊ မိဘတွေကလည်း ဒီနီယာသ်လို့ခေါ်တဲ့ အစ္စလာမ်ဘာသာရေးဆောင်ရွက်ချက်တွေ၊ ပညတ်တွေကို ဂရုတစိုက် လေ့လာဖို့မတိုက်တွန်းမိဘဲ ဘာသိဘာသာ နေဖြစ်သွားမယ်ဆိုရင် တော်တော်များများ မေ့ပျောက်ကုန်ကြပါတယ်။ အဲဒီအခါ မမေ့ဘဲ ကျန်ရှိနေတဲ့အရာကတော့ ကုရ်အာန်ဖတ်ရွတ်တတ်မှုပဲ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
  • ဒါကြောင့် အမြဲကျန်ရှိနေခဲ့မဲ့ ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့ ဌာန်ကရိုဏ်းကျကျ သင်ပေးကြတာ၊ အဲဒါကို ဦးစားပေးသင်ပေးကြတာလို့ ထင်မိပါတယ်။ ဒါပေမဲ့လည်း ဒီနီယာသ်ကိစ္စ၊ သာသနာ့အခြေခံကိစ္စသင်ကြားရေးကို လုံးဝကြီး လျစ်လျူရှုထားတာမျိုး မဖြစ်သင့်ပါဘူး။ ကလေးငယ်တစ်ဦးဟာ သာသနာ့အခြေခံလိုအပ်ချက်တွေကို တိတိကျကျ ဂဃနဏ သိထားပါမှ နောင်အနာဂတ် လူလားမြောက်တဲ့အခါ ဘာသာရေးနဲ့ ပတ်သက်ပြီး ကျင့်သုံးနိုင်မှာ လျှောက်လှမ်းနိုင်မှာပါ။ ကုရ်အာန်သင်ကြားရေးတစ်ခုတည်းကိုပဲ ဦးစားပေးထားတာမျိုး မလုပ်သင့်ပါဘူး။ ကုရ်အာန်ကို ဦးစားပေးသင်ကြားလိုရင် ကုရ်အာန်အတွက် အချိန်များများပေးပြီး သင်ကြားစေပါ။ အခြားဘာသာရပ်တွေကိုလည်း သူ့အချိန်နဲ့သူ သင်ကြားစေပါ။
  • ဥပမာ- ကျောင်းချိန်(၂)နာရီမှာ ကုရ်အာန်အတွက် တစ်နာရီသတ်မှတ်ထားရင် အခြားဘာသာရပ်တွေအတွက် တစ်နာရီသတ်မှတ် သင်ကြားရပါမယ်။
  • ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့ ဖတ်ရွတ်တတ်ဖို့ အရေးကြီးသလို ဒီနီယာသ်ကိုလည်း တတ်မြောက်ဖို့ သာသနာ့အခြေခံပညာ သိထားဖို့ကလည်း အရေးကြီးပါတယ်ဆိုတာပါပဲ။ အိန္ဒိယနိုင်ငံက ဟဇရသ်မောင်ဝ်လာနာအရှ်ရဖ်အလီ ထာနဝီ رحمة الله عليه သခင်က ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့သင်ယူခြင်းဟာ အရေးကြီးတာဝန်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကိရာအသ်ပညာရှင်ကြီး အလ္လာမဟ်အလ်ဂျဇရီကလည်း အရေးကြီးကြောင်း သူ့ရဲ့မုကဒ်ဒမဟ်အလ်ဂျဇရီယဟ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်နဲ့ ဟဒီးဆ်တော်မြတ်ကို အကိုးအကားယူပြီး ပြောတယ်လို့ ရှင်းလင်းချက်တွေအရ သိရပါတယ်။ နောက်ပြီးစအာဒသ်ဆိုတဲ့ လစဉ်ထုတ် အူရ်ဒူစာစောင်ရဲ့ ဒီလ (၂၀၁၇-ဒီဇင်ဘာလ) ထုတ် စာစောင်ရဲ့ စာမျက်နှာ-၄၄ ကနေ ၄၉ ထိ ကုရ်အာန်သင်ယူခြင်းကိစ္စကို ဒီလကနေ အခန်းဆက်ရေးသားဖော်ပြထားပါတယ်။ လေ့လာကြည့်ပါ။
  • အဲဒီလိုပဲ အစ္စလာမ့်အခြေခံပညာကို တတ်မြောက်ထားဖို့ရာလည်း မသင်မနေရတာဝန်ကြီး တစ်ရပ်ပါပဲ။ ထို့အတွက်လည်း အထောက်အထားပေါင်း မြောက်မြားစွာ ရှိပါတယ်။ ကျမ်းပေါင်းမြောက်မြားစွာမှာလည်း အခြေခံပညာအရေးပါပုံကို ရှင်းလင်းဖော်ပြရေးသားထားပါတယ်။ အချုပ်ပြောရရင် တစ်ခုကိုပဲ ဦးစားပေးပြီး နောက်တစ်ခုကို လွှတ်ထားခြင်းဟာ မပြည့်စုံပါဘူး။ နှစ်လွှာပေါင်းမှ တစ်ရွက်ပါလို့ ကျနော်တို့ အလင်းမျက်ဝန်းရဲ့ အမြင်လေးကို ဖော်ပြလိုက်ပါတယ်။ ကျေနပ်မယ်လို့မျှော်လင့်ပါတယ်။
[/content][/2column]

ဟဒီးဆ်မျက်ဝန်း HB-012 © Alin Myet Wyun
[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

ပက်ပင်း (ကာတွန်း » Saudi Gazette)
CMM-09/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
[/alert]

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်စာတစ်စောင်
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ထိပ်တန်းပုဂ္ဂိုလ် (၅) ဦးကို ဥပဒေကြောင်းအရ အရေးယူပေးဖို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တရားရုံးတော်မှာ တရားစွဲဆိုထားတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါအမှုကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာနေထိုင်တဲ့ ဟာဂျီဦးခင်အောင်မြင့်က ပြည်မြို့နယ်တရားရုံးတော်မှာ ရာဇသတ်ကြီးအမှုအမှတ် (၄၉၆၅/၂၀၁၇) ဖြင့် တရားလိုပြုလုပ်၍ ဦးတိုက်လျှောက်ထား စွဲဆိုခဲ့တာလို့ သိရပါတယ်။

အဆိုပါအမှုနှင့်ပတ်သက်၍ (၄-၁၂-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာတရားရုံးတော်က အမိန့်ချမှတ်သွားမှာဖြစ်ပြီး အမှုအားလက်ခံပါက ဆက်လက်၍ တရားရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Mnews-01/11/17 © အလင်းမျက်ဝန်း



မနှစ်ကတည်းက ကမ္ဘာ့အကျော်ကြားဆုံး ရုပ်သံမျှဝေတဲ့လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ You Tube အပါအဝင် အခြားသော လူမှုကွန်ယက်တွေပေါ်မှာ တမန်တော်ကို မွေးနေ့လုပ်ပေးကြတဲ့ ပါတီပွဲတစ်ခုရဲ့ရုပ်သံဟာ အတော်လေး ပျံ့နှံ့ခဲ့ပါတယ်။

၎င်းရုပ်သံအတွင်း မုတ်ဆိတ်မွှေး ခပ်ရှည်ရှည်နဲ့ ပိတ်ဖြူပိုင်းကို ခန္ဓာကိုယ်အောက်ပိုင်းမှာ ပုဆိုးသဖွယ် ပတ်ထားတဲ့ ပုဂ္ဂိုလ်နှစ်ဦးက ဦးဆောင်ပြီးတော့ တမန်တော်ကို မွေးနေ့လုပ်ပေးနေကြဟန် မြင်တွေ့ရပါတယ်။

အထက်ပါပုဂ္ဂိုလ်ကြီးတစ်ဦးက ခုံပေါ်ထိုင်ကာ ဓားကိုကိုင်၍ ဒရူးဒ်စာသားများ ရွတ်ဆိုပြီးနောက် ကိတ်မုန့်ကို လှီးလိုက်စဉ်မှာပဲ နဘေးမှ ဝန်းရံတဲ့ မုတ်ဆိတ်ရှည်နဲ့အခြားပုဂ္ဂိုလ်တစ်ဦးက “ ဟတ်ပီးဘတ်ဒေး ယာရစူလွလ္လာဟ် ” လို့ ဦးဆောင်အော်ဟစ်ရင်း လက်ခုပ်တီးကာ ပျော်ပျော်ရွှင်ရွှင်နဲ့ တမန်တော်ကို မွေးနေ့ဆုတောင်းပေးနေတာလည်း မြင်တွေ့ရပါတယ်။

ဘေးဘီဝဲယာမှာတော့ အစိမ်းရောင်အင်္ကျီဝတ်ဆင်ထားသူများအပါအဝင် လူများစွာက ပါဝင်ကျင်းပနေကြတာကို မြင်တွေ့ရပါတယ်။

လူမှုကွန်ယက်တွေပေါ်မှာတော့ ယခုဗွီဒီယိုကို လှောင်ပြောင်စရာတစ်ခုအဖြစ် သရော်တော်တော်ရေးသား၍ မျှဝေမှုများ ရှိခဲ့ပြီး မတူညီတဲ့အမြင်အမျိုးမျိုးနဲ့ သဘောထားမှတ်ချက်တွေကိုလည်း မြင်တွေ့ရပါတယ်။

(မှတ်ချက် - ဤရုပ်သံပါ လုပ်ဆောင်ချက်များသည် အစ္စလာမ်ဘာသာနှင့် လုံးဝဆန့်ကျင်နေပါသည်။ ဗဟုသတအဖြစ်သာ တင်ဆက်ပေးခြင်း ဖြစ်ပါသည်။)

GKM-05/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/mkAeNoC7UHQ
[/error]


ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် (သုခုမမျက်ဝန်း) မှာတော့ ကူဝိတ်နိုင်ငံ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မရှာရီရဲ့ အရဗီဘာသာစကားဖြင့် သီဆိုထားတဲ့ အရဗ်ကဆွီဒါလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

ကိုယ်တော်မြတ် ﷺ ရဲ့ အမည်သညာသည်ပင် မြင့်မြတ်လှကြောင်းကို အရဗီစကားလုံး အသစ်အဆန်းများဖြင့် ဖွဲ့နွဲ့သီဆိုထားပြီး ကြည်နူးဖွယ်ကောင်းတဲ့ အရဗ်ကျေးလက်သဘာဝလေးတွေနဲ့တကွ တင်ဆက်ဖော်ပြထားပါတယ်။

ကိုယ်တော်မြတ်ကြီး ﷺ ရဲ့ အမည်သညာကို ကြားရသည့်အခါ (စွလဝါသ်စလာမ်) ဒရူးဒ် မေတ္တာပို့သကြဖို့၊ မေတ္တာပို့သခြင်းကြောင့် ရရှိမည့် လောကီ-လောကုတ္တရာ (နှစ်ဘဝ) တွင် ရရှိမည့်အကျိုးကျေးဇူးတော်တွေအကြောင်းကို သီဆိုထားတာ ဖြစ်ပါတယ်။

ကဆွီဒါလေးနားထောင်ရုံနဲ့ ကိုယ်တော့်ရဲ့တန်ဖိုးတွေကို သိမြင်လာစေပြီး (စွလဝါသ်စလာမ်) ဒရူးဒ် မေတ္တာပို့သသံတွေကြောင့် စိတ်နှလုံးတွေ ကြည်နူးသာယာချမ်းမြေ့မှုကို ခံစားရစေမှာပါ။

ENTM-13/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]» ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
» ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/76nfdkouTcU[/error]

[3column][content]
 (မေးခွန်း-၁) 

salam
ဆရာ မေးစရာလေး မေးခွင့်ပြုပါ။
Bank တိုးနဲ့ တရားရုံးကုန်ကျစရိတ်ကို သုံးလို့ရလား ဖြေကြားပေးပါနော်။

သန်းသန်းစိုး (မော်လမြိုင်-ချောင်းဆုံ)

 (အဖြေ-၁) 

وعليكم السلام ورحمة الله وبركاته

အတိုး ဟရာမ်ဖြစ်ကြောင်း ကျနော်များ အလင်းမျက်ဝန်း ဝိုင်းတော်သားများ၏ ထာဝစဉ် ဆုံးဖြတ်ချက်တစ်ရပ်ပါ။ ဘာကြောင့်လဲ။ အတိုးကို အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်က ဟရာမ်သတ်မှတ်တော်မူထားလို့ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်က မိန့်မြွက်တော်မူထားပါတယ်။

وأحل الله البيع وحرم الربا

(အဓိပ္ပါယ်) အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းကို ခွင့်ပြုထားတော်မူ၍ အတိုးအညွန့်စားခြင်းကိုမူကား တားမြစ်တော်မူခဲ့လေသည်။ (ကုရ်အာန် ၂း၂၇၅)
(အကျယ်တဝင့်ကို ကုရ်အာန်အလင်းပြကျမ်းမှာ လေ့လာကြည့်ပါ။)

နောက်ပြီး တမန်တော်မြတ်ကြီးကလည်း အတိုးဟရာမ်ဖြစ်ကြောင်း သတ်မှတ်ထားတော်မူပါတယ်။ ဟဒီးဆ်ကျမ်းတွေမှာ အတိုးဟရာမ်ဖြစ်ကြောင်း ဟဒီးဆ်တွေ လာရှိထားပါတယ်။

တချို့ပုဂ္ဂိုလ်တွေဟာ အတိုးကို ဟလာလ်လို့ မှတ်ယူပြောဆိုကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ စကားပါ။ အဲဒီတော့ ကိုယ့်ပိုင်ဆိုင်မှုအတွင်း ဝင်ရောက်နေတဲ့ ဟရာမ်ငွေ တစ်နည်း အတိုးငွေတွေကို ဘာလုပ်ကြမလဲ။ အဲဒီအတိုးငွေတွေကို ကိုယ့်ပိုင်ဆိုင်မှုကနေ အပြင်ကို မြန်မြန်ထုတ်ပစ်ရပါလိမ့်မယ်။

အဲဒီလို ထုတ်ပစ်ဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ တစ်နည်းက အဲဒီအတိုးငွေတွေကို မြစ်ပင်လယ်ထဲ မြောပစ်ခြင်းပါ။ ဒုတိယတစ်နည်းက တအားလိုအပ်နေတဲ့ မရှိဆင်းရဲသားကို ဆဝါဗ်ရဲ့ နိယသ်မပိုက်ဘဲ ပေးကမ်းလိုက်ခြင်းပါ။ ပထမတစ်နည်းကိုတော့ ဘယ်ပညာရှင်ကမှ ခွင့်ပြုမထားပါဘူး။ ဒါကြောင့် ဒုတိယတစ်နည်းကို အသုံးပြုပြီး ကိုယ့်ပိုင်ဆိုင်မှုကနေ အပြင်ကို ထုတ်လိုက်ရပါမယ်။

တရားရုံးကိစ္စ၊ ရှေ့နေငှားရမ်းခ၊ တရားသူကြီးနဲ့ ဝန်ထမ်းတွေကို ကန်တော့ခ စတဲ့ ကိစ္စတွေဟာ ကိုယ့်အကျိုးအတွက် သုံးစွဲခြင်း ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တိုင်သုံးစွဲတာ၊ ကိုယ့်ကိစ္စကို အကောင်အထည်ဖော်ရတာဖြစ်တဲ့အတွက် အတိုးငွေ တစ်နည်း ဟရာမ်ငွေကို အသုံးပြုလို့ မရပါဘူး။ အတိုးငွေနဲ့ လာဘ်ပေးလို့ရတယ်လို့ တချို့က ပြောကြပါသေးတယ်။ အပြစ်နှစ်ဆတောင် ထိုက်ပါဦးမယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဟရာမ်ငွေ သုံးစွဲခြင်းရယ်၊ ဟရာမ်လုပ်ရပ်ဖြစ်တဲ့ လာဘ်ပေးခြင်းအလုပ်ကို လုပ်တာရယ် နှစ်ခုကြောင့်မို့ပါ။

အတိုးငွေနဲ့ပတ်သက်ပြီး ဖြေကြားခဲ့တာတွေကို ပြန်လည်ညွှန်းဆိုပေးလိုက်ပါတယ်။ (အတွဲ-၁၃၊ အဖြေ-၁) (အတွဲ-၁၇၊ အဖြေ-၂)



[/content][content]
 (မေးခွန်း-၂) 
  1. ဝိုသူပြုပြီး အစာစားတာက ဝိုသူပျက်စေလားခင်ဗျ။
  2. ကျွန်တော်က ဆီးအောင့်တတ်လို့ နမာဇ်ဖတ်ရင်း စစ်ဂျဒါဟ်ချတဲ့အခါ ဆီးအနည်းငယ်ထွက်တတ်လို့ဗျ။ အဲ့တော့ ဖတ်တဲ့နမာဇ် ပိုင်ပါသလား ဖြေပေးပါဦးဗျ။
ကိုဖြိုး (မန္တလေး)


 (အဖြေ-၂) 

ဝုဿူပြုပြီး အစာစားခြင်းဟာ ဝုဿူကို ပျက်စေတဲ့ အချက်မဟုတ်တဲ့အတွက် ဝုဿူမပျက်ပါဘူး။

ဝုဿူပျက်စေတဲ့အချက်တွေကတော့ -
  1. အရှေ့အင်္ဂါကနေ လေမှအပ အရာတစ်ခုခုထွက်ခြင်း သို့မဟုတ် အနောက်အင်္ဂါကနေ ထွက်ခြင်း။
  2. ခန္ဓာကိုယ်မှ သွေး၊ ပြည်စတာတွေ ထွက်၍ စီးတွေခြင်း။
  3. သွေးမထွက်ဘဲဖြစ်ပါစေ ကလေးမွေးဖွားခြင်း။
  4. ပါးစပ်အပြည့်အန်ခြင်း။
  5. သွားဖုံး၊ သွားကြားမှ ထွက်တဲ့သွေးဟာ တံတွေးထက်များပြီး တံတွေးကို လွှမ်းမိုးသွားခြင်း။
  6. တင်ပါးဆုံလွတ်လျက် အိပ်ပျော်ခြင်း။
  7. မေ့မြောသွားခြင်း။
  8. ရူးသွပ်သွားခြင်း။
  9. မူးမိုက်သွားခြင်း။
  10. အရွယ်ရောက်သူက ရုကူအ်၊ စဂ်ျဒဟ်ပါတဲ့ စွလာသ်မှာ ဟားတိုက်ရယ်မောခြင်းတို့ ဖြစ်ပါတယ်။
အဲဒီတော့ အရှေ့အင်္ဂါကနေ ဆီးစက်ကျလာခဲ့ရင် ဝတ်ပြုနေတဲ့ စွလာသ်ဟာ ပျက်သွားပါလိမ့်မယ်။

ကိုယ်က အမြဲဆီးအောင့်တတ်တယ်ဆိုရင် ဆီးသွားတဲ့အခါ ဆီးစက်မကျန်အောင် ချောင်းဟန့်တာတို့၊ ဆီးသွားဖို့ ထိုင်နေချိန် ပုံစံပြောင်းထိုင်ခြင်း၊ ဆီးသွားပြီး လမ်းလျှောက်ကာ ပြန်လည်ဆီးသွားခြင်း၊ ခြေတစ်ချောင်းနဲ့ (ခြေတစ်ပေါင်ကျိုး) ခုန်ခြင်း စတာတွေလုပ်ရင် ဆီးအောင့်တာကို ပျောက်ကင်းအောင် လုပ်လို့ရကြောင်း ဖိကဟ်ကျမ်းတွေမှာ ဖော်ပြထားပါတယ်။


ဒီအကြောင်းအရာနဲ့ဆက်စပ်တဲ့ အဖြေလေးတွေကိုလည်း ပြန်လည် ညွှန်းဆိုပေးလိုက်ပါတယ်။
ဆီးစက်ကျခြင်းနှင့်ပတ်သက်၍
(အတွဲ-၂၊ အဖြေ-၃)(အတွဲ-၇၊ အဖြေ-၁)(အတွဲ-၁၁၊ အဖြေ-၂)
ဝုဿူနှင့်ပတ်သက်၍
(အတွဲ-၈၊ အဖြေ-၃)(အတွဲ-၁၁၊ အဖြေ-၁)(အတွဲ-၂၆၊ အဖြေ-၁)(အတွဲ-၂၉၊ အဖြေ-၂)
(အတွဲ-၃၃၊ အဖြေ-၁)(အတွဲ-၃၄၊ အဖြေ-၃)


[/content][content]
 (မေးခွန်း-၃) 
အစလာမုအလိုင်းကွန်းမ်
အိမ်မှာ ခွေးမွေးပိုင်ခွင့် မရှိဘူးလို့ ကြားဖူးပါတယ်ရှင့်။ ခွေးမွေးရင် ဖရစ်ရှ်တာဟ် မလာဘူး။ ခွေးနဲ့ထိပီးသား အဝတ်နဲ့ နမာဇ်ဖတ်ပိုင်ခွင့် မရှိဘူးလို့ ကြားဖူးပါတယ်ရှင့်။ အဆ်ဟာဗေကဟဗ် လုလင်ပျို ခုနှစ်ဦးနဲ့ ခွေးလေး (ဝကာဗိုဟွန်ဘာစေသွန်) ဟာ  ၃၀၉-နှစ်အထိ ဂူထဲမှာ အိပ်ပျော်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။ အဲဒီခွေးလေးဟာ လုလင်ပျိုခုနှစ်ဦးနဲ့အတူ ဂျန္နသ်ကို ရောက်နိုင်မယ်လို့လဲ ရေးသားချက်တစ်ချို့ ဖတ်ခဲ့ဖူးပါတယ်။ အဲလိုဆိုရင် ခွေးဘာကြောင့် မွေးမရတာလဲ။ မွေးပိုင်ခွင့်မရှိတာလဲ သိချင်ပါတယ်ရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ အမှားပါရင် မားဖ်လုပ်ရှင့်။
အာဘေဒါဟ်ဘီ (စလင်းမြို့)
 (အဖြေ-၃) 

وعليكم السلام ورحمة الله وبركاته

အလ္လာဟ်အရှင်မြတ်ဟာ အဆ်ွဟာဗုလ်ကဟဖ်ရဲ့ ခွေးနဲ့ ပတ်သက်ပြီး မိန့်ကြားထားတော်မူတာက -
وكلبهم باسط ذراعيه بالوصيد 
(အဓိပ္ပါယ်) ထိုမှတစ်ပါး ၎င်းတို့၏ခွေးသည် တံခါးဝ၌ မိမိ လက်နှစ်ဖက်ကို ဖြန့် (ခင်း) လျှက် ရှိခဲ့၏။ (ကုရ်အာန် ၁၈း၁၈)

ဒါနဲ့ သိရတာက အဲဒီခွေးဟာ သူတို့နဲ့အတူ လိုဏ်ဂူအတွင်းကို လိုက်ပြီး မဝင်ခဲ့ပါဘူး။ အပေါက်ဝမှာပဲ ထိုင်စောင့်နေခဲ့တာပါ။ ဒါကြောင့် အာလင်မ် ပညာရှိသုခမိန်တို့က ဒီကိစ္စမှာ ဟိက္ကမသ်အမြော်အမြင်တစ်ခုကို ဖော်ထုတ်ကြပါတယ်။ အဲဒီအမြော်အမြင်ကတော့ ကောင်းကင်တမန်တော်တွေဟာ ခွေးရှိတဲ့အိမ်ကို မဝင်ရောက်ကြဘူးဆိုတာပါပဲ။

ဒီအာယသ်တော်ကို အကျယ်ဖွင့်ဆိုတဲ့ အလ္လာမဟ်အိဗ်ကဆီးရ် رحمة الله عليه ကတော့ ဆွဟာဗဟ်သာဝကကြီးတွေရဲ့ သဖ်စီးရ်ဖွင့်ဆိုချက်တွေကို ဖော်ပြပြီး ခွေးဟာ ခွေးသဘာဝအတိုင်း အပေါက်ဝမှာပဲ ထိုင်နေပြီး စောင့်ပေးနေခဲ့တယ်။ အဆ်ွဟာဗုလ်ကဟဖ်တို့နဲ့ ဆက်နွယ်နေခဲ့ပြီး သူတို့ကို စောင့်ပေးနေသကဲ့သို့ အပေါက်ဝမှာပဲ ထိုင်နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွေးရှိတဲ့အိမ်မှာ ကောင်းကင်တမန်တော်တွေ မဝင်ရောက်ကြလို့လေတဲ့။ ပမာအားဖြင့် ဟဒီးဆ်တော်မှာ လာရှိထားပါတယ်။ သူတို့ရဲ့ခွေးဟာ သူတို့ရဲ့ ဗရကသ်မှာ အတူခံစားရပြီး အဲဒီအခြေအနေတိုင်းပဲ သူတို့ အိပ်ပျော်သွားသလို ဒီခွေးလည်း အိပ်ပျော်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီသဖ်စီးရ်ရှင်းလင်းချက်ကို နားလည်စေလိုတာပါ။

နောက်ပြီး ခွေးဟာ ကျနော်တို့ရဲ့ ရှရီအသ်မှာ နဂျစ် မသန့်ဖြစ်ပါတယ်။ ယခင်ရှရီအသ်တွေမှာတုန်းက ဟရာမ်ဖြစ်မဖြစ် မသိပါ။ နောက်ပြီး အစောင့်ခွေး မွေးပိုင်ကြောင်း ဖြေကြားထားခဲ့ပါတယ်။ (အတွဲ-၃၁၊ အဖြေ-၂) မှာ လေ့လာပါ။

အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က အဆ်ွဟာဗုလ်ကဟဖ်ကို စောင့်ရှောက်ဖို့ အစောင့်အနေနဲ့ ခွေးကိုပါ စေလွှတ်တော်မူခဲ့တယ်လို့ပြောရင် မမှားနိုင်ပါဘူး။ ခွေးမှာ အာရုံခံနိုင်စွမ်း၊ အနံ့ခံနိုင်စွမ်းဟာ လူတွေထက် သာလွန်တာတွေ ရှိပါတယ်။ အဲဒီအချိန်မှာ ဘုရင်နဲ့ ဘုရင့်တပ်မတော်ရန်ကနေ ကြောက်ရွံ့စိုးရိမ်နေချိန်၊ ပုန်းကွယ်နေရချိန်ဖြစ်တယ်။ ဒါကြောင့် စုံထောက် သို့မဟုတ် ကင်းထောက် တစ်ယောက်သဖွယ် ရှိနေခဲ့ခြင်းပါ။

နောက်တစ်ခုက အဆ်ွဟာဗုလ်ကဟဖ်ရဲ့ ခွေးဟာ မွေးချင်လို့ ခေါ်ခဲ့တာမှ မဟုတ်တာ။ လျှပ်တပြက် ကြုံကြိုက်တာ၊ တိုက်ဆိုင်တာ။ ပထမမောင်းထုတ်ကြည့်သေးတယ်။ မရလို့ ခေါ်လာတာ။ နောက်ဆင့်ပြန်ချက် တစ်ခုက အဆ်ွဟာဗုလ်ကဟဖ်ထဲမှာ လယ်သမားတစ်ဦးကလည်း အီမာန်ယူခဲ့တယ်။ သူနဲ့အတူ အဲဒီခွေးလေး ပါလာခဲ့ခြင်းဖြစ်တယ်။ လယ်စောင့်ခွေး၊ ခြံစောင့်ခွေး မွေးပိုင်ကြောင်း (အတွဲ-၃၁၊ အဖြေ-၂) မှာ ဖြေကြာထားပါတယ်။ လေ့လာပါ။

နောက်တစ်ခုက ခွေးရဲ့ အာရေကပဲ မသန့်ဖြစ်တာပါ။ ခန္ဓာကိုယ်က မသန့်ဖြစ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ခွေးနဲ့ ထိသွားရင် အဲဒီနေရာ၊ အဲဒီအဝတ်အစားကို ဆေးကြောရတယ်ဆိုတာ မဟုတ်ပါဘူး။

[/content][/3column]

[2column][content]
 (မေးခွန်း-၁) 
မိသားစုအတွက် ရှာဖွေကျွေးမွေးဖို့တာဝန်က ဘယ်လောက်ထိ အရေးကြီးပါသလဲ။ လူတချို့ဟာ မိသားစုအတွက် ရှာဖွေကျွေးမွေးတဲ့တာဝန်ကို ပစ်ပယ်ထားပြီး သာသနာ့အလုပ်ဆိုတာကို ခေါင်းစဉ်တပ်ပြီး လုပ်နေကြပါတယ်။ (ဘယ်အလုပ်ဆိုတာကို အမည်တပ်ပြီး မပြောလိုပါ) နောက်ပိုင်းမှာတော့ မိသားစုစားဝတ်နေရေးကို မိန်းမက ရသလို ရှာဖွေနေရတာတွေ ရှိပါတယ်။
အီဒရစ် (မုတ္တမ)
 (အဖြေ-၁) 
  • ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ဟဒီးဆ်တော်မှာ မိမိရဲ့မိသားစု ဇနီးမယား သားသမီးအပေါ် သုံးစွဲဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့၊ သုံးစွဲခြင်းရဲ့ ထွတ်မြတ်ကြောင်း ဖော်ပြတဲ့ အထောက်အထားပေါင်း မြောက်မြားစွာ လာရှိထားပါတယ်။
  • ပထမအနေနဲ့ ကုရ်အာန်ကျမ်းလာ အထောက်အထားများကတော့…
    • “ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည်တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်းစေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရားစည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။ ” (ကုရ်အာန် ၂း၂၃၃) ( ရှင်းလင်းချက်တွင် ) ကလေးများကို နို့ရည်တိုက်ကျွေးခြင်းသည် မိခင်တို့၏ တာဝန်တစ်ရပ်ဖြစ်၏။ ကလေးများကို နို့ရည်တိုက်ကျွေးသော ကလေးမိခင်တို့၏ စားသောက်ဝတ်ဆင်မှုတို့ကို စီမံခန့်ခွဲပေးခြင်းသည် ဖခင်ဖြစ်သူတို့၏ တာဝန်တစ်ရပ်ဖြစ်၏။ ဤသို့တာဝန်ခွဲပေးခြင်းသည် သဘာဝဓမ္မနှင့် ကိုက်ညီလှပေသည်ဟူ၍ ဖော်ပြထားပါသေးတယ်။
    • “ ကြွယ်ဝချမ်းသာသောသူသည် မိမိကြွယ်ဝမှုနှင့် လျော်ညီစွာ သုံးစွဲရပေမည်။ သို့ရာတွင် စီးပွါးဥစ္စာ ကျပ်တည်းသောသူမှာမူကား မိမိအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသမျှ (ဥစ္စာပစ္စည်း) အနက်မှ သုံးစွဲရပေမည်။ ” (ကုရ်အာန် ၆၅း၇)
    • “ ၎င်းပြင် အသင်တို့သည် မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကို ပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာ ချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။ ” (ကုရ်အာန် ၃၄း၃၉)
  • ဒုတိယအနေနဲ့ ဟဒီးဆ်တော်လာ အထောက်အထားများကတော့...ဇနီးသည်၊ မိသားစုအပေါ် သုံးစွဲခြင်းရဲ့ ထွတ်မြတ်မှုနဲ့ ပတ်သက်ပြီး တမန်တော်မြတ် ﷺ ရဲ့ ဟဒီးဆ်သြဝါဒတော်ပေါင်းများစွာ လာရှိထားပါသေးတယ်။
    • “ အလ္လာ့ဟ်လမ်းမှာ သုံးစွဲတဲ့ ဒင်္ဂါးတစ်ပြား၊ ကျေးကျွန်သူကောင်းပြုခြင်းအပေါ် သုံးစွဲတဲ့ ဒင်္ဂါးတစ်ပြား၊ သူဆင်းရဲအပေါ် သုံးစွဲလှူဒါန်းခဲ့တဲ့ ဒင်္ဂါးတစ်ပြား၊ မိမိရဲ့မိသားစုအပေါ် သုံးစွဲခဲ့တဲ့ ဒင်္ဂါးတစ်ပြား၊ အစရှိတဲ့အနက် အကျိုးကုသိုလ်အများဆုံးရရှိမှာက မိမိရဲ့မိသားစုအပေါ် သုံးစွဲခဲ့တာပဲ ဖြစ်တယ်။ ” (မွတ်စ်လင်မ်ကျမ်း၊ နံပါတ်-၉၉၅)
    • “ အမွန်မြတ်ဆုံးသော ဒင်္ဂါးပြားဟာ လူတစ်ဦးအနေနဲ့ မိမိ မိသားစုအပေါ် သုံးစွဲခဲ့တဲ့ ဒင်္ဂါးပြားသာ ဖြစ်တယ်။ ထို့ပြင် အလ္လာ့ဟ်လမ်းတော်မှာ မိမိအစီးအနင်းအပေါ် သုံးစွဲတဲ့ ဒင်္ဂါးပြား ဖြစ်တယ်။ နောက်ပြီး အလ္လာ့ဟ်လမ်းတော်မှာ မိမိသူငယ်ချင်း ရောင်းရင်းများအပေါ် သုံးစွဲတဲ့ ဒင်္ဂါးပြား ဖြစ်တယ်။ ” (မိသားစုကနေ အစပြု မိန့်ကြားတော်မူခဲ့ပါတယ်။) (မွတ်စ်လင်မ်ကျမ်း၊ နံပါတ်-၉၉၄)
  • အထက်ပါ ကုရ်အာန်အာယသ်တော်တွေ၊ ဟဒီးဆ်တော်တွေအရ သိရတာက မိမိရဲ့ မိသားစုကို ချောင်လည်စေခြင်း၊ မိသားစုကို ကျွေးမွေးပေးကမ်း၊ မိသားစုအပေါ် သုံးစွဲခြင်းတို့ဟာ တခြားသုံးစွဲမှုတွေထက် ပိုပြီး အရေးပါကြောင်း၊ ဦးစားပေးခံထားရကြောင်း သိရှိရပါတယ်။
  • ဆက်လက်ပြီး မေးခွန်းပါ သာသနာ့အလုပ်ဆိုတာကို အကျယ်ရှင်းပြလိုပါတယ်။
    • အစ္စလာမ်သာသနာကို လက်ခံထားတဲ့ မွတ်စ်လင်မ်တစ်ဦးအဖို့ သာသနာ့အလုပ်ဆိုတဲ့ ခေါင်းစဉ်ဟာ ကျယ်ပြန့်လှပါတယ်။ ဗလီမှာနေပြီး အချိန်ပြည့် အိဗာဒသ်ပဲ လုပ်နေခြင်းကိုသာ သာသနာ့အလုပ်လို့ မခေါ်ပါ။ ဟလာလ်စားနပ်ရိက္ခာ ရှာဖွေစားသောက်ခြင်းဟာလည်း သာသနာ့အလုပ်ပါ။ မိမိတစ်ကိုယ်ရေစာအတွက်/ မိသားစုအတွက် ဝမ်းစာရှာဖွေစားသောက်ခြင်းဟာလည်း သာသနာ့အလုပ်ပါ။ မိမိဇနီးသည်ကို ထမင်းလုပ် ခွံ့ကျွေးတာကလည်း သာသနာ့အလုပ်ပါ။ အကျိုးကုသိုလ်ရမဲ့ လုပ်ငန်းတွေပါ။ (ဗုခါရီကျမ်းမှာ ပါရှိပါတယ်)
    • ဆိုလိုတာက သာသနာ့အလုပ်ကို ဗန်းပြပြီး မိသားစုရဲ့ အခြေအနေ၊ အခက်အခဲကို ဂရုမစိုက်ဘဲ ဘယ်လောက်ပဲ အလ္လာဟ်အရှင်မြတ်ရဲ့ အိဗာဒသ်လုပ်လုပ် အရှင့်ဝတ္တရားနဲ့ လူ့ဝတ္တရားနှစ်ခုရှိနေတဲ့အတွက် တစ်ခုလျော့နည်းနေပါလိမ့်မယ်။ မိသားစုစားဝတ်နေရေးကို လက်လွှတ်လိုက်ခြင်းကိုက သာသနာ့အမိန့်တွေကို ဖီလာ ဆန့်ကျင်တာ မည်ပါတယ်။ သာသနာ့အလုပ်ဆိုတာ အိပ်စက်အနားယူခြင်းလည်း အပါအဝင် ဖြစ်ပါတယ်။ မုအ်မင်န်တစ်ဦးရဲ့ အိပ်ခြင်းဟာလည်း အိဗာဒသ် ဖြစ်လို့ပါ။
    • ဗုခါရီကျမ်းတော်မှာ စွဟာဗဟ်ကြီးသုံးဦးဟာ တမန်တော်မြတ် ﷺ ရဲ့ ဇနီးကြင်ရာတော်တစ်ပါးအိမ်ကို လာရောက်ကြပြီး ကိုယ်တော်မြတ် ﷺ ရဲ့ အိဗာဒသ်ခဝပ်ဆည်းကပ်ပုံကို မေးမြန်းကြပါတယ်။ ပြီးနောက်မှာတော့ သူတို့ရဲ့ ကုသိုလ်တွေဟာ နည်းပါးသေးတယ်လို့ အောက်မေ့ပြီး တစ်ဦးနဲ့တစ်ဦး ပြောကြတယ်။ ငါတို့နဲ့ ကိုယ်တော်နဲ့တော့ ဘယ်တူမတုန်း။ ကိုယ်တော်ဟာ ရှေ့ပြစ်နောက်ပြစ် ရှိသမျှ အပြစ်တွေအားလုံး ခွင့်လွှတ်ချမ်းသာပေးခြင်း ခံရသူဖြစ်တယ်။ သူတို့ထဲက တစ်ဦးက ငါဟာ ဒီကနေ့ကစပြီး ညဥ့်တွေမအိပ်တော့ဘဲ အမြဲတမ်း စွလာသ်ပဲ ဝတ်ပြုတော့မယ်လို့ ပြောတယ်။ နောက်တစ်ဦးက အိဖ်သာရီ ဝါမဖြေတော့ဘဲ သက်တမ်းတစ်လျှောက်လုံး အမြဲ ဥပုသ်ပဲ စောင့်ထိန်းတော့မယ်လို့ ပြောတယ်။ နောက်တစ်ဦးက ငါကတော့ အမျိုးသမီးတွေနဲ့ ကင်းကင်းရှင်းရှင်းနေမယ်၊ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူးလို့ ပြောတယ်။
    • ဒါနဲ့ ကိုယ်တော်မြတ် ﷺ က သူတို့ဆီကို ကြွမြန်းလာတော်မူပြီး အသင်တို့ ဒီလိုဒီလို ပြောဆိုကြတဲ့သူတွေလားလို့ မေးမြန်းတော်မူတယ်။ (သူတို့က ဟုတ်မှန်ကြောင်း ပြောဆိုလျှောက်ထားကြတဲ့အခါ) ကိုယ်တော်မြတ် ﷺ က အလ္လာဟ်အရှင်မြတ်ရဲ့ နာမည်တော်ကို ကိုင်တွယ်ပြီး ပြောမယ်။ ငါကိုယ်တော်ဟာ အသင်တို့ထက် အလ္လာဟ်အရှင်မြတ်ကို ပိုမိုကြောက်ရွံ့တော်မူတယ်။ အလ္လာဟ်အရှင်မြတ်အပေါ် အသင်တို့ထက် ပိုမိုသက္ကဝါတရား ထားတော်မူတယ်။ ဒါပေမဲ့ ငါကိုယ်တော်ဟာ ဥပုသ်စောင့်ထိန်းတော်မူသလို အိဖ်သာရီ ဝါလွှတ်တော်မူတယ်။ ငါကိုယ်တော်ဟာ ညဥ့်မှာထပြီး စွလာသ်ဆောက်တည်သလို အိပ်စက်အနားယူခြင်းလည်း ပြုတော်မူတယ်။ ငါကိုယ်တော်ဟာ အိမ်ထောင်လည်း ပြုတော်မူတယ်။ ဒါကြောင့် ဘယ်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်ကို ကျောခိုင်းရင် သူဟာငါကိုယ်တော်ရဲ့ အသင်းသား မဟုတ်ဘူး။ (ဗုခါရီကျမ်း၊ နံပါတ်-၄၇၇၆)
    • အဲဒီလိုမျိုးပဲ မိမိဇနီးသည်နဲ့ ပေါင်းသင်းဆက်ဆံခြင်းဟာ အကျိုးကုသိုလ်ရတဲ့၊ စွဒကဟ်အကျိုးရတဲ့ သာသနာ့အလုပ်ပါ။ သာဝကကြီးတွေဟာ ကိုယ်တော်၊ ကိုယ့်ဇနီးသည်ကို ပေါင်းသင်းခြင်း၊ ကိုယ်လက်နှီးနှော သံဝါသပြုခြင်းအမှုကလည်း အကျိုးကုသိုလ်ရတယ် ဟုတ်ပါသလားလို့ တအံ့တသြမေးမြန်းကြတော့ ကိုယ်တော်က ဟုတ်တာပေါ့၊ အကျိုးကုသိုလ်ရတဲ့အလုပ်ပါ။ ဒီသူဟာ မိမိရဲ့ကာမပိုင်ဇနီးနဲ့ မပေါင်းသင်းဘဲ တခြားဇိနာမှုကိစ္စထဲ ကျရောက်သွားရင် အပြစ်မထိုက်ပေဘူးလားလို့ ပြန်လည်မေးမြန်းကာ အဖြေထုတ်ပြတော်မူခဲ့တယ်။ မတရား ကာမရယူရင် ဟရာမ်ဖြစ် အပြစ်ထိုက်သလို ကာမပိုင်မယားနဲ့ ဆက်ဆံရင်လည်း ကုသိုလ်အကျိုးရပါတယ်။
    • ဒါကြောင့် သာသနာ့အလုပ်ဆိုတဲ့ ခေါင်းစဉ်ဟာ ကျယ်ပြောလှပါတယ်။ ကိုယ်အိမ်ကိုစွန့်ခွာ၊ ကိုယ့်မိသားစု စားဝတ်နေရေးကို လျစ်လျူရှုပြီး ပြင်ပမှာ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ သာသနာ့အလုပ်လို့ မှည့်ခေါ်တာဟာ အလွန်မှကို မှားယွင်းတဲ့ကိစ္စရပ် တစ်ခုပါ။
  • အချုပ်ပြောပြရရင် မိသားစုစားဝတ်နေရေး ဖူလုံဖို့၊ ပြေလည်စေဖို့ ဟလာလ်ရိုဇီရှာဖွေခြင်း၊ မိသားစုကို ရှာဖွေကျွေးမွေးခြင်းဟာ အရေးကြီးတာဝန်ကြီးတစ်ရပ် ဖြစ်ရုံမက သာသနာတော်က တိုက်တွန်းထားတဲ့ မွန်မြတ်ထူးကဲဆုံးသော အိဗာဒသ်တွေထဲက အိဗာဒသ်တစ်ခုဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်။ နားလည် ကျင့်သုံးနိုင်ကြပါစေ။
[/content][content]
 (မေးခွန်း-၂) 

မစ်ဝါးက်အဖြစ် အသုံးမပြုဖို့ တားမြစ်ထားတဲ့သစ်ကိုင်းအမျိုးအစား ရှိပါသလား။

ဟရှင်မ် (ပဲနွယ်ကုန်း)

 (အဖြေ-၂) 

  • မစ္စဝါးက်အဖြစ် အသုံးပြုလို့ မရတဲ့ သစ်ကိုင်းမျိုးကိုတော့ မသိပါဘူး။
  • ဖိကဟ်ပညာရှင်ကြီးတွေရဲ့ထံမှာ မစ္စဝါးက် တံပူကိုင်းဟာ နူးညံ့တဲ့ သစ်ကိုင်းဖြစ်ပြီး နှုတ်ပါးစပ်ရဲ့ အညစ်အကြေးကို ကင်းကွာအောင် လုပ်ပေးနိုင်မယ်၊ အနာတရ မဖြစ်စေရဘူး၊ ဒုက္ခမဖြစ်ရဘူး စတဲ့ သစ်ကိုင်းမျိုးတိုင်းနဲ့ မစ္စဝါးက်လုပ်ခွင့်ရှိကြောင်း တညီတညွတ်တည်း လာရှိထားပါတယ်။
  • ဒါပေမဲ့ ဘယ်ကိုင်းမျိုးနဲ့ ပိုမွန်မြတ်လဲဆိုတာတော့ ကွဲလွဲမှု အနည်းငယ် ရှိပါတယ်။
  • ပညာရှင်ကြီးတချို့ထံမှာ أراك အရားက် လို့ခေါ်တဲ့ တံပူပင်၊ သွားတိုက်တံပင်ကကိုင်းကို အသုံးပြုတာ ပိုမြတ်ပါတယ်။ ပြီးရင်တော့ သံလွင်ကိုင်း၊ ပြီးရင် စွန်ပလွံကိုင်း စသဖြင့် မြတ်ပါတယ်။
  • အချို့ပညာရှင်တွေထံမှာတော့ သံလွင်ကိုင်းကို အမြတ်ဆုံးလို့ သတ်မှတ်ကြပြန်ပါတယ်။ ပြီးမှ أراك အရားက် (တံပူပင်၊ သွားတိုက်တံပင်က) ကိုင်း၊ အဲဒါပြီးရင် စွန်ပလွံကိုင်း စသဖြင့် မြတ်ပါတယ်။
  • ထူးခြားချက်အနေနဲ့ တချို့သော ဖိကဟ်ပညာရှင်ကြီးတွေကတော့ မိစ္စဝါးက်ဟာ အရားက် (တံပူပင်၊ သွားတိုက်တံပင်) ကိုင်းဖြစ်ဖြစ်၊ သံလွင်ကိုင်းဖြစ်ဖြစ်၊ ခေတ်ပေါ် သွားတိုက်ဆေးသွားတိုက်တံဖြစ်ဖြစ်၊ တခြား နှုတ် ခံတွင်း သန့်ရှင်းရေးလုပ်နိုင်တဲ့ အရာဖြစ်ဖြစ် အားလုံး အကျုံးဝင်တယ်လို့ ဆိုကြပြန်ပါတယ်။
  • တချို့ပညာရှင်ကြီးတွေကတော့ မိစ္စဝါးက်အဖြစ် အရားက် (တံပူပင်၊ သွားတိုက်တံပင်) ကိုင်း၊ စွန်ပလွံကိုင်း၊ သံလွင်ကိုင်းတို့ကို သတ်မှတ်ပြီး အဲဒါတွေမရှိတော့မှ တခြားအရာတွေကို အစားထိုးအနေနဲ့ သတ်မှတ်ကြပါတယ်။
  • နောက်ဆုံးဘာမှမရှိတဲ့အခါ မိမိလက်ချောင်းလေးတွေနဲ့ပဲ သွားတိုက်သလို ပွတ်တိုက်ပြီးသန့်ရှင်းရေးလုပ်ပါလို့ တိုက်တွန်းထားပါတယ်။




 (မေးခွန်း-၃) 

ကဘာရ်ကို အုတ်ဂူလုပ်ရင် မပိုင်ဘူးဆိုတာ ဟုတ်ပါသလား။

မေရီဝင်း (တောင်ငူ)

 (အဖြေ-၃) 

  • ကဗရ်ကိုအုတ်ဂူလုပ်တာ၊ ခိုင်မာအောင် ဂူဗိမာန် လုပ်တာကို တမန်တော်မြတ်ကြီး ﷺ က တားမြစ်တော်မူထားပါတယ်။ ဒါကြောင့် မြေမြှုပ်ပြီး ဂူဗိမာန်လုပ်ခြင်းကနေ ရှောင်ကြဉ်ရပါမယ်။


[/content][/2column]

ဟဒီးဆ်မျက်ဝန်း HB-011 © Alin Myet Wyun
[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

ပုံသေဖြစ်စဉ် (ကာတွန်း » Saudi Gazette)
CMM-08/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
[/alert]

သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဂါလီပြည်နယ်မှာ မော်တော်ဆိုင်ကယ် မတော်တဆတိုက်မိရာကစလို့ နိုင်ငံတွင်းမှာနေထိုင်တဲ့ လူနည်းစုမွတ်စ်လင်မ်တွေကို ဦးတည်တိုက်ခိုက်တဲ့ အဓိကရုဏ်းတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

နိုင်ငံတွင်းမှ မွတ်စ်လင်မ်လူနည်းစုတွေအပေါ် ဦးတည်တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ ရုတ်တရက်ပေါက်ကွဲ ပေါ်ထွက်လာတာကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့သာမက စစ်တပ်ကိုပါ ဖြန့်ကျက်ထားရပြီး ညမထွက်ရ (ကာဖျူး) အမိန့်လည်း ထုတ်ပြန်ထားတယ်လို့ ဥပဒေစိုးမိုးရေးနှင့်အမိန့်ထုတ်ပြန်ညွှန်ကြားရေးဝန်ကြီး ဆာဂါလာ ရတ်နာယက္ခ (Sagala Ratnayaka) က ပြောပါတယ်။

ယခု အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မွတ်စ်လင်မ်အများအပြားရဲ့ နေအိမ်များအပါအဝင် ဆိုင်ခန်းများနဲ့ အစီးအနင်းများစွာ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါတယ်။

ဖြစ်စဉ်များအတွင်း ပါဝင်ခဲ့သူ ၁၉ ဦးကို လတ်တလော ဖမ်းဆီးထားပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်မီဒီယာတွေပေါ်ကနေ လူထုကို ထင်ယောင်ထင်မှားဖြစ်စေအောင် အမုန်းစကားဖြန့်ဝေခြင်းများ မပြုလုပ်ကြဖို့ကိုလည်း အပြင်းအထန် သတိပေးထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦး မောင်းနှင်းလာတဲ့ မော်တော်ဆိုင်ကယ်ဟာ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးကို မတော်တဆ ဝင်တိုက်မိရာကစလို့ မွတ်စ်လင်မ်တို့ရဲ့ တမင်ရန်စမှုအဖြစ်ပုံဖော်ကာ ယခုလို အကြမ်းဖက်မှုတွေ ရုတ်တရက် ပေါက်ကွဲပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

စုစုပေါင်းလူဦးရေ (၂၁) သန်းကျော်နေထိုင်တဲ့ သီရိလင်္ကာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင် ၇၀% ကျော်နေထိုင်ကြပြီး အစ္စလာမ်ဘာသာဝင်ကတော့ ၉% ကျော် ရှိပါတယ်။

Inews-002/11/17 © အလင်းမျက်ဝန်း


ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် (သုခုမမျက်ဝန်း) မှာတော့ ကမ္ဘာကျော် အဆိုတော် မဟာရ်ဇီန်း ရဲ့ နောက်ဆုံးထွက် အလ်ဘမ်ထဲက ခေါင်းစဉ်ကဆွီဒါ (Title Nasheed) လေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးရဲ့မူရင်းအမည်ကတော့ The Power ဖြစ်ပါတယ်။ အလင်းမျက်ဝန်းကတော့ စာသားအကြောင်းအရာလေးတွေနဲ့လိုက်ဖက်အောင် “ နှလုံးသားစွမ်းအင် ” လို့ အမည်ပေးထားပါတယ်။

အရဗီ၊ အင်္ဂလိပ်နှင့် အာဖရိကန် (ခိုဇာ) ဘာသာစကားသုံးမျိုးနဲ့ သီဆိုထားတဲ့ ဒီကဆွီဒါလေးမှာတော့ အဆိုတော် မဟာရ်ဇီန်း က အရဗီ+အင်္ဂလိပ် (၂) ဘာသာနဲ့ သီဆိုထားပြီး တောင်အာဖရိကအဆိုတော် အေမာခိုနိုဝီဆင်းတူး က အာဖရိကန်ဘာသာစကားတစ်မျိုးဖြစ်တဲ့ ခိုဇာဘာသာစကားနဲ့ တွဲဖက်သီဆိုသွားပါတယ်။

သီဆိုသူ နှစ်ဦးစလုံး ပါဝင်သရုပ်ဆောင်ထားပြီး အာဖရိကဒေသတဝိုက်ရဲ့ ရှုမျှော်ရှုခင်းတွေကိုပါ တစ်ဝကြီးခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

တတိယကလိမာဟ်ရဲ့ နိဒါန်းပိုဒ်ကို အဓိကဖွဲ့ဆိုထားခြင်းဖြစ်တာကြောင့် အာဖရိကဒေသကို မြင်ယောင်ရင်း အလ္လာဟ့်ရဲ့ကြီးကျယ်မှုတွေကို အံ့သြရွက္ကူရ်ပြုနိုင်မှာ ဖြစ်ပါတယ်။

ENTM-12/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/OrUGZ5awqgk
[/error]

[3column][content]
 (မေးခွန်း-၁) 

လင်မယား သံဝါသကိစ္စတွေမှာ တရားတော်က တားမြစ်ထားတဲ့ အခြေအနေတွေရှိရင် ပြောပြပေးပါလားဆရာတို့။

ကရီမွလ္လာဟ် (နေပြည်တော် အေလာ)

 (အဖြေ-၁) 
  • လင်နဲ့မယားကြားမှာ သံဝါသပြုတာတစ်ခုတည်းပဲ သီးသန့် ပြုပိုင်တာ မဟုတ်ပါဘူး။ တခြားသော အရသာခံစားမှု ဟူဟူသရွေ့ ပြုလုပ်ခွင့် ရှိပါတယ်။ ဒါကို ကုရ်အာန်က (အိစ်သင်မ်သားအ်) အရသာခံစားရယူခြင်းလို့ မှည့်ခေါ်ထားပါတယ်။ ဆိုလိုတာက လင်မယားနှစ်ဦးကြား မိမိတို့ အလိုဆန္ဒရှိတဲ့အတိုင်း ပေါင်းသင်းဆက်ဆံခြင်း၊ သံဝါသပြုခြင်းနဲ့ တခြားရယူလိုတဲ့ အရသာကို ရယူခွင့် ပေးထားပါတယ်။
  • သို့သော်လည်း အချက်သုံးရပ်ကိုတော့ ရှောင်ကြဉ်ရပါမယ်။
    1. ဓမ္မတာသွေး/မီးယပ်သွေး ဆင်းနေချိန်မှာ ပေါင်းသင်းဆက်ဆံခြင်း။
    2. အနောက်ဒွါရ (စအို) ပေါက်မှ ဆက်ဆံခြင်း။
    3. ကျန်းမာရေးအရဖြစ်ဖြစ်၊ တခြားဆိုးကျိုးတစ်ခုခုအရဖြစ်ဖြစ် လင်နဲ့မယား တစ်ဦးဦးကို ရလဒ်ဆိုး ရရှိနိုင်တဲ့ အပြုအမူ/ဆော့ကစားခြင်း/မဇီ-မနီစတဲ့ အညစ်အကြေးတို့ကို မျိုချခြင်း။
ဒီအကြောင်းနဲ့ဆက်စပ်တာကို (အတွဲ-၀၂၈၊ အဖြေ-၁) မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။




[/content][content]
 (မေးခွန်း-၂) 

ဘာသာခြား တစ်ဦးနဲ့ နေကာဟ်ပြုခဲ့ပါတယ်။ နေကာဟ်ပြုစဉ်မှာတော့ အစ္စလာမ်ကို လက်ခံပေမယ့် နောက်ပိုင်း (ကလေးတွေရပြီး) မှာတော့ လက်မခံတော့ဘဲ သူ့ဘာသာကို ပြန်ပြီး လက်ခံသွားပါတယ်။ အဲ့ဒီအခါ နေကာဟ် ပျက်သွားတယ်ဆိုတာ ဟုတ်ပါသလား။ သူနဲ့ဆက်ပေါင်းနေရင် ဇေနာဟ်ထိုက်တယ်လို့ ပြောကြပါတယ်။ ကွဲကွာဖို့ရာမှာလည်း ကြားထဲက ကလေးတွေမျက်နှာတွေက ရှိနေပါတယ်။

ကြည်ကြည်သန်း (ရန်ကင်း)

 (အဖြေ-၂) 
  • လင်နဲ့မယားနှစ်ဦးအနက် တစ်ဦးဦး (မုရ်သဒ်) ဘာသာပျက်သွားရင် ပညာရှင်အများစုထံမှာ သွလာက်မပါဘဲနဲ့တင် နိကာဟ်ပျက်သွားပါပြီ။ အခုလို အမျိုးသားက (မုရ်သဒ်) ဖြစ်ရင်တော့ သွလာက်ပါ မြောက်သွားတယ်လို့ ဟနဖီပညာရှင် အိမာမ်မုဟမ္မဒ် رحمة الله عليه က ဆိုပါတယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဘယ်သူပဲ (မုရ်သဒ်) ဖြစ်ပါစေ နိကာဟ်ပျက်သွားတယ်ဆိုတာ သေချာပါတယ်။
  • နိကာဟ်ပျက်သွားတဲ့ ဒီအိမ်ထောင်ရေးဟာ အလွန်ရင်လေးစရာပါ။ ဒါကြောင့် ဆက်လက်ပေါင်းသင်းနေရင် ဇေနာထိုက်တယ်လို့ ပြောခြင်းဟာ မမှားပါဘူး။ သူ့ကို အတတ်နိုင်ဆုံး သာသနာကိုနားလည်ဖို့ ရှင်းပြပေးရပါမယ်။ ဒီလိုမှ မရနိုင်ရင်တော့ အစ္စလာမ်ဘာသာရေး သိကျွမ်းသူတစ်ဦးနဲ့ လက်ထပ်လိုက်သင့်ပါတယ်။
ဒီအကြောင်းနဲ့ဆက်စပ်တာကို (အတွဲ-၀၂၀၊ အဖြေ-၃)၊ (အတွဲ-၀၃၁၊ အဖြေ-၃)၊ (အတွဲ-၀၃၂၊ အဖြေ-၂) တို့မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။




[/content][content]
 (မေးခွန်း-၃) 
  1. ဖုန်းထဲမှာ မကောင်းတဲ့ရုပ်ပုံတွေ၊ ဗွီဒီယိုတွေလဲရှိသလို ကုရ်အာန်နဲ့ ဘာသာရေးစာတွေလဲ ထည့်ထားမယ်ဆိုရင် ရပါသလား။
  2. မကောင်းတဲ့ရုပ်ပုံတွေ၊ ဗွီဒီယိုတွေထည့်ထားတဲ့ ဖုန်းကို ဗလီထဲယူသွားလို့ရပါသလား။ အဲ့ဒီဖုန်းကို အိပ်ထဲထည့်ပြီး နမားဇ်ဖတ်လို့ ရပါသလား။
ဟာကင်း (ပျဉ်းမနား)
 (အဖြေ-၃) 
  1. ဦးစွာပထမ သိရှိထားသင့်တာက မကောင်းတဲ့ ရုပ်ပုံတွေ၊ ညစ်ညမ်းဗီဒီယိုတွေဟာ ဖုန်းထဲမှာ ထည့်ထည့်၊ ခွေထဲမှာ ထည့်ထည့် ထည့်ခွင့် မရှိပါဘူး။ ကြည့်ခြင်းလည်း မပိုင်ပါဘူး။ ဒါကြောင့် တခြားသော ကုရ်အာန် အပ်လီဂေးရှင်းတို့၊ ဘာသာရေးဆိုင်ရာ ကဏ္ဍတို့ ရှိရှိ၊ မရှိရှိ သူချည်းသီးသန့်လည်း ထည့်ခွင့် မရှိပါဘူး။ ပိုဆိုးတာက တခြားဘာသာရေးအပလီဂေးရှင်းတွေ ရှိလျက်နဲ့ မပိုင်တာကို ထည့်သွင်းခဲ့မယ်ဆိုရင် ကုရ်အာန်အာယသ်တွေ၊ ဟဒီးဆ်တော်တွေကို မလေးမစားပြုရာ၊ မထီမဲ့မြင်ပြုရာ ကျတဲ့အတွက် ပိုလို့တောင် အပြစ်ထိုက်ပါလိမ့်မယ်။
  2. မေးခွန်း(၂)အတွက် ဖြေကြားရရင်တော့ ဒီလို ညစ်ညမ်းရုပ်ပုံတွေ၊ ညစ်ညမ်းဗီဒီယိုဖိုင်တွေ ထည့်ထားခြင်းကိုက မပိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် အတတ်နိုင် ဆုံးရှောင်ကြဉ်သင့်ပါတယ်။ မရှောင်ကြဉ်လို့ ဒီဖိုင်တွေပါနေတဲ့ ဖုန်းကို ဗလီထဲ ယူသွားမိမယ်၊ ဒီဖိုင်တွေပါဝင်နေတဲ့ဖုန်းကို အိတ်ထဲထည့်ပြီး စွလာသ်ဆောက်တည်မိမယ်ဆိုရင်တော့ စွလာသ်အထမြောက်ပါတယ်။ ဒါပေမဲ့ ဒီဖိုင်တွေကို ထည့်ခြင်း၊ ကြည့်ရှုခြင်း၊ ဖြန့်ချိခြင်းကတော့ လုံးဝကို မပြုပိုင်တဲ့အတွက် အပြစ်ဂိုနာထိုက်မှာ ဧကန်ပါပဲ။
ဒီအကြောင်းနဲ့ဆက်စပ်တာကို (အတွဲ-၀၁၁၊ အဖြေ-၃)၊ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
[/content][/3column]

ဟဒီးဆ်မျက်ဝန်း HB-010 © Alin Myet Wyun
[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

အစွန်းရောက်မှုအစ (ကာတွန်း » Saudi Gazette)
CMM-07/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
[/alert]

[2column][content]
 (မေးခွန်း-၁) 
ကျမက အလှအပကို နှစ်သက်ခုံမင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းကျွတ်ကာလမှာ အလှအပအနေနဲ့ ဆိုင်ကို မီးအလှတွေထွန်းပါတယ်။ သူတစ်ပါးဘာသာရေးအထိမ်းအမှတ်ကို လိုက်လုပ်တာမဟုတ်ဘဲ အဲ့ဒီအချိန်နဲ့ကိုက်ပြီး ကိုယ့်ဆိုင်လှပအောင် လုပ်တာပါ။ တချို့က အဲ့ဒီလိုလုပ်တာ မရဘူးလို့ပြောပါတယ်။ အလင်းမျက်ဝန်းမှ ဆရာများ ကျေးဇူးပြုပြီး ဖြေကြားပေးပါအုံး။
အေးမိစံ (ပြင်ဦးလွင်)
 (အဖြေ-၁) 
  • အလှအပကို နှစ်သက်တာကောင်းပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ ကိုယ်တော်တိုင် လှပပြီး လှပမှုကိုလည်း နှစ်သက်မြတ်နိုးတော်မူပါတယ်။
  • ဒါပေမဲ့ မီးအလှဆင်ခြင်းမှာ -
    1. နံပါတ် (၁) အနေနဲ့ လိုအပ်သည်ထက်ပိုပြီး မီးသုံးဖြစ်ပါတယ်။ မလိုအပ်ဘဲလည်း လှဖို့အတွက် မီးထွန်းထားရလို့ပါ။ ဒီတော့ လိုအပ်တာထက် အပိုအသုံးပြုခြင်းကို ရှရီအသ် (တရားတော်) က ခွင့်ပြုမထားပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ နေရာပေါင်းမြောက်မြားစွာမှာ အပိုမလုပ်ဖို့ မိန့်ကြားချက်တွေ လာရှိထားပါတယ်။ ဒါကြောင့် မီးအလှဆင်ခြင်းဟာ တစ်နည်းအားဖြင့် ရှောင်ကြဉ်အပ်တဲ့ကိစ္စရပ် တစ်ခုပါ။ အလှအပ နှစ်သက်တာကို အစ္စလာမ်က မတားမြစ်ပေမဲ့ ကိစ္စရပ်တိုင်းကို ဘောင်အတွင်းက ပြုလုပ်ဖို့ကိုတော့ တောင်းဆိုထားပါတယ်။
    2. နံပါတ် (၂) အချက်က မေးခွန်းပါကိစ္စပါ။ သူတစ်ပါး ဘာသာရေးအထိမ်းအမှတ်ကိုတုပြီး လိုက်လုပ်တာ၊ သို့မဟုတ် အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာ စသဖြင့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှင်းပြမယ်ဆိုရင်တော့ ရှည်လျားပါတယ်။ 
  • ဘာသာမတူသူတွေနဲ့ ဆင်တူယိုးမှားလုပ်ခြင်းဟာ နှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးက ဟရာမ်ဖြစ်ပြီး ဒုတိယတစ်မျိုးက ပြုပိုင်တဲ့ ကိစ္စရပ်ပါ။ မုဗာဟ်လို့ ခေါ်ပါတယ်။
  • ဟရာမ်မပြုပိုင်တဲ့ ဆင်တူယိုးမှားလုပ်ခြင်းဆိုတာကတော့ ဘာသာမတူသူတို့ရဲ့ သာသနာရေး၊ ဘာသာရေး သီးသန့်လုပ်ရပ်ဆိုတာကို သိလျက်နဲ့ လိုက်လုပ်ခြင်းပါ။ အစ္စလာမ်တရားတော်မှာ လုံးဝကို မရှိထားတဲ့ ကိစ္စရပ်ပါ။ ဒီလိုမျိုးကိစ္စရပ်ကိုတုပြီး လုပ်ခြင်းဟာ ဟရာမ်ပါ။ တစ်ခါတစ်ရံ ကဗီရဟ် ဂိုနာကြီးလေးတဲ့ ပြစ်မှုကြီးမျိုး မြောက်ပါတယ်။ တစ်ခါတလေကျတော့လည်း တချို့အတုယူခြင်းဟာ သူ့အထောက်အထားနဲ့သူ ကုဖ်ရ်တောင် မြောက်သွားတတ်ပါတယ်။
  • ဒီလိုအတုခိုးလုပ်ခြင်းဟာ ဘာသာမတူသူတို့နဲ့ ကိုက်ညီအောင် လိုက်လုပ်တာဖြစ်ဖြစ်၊ ကိုယ့်စိတ်ဆန္ဒအတိုင်း လုပ်တာဖြစ်ဖြစ်၊ သို့တည်းမဟုတ် ဒီလိုလုပ်ခြင်းဟာ ကိုယ့်အတွက် လောကီလောကုတ္တရာ အကျိုးရှိနိုင်တယ်လို့ ထင်မြင်ယူဆချက်နဲ့ လုပ်တာဖြစ်ဖြစ် အတူတူပါပဲ။
  • မသိလို့လုပ်မိတာရော အပြစ်ရှိပါသလားလို့ မေးမြန်းလာသူအတွက်တော့ သိလာရင် စွန့်လွှတ်လိုက်ပါ။ သိပါလျက်နဲ့ ဇွတ်ပေလုပ်မနေသင့်ပါဘူးလို့ပဲ ဖြေကြားပါရစေ။ သိလျက်နဲ့ လုပ်တဲ့အခါကျရင်တော့ အပြစ်ထိုက်သွားပါပြီ။
  • ဒုတိယတစ်မျိုးက ပြုပိုင်တဲ့ ဆင်တူယိုးမားပြုလုပ်ခြင်းပါ။ အဲဒါကတော့ ကာဖိရ်တွေရဲ့ သီးသန့်လုပ်ရပ်မဟုတ်တဲ့ ကိစ္စတစ်ခုကိုလိုက်လုပ်ခြင်းပါ။ မူရင်းကကာဖိရ်ရဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။ ကာဖိရ်တွေလည်းလုပ်နေကြတဲ့ ကိစ္စရပ်မျိုးပါ။ ဒီလိုကိစ္စကိုဆင်တူယိုးမားလုပ်ခြင်းကတော့ လုံးဝကြီး မလုပ်ရလို့ တားမြစ်မထားပါဘူး။ ဒါပေမဲ့လည်းသူတို့ကိုဆန့်ကျင်တဲ့အကျိုးမရရှိတော့ပါဘူး။
[/content][content]
 (မေးခွန်း-၂) 
အသက်ရှင်နေထိုင်ရေးနဲ့ပတ်သက်ပြီး ဘုန်းကြီးတွေကို ဦးချမိခဲ့ပါတယ်။ အမြဲတမ်းလည်း သောင်ဗဟ်ဖတ်နေပါတယ်။ အမြဲတမ်းလဲ မလုံမလဲ ဖြစ်နေမိပါတယ်။ အပြစ်ရှိသလိုလဲ ခံစားနေမိပါတယ်။ ကလိမာဟ်လည်း သတိရတိုင်း ဖတ်ပါတယ်။ အရေးအခင်းမှာပါ။ မွတ်စ်လင်မ်မှန်းသိရင် သတ်တော့မှာမို့ မွတ်စ်လင်မ်မဟုတ်သယောင် ဟန်ဆောင်ပြီး ဦးချလိုက်လို့ အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။ ဘယ်သူ့မှလည်း မမေးရဲပါဘူး။ အားလုံးထွက်ပြေးနေကြတာမို့ မျက်မြင်မွတ်စ်လင်မ်လည်း မရှိပါဘူး။ ဆရာတချို့ကိုလည်း သွယ်ဝိုက်ပြီး မေးဖြစ်ပါတယ်။ အသက်အသေခံရမယ်လို့ပဲ ဖြေကြပါတယ်။ အလင်းမျက်ဝန်းက ဆရာများဟာ သမာသမတ်ကျတာမို့ ကျေးဇူးပြုပြီး လုံလောက်တဲ့ အဖြေတစ်ခုခုနဲ့ နှစ်သိမ့်ပေးပါ။
လင်းလင်းသန်း (အင်းတော်)
 (အဖြေ-၂) 
  • အသက်ကိုရန်မူပြီးကုဖ်ရ်ကိုလက်ခံဖို့ အတင်းအဓမ္မခိုင်းစေတဲ့ ကဏ္ဍဟာ နှစ်ရပ်ရှိပါတယ်။
  • တစ်ရပ်က နှုတ်နဲ့ မြွက်ဟကာကိုယ့်စိတ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အစ္စလာမ်အပေါ်မှာပဲရှိနေလျက်နဲ့ ကျွန်တော်မွတ်စ်လင်မ်မဟုတ်ပါဘူး၊ ကာဖိရ်-ဘာသာခြားပါလို့ ပြောစေခြင်းပါ။ ဒီလိုလုပ်ခံရခြင်းကြောင့် သူ့ကိုအဓမ္မစေခိုင်းခံရခြင်းလို့ မွတ်စ်လင်မ်ပညာရှင်များကညီညွတ်စွာလက်ခံကြပါတယ်။ ကုရ်အာန် (၁၆း၁၀၆) ကို အသေအချာ လေ့လာပါလို့ တိုက်တွန်းချင်ပါတယ်။
  • နောက်တစ်ခုကလုပ်ရပ်နဲ့ ကာဖိရ်တွေအတိုင်းလုပ်စေခြင်းပါ။ ဥပမာ- အလ္လာဟ်အရှင်မြတ်ကလွဲလို့ တခြားအရာတစ်ခုခုကိုဦးချခိုင်းခြင်းစသဖြင့်။ဒီကိစ္စမှာတော့ အတင်းအဓမ္မစေခိုင်းခံရခြင်းလို့ မှတ်ယူလက်ခံမလား၊ လက်မခံဘူးလားဆိုတာပညာရှင်များအကြားကွဲလွဲမှုရှိပါတယ်။အတင်းအဓမ္မစေခိုင်းခံရရင် ပြစ်မှုလျော့သွားပါတယ်
  • အချုပ်ပြောရရင်တော့ ဘယ်လောက်ပဲ နှုတ်ကနေမြွက်ဟခိုင်းနေပါစေ၊ လုပ်ရပ်နဲ့ အလ္လာဟ်ကိုသွေဖည်ဆန့်ကျင်ခိုင်းနေပါစေ၊ အလ္လာဟ်ကလွဲလို့ တခြားအရာကိုဦးချခိုင်းနေပါစေကုဖ်ရ်စကားရပ်ကိုမပြောဘဲ၊ ကုဖ်ရ်လုပ်ရပ်ကိုမလုပ်ဘဲအစ္စလာမ်အပေါ် ကြံ့ကြံ့ခံရပ်တည်ခြင်းဟာပိုကောင်းတယ်၊ ပိုမြင့်မြတ် တယ်လို့  ဖော်ပြကြပါတယ်။
 (မေးခွန်း-၃) 
ဟလာလ်ရိုဇီအဖြစ်ဆုံးသော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းက ဘာလဲဆိုတာ သာသနာမှာ ပြဌာန်းထားတာမျိုးရှိရင် ဖြေကြားပေးပါ။
သီရိကျော်ကျော် (ပျော်ဘွယ်)
 (အဖြေ-၃) 
  • ဟဒီဆ်တော်မြတ်မှာတမန်တော်မြတ် ﷺ က(မိမိရဲ့ လက်နဲ့ ရှာဖွေ စားသောက်တာဟာအမွန်မြတ်ဆုံး၊ အကောင်းဆုံးဖြစ်တယ်)လို့ မိန့်ကြားထားပါတယ်။ နောက်ပြီး (အကောင်းဆုံးစီးပွားရှာဖွေမှုဟာဟလာလ်ရိုဇီရှာဖွေစားသောက်ခြင်းဖြစ်တယ်။) လို့လည်းမိန့်ကြားထားပါတယ်။
  • နောက်လည်းမိမိလက်နဲ့ ရှာဖွေစားသောက်ခြင်းရဲ့ ထွတ်မြတ်မှုနဲ့ ပတ်သက်တဲ့ ဟဒီဆ်တော်ပေါင်းများစွာလာရှိထားပါသေးတယ်။ ဒါကြောင့် ဟလာလ်ရိုဇီအဖြစ်ဆုံးသော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း ဘာလဲလို့ မေးမြန်းရင် တရားတော်ကခွင့်ပြုထားတဲ့ လက်မှုလုပ်ငန်းလို့ ဖြေကြားပါရစေ။ အလ္လာဟ်အရှင်မြတ် ဟာလက်မှုလုပ်ငန်းလုပ်သူကို နှစ်သက်မြတ်နိုးတော်မူတယ်လို့လည်းလာရှိထားပါသေးတယ်။ နောက်ပြီးလုပ်ငန်းလုပ်ရင်း၊ ဟလာလ်ရိုဇီရှာဖွေစားသောက်ရင်းပင်ပန်းနေမှုကိုအရှင်နှစ်သက်တော်မူတယ်လို့လည်းလာရှိထားပြန်ပါတယ်။
  • ကျောကုန်းပေါ်မှာထင်းစည်းကိုထမ်းပြီးရောင်းချခြင်းဟာသူတစ်ပါးထံပေးချင်လည်းပေးမယ်၊ မပေးချင်လည်းမပေးဘူးအနေအထားနဲ့ လက်ဖြန့်တောင်းခံခြင်းထက် သာပိုကောင်းတယ်လို့ ဗုခါရီကျမ်းမှာဖော်ပြထားပါတယ်။
[/content][/2column]

ဟဒီးဆ်မျက်ဝန်း HB-009 © Alin Myet Wyun

[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

[2column][content]
 (မေးခွန်း-၁) 

သွာလာက်အကြောင်း အပြည့်အစုံ သိချင်ပါတယ်။

ယောက်ျားလေးဘက်က မပေးဘဲ ဘယ်လိုအချိန်မှာ သွာလာက် မြောက်လဲဆိုတာ သိချင်လို့ပါ။

ကျေးဇူးတင်ပါတယ်။

မိုအာဇ် (ခေတ္တ-မလေးရှား)

 (အဖြေ-၁) 
  • အလ္လာဟ်အရှင်မြတ် အရွံ့မုန်းဆုံးသော ဟလာလ် (ပြုပိုင်တဲ့) ကိစ္စဟာ သွလားက်ပါလို့ ဟဒီးဆ်တော်မှာ မိန့်ခြွေထားပါတယ်။ မလိုအပ်ဘဲ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ အိမ်ထောင်တစ်ခုကို မဖျက်ဆီးသင့်ပါဘူး။ ဘယ်လိုမှကို ပေါင်းစည်းခွင့် မရနိုင်တော့ဘူးဆိုတော့မှ သွလာက်ဆိုတဲ့ ရွံ့ရှာစရာကိစ္စကြီးဆီကို သွားသင့်ပါတယ်။ မတတ်သာတဲ့အဆုံး လုပ်ရတဲ့ သဘောပါ။
  • ဒါပေမဲ့လည်း သွလာက်ရဲ့ ပိုင်ရှင်က ယောက်ျားလေးပါပဲ။ ယောက်ျားလေးဘက်က မပေးဘဲ သွလာက်ဆိုတာ မကျနိုင်ပါဘူး။ အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ သွလာက်ပေးပါစေ၊ သွလာက် အတည် မဖြစ်ပါဘူး။ သွလာက် မမြောက်ပါဘူး။
  • ဒါပေမဲ့ အမျိုးသမီးဘက်ကနေ အမျိုးသားလင်ယောက်ျားနဲ့ ဆက်လက်ပြီး ဘဝခရီးလမ်းကို မလျှောက်နိုင်တော့ဘူး၊ ရှေ့ဆက်ပြီး လက်မတွဲချင်တော့ဘူးဆိုရင်တော့ ခုလအ်လို့ခေါ်တဲ့ အမျိုးသမီးဘက်ကနေ သွလာက်တောင်းယူခွင့် ပြုထားပါတယ်။ ဒီနိကာဟ်ကနေ ကိုယ့်ကိုယ်ကိုယ် ချွတ်ကယ်လိုက်တယ်ဆိုတဲ့ သဘောပါ။
  • အဲဒီအခါ အမျိုးသမီးဘက်ကနေ မိမိအမျိုးသား လင်ယောက်ျားကို သွလာက်ပေးစေဖို့ လင်ယောက်ျားပေးထားတဲ့ မဟရ် (မင်္ဂလာဦးလက်ဆောင်) ကိုဖြစ်ဖြစ်၊ တခြားတန်ဖိုးဖြစ်ဖြစ်၊ အခကြေးငွေဖြစ်ဖြစ် ပေးကမ်းပြီး ခုလအ် လုပ်ရပါတယ်။ နောက်ဆုံးအနေနဲ့ လုပ်ဆောင်ခွင့် ပေးထားတဲ့သဘောပါ။
ဒီအကြောင်း အလင်းမျက်ဝန်းက ဖြေကြားခဲ့တာလေးတွေ (၃) ခုရှိပါတယ်။
(အတွဲ-၁၈၊ အဖြေ-၂)(အတွဲ-၂၁၊ အဖြေ-၃)(အတွဲ-၂၃၊ အဖြေ-၃) တို့မှာ ပြန်လည် လေ့လာနိုင်ပါတယ်။

[/content][content]
 (မေးခွန်း-၂) 

အတ်စလားမုအာလိုင်းကွန်
ပုဆိုးမှာ လက်သန်းထိပ်လောက် အစက်သေးသေးလေး မဇီပေသွားတယ်ဗျာ။ အဲ့လိုဆိုရင် အဲ့ပုဆိုးက မသန့်ဖြစ်သွားလား။ အဲ့ပုဆိုးနဲ့ ရေဝတ်ချိုးရင်ရော ပိုင်ရဲ့လား။ အဲ့ပုဆိုးကို တခြားအဝတ်တွေနဲ့ရောပြီး လျှော်ဖွတ်ရင် တခြားအဝတ်တွေပါ မသန့်ဖြစ်သွားလား။ မသိလို့ ဖြေကြားပေးပါ။
အိုကာရှား (သထုံ)
 (အဖြေ-၂) 
  • မဇီဆိုတာတဏာရာဂစိတ် ပြင်းထန်လွန်းချိန် ခန္ဓာကိုယ်ကနေထွက်လာတဲ့ အရည်ကြည်တစ်မျိုးပါ။ အဲဒီမဇီထွက်ပြီးရင် ရာဂစိတ်ကပိုမို ပြင်းထန်လာပါတယ်။ အဲဒီ မဇီဟာ မသန့်ဖြစ်ပါတယ်။ အဝတ်အစားတို့၊ ခန္ဓာကိုယ်တို့မှာ ကျပ်ပြားစေ့အတိုင်းအတာမျှ မဇီ လူးထိပေကျံသွားရင် ဆေးကြောဖို့ အရေးကြီးပါတယ်။ မဆေးကြောဘဲ စွလာသ်ဆောက်တည်ခွင့် မရှိပါဘူး။
  • လက်သည်းခွံ၊ လက်သည်းထိပ် (ကျပ်ပြားစေ့ထက်နည်းတယ်) ဆိုရင်တော့ မဆေးကြောဘဲ စွလာသ် ဆောက်တည်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အဲဒီလောက်လေး ပေကျံနေတဲ့ မဇီကိုတောင် မဆေးကြောဘဲ ရေဝတ်ချိုးတာ၊ တခြားအဝတ်တွေနဲ့ တွဲပြီးလျှော်ဖွပ်တာတွေ မပြုလုပ်ရပါဘူး။ ရေနဲ့ထိပြီးပျံ့နှံ့သွားတဲ့အတွက် တခြားအရာတွေပါ မသန့်ဖြစ်သွားပါလိမ့်မယ်။
ဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ယခင်က အဖြေဟောင်းတချို့ကိုလည်း လေ့လာကြည့်ပါ။
(အတွဲ-၁၊ အဖြေ-၃)(အတွဲ-၅၊ အဖြေ-၁)(အတွဲ-၁၇၊ အဖြေ-၁)(အတွဲ-၂၂၊ အဖြေ-၂)(အတွဲ-၂၅၊ အဖြေ-၂)

 (မေးခွန်း-၃) 
ဝတ်လစ်စလစ်ရေချိုးလို့ရလား သိချင်ပါတယ်။
သော်ဇင်လတ် (ရန်ကုန်)
 (အဖြေ-၃) 
  • အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လုံခြုံစိတ်ချရတဲ့အခန်းထဲမှာ ခန္ဓာကိုယ်ပေါ် အဝတ်မပါဘဲ ဝတ်လစ်စလစ် ရေချိုးခွင့် ရှိပါတယ်။
  • အဲဒီလိုအချိန်မှာ ဝုဿူပြုထားခဲ့တယ်ဆိုရင်လည်း ဝုဿူပိုင်ပါတယ်။ သီးသန့် ဝုဿူ ပြန်လုပ်နေစရာ မလိုပါဘူး။
(အတွဲ-၈၊ အဖြေ-၃) မှာလေ့လာပါ။
[/content][/2column]

ပစ်ချခံရပြီး ပျက်စီးခဲ့သော ဟူသီသူပုန်များ၏ ဒုံးကျည်အစိတ်အပိုင်းတစ်ခု

ပြီးခဲ့တဲ့ စနေနေ့ (၄-၁၁-၂၀၁၇) ညပိုင်းမှာ ဟူသီရှီအာသူပုန်တွေဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို ဦးတည်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဟူသီသူပုန်တွေဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ ရီယာဒ်မြို့တော်ကို ဦးတည်ပြီး တာဝေးပစ် Burkan 2-H အမျိုးအစား ဒုံးကျည်တွေနဲ့ ယီမင်နိုင်ငံရဲ့ အရှေ့မြောက်ထောင့်နယ်စပ်ကနေ ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသစံတော်ချိန် ည (၈) နာရီဝန်းကျင်အချိန်မှာ အဆိုပါ ဟူသီသူပုန်များ ပစ်ခတ်လိုက်တဲ့ ကီလိုမီတာ ၇၀၀ လောက် ပျံသန်းလာတဲ့ တာဝေးပစ်ဒုံးကျည်ကို ဆော်ဒီနိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များရဲ့ Patriot ဒုံးခွင်းဒုံးစနစ်က ကြားဖြတ် ပစ်ခတ်ဖျက်ဆီးလိုက်နိုင်တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံရဲ့ အဓိကကျောထောက်နောက်ခံဖြင့် ရပ်တည်နေတဲ့ အဆိုပါဟူသီရှီအာသူပုန်တွေရဲ့ ကျူးကျော်တိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွက် မည်သည့်ထိခိုက်မှုမှ မရှိခဲ့ဘူးလို့ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၎င်းဟူသီရှီအာသူပုန်များဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ မြင့်မြတ်တဲ့မြို့တော်နှစ်ခုကိုလည်း တာဝေးပစ်ဒုန်းကျည်များနဲ့ မကြာခဏ တိုက်ခိုက်ဖို့ကြိုးစားခဲ့ကြပေမယ့် အောင်မြင်မှုမရှိခဲ့သေးပါဘူး။

ဆော်ဒီအစိုးရဘက်ကလည်း အမေရိကန်ဒေါ်လာ (၅) သန်း မှ သန်း (၃၀) အထိ ဆုကြေးငွေများသတ်မှတ်ပြီး အလိုရှိဆုံးသော ဟူသီသူပုန် အယောက် (၄၀) စာရင်းကို မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။

Inews-001/11/17 © အလင်းမျက်ဝန်း

ဟဒီးဆ်မျက်ဝန်း HB-008 © Alin Myet Wyun

[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.