ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၃၅)

[2column][content]
 (မေးခွန်း-၁) 
ကျမက အလှအပကို နှစ်သက်ခုံမင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းကျွတ်ကာလမှာ အလှအပအနေနဲ့ ဆိုင်ကို မီးအလှတွေထွန်းပါတယ်။ သူတစ်ပါးဘာသာရေးအထိမ်းအမှတ်ကို လိုက်လုပ်တာမဟုတ်ဘဲ အဲ့ဒီအချိန်နဲ့ကိုက်ပြီး ကိုယ့်ဆိုင်လှပအောင် လုပ်တာပါ။ တချို့က အဲ့ဒီလိုလုပ်တာ မရဘူးလို့ပြောပါတယ်။ အလင်းမျက်ဝန်းမှ ဆရာများ ကျေးဇူးပြုပြီး ဖြေကြားပေးပါအုံး။
အေးမိစံ (ပြင်ဦးလွင်)
 (အဖြေ-၁) 
  • အလှအပကို နှစ်သက်တာကောင်းပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ ကိုယ်တော်တိုင် လှပပြီး လှပမှုကိုလည်း နှစ်သက်မြတ်နိုးတော်မူပါတယ်။
  • ဒါပေမဲ့ မီးအလှဆင်ခြင်းမှာ -
    1. နံပါတ် (၁) အနေနဲ့ လိုအပ်သည်ထက်ပိုပြီး မီးသုံးဖြစ်ပါတယ်။ မလိုအပ်ဘဲလည်း လှဖို့အတွက် မီးထွန်းထားရလို့ပါ။ ဒီတော့ လိုအပ်တာထက် အပိုအသုံးပြုခြင်းကို ရှရီအသ် (တရားတော်) က ခွင့်ပြုမထားပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ နေရာပေါင်းမြောက်မြားစွာမှာ အပိုမလုပ်ဖို့ မိန့်ကြားချက်တွေ လာရှိထားပါတယ်။ ဒါကြောင့် မီးအလှဆင်ခြင်းဟာ တစ်နည်းအားဖြင့် ရှောင်ကြဉ်အပ်တဲ့ကိစ္စရပ် တစ်ခုပါ။ အလှအပ နှစ်သက်တာကို အစ္စလာမ်က မတားမြစ်ပေမဲ့ ကိစ္စရပ်တိုင်းကို ဘောင်အတွင်းက ပြုလုပ်ဖို့ကိုတော့ တောင်းဆိုထားပါတယ်။
    2. နံပါတ် (၂) အချက်က မေးခွန်းပါကိစ္စပါ။ သူတစ်ပါး ဘာသာရေးအထိမ်းအမှတ်ကိုတုပြီး လိုက်လုပ်တာ၊ သို့မဟုတ် အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာ စသဖြင့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှင်းပြမယ်ဆိုရင်တော့ ရှည်လျားပါတယ်။ 
  • ဘာသာမတူသူတွေနဲ့ ဆင်တူယိုးမှားလုပ်ခြင်းဟာ နှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးက ဟရာမ်ဖြစ်ပြီး ဒုတိယတစ်မျိုးက ပြုပိုင်တဲ့ ကိစ္စရပ်ပါ။ မုဗာဟ်လို့ ခေါ်ပါတယ်။
  • ဟရာမ်မပြုပိုင်တဲ့ ဆင်တူယိုးမှားလုပ်ခြင်းဆိုတာကတော့ ဘာသာမတူသူတို့ရဲ့ သာသနာရေး၊ ဘာသာရေး သီးသန့်လုပ်ရပ်ဆိုတာကို သိလျက်နဲ့ လိုက်လုပ်ခြင်းပါ။ အစ္စလာမ်တရားတော်မှာ လုံးဝကို မရှိထားတဲ့ ကိစ္စရပ်ပါ။ ဒီလိုမျိုးကိစ္စရပ်ကိုတုပြီး လုပ်ခြင်းဟာ ဟရာမ်ပါ။ တစ်ခါတစ်ရံ ကဗီရဟ် ဂိုနာကြီးလေးတဲ့ ပြစ်မှုကြီးမျိုး မြောက်ပါတယ်။ တစ်ခါတလေကျတော့လည်း တချို့အတုယူခြင်းဟာ သူ့အထောက်အထားနဲ့သူ ကုဖ်ရ်တောင် မြောက်သွားတတ်ပါတယ်။
  • ဒီလိုအတုခိုးလုပ်ခြင်းဟာ ဘာသာမတူသူတို့နဲ့ ကိုက်ညီအောင် လိုက်လုပ်တာဖြစ်ဖြစ်၊ ကိုယ့်စိတ်ဆန္ဒအတိုင်း လုပ်တာဖြစ်ဖြစ်၊ သို့တည်းမဟုတ် ဒီလိုလုပ်ခြင်းဟာ ကိုယ့်အတွက် လောကီလောကုတ္တရာ အကျိုးရှိနိုင်တယ်လို့ ထင်မြင်ယူဆချက်နဲ့ လုပ်တာဖြစ်ဖြစ် အတူတူပါပဲ။
  • မသိလို့လုပ်မိတာရော အပြစ်ရှိပါသလားလို့ မေးမြန်းလာသူအတွက်တော့ သိလာရင် စွန့်လွှတ်လိုက်ပါ။ သိပါလျက်နဲ့ ဇွတ်ပေလုပ်မနေသင့်ပါဘူးလို့ပဲ ဖြေကြားပါရစေ။ သိလျက်နဲ့ လုပ်တဲ့အခါကျရင်တော့ အပြစ်ထိုက်သွားပါပြီ။
  • ဒုတိယတစ်မျိုးက ပြုပိုင်တဲ့ ဆင်တူယိုးမားပြုလုပ်ခြင်းပါ။ အဲဒါကတော့ ကာဖိရ်တွေရဲ့ သီးသန့်လုပ်ရပ်မဟုတ်တဲ့ ကိစ္စတစ်ခုကိုလိုက်လုပ်ခြင်းပါ။ မူရင်းကကာဖိရ်ရဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။ ကာဖိရ်တွေလည်းလုပ်နေကြတဲ့ ကိစ္စရပ်မျိုးပါ။ ဒီလိုကိစ္စကိုဆင်တူယိုးမားလုပ်ခြင်းကတော့ လုံးဝကြီး မလုပ်ရလို့ တားမြစ်မထားပါဘူး။ ဒါပေမဲ့လည်းသူတို့ကိုဆန့်ကျင်တဲ့အကျိုးမရရှိတော့ပါဘူး။
[/content][content]
 (မေးခွန်း-၂) 
အသက်ရှင်နေထိုင်ရေးနဲ့ပတ်သက်ပြီး ဘုန်းကြီးတွေကို ဦးချမိခဲ့ပါတယ်။ အမြဲတမ်းလည်း သောင်ဗဟ်ဖတ်နေပါတယ်။ အမြဲတမ်းလဲ မလုံမလဲ ဖြစ်နေမိပါတယ်။ အပြစ်ရှိသလိုလဲ ခံစားနေမိပါတယ်။ ကလိမာဟ်လည်း သတိရတိုင်း ဖတ်ပါတယ်။ အရေးအခင်းမှာပါ။ မွတ်စ်လင်မ်မှန်းသိရင် သတ်တော့မှာမို့ မွတ်စ်လင်မ်မဟုတ်သယောင် ဟန်ဆောင်ပြီး ဦးချလိုက်လို့ အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။ ဘယ်သူ့မှလည်း မမေးရဲပါဘူး။ အားလုံးထွက်ပြေးနေကြတာမို့ မျက်မြင်မွတ်စ်လင်မ်လည်း မရှိပါဘူး။ ဆရာတချို့ကိုလည်း သွယ်ဝိုက်ပြီး မေးဖြစ်ပါတယ်။ အသက်အသေခံရမယ်လို့ပဲ ဖြေကြပါတယ်။ အလင်းမျက်ဝန်းက ဆရာများဟာ သမာသမတ်ကျတာမို့ ကျေးဇူးပြုပြီး လုံလောက်တဲ့ အဖြေတစ်ခုခုနဲ့ နှစ်သိမ့်ပေးပါ။
လင်းလင်းသန်း (အင်းတော်)
 (အဖြေ-၂) 
  • အသက်ကိုရန်မူပြီးကုဖ်ရ်ကိုလက်ခံဖို့ အတင်းအဓမ္မခိုင်းစေတဲ့ ကဏ္ဍဟာ နှစ်ရပ်ရှိပါတယ်။
  • တစ်ရပ်က နှုတ်နဲ့ မြွက်ဟကာကိုယ့်စိတ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အစ္စလာမ်အပေါ်မှာပဲရှိနေလျက်နဲ့ ကျွန်တော်မွတ်စ်လင်မ်မဟုတ်ပါဘူး၊ ကာဖိရ်-ဘာသာခြားပါလို့ ပြောစေခြင်းပါ။ ဒီလိုလုပ်ခံရခြင်းကြောင့် သူ့ကိုအဓမ္မစေခိုင်းခံရခြင်းလို့ မွတ်စ်လင်မ်ပညာရှင်များကညီညွတ်စွာလက်ခံကြပါတယ်။ ကုရ်အာန် (၁၆း၁၀၆) ကို အသေအချာ လေ့လာပါလို့ တိုက်တွန်းချင်ပါတယ်။
  • နောက်တစ်ခုကလုပ်ရပ်နဲ့ ကာဖိရ်တွေအတိုင်းလုပ်စေခြင်းပါ။ ဥပမာ- အလ္လာဟ်အရှင်မြတ်ကလွဲလို့ တခြားအရာတစ်ခုခုကိုဦးချခိုင်းခြင်းစသဖြင့်။ဒီကိစ္စမှာတော့ အတင်းအဓမ္မစေခိုင်းခံရခြင်းလို့ မှတ်ယူလက်ခံမလား၊ လက်မခံဘူးလားဆိုတာပညာရှင်များအကြားကွဲလွဲမှုရှိပါတယ်။အတင်းအဓမ္မစေခိုင်းခံရရင် ပြစ်မှုလျော့သွားပါတယ်
  • အချုပ်ပြောရရင်တော့ ဘယ်လောက်ပဲ နှုတ်ကနေမြွက်ဟခိုင်းနေပါစေ၊ လုပ်ရပ်နဲ့ အလ္လာဟ်ကိုသွေဖည်ဆန့်ကျင်ခိုင်းနေပါစေ၊ အလ္လာဟ်ကလွဲလို့ တခြားအရာကိုဦးချခိုင်းနေပါစေကုဖ်ရ်စကားရပ်ကိုမပြောဘဲ၊ ကုဖ်ရ်လုပ်ရပ်ကိုမလုပ်ဘဲအစ္စလာမ်အပေါ် ကြံ့ကြံ့ခံရပ်တည်ခြင်းဟာပိုကောင်းတယ်၊ ပိုမြင့်မြတ် တယ်လို့  ဖော်ပြကြပါတယ်။
 (မေးခွန်း-၃) 
ဟလာလ်ရိုဇီအဖြစ်ဆုံးသော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းက ဘာလဲဆိုတာ သာသနာမှာ ပြဌာန်းထားတာမျိုးရှိရင် ဖြေကြားပေးပါ။
သီရိကျော်ကျော် (ပျော်ဘွယ်)
 (အဖြေ-၃) 
  • ဟဒီဆ်တော်မြတ်မှာတမန်တော်မြတ် ﷺ က(မိမိရဲ့ လက်နဲ့ ရှာဖွေ စားသောက်တာဟာအမွန်မြတ်ဆုံး၊ အကောင်းဆုံးဖြစ်တယ်)လို့ မိန့်ကြားထားပါတယ်။ နောက်ပြီး (အကောင်းဆုံးစီးပွားရှာဖွေမှုဟာဟလာလ်ရိုဇီရှာဖွေစားသောက်ခြင်းဖြစ်တယ်။) လို့လည်းမိန့်ကြားထားပါတယ်။
  • နောက်လည်းမိမိလက်နဲ့ ရှာဖွေစားသောက်ခြင်းရဲ့ ထွတ်မြတ်မှုနဲ့ ပတ်သက်တဲ့ ဟဒီဆ်တော်ပေါင်းများစွာလာရှိထားပါသေးတယ်။ ဒါကြောင့် ဟလာလ်ရိုဇီအဖြစ်ဆုံးသော အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း ဘာလဲလို့ မေးမြန်းရင် တရားတော်ကခွင့်ပြုထားတဲ့ လက်မှုလုပ်ငန်းလို့ ဖြေကြားပါရစေ။ အလ္လာဟ်အရှင်မြတ် ဟာလက်မှုလုပ်ငန်းလုပ်သူကို နှစ်သက်မြတ်နိုးတော်မူတယ်လို့လည်းလာရှိထားပါသေးတယ်။ နောက်ပြီးလုပ်ငန်းလုပ်ရင်း၊ ဟလာလ်ရိုဇီရှာဖွေစားသောက်ရင်းပင်ပန်းနေမှုကိုအရှင်နှစ်သက်တော်မူတယ်လို့လည်းလာရှိထားပြန်ပါတယ်။
  • ကျောကုန်းပေါ်မှာထင်းစည်းကိုထမ်းပြီးရောင်းချခြင်းဟာသူတစ်ပါးထံပေးချင်လည်းပေးမယ်၊ မပေးချင်လည်းမပေးဘူးအနေအထားနဲ့ လက်ဖြန့်တောင်းခံခြင်းထက် သာပိုကောင်းတယ်လို့ ဗုခါရီကျမ်းမှာဖော်ပြထားပါတယ်။
[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat