Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၃၈)

[3column][content]
 (မေးခွန်း-၁) 

salam
ဆရာ မေးစရာလေး မေးခွင့်ပြုပါ။
Bank တိုးနဲ့ တရားရုံးကုန်ကျစရိတ်ကို သုံးလို့ရလား ဖြေကြားပေးပါနော်။

သန်းသန်းစိုး (မော်လမြိုင်-ချောင်းဆုံ)

 (အဖြေ-၁) 

وعليكم السلام ورحمة الله وبركاته

အတိုး ဟရာမ်ဖြစ်ကြောင်း ကျနော်များ အလင်းမျက်ဝန်း ဝိုင်းတော်သားများ၏ ထာဝစဉ် ဆုံးဖြတ်ချက်တစ်ရပ်ပါ။ ဘာကြောင့်လဲ။ အတိုးကို အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်က ဟရာမ်သတ်မှတ်တော်မူထားလို့ ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ အလ္လာဟ်အရှင်မြတ်က မိန့်မြွက်တော်မူထားပါတယ်။

وأحل الله البيع وحرم الربا

(အဓိပ္ပါယ်) အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းကို ခွင့်ပြုထားတော်မူ၍ အတိုးအညွန့်စားခြင်းကိုမူကား တားမြစ်တော်မူခဲ့လေသည်။ (ကုရ်အာန် ၂း၂၇၅)
(အကျယ်တဝင့်ကို ကုရ်အာန်အလင်းပြကျမ်းမှာ လေ့လာကြည့်ပါ။)

နောက်ပြီး တမန်တော်မြတ်ကြီးကလည်း အတိုးဟရာမ်ဖြစ်ကြောင်း သတ်မှတ်ထားတော်မူပါတယ်။ ဟဒီးဆ်ကျမ်းတွေမှာ အတိုးဟရာမ်ဖြစ်ကြောင်း ဟဒီးဆ်တွေ လာရှိထားပါတယ်။

တချို့ပုဂ္ဂိုလ်တွေဟာ အတိုးကို ဟလာလ်လို့ မှတ်ယူပြောဆိုကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ စကားပါ။ အဲဒီတော့ ကိုယ့်ပိုင်ဆိုင်မှုအတွင်း ဝင်ရောက်နေတဲ့ ဟရာမ်ငွေ တစ်နည်း အတိုးငွေတွေကို ဘာလုပ်ကြမလဲ။ အဲဒီအတိုးငွေတွေကို ကိုယ့်ပိုင်ဆိုင်မှုကနေ အပြင်ကို မြန်မြန်ထုတ်ပစ်ရပါလိမ့်မယ်။

အဲဒီလို ထုတ်ပစ်ဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ တစ်နည်းက အဲဒီအတိုးငွေတွေကို မြစ်ပင်လယ်ထဲ မြောပစ်ခြင်းပါ။ ဒုတိယတစ်နည်းက တအားလိုအပ်နေတဲ့ မရှိဆင်းရဲသားကို ဆဝါဗ်ရဲ့ နိယသ်မပိုက်ဘဲ ပေးကမ်းလိုက်ခြင်းပါ။ ပထမတစ်နည်းကိုတော့ ဘယ်ပညာရှင်ကမှ ခွင့်ပြုမထားပါဘူး။ ဒါကြောင့် ဒုတိယတစ်နည်းကို အသုံးပြုပြီး ကိုယ့်ပိုင်ဆိုင်မှုကနေ အပြင်ကို ထုတ်လိုက်ရပါမယ်။

တရားရုံးကိစ္စ၊ ရှေ့နေငှားရမ်းခ၊ တရားသူကြီးနဲ့ ဝန်ထမ်းတွေကို ကန်တော့ခ စတဲ့ ကိစ္စတွေဟာ ကိုယ့်အကျိုးအတွက် သုံးစွဲခြင်း ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တိုင်သုံးစွဲတာ၊ ကိုယ့်ကိစ္စကို အကောင်အထည်ဖော်ရတာဖြစ်တဲ့အတွက် အတိုးငွေ တစ်နည်း ဟရာမ်ငွေကို အသုံးပြုလို့ မရပါဘူး။ အတိုးငွေနဲ့ လာဘ်ပေးလို့ရတယ်လို့ တချို့က ပြောကြပါသေးတယ်။ အပြစ်နှစ်ဆတောင် ထိုက်ပါဦးမယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဟရာမ်ငွေ သုံးစွဲခြင်းရယ်၊ ဟရာမ်လုပ်ရပ်ဖြစ်တဲ့ လာဘ်ပေးခြင်းအလုပ်ကို လုပ်တာရယ် နှစ်ခုကြောင့်မို့ပါ။

အတိုးငွေနဲ့ပတ်သက်ပြီး ဖြေကြားခဲ့တာတွေကို ပြန်လည်ညွှန်းဆိုပေးလိုက်ပါတယ်။ (အတွဲ-၁၃၊ အဖြေ-၁) (အတွဲ-၁၇၊ အဖြေ-၂)



[/content][content]
 (မေးခွန်း-၂) 
  1. ဝိုသူပြုပြီး အစာစားတာက ဝိုသူပျက်စေလားခင်ဗျ။
  2. ကျွန်တော်က ဆီးအောင့်တတ်လို့ နမာဇ်ဖတ်ရင်း စစ်ဂျဒါဟ်ချတဲ့အခါ ဆီးအနည်းငယ်ထွက်တတ်လို့ဗျ။ အဲ့တော့ ဖတ်တဲ့နမာဇ် ပိုင်ပါသလား ဖြေပေးပါဦးဗျ။
ကိုဖြိုး (မန္တလေး)


 (အဖြေ-၂) 

ဝုဿူပြုပြီး အစာစားခြင်းဟာ ဝုဿူကို ပျက်စေတဲ့ အချက်မဟုတ်တဲ့အတွက် ဝုဿူမပျက်ပါဘူး။

ဝုဿူပျက်စေတဲ့အချက်တွေကတော့ -
  1. အရှေ့အင်္ဂါကနေ လေမှအပ အရာတစ်ခုခုထွက်ခြင်း သို့မဟုတ် အနောက်အင်္ဂါကနေ ထွက်ခြင်း။
  2. ခန္ဓာကိုယ်မှ သွေး၊ ပြည်စတာတွေ ထွက်၍ စီးတွေခြင်း။
  3. သွေးမထွက်ဘဲဖြစ်ပါစေ ကလေးမွေးဖွားခြင်း။
  4. ပါးစပ်အပြည့်အန်ခြင်း။
  5. သွားဖုံး၊ သွားကြားမှ ထွက်တဲ့သွေးဟာ တံတွေးထက်များပြီး တံတွေးကို လွှမ်းမိုးသွားခြင်း။
  6. တင်ပါးဆုံလွတ်လျက် အိပ်ပျော်ခြင်း။
  7. မေ့မြောသွားခြင်း။
  8. ရူးသွပ်သွားခြင်း။
  9. မူးမိုက်သွားခြင်း။
  10. အရွယ်ရောက်သူက ရုကူအ်၊ စဂ်ျဒဟ်ပါတဲ့ စွလာသ်မှာ ဟားတိုက်ရယ်မောခြင်းတို့ ဖြစ်ပါတယ်။
အဲဒီတော့ အရှေ့အင်္ဂါကနေ ဆီးစက်ကျလာခဲ့ရင် ဝတ်ပြုနေတဲ့ စွလာသ်ဟာ ပျက်သွားပါလိမ့်မယ်။

ကိုယ်က အမြဲဆီးအောင့်တတ်တယ်ဆိုရင် ဆီးသွားတဲ့အခါ ဆီးစက်မကျန်အောင် ချောင်းဟန့်တာတို့၊ ဆီးသွားဖို့ ထိုင်နေချိန် ပုံစံပြောင်းထိုင်ခြင်း၊ ဆီးသွားပြီး လမ်းလျှောက်ကာ ပြန်လည်ဆီးသွားခြင်း၊ ခြေတစ်ချောင်းနဲ့ (ခြေတစ်ပေါင်ကျိုး) ခုန်ခြင်း စတာတွေလုပ်ရင် ဆီးအောင့်တာကို ပျောက်ကင်းအောင် လုပ်လို့ရကြောင်း ဖိကဟ်ကျမ်းတွေမှာ ဖော်ပြထားပါတယ်။


ဒီအကြောင်းအရာနဲ့ဆက်စပ်တဲ့ အဖြေလေးတွေကိုလည်း ပြန်လည် ညွှန်းဆိုပေးလိုက်ပါတယ်။
ဆီးစက်ကျခြင်းနှင့်ပတ်သက်၍
(အတွဲ-၂၊ အဖြေ-၃)(အတွဲ-၇၊ အဖြေ-၁)(အတွဲ-၁၁၊ အဖြေ-၂)
ဝုဿူနှင့်ပတ်သက်၍
(အတွဲ-၈၊ အဖြေ-၃)(အတွဲ-၁၁၊ အဖြေ-၁)(အတွဲ-၂၆၊ အဖြေ-၁)(အတွဲ-၂၉၊ အဖြေ-၂)
(အတွဲ-၃၃၊ အဖြေ-၁)(အတွဲ-၃၄၊ အဖြေ-၃)


[/content][content]
 (မေးခွန်း-၃) 
အစလာမုအလိုင်းကွန်းမ်
အိမ်မှာ ခွေးမွေးပိုင်ခွင့် မရှိဘူးလို့ ကြားဖူးပါတယ်ရှင့်။ ခွေးမွေးရင် ဖရစ်ရှ်တာဟ် မလာဘူး။ ခွေးနဲ့ထိပီးသား အဝတ်နဲ့ နမာဇ်ဖတ်ပိုင်ခွင့် မရှိဘူးလို့ ကြားဖူးပါတယ်ရှင့်။ အဆ်ဟာဗေကဟဗ် လုလင်ပျို ခုနှစ်ဦးနဲ့ ခွေးလေး (ဝကာဗိုဟွန်ဘာစေသွန်) ဟာ  ၃၀၉-နှစ်အထိ ဂူထဲမှာ အိပ်ပျော်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။ အဲဒီခွေးလေးဟာ လုလင်ပျိုခုနှစ်ဦးနဲ့အတူ ဂျန္နသ်ကို ရောက်နိုင်မယ်လို့လဲ ရေးသားချက်တစ်ချို့ ဖတ်ခဲ့ဖူးပါတယ်။ အဲလိုဆိုရင် ခွေးဘာကြောင့် မွေးမရတာလဲ။ မွေးပိုင်ခွင့်မရှိတာလဲ သိချင်ပါတယ်ရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ အမှားပါရင် မားဖ်လုပ်ရှင့်။
အာဘေဒါဟ်ဘီ (စလင်းမြို့)
 (အဖြေ-၃) 

وعليكم السلام ورحمة الله وبركاته

အလ္လာဟ်အရှင်မြတ်ဟာ အဆ်ွဟာဗုလ်ကဟဖ်ရဲ့ ခွေးနဲ့ ပတ်သက်ပြီး မိန့်ကြားထားတော်မူတာက -
وكلبهم باسط ذراعيه بالوصيد 
(အဓိပ္ပါယ်) ထိုမှတစ်ပါး ၎င်းတို့၏ခွေးသည် တံခါးဝ၌ မိမိ လက်နှစ်ဖက်ကို ဖြန့် (ခင်း) လျှက် ရှိခဲ့၏။ (ကုရ်အာန် ၁၈း၁၈)

ဒါနဲ့ သိရတာက အဲဒီခွေးဟာ သူတို့နဲ့အတူ လိုဏ်ဂူအတွင်းကို လိုက်ပြီး မဝင်ခဲ့ပါဘူး။ အပေါက်ဝမှာပဲ ထိုင်စောင့်နေခဲ့တာပါ။ ဒါကြောင့် အာလင်မ် ပညာရှိသုခမိန်တို့က ဒီကိစ္စမှာ ဟိက္ကမသ်အမြော်အမြင်တစ်ခုကို ဖော်ထုတ်ကြပါတယ်။ အဲဒီအမြော်အမြင်ကတော့ ကောင်းကင်တမန်တော်တွေဟာ ခွေးရှိတဲ့အိမ်ကို မဝင်ရောက်ကြဘူးဆိုတာပါပဲ။

ဒီအာယသ်တော်ကို အကျယ်ဖွင့်ဆိုတဲ့ အလ္လာမဟ်အိဗ်ကဆီးရ် رحمة الله عليه ကတော့ ဆွဟာဗဟ်သာဝကကြီးတွေရဲ့ သဖ်စီးရ်ဖွင့်ဆိုချက်တွေကို ဖော်ပြပြီး ခွေးဟာ ခွေးသဘာဝအတိုင်း အပေါက်ဝမှာပဲ ထိုင်နေပြီး စောင့်ပေးနေခဲ့တယ်။ အဆ်ွဟာဗုလ်ကဟဖ်တို့နဲ့ ဆက်နွယ်နေခဲ့ပြီး သူတို့ကို စောင့်ပေးနေသကဲ့သို့ အပေါက်ဝမှာပဲ ထိုင်နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွေးရှိတဲ့အိမ်မှာ ကောင်းကင်တမန်တော်တွေ မဝင်ရောက်ကြလို့လေတဲ့။ ပမာအားဖြင့် ဟဒီးဆ်တော်မှာ လာရှိထားပါတယ်။ သူတို့ရဲ့ခွေးဟာ သူတို့ရဲ့ ဗရကသ်မှာ အတူခံစားရပြီး အဲဒီအခြေအနေတိုင်းပဲ သူတို့ အိပ်ပျော်သွားသလို ဒီခွေးလည်း အိပ်ပျော်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီသဖ်စီးရ်ရှင်းလင်းချက်ကို နားလည်စေလိုတာပါ။

နောက်ပြီး ခွေးဟာ ကျနော်တို့ရဲ့ ရှရီအသ်မှာ နဂျစ် မသန့်ဖြစ်ပါတယ်။ ယခင်ရှရီအသ်တွေမှာတုန်းက ဟရာမ်ဖြစ်မဖြစ် မသိပါ။ နောက်ပြီး အစောင့်ခွေး မွေးပိုင်ကြောင်း ဖြေကြားထားခဲ့ပါတယ်။ (အတွဲ-၃၁၊ အဖြေ-၂) မှာ လေ့လာပါ။

အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က အဆ်ွဟာဗုလ်ကဟဖ်ကို စောင့်ရှောက်ဖို့ အစောင့်အနေနဲ့ ခွေးကိုပါ စေလွှတ်တော်မူခဲ့တယ်လို့ပြောရင် မမှားနိုင်ပါဘူး။ ခွေးမှာ အာရုံခံနိုင်စွမ်း၊ အနံ့ခံနိုင်စွမ်းဟာ လူတွေထက် သာလွန်တာတွေ ရှိပါတယ်။ အဲဒီအချိန်မှာ ဘုရင်နဲ့ ဘုရင့်တပ်မတော်ရန်ကနေ ကြောက်ရွံ့စိုးရိမ်နေချိန်၊ ပုန်းကွယ်နေရချိန်ဖြစ်တယ်။ ဒါကြောင့် စုံထောက် သို့မဟုတ် ကင်းထောက် တစ်ယောက်သဖွယ် ရှိနေခဲ့ခြင်းပါ။

နောက်တစ်ခုက အဆ်ွဟာဗုလ်ကဟဖ်ရဲ့ ခွေးဟာ မွေးချင်လို့ ခေါ်ခဲ့တာမှ မဟုတ်တာ။ လျှပ်တပြက် ကြုံကြိုက်တာ၊ တိုက်ဆိုင်တာ။ ပထမမောင်းထုတ်ကြည့်သေးတယ်။ မရလို့ ခေါ်လာတာ။ နောက်ဆင့်ပြန်ချက် တစ်ခုက အဆ်ွဟာဗုလ်ကဟဖ်ထဲမှာ လယ်သမားတစ်ဦးကလည်း အီမာန်ယူခဲ့တယ်။ သူနဲ့အတူ အဲဒီခွေးလေး ပါလာခဲ့ခြင်းဖြစ်တယ်။ လယ်စောင့်ခွေး၊ ခြံစောင့်ခွေး မွေးပိုင်ကြောင်း (အတွဲ-၃၁၊ အဖြေ-၂) မှာ ဖြေကြာထားပါတယ်။ လေ့လာပါ။

နောက်တစ်ခုက ခွေးရဲ့ အာရေကပဲ မသန့်ဖြစ်တာပါ။ ခန္ဓာကိုယ်က မသန့်ဖြစ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ခွေးနဲ့ ထိသွားရင် အဲဒီနေရာ၊ အဲဒီအဝတ်အစားကို ဆေးကြောရတယ်ဆိုတာ မဟုတ်ပါဘူး။

[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat