ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၃၇)

[2column][content]
 (မေးခွန်း-၁) 
မိသားစုအတွက် ရှာဖွေကျွေးမွေးဖို့တာဝန်က ဘယ်လောက်ထိ အရေးကြီးပါသလဲ။ လူတချို့ဟာ မိသားစုအတွက် ရှာဖွေကျွေးမွေးတဲ့တာဝန်ကို ပစ်ပယ်ထားပြီး သာသနာ့အလုပ်ဆိုတာကို ခေါင်းစဉ်တပ်ပြီး လုပ်နေကြပါတယ်။ (ဘယ်အလုပ်ဆိုတာကို အမည်တပ်ပြီး မပြောလိုပါ) နောက်ပိုင်းမှာတော့ မိသားစုစားဝတ်နေရေးကို မိန်းမက ရသလို ရှာဖွေနေရတာတွေ ရှိပါတယ်။
အီဒရစ် (မုတ္တမ)
 (အဖြေ-၁) 
  • ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ဟဒီးဆ်တော်မှာ မိမိရဲ့မိသားစု ဇနီးမယား သားသမီးအပေါ် သုံးစွဲဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့၊ သုံးစွဲခြင်းရဲ့ ထွတ်မြတ်ကြောင်း ဖော်ပြတဲ့ အထောက်အထားပေါင်း မြောက်မြားစွာ လာရှိထားပါတယ်။
  • ပထမအနေနဲ့ ကုရ်အာန်ကျမ်းလာ အထောက်အထားများကတော့…
    • “ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည်တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်းစေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရားစည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။ ” (ကုရ်အာန် ၂း၂၃၃) ( ရှင်းလင်းချက်တွင် ) ကလေးများကို နို့ရည်တိုက်ကျွေးခြင်းသည် မိခင်တို့၏ တာဝန်တစ်ရပ်ဖြစ်၏။ ကလေးများကို နို့ရည်တိုက်ကျွေးသော ကလေးမိခင်တို့၏ စားသောက်ဝတ်ဆင်မှုတို့ကို စီမံခန့်ခွဲပေးခြင်းသည် ဖခင်ဖြစ်သူတို့၏ တာဝန်တစ်ရပ်ဖြစ်၏။ ဤသို့တာဝန်ခွဲပေးခြင်းသည် သဘာဝဓမ္မနှင့် ကိုက်ညီလှပေသည်ဟူ၍ ဖော်ပြထားပါသေးတယ်။
    • “ ကြွယ်ဝချမ်းသာသောသူသည် မိမိကြွယ်ဝမှုနှင့် လျော်ညီစွာ သုံးစွဲရပေမည်။ သို့ရာတွင် စီးပွါးဥစ္စာ ကျပ်တည်းသောသူမှာမူကား မိမိအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသမျှ (ဥစ္စာပစ္စည်း) အနက်မှ သုံးစွဲရပေမည်။ ” (ကုရ်အာန် ၆၅း၇)
    • “ ၎င်းပြင် အသင်တို့သည် မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကို ပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာ ချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။ ” (ကုရ်အာန် ၃၄း၃၉)
  • ဒုတိယအနေနဲ့ ဟဒီးဆ်တော်လာ အထောက်အထားများကတော့...ဇနီးသည်၊ မိသားစုအပေါ် သုံးစွဲခြင်းရဲ့ ထွတ်မြတ်မှုနဲ့ ပတ်သက်ပြီး တမန်တော်မြတ် ﷺ ရဲ့ ဟဒီးဆ်သြဝါဒတော်ပေါင်းများစွာ လာရှိထားပါသေးတယ်။
    • “ အလ္လာ့ဟ်လမ်းမှာ သုံးစွဲတဲ့ ဒင်္ဂါးတစ်ပြား၊ ကျေးကျွန်သူကောင်းပြုခြင်းအပေါ် သုံးစွဲတဲ့ ဒင်္ဂါးတစ်ပြား၊ သူဆင်းရဲအပေါ် သုံးစွဲလှူဒါန်းခဲ့တဲ့ ဒင်္ဂါးတစ်ပြား၊ မိမိရဲ့မိသားစုအပေါ် သုံးစွဲခဲ့တဲ့ ဒင်္ဂါးတစ်ပြား၊ အစရှိတဲ့အနက် အကျိုးကုသိုလ်အများဆုံးရရှိမှာက မိမိရဲ့မိသားစုအပေါ် သုံးစွဲခဲ့တာပဲ ဖြစ်တယ်။ ” (မွတ်စ်လင်မ်ကျမ်း၊ နံပါတ်-၉၉၅)
    • “ အမွန်မြတ်ဆုံးသော ဒင်္ဂါးပြားဟာ လူတစ်ဦးအနေနဲ့ မိမိ မိသားစုအပေါ် သုံးစွဲခဲ့တဲ့ ဒင်္ဂါးပြားသာ ဖြစ်တယ်။ ထို့ပြင် အလ္လာ့ဟ်လမ်းတော်မှာ မိမိအစီးအနင်းအပေါ် သုံးစွဲတဲ့ ဒင်္ဂါးပြား ဖြစ်တယ်။ နောက်ပြီး အလ္လာ့ဟ်လမ်းတော်မှာ မိမိသူငယ်ချင်း ရောင်းရင်းများအပေါ် သုံးစွဲတဲ့ ဒင်္ဂါးပြား ဖြစ်တယ်။ ” (မိသားစုကနေ အစပြု မိန့်ကြားတော်မူခဲ့ပါတယ်။) (မွတ်စ်လင်မ်ကျမ်း၊ နံပါတ်-၉၉၄)
  • အထက်ပါ ကုရ်အာန်အာယသ်တော်တွေ၊ ဟဒီးဆ်တော်တွေအရ သိရတာက မိမိရဲ့ မိသားစုကို ချောင်လည်စေခြင်း၊ မိသားစုကို ကျွေးမွေးပေးကမ်း၊ မိသားစုအပေါ် သုံးစွဲခြင်းတို့ဟာ တခြားသုံးစွဲမှုတွေထက် ပိုပြီး အရေးပါကြောင်း၊ ဦးစားပေးခံထားရကြောင်း သိရှိရပါတယ်။
  • ဆက်လက်ပြီး မေးခွန်းပါ သာသနာ့အလုပ်ဆိုတာကို အကျယ်ရှင်းပြလိုပါတယ်။
    • အစ္စလာမ်သာသနာကို လက်ခံထားတဲ့ မွတ်စ်လင်မ်တစ်ဦးအဖို့ သာသနာ့အလုပ်ဆိုတဲ့ ခေါင်းစဉ်ဟာ ကျယ်ပြန့်လှပါတယ်။ ဗလီမှာနေပြီး အချိန်ပြည့် အိဗာဒသ်ပဲ လုပ်နေခြင်းကိုသာ သာသနာ့အလုပ်လို့ မခေါ်ပါ။ ဟလာလ်စားနပ်ရိက္ခာ ရှာဖွေစားသောက်ခြင်းဟာလည်း သာသနာ့အလုပ်ပါ။ မိမိတစ်ကိုယ်ရေစာအတွက်/ မိသားစုအတွက် ဝမ်းစာရှာဖွေစားသောက်ခြင်းဟာလည်း သာသနာ့အလုပ်ပါ။ မိမိဇနီးသည်ကို ထမင်းလုပ် ခွံ့ကျွေးတာကလည်း သာသနာ့အလုပ်ပါ။ အကျိုးကုသိုလ်ရမဲ့ လုပ်ငန်းတွေပါ။ (ဗုခါရီကျမ်းမှာ ပါရှိပါတယ်)
    • ဆိုလိုတာက သာသနာ့အလုပ်ကို ဗန်းပြပြီး မိသားစုရဲ့ အခြေအနေ၊ အခက်အခဲကို ဂရုမစိုက်ဘဲ ဘယ်လောက်ပဲ အလ္လာဟ်အရှင်မြတ်ရဲ့ အိဗာဒသ်လုပ်လုပ် အရှင့်ဝတ္တရားနဲ့ လူ့ဝတ္တရားနှစ်ခုရှိနေတဲ့အတွက် တစ်ခုလျော့နည်းနေပါလိမ့်မယ်။ မိသားစုစားဝတ်နေရေးကို လက်လွှတ်လိုက်ခြင်းကိုက သာသနာ့အမိန့်တွေကို ဖီလာ ဆန့်ကျင်တာ မည်ပါတယ်။ သာသနာ့အလုပ်ဆိုတာ အိပ်စက်အနားယူခြင်းလည်း အပါအဝင် ဖြစ်ပါတယ်။ မုအ်မင်န်တစ်ဦးရဲ့ အိပ်ခြင်းဟာလည်း အိဗာဒသ် ဖြစ်လို့ပါ။
    • ဗုခါရီကျမ်းတော်မှာ စွဟာဗဟ်ကြီးသုံးဦးဟာ တမန်တော်မြတ် ﷺ ရဲ့ ဇနီးကြင်ရာတော်တစ်ပါးအိမ်ကို လာရောက်ကြပြီး ကိုယ်တော်မြတ် ﷺ ရဲ့ အိဗာဒသ်ခဝပ်ဆည်းကပ်ပုံကို မေးမြန်းကြပါတယ်။ ပြီးနောက်မှာတော့ သူတို့ရဲ့ ကုသိုလ်တွေဟာ နည်းပါးသေးတယ်လို့ အောက်မေ့ပြီး တစ်ဦးနဲ့တစ်ဦး ပြောကြတယ်။ ငါတို့နဲ့ ကိုယ်တော်နဲ့တော့ ဘယ်တူမတုန်း။ ကိုယ်တော်ဟာ ရှေ့ပြစ်နောက်ပြစ် ရှိသမျှ အပြစ်တွေအားလုံး ခွင့်လွှတ်ချမ်းသာပေးခြင်း ခံရသူဖြစ်တယ်။ သူတို့ထဲက တစ်ဦးက ငါဟာ ဒီကနေ့ကစပြီး ညဥ့်တွေမအိပ်တော့ဘဲ အမြဲတမ်း စွလာသ်ပဲ ဝတ်ပြုတော့မယ်လို့ ပြောတယ်။ နောက်တစ်ဦးက အိဖ်သာရီ ဝါမဖြေတော့ဘဲ သက်တမ်းတစ်လျှောက်လုံး အမြဲ ဥပုသ်ပဲ စောင့်ထိန်းတော့မယ်လို့ ပြောတယ်။ နောက်တစ်ဦးက ငါကတော့ အမျိုးသမီးတွေနဲ့ ကင်းကင်းရှင်းရှင်းနေမယ်၊ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူးလို့ ပြောတယ်။
    • ဒါနဲ့ ကိုယ်တော်မြတ် ﷺ က သူတို့ဆီကို ကြွမြန်းလာတော်မူပြီး အသင်တို့ ဒီလိုဒီလို ပြောဆိုကြတဲ့သူတွေလားလို့ မေးမြန်းတော်မူတယ်။ (သူတို့က ဟုတ်မှန်ကြောင်း ပြောဆိုလျှောက်ထားကြတဲ့အခါ) ကိုယ်တော်မြတ် ﷺ က အလ္လာဟ်အရှင်မြတ်ရဲ့ နာမည်တော်ကို ကိုင်တွယ်ပြီး ပြောမယ်။ ငါကိုယ်တော်ဟာ အသင်တို့ထက် အလ္လာဟ်အရှင်မြတ်ကို ပိုမိုကြောက်ရွံ့တော်မူတယ်။ အလ္လာဟ်အရှင်မြတ်အပေါ် အသင်တို့ထက် ပိုမိုသက္ကဝါတရား ထားတော်မူတယ်။ ဒါပေမဲ့ ငါကိုယ်တော်ဟာ ဥပုသ်စောင့်ထိန်းတော်မူသလို အိဖ်သာရီ ဝါလွှတ်တော်မူတယ်။ ငါကိုယ်တော်ဟာ ညဥ့်မှာထပြီး စွလာသ်ဆောက်တည်သလို အိပ်စက်အနားယူခြင်းလည်း ပြုတော်မူတယ်။ ငါကိုယ်တော်ဟာ အိမ်ထောင်လည်း ပြုတော်မူတယ်။ ဒါကြောင့် ဘယ်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်ကို ကျောခိုင်းရင် သူဟာငါကိုယ်တော်ရဲ့ အသင်းသား မဟုတ်ဘူး။ (ဗုခါရီကျမ်း၊ နံပါတ်-၄၇၇၆)
    • အဲဒီလိုမျိုးပဲ မိမိဇနီးသည်နဲ့ ပေါင်းသင်းဆက်ဆံခြင်းဟာ အကျိုးကုသိုလ်ရတဲ့၊ စွဒကဟ်အကျိုးရတဲ့ သာသနာ့အလုပ်ပါ။ သာဝကကြီးတွေဟာ ကိုယ်တော်၊ ကိုယ့်ဇနီးသည်ကို ပေါင်းသင်းခြင်း၊ ကိုယ်လက်နှီးနှော သံဝါသပြုခြင်းအမှုကလည်း အကျိုးကုသိုလ်ရတယ် ဟုတ်ပါသလားလို့ တအံ့တသြမေးမြန်းကြတော့ ကိုယ်တော်က ဟုတ်တာပေါ့၊ အကျိုးကုသိုလ်ရတဲ့အလုပ်ပါ။ ဒီသူဟာ မိမိရဲ့ကာမပိုင်ဇနီးနဲ့ မပေါင်းသင်းဘဲ တခြားဇိနာမှုကိစ္စထဲ ကျရောက်သွားရင် အပြစ်မထိုက်ပေဘူးလားလို့ ပြန်လည်မေးမြန်းကာ အဖြေထုတ်ပြတော်မူခဲ့တယ်။ မတရား ကာမရယူရင် ဟရာမ်ဖြစ် အပြစ်ထိုက်သလို ကာမပိုင်မယားနဲ့ ဆက်ဆံရင်လည်း ကုသိုလ်အကျိုးရပါတယ်။
    • ဒါကြောင့် သာသနာ့အလုပ်ဆိုတဲ့ ခေါင်းစဉ်ဟာ ကျယ်ပြောလှပါတယ်။ ကိုယ်အိမ်ကိုစွန့်ခွာ၊ ကိုယ့်မိသားစု စားဝတ်နေရေးကို လျစ်လျူရှုပြီး ပြင်ပမှာ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ သာသနာ့အလုပ်လို့ မှည့်ခေါ်တာဟာ အလွန်မှကို မှားယွင်းတဲ့ကိစ္စရပ် တစ်ခုပါ။
  • အချုပ်ပြောပြရရင် မိသားစုစားဝတ်နေရေး ဖူလုံဖို့၊ ပြေလည်စေဖို့ ဟလာလ်ရိုဇီရှာဖွေခြင်း၊ မိသားစုကို ရှာဖွေကျွေးမွေးခြင်းဟာ အရေးကြီးတာဝန်ကြီးတစ်ရပ် ဖြစ်ရုံမက သာသနာတော်က တိုက်တွန်းထားတဲ့ မွန်မြတ်ထူးကဲဆုံးသော အိဗာဒသ်တွေထဲက အိဗာဒသ်တစ်ခုဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်။ နားလည် ကျင့်သုံးနိုင်ကြပါစေ။
[/content][content]
 (မေးခွန်း-၂) 

မစ်ဝါးက်အဖြစ် အသုံးမပြုဖို့ တားမြစ်ထားတဲ့သစ်ကိုင်းအမျိုးအစား ရှိပါသလား။

ဟရှင်မ် (ပဲနွယ်ကုန်း)

 (အဖြေ-၂) 

  • မစ္စဝါးက်အဖြစ် အသုံးပြုလို့ မရတဲ့ သစ်ကိုင်းမျိုးကိုတော့ မသိပါဘူး။
  • ဖိကဟ်ပညာရှင်ကြီးတွေရဲ့ထံမှာ မစ္စဝါးက် တံပူကိုင်းဟာ နူးညံ့တဲ့ သစ်ကိုင်းဖြစ်ပြီး နှုတ်ပါးစပ်ရဲ့ အညစ်အကြေးကို ကင်းကွာအောင် လုပ်ပေးနိုင်မယ်၊ အနာတရ မဖြစ်စေရဘူး၊ ဒုက္ခမဖြစ်ရဘူး စတဲ့ သစ်ကိုင်းမျိုးတိုင်းနဲ့ မစ္စဝါးက်လုပ်ခွင့်ရှိကြောင်း တညီတညွတ်တည်း လာရှိထားပါတယ်။
  • ဒါပေမဲ့ ဘယ်ကိုင်းမျိုးနဲ့ ပိုမွန်မြတ်လဲဆိုတာတော့ ကွဲလွဲမှု အနည်းငယ် ရှိပါတယ်။
  • ပညာရှင်ကြီးတချို့ထံမှာ أراك အရားက် လို့ခေါ်တဲ့ တံပူပင်၊ သွားတိုက်တံပင်ကကိုင်းကို အသုံးပြုတာ ပိုမြတ်ပါတယ်။ ပြီးရင်တော့ သံလွင်ကိုင်း၊ ပြီးရင် စွန်ပလွံကိုင်း စသဖြင့် မြတ်ပါတယ်။
  • အချို့ပညာရှင်တွေထံမှာတော့ သံလွင်ကိုင်းကို အမြတ်ဆုံးလို့ သတ်မှတ်ကြပြန်ပါတယ်။ ပြီးမှ أراك အရားက် (တံပူပင်၊ သွားတိုက်တံပင်က) ကိုင်း၊ အဲဒါပြီးရင် စွန်ပလွံကိုင်း စသဖြင့် မြတ်ပါတယ်။
  • ထူးခြားချက်အနေနဲ့ တချို့သော ဖိကဟ်ပညာရှင်ကြီးတွေကတော့ မိစ္စဝါးက်ဟာ အရားက် (တံပူပင်၊ သွားတိုက်တံပင်) ကိုင်းဖြစ်ဖြစ်၊ သံလွင်ကိုင်းဖြစ်ဖြစ်၊ ခေတ်ပေါ် သွားတိုက်ဆေးသွားတိုက်တံဖြစ်ဖြစ်၊ တခြား နှုတ် ခံတွင်း သန့်ရှင်းရေးလုပ်နိုင်တဲ့ အရာဖြစ်ဖြစ် အားလုံး အကျုံးဝင်တယ်လို့ ဆိုကြပြန်ပါတယ်။
  • တချို့ပညာရှင်ကြီးတွေကတော့ မိစ္စဝါးက်အဖြစ် အရားက် (တံပူပင်၊ သွားတိုက်တံပင်) ကိုင်း၊ စွန်ပလွံကိုင်း၊ သံလွင်ကိုင်းတို့ကို သတ်မှတ်ပြီး အဲဒါတွေမရှိတော့မှ တခြားအရာတွေကို အစားထိုးအနေနဲ့ သတ်မှတ်ကြပါတယ်။
  • နောက်ဆုံးဘာမှမရှိတဲ့အခါ မိမိလက်ချောင်းလေးတွေနဲ့ပဲ သွားတိုက်သလို ပွတ်တိုက်ပြီးသန့်ရှင်းရေးလုပ်ပါလို့ တိုက်တွန်းထားပါတယ်။




 (မေးခွန်း-၃) 

ကဘာရ်ကို အုတ်ဂူလုပ်ရင် မပိုင်ဘူးဆိုတာ ဟုတ်ပါသလား။

မေရီဝင်း (တောင်ငူ)

 (အဖြေ-၃) 

  • ကဗရ်ကိုအုတ်ဂူလုပ်တာ၊ ခိုင်မာအောင် ဂူဗိမာန် လုပ်တာကို တမန်တော်မြတ်ကြီး ﷺ က တားမြစ်တော်မူထားပါတယ်။ ဒါကြောင့် မြေမြှုပ်ပြီး ဂူဗိမာန်လုပ်ခြင်းကနေ ရှောင်ကြဉ်ရပါမယ်။


[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat