Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၃၆)

[3column][content]
 (မေးခွန်း-၁) 

လင်မယား သံဝါသကိစ္စတွေမှာ တရားတော်က တားမြစ်ထားတဲ့ အခြေအနေတွေရှိရင် ပြောပြပေးပါလားဆရာတို့။

ကရီမွလ္လာဟ် (နေပြည်တော် အေလာ)

 (အဖြေ-၁) 
  • လင်နဲ့မယားကြားမှာ သံဝါသပြုတာတစ်ခုတည်းပဲ သီးသန့် ပြုပိုင်တာ မဟုတ်ပါဘူး။ တခြားသော အရသာခံစားမှု ဟူဟူသရွေ့ ပြုလုပ်ခွင့် ရှိပါတယ်။ ဒါကို ကုရ်အာန်က (အိစ်သင်မ်သားအ်) အရသာခံစားရယူခြင်းလို့ မှည့်ခေါ်ထားပါတယ်။ ဆိုလိုတာက လင်မယားနှစ်ဦးကြား မိမိတို့ အလိုဆန္ဒရှိတဲ့အတိုင်း ပေါင်းသင်းဆက်ဆံခြင်း၊ သံဝါသပြုခြင်းနဲ့ တခြားရယူလိုတဲ့ အရသာကို ရယူခွင့် ပေးထားပါတယ်။
  • သို့သော်လည်း အချက်သုံးရပ်ကိုတော့ ရှောင်ကြဉ်ရပါမယ်။
    1. ဓမ္မတာသွေး/မီးယပ်သွေး ဆင်းနေချိန်မှာ ပေါင်းသင်းဆက်ဆံခြင်း။
    2. အနောက်ဒွါရ (စအို) ပေါက်မှ ဆက်ဆံခြင်း။
    3. ကျန်းမာရေးအရဖြစ်ဖြစ်၊ တခြားဆိုးကျိုးတစ်ခုခုအရဖြစ်ဖြစ် လင်နဲ့မယား တစ်ဦးဦးကို ရလဒ်ဆိုး ရရှိနိုင်တဲ့ အပြုအမူ/ဆော့ကစားခြင်း/မဇီ-မနီစတဲ့ အညစ်အကြေးတို့ကို မျိုချခြင်း။
ဒီအကြောင်းနဲ့ဆက်စပ်တာကို (အတွဲ-၀၂၈၊ အဖြေ-၁) မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။




[/content][content]
 (မေးခွန်း-၂) 

ဘာသာခြား တစ်ဦးနဲ့ နေကာဟ်ပြုခဲ့ပါတယ်။ နေကာဟ်ပြုစဉ်မှာတော့ အစ္စလာမ်ကို လက်ခံပေမယ့် နောက်ပိုင်း (ကလေးတွေရပြီး) မှာတော့ လက်မခံတော့ဘဲ သူ့ဘာသာကို ပြန်ပြီး လက်ခံသွားပါတယ်။ အဲ့ဒီအခါ နေကာဟ် ပျက်သွားတယ်ဆိုတာ ဟုတ်ပါသလား။ သူနဲ့ဆက်ပေါင်းနေရင် ဇေနာဟ်ထိုက်တယ်လို့ ပြောကြပါတယ်။ ကွဲကွာဖို့ရာမှာလည်း ကြားထဲက ကလေးတွေမျက်နှာတွေက ရှိနေပါတယ်။

ကြည်ကြည်သန်း (ရန်ကင်း)

 (အဖြေ-၂) 
  • လင်နဲ့မယားနှစ်ဦးအနက် တစ်ဦးဦး (မုရ်သဒ်) ဘာသာပျက်သွားရင် ပညာရှင်အများစုထံမှာ သွလာက်မပါဘဲနဲ့တင် နိကာဟ်ပျက်သွားပါပြီ။ အခုလို အမျိုးသားက (မုရ်သဒ်) ဖြစ်ရင်တော့ သွလာက်ပါ မြောက်သွားတယ်လို့ ဟနဖီပညာရှင် အိမာမ်မုဟမ္မဒ် رحمة الله عليه က ဆိုပါတယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဘယ်သူပဲ (မုရ်သဒ်) ဖြစ်ပါစေ နိကာဟ်ပျက်သွားတယ်ဆိုတာ သေချာပါတယ်။
  • နိကာဟ်ပျက်သွားတဲ့ ဒီအိမ်ထောင်ရေးဟာ အလွန်ရင်လေးစရာပါ။ ဒါကြောင့် ဆက်လက်ပေါင်းသင်းနေရင် ဇေနာထိုက်တယ်လို့ ပြောခြင်းဟာ မမှားပါဘူး။ သူ့ကို အတတ်နိုင်ဆုံး သာသနာကိုနားလည်ဖို့ ရှင်းပြပေးရပါမယ်။ ဒီလိုမှ မရနိုင်ရင်တော့ အစ္စလာမ်ဘာသာရေး သိကျွမ်းသူတစ်ဦးနဲ့ လက်ထပ်လိုက်သင့်ပါတယ်။
ဒီအကြောင်းနဲ့ဆက်စပ်တာကို (အတွဲ-၀၂၀၊ အဖြေ-၃)၊ (အတွဲ-၀၃၁၊ အဖြေ-၃)၊ (အတွဲ-၀၃၂၊ အဖြေ-၂) တို့မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။




[/content][content]
 (မေးခွန်း-၃) 
  1. ဖုန်းထဲမှာ မကောင်းတဲ့ရုပ်ပုံတွေ၊ ဗွီဒီယိုတွေလဲရှိသလို ကုရ်အာန်နဲ့ ဘာသာရေးစာတွေလဲ ထည့်ထားမယ်ဆိုရင် ရပါသလား။
  2. မကောင်းတဲ့ရုပ်ပုံတွေ၊ ဗွီဒီယိုတွေထည့်ထားတဲ့ ဖုန်းကို ဗလီထဲယူသွားလို့ရပါသလား။ အဲ့ဒီဖုန်းကို အိပ်ထဲထည့်ပြီး နမားဇ်ဖတ်လို့ ရပါသလား။
ဟာကင်း (ပျဉ်းမနား)
 (အဖြေ-၃) 
  1. ဦးစွာပထမ သိရှိထားသင့်တာက မကောင်းတဲ့ ရုပ်ပုံတွေ၊ ညစ်ညမ်းဗီဒီယိုတွေဟာ ဖုန်းထဲမှာ ထည့်ထည့်၊ ခွေထဲမှာ ထည့်ထည့် ထည့်ခွင့် မရှိပါဘူး။ ကြည့်ခြင်းလည်း မပိုင်ပါဘူး။ ဒါကြောင့် တခြားသော ကုရ်အာန် အပ်လီဂေးရှင်းတို့၊ ဘာသာရေးဆိုင်ရာ ကဏ္ဍတို့ ရှိရှိ၊ မရှိရှိ သူချည်းသီးသန့်လည်း ထည့်ခွင့် မရှိပါဘူး။ ပိုဆိုးတာက တခြားဘာသာရေးအပလီဂေးရှင်းတွေ ရှိလျက်နဲ့ မပိုင်တာကို ထည့်သွင်းခဲ့မယ်ဆိုရင် ကုရ်အာန်အာယသ်တွေ၊ ဟဒီးဆ်တော်တွေကို မလေးမစားပြုရာ၊ မထီမဲ့မြင်ပြုရာ ကျတဲ့အတွက် ပိုလို့တောင် အပြစ်ထိုက်ပါလိမ့်မယ်။
  2. မေးခွန်း(၂)အတွက် ဖြေကြားရရင်တော့ ဒီလို ညစ်ညမ်းရုပ်ပုံတွေ၊ ညစ်ညမ်းဗီဒီယိုဖိုင်တွေ ထည့်ထားခြင်းကိုက မပိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် အတတ်နိုင် ဆုံးရှောင်ကြဉ်သင့်ပါတယ်။ မရှောင်ကြဉ်လို့ ဒီဖိုင်တွေပါနေတဲ့ ဖုန်းကို ဗလီထဲ ယူသွားမိမယ်၊ ဒီဖိုင်တွေပါဝင်နေတဲ့ဖုန်းကို အိတ်ထဲထည့်ပြီး စွလာသ်ဆောက်တည်မိမယ်ဆိုရင်တော့ စွလာသ်အထမြောက်ပါတယ်။ ဒါပေမဲ့ ဒီဖိုင်တွေကို ထည့်ခြင်း၊ ကြည့်ရှုခြင်း၊ ဖြန့်ချိခြင်းကတော့ လုံးဝကို မပြုပိုင်တဲ့အတွက် အပြစ်ဂိုနာထိုက်မှာ ဧကန်ပါပဲ။
ဒီအကြောင်းနဲ့ဆက်စပ်တာကို (အတွဲ-၀၁၁၊ အဖြေ-၃)၊ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat