December 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဟဒီးဆ်မျက်ဝန်း HB-015 © Alin Myet Wyun

[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

[2column][content]
 (မေးခွန်း-၁) 

သုံသွလားက်ကို တစ်ထိုင်းထဲပေးလျှင် သွလားက်ကျပါသလား? တချို့က မကျဘူးပြောလို့ တချို့ကလည်း ကျတယ်ပြောတယ်။ တချို့ကလည်း သုံးသွလားက်ပေးခြင်းက ဟရာမ်ဖြစ်ပါလျက် ဘာကြောင့် ကျရလည်းဟု ပြောကြတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါလား။ သဘောက်မပေါက်လို့ပါ။

ဆူလိုင်မာန် (?)

 (အဖြေ-၁) 
  • အလ္လာဟ်အရှင်မြတ်သခင် အရွံ့မုန်းဆုံးသော ဟလာလ်ပြုပိုင်ခွင့်ပေးထားတဲ့ အရာဟာ သွလာက်ဖြစ်ပါတယ်လို့ တမန်တော်မြတ်ကြီး ﷺ က မိန့်ကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးသွလာက်ကို လွယ်လွယ် မပေးဖြစ်အောင် သတိထားရပါမယ်။ မစဉ်းစား မဆင်ခြင်ဘဲ လက်လွတ်စပယ် သွလာက်မပေးသင့်ပါဘူး။ နောက်ပြောင်ရမဲ့ အရာမဟုတ်သလို ဆော့ကစားရမဲ့ အရာလည်း မဟုတ်ပါဘူး။
  • သွလာက်နဲ့ ပတ်သက်ပြီး ယခင်ကလည်း မြောက်မြားစွာ ဖြေကြားခဲ့ပြီးပါပြီ။ ယခုအခါမှာတော့ သုံးသွလာက်ကို တစ်ထိုင်တည်းပေးရင် သွလာက်ကျပါသလား၊ သုံးသွလာက်ပေးခြင်းက ဟရာမ်ဖြစ်ပါလျက် ဘာဖြစ်လို့ ကျတာလဲစသဖြင့် မေးခွန်းတွေ မေးလာပါတယ်။
  • အမျိုးသားတစ်ဦးက မိမိရဲ့အမျိုးသမီးကို တစ်ထိုင်တည်း သွလာက်သုံးကြိမ်ပေးခြင်းဆိုတာ (နင့်အပေါ် သုံးသွလာက်) လို့ စကားရပ်တစ်ခုတည်းနဲ့ သွလာက်ပေးတာဖြစ်ဖြစ်၊ (နင့်အပေါ် သွလာက်၊ သွလာက်၊ သွလာက်) လို့ သုံးခါပြောပြီး သွလာက်ပေးတာဖြစ်ဖြစ် အတူတူပါပဲ။
  • သိရှိထားရမှာက သုံးသွလာက်ကို တစ်ထိုင်တည်းပေးတာကို သွလာက်မကျပါဘူးလို့ဆိုတဲ့ ပညာရှင်တစ်ပါးမှ မရှိပါဘူး။ တစ်ထိုင်တည်း သုံးသွလာက်ပေးတာကို မဇ်ဟဗ်ကြီးလေးပါးရှိ ပညာရှင်ကြီးများဖြစ်သော အိမာမ်အဗူဟနီဖဟ် رحمة الله عليه ၊ အိမာမ်ရှာဖိအီ رحمة الله عليه ၊ အိမာမ်မာလိက် رحمة الله عليه ၊ အိမာမ်အဟ်မဒ် رحمة الله عليه တို့အပါအဝင် အိမာမ်အားလုံးက သုံးသွလာက်ကျကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ထားပါတယ်။
  • အနည်းငယ်သာရှိတဲ့ ပညာရှင်တွေကသာ တစ်ထိုင်တည်း သုံးသွလာက်ပေးတာကို သုံးကြိမ်မကျဘူး၊ တစ်ကြိမ်တည်းပဲကျမယ်လို့ ဆိုပါတယ်။
  • ကျနော်တို့အနေနဲ့ကတော့ သုံးသွလာက်ကို တစ်ထိုင်တည်းပေးပေး၊ စကားလုံးတစ်ခုတည်းနဲ့ပေးပေး၊ စကားလုံးကွဲပေးပေး၊ နေရာအသီးသီးမှာပေးပေး သွလာက်သုံးကြိမ်ပဲကျပါတယ်လို့ ဖြေကြားလိုက်ပါတယ်။
သွလာက်နဲ့ စပ်လျဉ်းတဲ့ အဖြေများကို ဒီလင့်ခ်တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
[/content][content]
 (မေးခွန်း-၂) 

Assalar mualiekum
ဆရာခင်ဗျား ကျနော့် နာမည်ကတော့ ရှမ္မဆွဒ္ဒီးန် ဖြစ်ပါတယ်။ ကျနော်သိချင်တာကတော့ အခု ရန်ကုန်မှာဖွင့်ထားတဲ့ KFC ကြက်ကြော်ဆိုင်မှာ ကျနော်တို့ စားလို့ရရဲ့လားလို့ သိချင်လို့ပါ။ နောက်ထပ် ဘယ်ဆိုင်တွေမှာရော စားလို့ရလဲခင်ဗျား။ လေးစားစွာဖြင့် ဖြေကြားစေလိုပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဟာဂျီရှမ္မဆွဒ္ဒီးန် (?)

 (အဖြေ-၂) 

وعليكم السلام ورحمة الله 
ဟာဂျီဆပ်ခင်ဗျာ...
  • KFC ကြက်ကြော်ဆိုင်အပါအဝင် အခြားကြက်ကြော်ဆိုင်တွေအားလုံးမှာရော စားခွင့်ရှိမရှိဆိုတာကို ဟလာလ်တံဆိပ် ထုတ်ပေးနေတဲ့ အဖွဲ့အစည်းကြီးများကို မေးမြန်းသင့်ပါတယ်။
  • ဟလာလ်တံဆိပ် ထုတ်ပေးနေတဲ့ ဘယ်အဖွဲ့ကမဆို မိမိတို့ဟလာလ်တံဆိပ် ထုတ်ပေးထားတဲ့ ဆိုင်တွေရဲ့စာရင်းတွေ၊ ဘယ်လိုမျိုးသော စံစနစ်မျိုးနဲ့ ထုတ်ပေးနေတာလဲဆိုတဲ့ ရှင်းလင်းချက်တွေကို လူထုထံပိုပြီးသိမြင်အောင် ကျနော်တို့လို အစ္စလာမ့်မီဒီယာတွေနဲ့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးခိုင်းရင် ပိုပြီးကောင်းပါမယ်။
  • နောက်ပြီး ဟလာလ်ဖြစ်ခြင်းကိစ္စဆိုတာ မွတ်စ်လင်မ်တို့အတွက် အင်မတန်မှကြီးမားတဲ့ တာဝန်ကြီးတစ်ရပ်ကို ပခုံးထမ်းတာဝန်ယူပေးထားရတာဖြစ်တဲ့အတွက် မိမိတို့အဖွဲ့တွေရဲ့ ရံပုံငွေရရှိရုံသာ ထုတ်ပေးခြင်းမျိုးမဟုတ်ဘဲ နောက်ဆက်တွဲ တာဝန်ယူမှု၊ တာဝန်ခံမှုအဖြစ် မိမိတို့ထုတ်ပေးထားတဲ့ လုပ်ငန်းတိုင်းကို အချိန်မှန် စစ်ဆေးခြင်းတွေ၊ ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းမျိုးတွေကို မပြတ်ပြုလုပ်သင့်တယ်ဆိုတာကိုလည်း တိုက်တွန်းသင့်ပါတယ်။
  • မကြာခင်ကပဲ ပြည်တွင်းအဖွဲ့အစည်းတစ်ခုရဲ့ ဟလာလ်တံဆံကိုအသုံးပြုပြီး ဝက်ခေါက်ကြော်တွေ ထုတ်ရောင်းနေတာကို ဝမ်းနည်းစွာ တွေ့လိုက်ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့မွတ်စ်လင်မ်တွေကို အထင်သေးခံရတာမျိုးအဖြစ် ရှုမြင်နိုင်ပါမယ်။ မွတ်စ်လင်မ်တွေဟာ ဟလာလ်တံဆိပ်ပါရင် ဘာမဆိုစားမယ်လို့ ထင်နေကြတာကြောင့်ပါ။
  • တကယ်တော့ ဟလာလ်တံဆိပ်ဟာ စားသောက်ဖွယ်ရာတစ်ခုခုကို ဟလာလ်လုပ်ပေးနိုင်မှာ မဟုတ်ပါ။ ဟလာလ်ဖြစ်ပြီးသား အစားအသောက်တစ်ခုခုကို မွတ်စ်လင်မ်တွေ သံသယကင်းကင်းနဲ့ စားလို့ရအောင်၊ မွတ်စ်လင်မ်တွေ စားခွင့်ရှိတဲ့ အစားအသောက်ဖြစ်ကြောင်းနဲ့ မွတ်စ်လင်မ်တွေ စားသောက်မဲ့အစားအစာကို တို့အဖွဲ့က စိစစ်ပေးထားပြီးဖြစ်ကြောင်းဆိုတဲ့သဘောနဲ့ ထုတ်ပြန်ပေးရခြင်းဖြစ်ပါတယ်။
  • ဒါကြောင့် ဟလာလ်တံဆိပ်ကပ်ရောင်းတိုင်း ဟလာလ်ဖြစ်မလာနိုင်ပါဘူး။ ဟလာလ်ဖြစ်ဖို့အတွက် ရှရီအသ်တရားတော်ကပဲ သတ်မှတ်တယ်ဆိုတာ နားလည်ထားသင့်ပါတယ်။
  • ကျနော်တို့ရဲ့ မိတ်ဆွေကြီး မောင်ဝ်လဝီ ကာရီ ရဟ်မသွလ္လာဟ် (အဇီဇီ) ထုတ်ဝေထားတဲ့ ဟလာလ်/ဟရာမ် စားပိုင်/မစားပိုင် တိရစ္ဆာန်များနှင့် အစားအသောက်များဆိုတဲ့ စာအုပ်ကို လေ့လာသင့်ပါတယ်လို့ ညွှန်းဆိုပါရစေ။
[/content][/2column]
 (မေးခွန်း-၃) 

အစ္စလာမုအလိုင်းကွမ်း ဝရဟ်မသွလ္လာဟိ ဝဘရ်ကာသုဟ်

ကျနော့်မှာ ဇနီးရှိပါတယ်။ ဇနီးနဲ့ ပေါင်းဖက်တဲ့အခါ နည်းစနစ်ကျကျ ပေါင်းဖက်နည်းလေး သိပါရစေ။

တချို့က ပြောကြတယ်။ ဇနီးရဲ့အင်္ဂါကိုတောင် စိတ်ကျေနပ်မယ်ဆိုရင် နှုတ်လျာနဲ့ ပေါင်းဖက်လို့ရတယ်။ ပြီးတော့ ဇနီးကလည်း မိမိယောက်ျားသားရဲ့ အင်္ဂါကို နှုတ်လျာ (တနည်းအားဖြင့် ပါးစပ်) ဖြင့် ပေါင်းဖက်လို့ရတယ်ဆိုတာ ဟုတ်ပါသလား?

အလင်းမျက်ဝန်းက ဆရာများ ဖြေကြားပေးစေလိုပါသည်။

မုဟမ္မဒ် ရဖီအွလ်လာဟ် (ရန်ကုန်-သာကေတ)

 (အဖြေ-၃) 

وعليكم السلام ورحمة الله
  • မိတ်ဆွေမေးမြန်းတဲ့အကြောင်းအရာတွေကို အလင်းမျက်ဝန်းက ဖြေကြားခဲ့ပြီးတာကြောင့် ကျေးဇူးပြုပြီး အောက်ပါလင့်ခ်တွေကို သွားရောက်လေ့လာကြည့်ရှုပါလို့ တိုက်တွန်းလိုက်ပါတယ်။

သတိပြုဖွယ် ပိုးမွှားအန္တရာယ် ( ကာတွန်း 👉 Saudi Gazette )
CMM-12/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
[/alert]


ဒီတစ်ပါတ် သုခုမမျက်ဝန်း (ဖျော်ဖြေရေးအစီအစဉ်) မှာတော့ ခရစ်ယာန်ညီနောင်တွေအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် မွတ်စ်လင်မ်ဓမ္မတေးကဗျာလေးတစ်ပုဒ်ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးကိုတော့ အလင်းမျက်ဝန်းရဲ့ သုခုမမျက်ဝန်းပရိသတ်အတွက် မျက်နှာသစ်အဖြစ် မွတ်စ်လင်မ်ဓမ္မတရားဟောဆရာ အကျော်အမော်တွေနဲ့ တွဲဖက်သီဆိုလေ့ရှိတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ အဆိုတော် မူစာ အလ်အုမိုင်ရဟ် အဗူ အလီ ရဲ့ တင်ဆက်မှုကို မြင်ရမှာပါ။

ခါတိုင်းတင်ဆက်ပေးနေတဲ့ ကဆွီဒါတွေလို အဆိုသက်သက်တင်မဟုတ်ဘဲ မွတ်စ်လင်မ်ဓမ္မတရားဟောဆရာကြီး အဗ္ဗဒွလ္လာဟ် အလ်ကရ်နီ က စကားပြောစာသားတွေနဲ့ ဝင်ရောက်အားဖြည့်ထားတာက ထူးထူးခြားခြားလေး နားထောင်ရပါလိမ့်မယ်။

ယေရှုခရစ်တော် (သို့) တမန်တော်အီစာအပေါ် မွတ်စ်လင်မ်တွေရဲ့ သဘောထားခံယူချက်နဲ့ တမန်တော်မြတ် ﷺ ရဲ့ ခရစ်တော်ကို လေးစားမြတ်နိုးထားမှုတွေကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။

ENTM-16/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]» ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
» ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/I8NLHRJyE60[/error]

[2column][content]
 (မေးခွန်း-၁) 
ယာဘတို့ ဆေးခြောက်တို့ရှူထားပြီး နမားဇ်ဖတ်ခွင့်ရှိပါလား။ မူးယစ်ဆေးကို သွေးကြောထဲထိုးသွင်းပြီးရော နမားဇ်ဖတ်ခွင့်ရှိပါသလား။
သွလ်ဟာ (တိုက်ကြီး)
 (အဖြေ-၁) 
  • စွလာသ်အထမြောက်ဖို့အတွက် သန့်စင်ဖို့ အရေးကြီးပါတယ်။ သန့်ပြန့်စင်ကြယ်မှုမပါရှိဘဲ စွလာသ်ဟာပိုင်မှာ မဟုတ်ပါဘူး။ ဟဒီဆ်တော်မှာ ဝုဿူရေ သန့်စင်မှုမပါဘဲ စွလာသ်မပိုင်ကြောင်း ပါရှိထားပါတယ်။ အဲဒီ ဝုဿူရေသန့်စင်မှုဟာ တချို့သောအချက်တွေကြောင့် ပျက်သွားစေပါတယ်။ (အတွဲ-၃၈၊ အဖြေ-၂) ပါ အကြောင်းအရာအချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
  • ဝုဿူပျက်စေတဲ့အချက်တွေကတော့ -(၁) အရှေ့အင်္ဂါကနေ လေမှအပ အရာတစ်ခုခုထွက်ခြင်း သို့မဟုတ် အနောက်အင်္ဂါကနေ ထွက်ခြင်း။
    (၂) ခန္ဓာကိုယ်မှ သွေး၊ ပြည်စတာတွေ ထွက်၍ စီးတွေခြင်း။
    (၃) သွေးမထွက်ဘဲဖြစ်ပါစေ ကလေးမွေးဖွားခြင်း။
    (၄) ပါးစပ်အပြည့်အန်ခြင်း။
    (၅) သွားဖုံး၊ သွားကြားမှ ထွက်တဲ့သွေးဟာ တံတွေးထက်များပြီး တံတွေးကို လွှမ်းမိုးသွားခြင်း။
    (၆) တင်ပါးဆုံလွတ်လျက် အိပ်ပျော်ခြင်း။
    (၇) မေ့မြောသွားခြင်း။
    (၈) ရူးသွပ်သွားခြင်း။
    (၉) မူးမိုက်သွားခြင်း။
    (၁၀) အရွယ်ရောက်သူက ရုကူအ်၊ စဂ်ျဒဟ်ပါတဲ့ စွလာသ်မှာ ဟားတိုက်ရယ်မောခြင်းတို့ ဖြစ်ပါတယ်။
  • အဲဒီထဲက တစ်ခုဟာ မူးမိုက်ခြင်း ဖြစ်ပါတယ်။ လူတစ်ဦးဟာ ယာဘတို့၊ ဆေးခြောက်တို့ ရှူထားချိန်မှာ မူးဝေကာ မှိန်းမောနေတဲ့အတွက် ဝုဿူပျက်ပါတယ်။ ဒါကြောင့် ယာဘတို့၊ ဆေးခြောက်တို့၊ တခြားမူးယစ်ဆေးတို့ စတာတွေ ရှူရှိုက်ထိုးသွင်းထားချိန်မှာ ဝုဿူရှိမနေတဲ့အတွက် စွလာသ်အထမြောက်မှာ မဟုတ်ပါဘူး။ အဆိုပါ မူးဝေမှုတွေ ပပျောက်သွားပြီးဆိုတော့မှ ဝုဿူလုပ်ပြီး ဆောက်တည်ရပါမယ်။
  • အစ္စလာမ့် ရှရီအဟ်က မူးယစ်စေတဲ့အရာတိုင်းကို ဟရာမ်အဖြစ် တားမြစ်ထားတော်မူတဲ့အတွက် အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။
 (မေးခွန်း-၂) 
ဂွလ်စွလ်ရေချိုးတဲ့အခါ လက်သည်းကြားတွေ ရေရောက်ဖို့ အရေးကြီးပါသလား။ ရှက်အပေါက်ထဲရယ်၊ နားထဲရယ်၊ အင်္ဂါအပေါက်တွေရယ်ရော ရေရောက်ဖို့ အရေးကြီးပါသလား။
စွလ်သွာန်း (မော်လမြိုင်)
 (အဖြေ-၂) 
  • ရေချိုးရာမှာ ရေရောက်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဆိုတာ ခန္ဓာအစိတ်အပိုင်း အားလုံးပါပဲ။
  • ခန္ဓာအစိတ်အပိုင်းတိုင်းရဲ့ အပေါ်ယံကို ဆံချည်မျှင်တစ်ပင်မျှပင် ရေမရောက်ခဲ့ပါက ရေချိုးပိုင်မှာ မဟုတ်ပါဘူး။
  • အဲဒီလိုပဲ ချက်ပေါက်၊ စအိုဝရှိ ကျုံ့နေသောအရေပြား၊ နားနှစ်ဖက်ရှိ နားရွက်နှစ်ခု (နားအတွင်းပေါက်မပါ) အားလုံးမှာ ရေရောက်ဖို့ အရေကြီးပါတယ်။ (နားအတွင်းပိုင်းကိုတော့ မှီသမျှ မစဟ်ပြုရပါမယ်။)
  • အဲဒီလိုပဲ ဦးခေါင်းခွံသားရေ၊ မုတ်ဆိတ်မွေးအောက်တို့ကိုလည်း ရေရောက်ဖို့ အရေးကြီးပါတယ်။
  • ကျနော်တို့ ဟနဖီမဇ်ဟဗ်မှာတော့ ခန္ဓာအစိတ်အပိုင်း အပေါ်ယံထဲမှာ နှုတ်ကျင်းခြင်းနှင့် နှာခေါင်းထဲရေရှူသွင်းခြင်းလည်း ပါဝင်ပါတယ်။
  • ရေချိုးရာမှာ ဖရဿွ်သုံးခု ရှိပါတယ်။
    (၁)အာခေါင်ထိရောက်အောင်ပလုပ်ကျင်းခြင်း၊
    (၂)နှာခေါင်းတွင်းရောက်အောင်ရေရှူသွင်းခြင်း နှင့်
    (၃)ခန္ဓာတစ်ခုလုံးနေရာမလပ်ရေချိုးခြင်းတို့ ဖြစ်ပါတယ်။
[/content][content]
 (မေးခွန်း-၃) 
နမားဇ်ဖတ်တဲ့အခါ အဝတ်သန့်ဖို့ နေရာသန့်ဖို့ အရေးကြီးတယ်လို့ ကြားဖူးပါတယ်။ ရထားပေါ်က အိမ်သာဘေးလိုနေရာ၊ ဘူတာရုံလို လူစုံစိသွားလာနေတဲ့နေရာ၊ လမ်းဘေးလိုနေရာတွေမှာ ဖျာခင်းပြီးနမားဇ်ဖတ်ရင် နေရာက သန့်တယ်လို့ ပြောနိုင်ပါ့မလား။
ကိုကို (ကွင်းကောက်)
 (အဖြေ-၃) 

  • စွလာသ်ဝတ်မပြုမီ စည်းကမ်းချက် ခုနစ်ရပ်ကို လိုက်နာရပါမယ်။
    (၁) ခန္ဓာကိုယ်သန့်ရှင်းနေရပါမယ်။
    (၂) အဝတ်သန့်ရပါမယ်။
    (၃) နေရာသန့်ရပါမယ်။
    (၄) အရှက်လုံစွာ ဖုံးအုပ်ထားရပါမယ်။
    (၅) အချိန်မှန်ရပါမယ်။
    (၆) ကိဗ်လဟ်ဘက်သို့ မျက်နှာမူရပါမယ်။
    (၇) နိယသ်- စိတ်နှလုံးကနေ ရည်စူးရပါမယ်။
  • အခု မေးခွန်းပါ အချက်တွေဖြစ်တဲ့ အဝတ်သန့်ရမယ်၊ နေရာသန့်ရမယ်ဆိုရာမှာ လူအများသွားရာ ဘူတာရုံလိုနေရာမျိုး၊ လမ်းဘေးလိုနေရာမျိုး၊ ရထားပေါ်က အိမ်သာဘေးလိုနေရာမျိုးမှာရော နေရာသန့်နိုင်ပါ့ မလားပေါ့။ ကိုယ့်မှာပါလာတဲ့ အဝတ်ကတော့ သန့်ပါရဲ့။ အဲဒီနေရာတွေမှာ ခင်းလိုက်ရင်ရော မသန့်ဖြစ်သွားမလားပေါ့။
  • အညစ်အကြေး မသန့်တစ်ခုခုရှိနေတာကို တိတိပပသိရတဲ့ အခြေအနေမျိုးဆိုတော့မှ မသန့်ဖြစ်မှာပါ။ ဒီအတိုင်း လူသွားများလို့၊ အိမ်သာဘေးဖြစ်လို့ မသန့်ဖြစ်မသွားပါဘူး။ စွလာသ်ဆောက်တည်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အိမ်သာဘေးမှာ လူဝင်လူထွက်များပြီး စွတ်စိုနေတာမျိုးဖြစ်ရင်တော့ အဲဒီနေရာမှာ စွလာသ်ဆောက်တည်ခြင်းကနေ ရှောင်ကြဉ်ရပါမယ်။
  • အိမာမ်အအ်ဇွမ် အဗူဟနီဖဟ် رحمة الله عليه ကို လူတစ်ဦးက လမ်းမှာမိုးရွာနေလို့ ရွှံ့တွေ၊ ဗွက်တွေ ပေကျံသွားတဲ့အတွက် စွလာသ်ဝတ်ပြုမဲ့အခါ ဆေးကြောဖို့ လိုအပ်ပါသလား၊ ဒီအတိုင်းရွှံ့ဗွက်တွေ ပေကျံနေလျက် စွလာသ်ဆောက်တည်ခွင့် ရှိပါသလားလို့ မေးမြန်းလာတဲ့အခါ အိမာမ်ဆပ်ကြီးက ဒီအတိုင်း ရွှံ့ဗွက်တွေပေလျက်နဲ့ပဲ စွလာသ်ဆောက်တည်ခွင့်ရှိကြောင်း အဖြေပေးခဲ့ပါတယ်။ နောက်တစ်ရက်မှာ အိမာမ်ဆပ်ကိုယ်တိုင် လမ်းက ရွှံ့တွေ၊ ဗွက်တွေ ပေကျံလာလို့ စွလာသ်ဝတ်မပြုခင် ဆေးကြောနေတာကို မနေ့ကမေးမြန်းသူက မြင်တွေ့ခဲ့တာကြောင့် အိမာမ်ဆပ်ကြီးကို ထိုပုဂ္ဂိုလ်က မေးခွန်းထုတ်ပါတော့တယ်။ အိမာမ်သခင်ကြီး မနေ့က ကျနော့်အနေနဲ့ အိမာမ်ဆပ်ကို စွလာသ်ဝတ်ပြုတော့မဲ့အခါ လမ်းကနေ ပေကျံခဲ့တဲ့ ရွှံ့ဗွက်တွေကို ဆေးဖို့အရေးကြီးလားလို့ မေးမြန်းတုန်းက အိမာမ်ဆပ်က မလိုအပ်ကြောင်း၊ ဝတ်ပြုပိုင်ကြောင်း အဖြေပေးခဲ့ပေမဲ့ ယနေ့မှာတော့ အိမာမ်ဆပ်ကိုယ်တိုင်က ပေနေတဲ့ ရွှံ့ဗွက်တွေကို ဆေးကြောနေတာဟာ ဘာကြောင့်လဲလို့ ဆိုပါလေရော။ (သူက အိမာမ်ဆပ်အဖြေနဲ့ ပြုမူပုံကို သဘောမတွေ့လို့ ပြန်လည် မေးမြန်းတဲ့သဘောမျိုး ဖြစ်ပါတယ်။) ဒါနဲ့ အိမာမ်ဆပ်က သူ့ကို ပြန်လည် ရှင်းပြလိုက်လေသည်။ မနေ့က အသင့်ကို ဖြေကြားလိုက်တာက ဖသ်ဝါပါ။ ဒီနေ့ ကျွန်ုပ် ဆေးကြောနေခြင်းက သက္ကဝါပါ။ ဆိုလိုတာက လမ်းမှာရှိနေတဲ့ ရွှံ့တွေ၊ ဗွက်တွေပေကျံရင် မဆေးကြောဘဲ စွလာသ်ဆောက်တည်ပိုင်ပါတယ်။ ဒါက ဖသ်ဝါမေးလို့ ပြုပိုင်ကြောင်း ဖြေကြားလိုက်ခြင်းပါ။ ကျွန်ုပ်ကိုယ်တိုင်ကတော့ ဒီကိစ္စရပ်ကို ပြုပိုင်ခွင့်ရှိပေမဲ့ အတတ်နိုင်ဆုံး ဆေးကြောပြီး ဝတ်ပြုပါတယ်။ ဒါကတော့ ကျွန်ုပ်ရဲ့ သက္ကဝါပါလို့ ပြန်လည်ဖြေကြားခဲ့ပါလေတယ်။
  • ဒါကြောင့် စိတ်ဒွိဟ ဖြစ်စေမဲ့နေရာတွေကို ရှောင်ကြဉ်ပြီး စိတ်သန့်တဲ့နေရာတွေကို ရွေးချယ်ကာ စွလာသ် ဆောက်တည်သင့်ပါတယ်။

[/content][/2column]

[3column][content]
 (မေးခွန်း-၁) 

ကဆွီဒါတွေကို နောက်ခံသံလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လေးဖြစ်အောင် အလှဆင်ပြီး သီဆိုခွင့် ရှိပါသလား။ ဥပမာ အလင်းမျက်ဝန်းက တင်ပေးနေတဲ့ ကဆွီဒါလို အမျိုးအစားတွေပေါ့။ နောက်ခံအသံကို ဖန်တီးရာမှာ ပါးစပ်ရဲ့ သီဆိုသံတင် မဟုတ်တော့ဘဲ လက်ခုပ်တီးတာမျိုး၊ လက်ဖျောက်တီးတာမျိုး၊ ပေါင်ကိုရိုက်တာမျိုးလို အသံမျိုးတွေကရော ထည့်သွင်းအသုံးပြုလို့ ပိုင်-မပိုင် ပြောပြပေးပါ။ သမီးက အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တစ်ဦးပါ။ အာလေမဟ်ဆိုပေမယ့် တကယ်သိချင်လို့ပါ။ အရင်ကလည်း မေးခဲ့ဖူးပါတယ်။ အရစ်တက်ပြီး မေးမြန်းတာ မဟုတ်ပါဘူး။ ပညာစမ်းတာလဲ မဟုတ်ပါဘူး။ တကယ်သိချင်ရုံပါ။
ဟာဂျီယာ ကာရီအဟ် အာလေမာဟ် မေမဒီလင်း (တောင်ကြီး)

 (အဖြေ-၁) 
  • ပထမအချက်ကတော့ ညီမကို ဖြေခဲ့ဖူးတဲ့ (အတွဲ-၁၃၊ အဖြေ-၂) ကို ပြန်လည်လေ့လာပါလို့ ဦးစွာ အကြံပြုလိုပါတယ်။
  • ဒုတိယအချက်ကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ညီမ သင်ယူခဲ့ရတဲ့ စာအုပ်စာပေတွေနဲ့ ဆရာ/မတွေကို ချဉ်းကပ်ပြီး လေ့လာမေးမြန်းအဖြေရှာဖို့ တိုက်တွန်းပါတယ်။
  • ဒီအကြောင်းအရာဟာ သိပ်ကို ကျယ်ပြန့်လွန်းတာကြောင့် မေးခွန်းပါအတိုင်း သီဆိုခွင့်ရှိမရှိဆိုတာကို မိမိရဲ့ဆရာသမားတွေနဲ့ ဆွေးနွေးအဖြေရှာတာက အကောင်းဆုံးပါလို့ အကြံပြုပါတယ်။
  • အလင်းမျက်ဝန်းက တင်ဆက်ပေးနေတာတွေဟာ တူရိယာတွေနဲ့ တီးမှုတ်/ခတ်ပြီး ဖန်တီးထားတဲ့ သီချင်းအမျိုးအစားတွေ မဟုတ်ဘဲ သာသနာ့အဆုံးအမတရားတွေကို နားဝင်ပီယံဖြစ်အောင် သီးသန့်အလှဆင်ဖန်တီးထားတဲ့ သံစဉ်ဖွဲ့ ကဗျာလင်္ကာအမျိုးအစားတွေသာ ဖြစ်တယ်လို့ ဖြေကြားပါရစေနော်။
[/content][content]
 (မေးခွန်း-၂) 

အရက်က မသန့်ကြီးအမျိုးအစားလားဆိုတာ သိချင်ပါတယ်။ အရက်ပါတဲ့ တိုင်းရင်းဆေးတစ်မျိုးမျိုးကို လိမ်းပြီး နမားဇ်ဖတ်လို့ရလား။ ဆရာတို့ကို ကျေးဇူးအရမ်းတင်ပါတယ်။
ခင်မာသက် (မေတ္တာညွန့်-ရန်ကုန်)

 (အဖြေ-၂) 
  • အရက်ဟာ မသန့်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး အိမာမ်ကြီး (၄) ပါးလုံးရဲ့ သဘောထားမှတ်ချက်ဟာ ညီညွတ်ကြပါတယ်။ ဒါကြောင့် အရက်ပါတဲ့ လိမ်းဆေးကို လိမ်းထားပြီး ဆွလာသ်ဆောက်တည်ခွင့် မရှိပါဘူး။ ဦးစွာ ဆေးကြောပြီးမှ ဆွလာသ်ဝတ်ပြုရပါမယ်။
  • နောက်တစ်ခု အကြံပြုလိုတာကတော့ ဟရာမ်အရာတစ်ခုခုနဲ့ ဆေးဝါးကုသခြင်းကိစ္စပါ။ ဆိုလိုတာက အရက်ဟာ ဟရာမ်ပါ။ အဲ့ဒီဟရာမ်အရာဝတ္ထုနဲ့ ဆေးကုသခြင်းဟာ မပြုပိုင်ပါ။ ရောဂါအတွက် အခြားဆေးဝါးတွေ မရရှိနိုင်တော့ဘူးဆိုတဲ့အခြေအနေမျိုး ဖြစ်လာခဲ့ရင်တော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးထားပါတယ်။
  • ဟဒီးဆ်တော်မှာ တမန်တော်မြတ် ﷺ က မိန့်မှာတော်မူထားပါတယ်။ “ မုချဧကန် အလ္လာဟ်အရှင်မြတ်သခင်သည် ရောဂါကိုရော ဆေးဝါးကိုပါ တွဲ၍ချပေးသနားတော်မူခဲ့တယ်။ ရောဂါဘေးဘယတိုင်းအတွက် ပျောက်ကင်းသည့် ဆေးဝါးကိုပါ ဖန်ဆင်းပေးထားပြီး ဖြစ်တယ်။ (လူတွေက ရှာဖွေလို့ မရနိုင်ကြသေးတာပဲ ဖြစ်ပါတယ်)။ ဒါကြောင့် အသင်တို့ ဆေးကုသကြပါ။ ဟရာမ်အရာတစ်ခုခုနဲ့တော့ ဆေးကုသခြင်းမျိုးကို မပြုလုပ်ကြနဲ့။ ”
  • ဒီနေရာမှာ ဆက်စပ်အကြောင်းအရာအဖြစ် အရက်ပျံပါရှိတဲ့ ရေမွှေးကိုတော့ သုံးစွဲခွင့်ရှိတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။ အကြောင်းကတော့ အရက်ပျံဟာ အရက်မဟုတ်လို့ပဲ ဖြစ်ပါတယ်။
[/content][content]
 (မေးခွန်း-၃) 

ကိုယ်မသန့်ဘဲ မိုင်ယသ်ရေချိုးပေးလို့ရပါသလား။ ကိုယ်မသန့်ဘဲ ဇကရတ်ဖြစ်နေသူနား ထိုင်နေလို့ရပါသလား။ ကိုယ်မသန့်ဘဲ မိုင်ယသ်ကို ကိုင်တွယ်လို့ရပါသလား။
အငယ်မ (ပျဉ်းမနား)

 (အဖြေ-၃) 
  • ကိုယ်မသန့်သူ (ရေချိုးထိုက်သူ/ဓမ္မတာသွေးဆင်းနေသူ) တွေဟာ သေသူနားသွားရောက်ခြင်း၊ စကရာသ် အသက်ငင်နေသူအနား ရှိနေခြင်း၊ သေဆုံးကွယ်လွန်သူကို ရေချိုးပေးခြင်း စတာတွေကို လုပ်ခွင့်ရှိကြောင်း ပညာရှင်အချို့က အဆိုပြုပါတယ်။
  • ဒါပေမဲ့လည်း ကိုယ်မသန့်တဲ့သူ (ဂျုနုဗီ) ဟာ သေဆုံးကွယ်လွန်သွားသူကို ရေချိုးပေးခြင်း မက္ကရူးဟ်ဖြစ်ကြောင်း အောက်ပါဟဒီးဆ်တော်ကို ကိုးကားပြီး အဆိုပြုကြပါတယ်။
  • တမန်တော်မြတ် ﷺ က မိန့်မှာတော်မူပါတယ်။ လူသုံးဦးအနားသို့ ကောင်းကင်တမန်များ ချဉ်းကပ်ခြင်း မပြုကြပေ။ ထိုသုံးဦးကတော့- (၁) ကာဖိရ်ရဲ့ရုပ်အလောင်း၊ (၂) ခလူးက်ရေမွှေး လိမ်းကျံထားသူ၊ (၃) ဂျုနုဗီ (ကိုယ်မသန့်သူ) (သို့သော်) သူဟာ ဝိုဇူပြုလိုက်ရင်တော့ ခြွင်းချက်ဖြစ်ပါတယ်။
  • အသက်ငင်နေသူတစ်ဦးအနား ကိုယ်မသန့်ရင် မသွားနဲ့၊ အနားမကပ်နဲ့၊ ခပ်ဝေးဝေးမှာနေ စသဖြင့် ပြောဆိုလေ့ရှိကြပါတယ်။
  • တကယ်တမ်းမှာတော့ ဓမ္မတာသွေးဆင်းနေတဲ့ မိန်းကလေးတစ်ဦးဟာ သူမရဲ့ မိသားစုဝင်တစ်ဦး အခုလို ကြုံကြိုက်ရချိန်မျိုးမှာတော့ အဲ့ဒီလိုမျိုး မဖြစ်သင့်ပါဘူး။
  • ဒါကြောင့် ဒီကိစ္စဟာ အခြေအနေအပေါ်မူတည်ပြီး ပညာရှင်ကြီးတွေရဲ့အဆိုကို အရေးတကြီး လိုအပ်ချက်အရ ကျင့်သုံးပါလို့ ကျနော်တို့ဘက်က အကြံပြုပါရစေ။
[/content][/3column]


ဒီတစ်ပါတ် သုခုမမျက်ဝန်း (ဖျော်ဖြေရေးအစီအစဉ်) မှာတော့ ရှားရှားပါးပါးလေးအဖြစ် မွတ်စ်လင်မ်အပေါင်းရဲ့မိခင်မွန် ဟဇရသ်အာအိရှာ رضي الله ﺗﻌﺎﻟﯽٰعنها သခင်မကြီးရဲ့ ဂုဏ်သတင်းကို ညွှန်းဆိုထားတဲ့ အရဗီ+အင်္ဂလိပ် နှစ်ဘာသာ တူရိယာမဲ့ Cover Version ကဆွီဒါလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးကိုတော့ အသံနုနုလေးနဲ့သီဆိုလေ့ရှိတဲ့ အဆိုတော် အွမ္မရ်အီစာက သီဆိုထားပြီး မိခင်ကြီး ဟဇရသ်အာအိရှာ رضي الله ﺗﻌﺎﻟﯽٰعنها သခင်မရဲ့ နေအိမ်တွင်းပုံစံသဖွယ် သရုပ်ဖော်ထားတဲ့အခန်းလေးကိုလည်း မြင်ရတာမို့ အမြင်ဆန်းတစ်ခု ဖြစ်နေမှာပါ။

ပြိုင်စံရှားသောမိခင်မွန် ဟဇရသ်အာအိရှာ رضي الله ﺗﻌﺎﻟﯽٰعنها သခင်မကြီးရဲ့တန်ဖိုး၊ သခင်မကြီးရဲ့ ဂုဏ်သတင်း အဆင့်အတန်း မြင့်မြတ်မှုတွေကို ဖော်ကျူးသီဆိုထားတာကြောင့် ကဆွီဒါလေးကို “ ဂုဏ်ယူဖွယ် မိခင်မွန် အာအိရှာ (ချမ်းမြေ့ပါစေ) ” လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

ENTM-15/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]» ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
» ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/uF5Q6jKkxJA[/error]

ဟဒီးဆ်မျက်ဝန်း HB-014 © Alin Myet Wyun

[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

သာသနာ့စာပေ ( ကာတွန်း 👉 Saudi Gazette )
CMM-11/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။[/alert]



မက္ကာဟ်မြို့တော်ကို လာရောက်ပြီး ထူးဆန်းစွာနဲ့ ဟဂ်ျဝတ်ပြုသူတစ်ဦးရဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဗွီဒီယိုရဲ့အနေအထားအရ ၂၀၁၅ ခုနှစ်ခန့်က ရိုက်ကူးခဲ့ဟန်ရှိတယ်လို့ အင်ဒိုနီးရှားဘလော်ဂါတစ်ဦးက သုံးသပ်ပါတယ်။

ဗွီဒီယိုဟာ အဝေးမြင်ကွင်းကတစ်ဆင့် ရိုက်ကူးခဲ့တာကြောင့် အဆိုပါ လူထူးဆန်းဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ဝေခွဲဖို့လွယ်မယ်မထင်ပါဘူး။

၎င်းပုဂ္ဂိုလ်ဟာ အဖြူရောင်အဲဟ်ရာမ်ဝတ်ရုံကို သိုင်းပတ်ထားပြီး အများသူငါကဲ့သို့ သဝါဖ်လှည့်ပတ်နေတာဖြစ်ပေမယ့် သူ့ရဲ့ပုံသဏ္ဍာန်ဟာ ထူးခြားနေပါတယ်။

ကအ်ဗာကျောင်းတော်ကို လှည့်ကြရာမှာ သန်စွမ်းသူတွေဟာ ခြေလျင်လျှောက်ကြပြီး၊ မသန်စွမ်းသူတွေကတော့ လက်တွန်းလှည်းထိုင်ခုံတွေနဲ့ သွားကြပေမဲ့ ထိုပုဂ္ဂိုလ်ကတော့ စက်တပ်စကိတ်လို့ ခေါ်ဆိုနိုင်တဲ့ (Scooter/Balancer) လမ်းသွားကိရိယာတစ်မျိုးနဲ့ ဖြစ်ပါတယ်။
GKM-06/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/7WLUY4_XXvg
[/error]

[2column][content]
 (မေးခွန်း-၁) 

အစ်​​တေ့ခါရာအား တစ်​ပါးသူကို ဖတ်​ခိုင်​လို့ရလား ​ဖြေ​ပေးပါ။
ဟူစိန်ဘိုင် (မြို့မရပ်-တောင်ကြီး)
 (အဖြေ-၁) 
  • အိစ္စသိခါရဟ်ဒုအာ- အရှင့်ထံမှ ကောင်းခြင်းကိုသာ ရွေးချယ်ပေးရန် တောင်းခံရတဲ့ ဒုအာပါ။ အောက်မှာ ဖော်ပြထားပါတယ်။
  • အိစ္စသိခါရဟ်ဆိုတာ အကောင်းကို ရွေးချယ်ပေးဖို့ တောင်းခံခြင်းပါ။ အကောင်းရော အဆိုးရောကို ပိုင်ဆိုင်ထားတော်မူတဲ့ အရှင့်ထံတော်ပါးကနေ အကောင်းကို တောင်းခံခြင်းပါ။ ကိစ္စတစ်ခုခုဆောင်ရွက်ချင်တယ်။ ကိုယ်ကတော့ လုပ်ချင်နေတယ်။ ဒါပေမဲ့ ဒီကိစ္စကြီးရဲ့ နောက်ကွယ်မှာ ကိုယ့်အတွက် အကောင်းဖြစ်မလား၊ မကောင်းဖြစ်မလားဆိုတာ မသိနိုင်ဘူး။ သိနိုင်သူက အလ္လာဟ်အရှင်တစ်ပါးတည်းပါ။ အရှင်မြတ်ဟာ အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူတယ်။ အကွယ်ကိုရော ရှေ့မှာရှိတဲ့အရာကိုရော သိတော်မူတယ်။
  • တမန်တော်မြတ် ﷺ က အိစ္စသိခါရဟ် လုပ်ပုံလုပ်နည်းကို သင်ပြပေးတော်မူခဲ့ပါတယ်။ အလ်အက္ကစွာ-ဘာသာပြန်အဖွဲ့က ထုတ်ဝေတဲ့ (ကုရ်အာန်ကျမ်းနှင့် စွန္နသ်တော်လာ ဇိက်ရ်နှင့် ဆုမွန်ဒုအာများကျမ်း) မှ ကူးယူဖော်ပြလိုက်ပါတယ်။
  • ဂျာဗိရ် رضي الله عنه ထံမှ ဆင့်ပြန်ချက် လာရှိသည်။ တမန်တော်မြတ် ﷺ သည် ကုရ်အာန်ကျမ်းမြတ်လာ စူရဟ်များကို ကျွန်ုပ်တို့အား သင်ကြားပေးသည့်နည်းတူ ကိစ္စရပ်တိုင်းတွင် အိစ္စသိခါရဟ်လုပ်ရန် သင်ကြားပေးတော်မူခဲ့သည်။ တမန်တော်မြတ် ﷺ က အမိန့်ရှိတော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရန် ရည်ရွယ်လိုက်သောအခါ ဦးစွာ ဖရဿွ်မဟုတ်သော (နဖိလ်) စွလာသ်နှစ်ရကအသ် ဝတ်ပြုပါ။ ထို့နောက် ဤသို့ ရွတ်ဆိုပါ။

    اللّٰهُمَّ إِنِّيْ أَسْتَخِيْرُكَ بِعِلْمِكَ، وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيْمِ، فَإِنَّكَ تَقْدِرُ وَلاَ أَقْدِرُ ، وَتَعْلَمُ وَلاَ أَعْلَمُ، وَأَنْتَ عَلاَّمُ الْغُيُوْبِ، اللّٰهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الأَمْرَ خَيْرٌ لِيْ فِيْ دِيْنِيْ وَمَعَاشِيْ وَعَاقِبَةِ أَمْرِيْ-اَوْقَالَ :عَاجِلِ أَمْرِيْ وَآجِلِهٖ-فَاقْدُرْهُ لِيْ، وَيَسِّرْهُ لِيْ ثُمَّ  بَارِكْ لِيْ فِيْهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الأَمْرَ شَرٌّ لِيْ فِيْ دِيْنِيْ وَمَعَاشِي وَعَاقِبَةِ أَمْرِيْ- أَوْقَالَ : عَاجِلِ أَمْرِيْ وآجِلِهٖ- فَاصْرِفْهُ عَنِّيْ وَاصْرِفْنِيْ عَنْهُ ، وَاقْدُرْ لِيَ الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِيْ بِهٖ
    (အဓိပ္ပာယ်) “ အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အသိဉာဏ်တော် အကြောင်းခံဖြင့် အရှင်မြတ်ထံမှ ကောင်းသော အကြံဉာဏ်ကို တောင်းခံအပ်ပါသည်။ အရှင်မြတ်၏ တန်ခိုးတော် စွမ်းအားကို အကြောင်းခံ၍ အရှင်မြတ်ထံမှ စွမ်းအားတောင်းခံအပ်ပါသည်။ အရှင်မြတ်၏ ကြီးကျယ်လှသော ကျေးဇူးတော်မှ ကျွန်တော်မျိုး တောင်းခံအပ်ပါသည်။ အရှင်မြတ်သည် တတ်စွမ်းနိုင်တော်မူ၍ ကျွန်တော်မျိုးသည် မတတ်စွမ်းနိုင်ပါ။ အရှင်မြတ်သည် သိတော်မူ၍ ကျွန်တော်မျိုးသည် ဘာမျှမသိပါ။ အရှင်မြတ်သည် အကွယ်ခပ်သိမ်းကို အလွန်သိမြင်တော်မူသောအရှင် ဖြစ်တော်မူပါသည်။ အို - အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤလုပ်ငန်းသည် ကျွန်တော်မျိုး၏ သာသနာရေးကိစ္စတွင် လည်းကောင်း၊ ကျွန်တော်မျိုး၏ ဘဝသက်တမ်းတွင် လည်းကောင်း၊ ကျွန်တော်မျိုးကိစ္စ၏ နောက်ဆုံးရလဒ်တွင် လည်းကောင်း (သို့မဟုတ် ကျွန်တော်မျိုး၏ လောကီရေးရာ၌ရော၊ ကျွန်တော်မျိုး၏ လောကုတ္တရာရေး၌ပါ) ကျွန်တော်မျိုးအဖို့ အကောင်းဖြစ်သည်ဟု အရှင်မြတ်သိတော်မူသည့်အလျောက် ထိုကိစ္စရပ်အား ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ ၎င်းလုပ်ငန်းအား ကျွန်တော်မျိုးအတွက် လွယ်ကူချောမွေ့စေတော်မူပါ။ ထို့ပြင် ၎င်းလုပ်ငန်းတွင် ကျွန်တော်မျိုးအဖို့ ဗရကသ်မင်္ဂလာ ချီးမြှင့်တော်မူပါ။ အကယ်၍ဤလုပ်ငန်းသည် ကျွန်တော်မျိုး၏ သာသနာရေး၌လည်းကောင်း၊ ကျွန်တော်မျိုး၏ ဘဝသက်တမ်း၌လည်ကောင်း၊ ကျွန်တော်မျိုး၏ အဆုံးရလဒ်၌ လည်းကောင်း (သို့မဟုတ် ကျွန်တော်မျိုး၏ လောကီအရေး၌ရော၊ လောကုတ္တရာ အရေး၌ပါ) ကျွန်တော်မျိုးအဖို့ ဆိုးကျိုးဟု အရှင်မြတ် သိမြင်တော်မူသည့်အလျောက် ထိုလုပ်ငန်းအား ကျွန်တော်မျိုးထံမှ ဖယ်ရှား၍ ကျွန်တော်မျိုးကိုလည်း ထိုလုပ်ငန်းမှ ဖယ်ရှားပေးတော်မူပါ။ မည်သည့်နေရာ၌ ဖြစ်စေ၊ ကျွန်တော်မျိုးအဖို့ ကောင်းကျိုးကိုသာ သတ်မှတ်ပေးတော်မူ၍ ထိုလုပ်ငန်းဖြင့် ကျေနပ်နိုင်စွမ်းကို ချီးမြှင့်တော်မူပါ။” (လုပ်ငန်းနေရာတွင် မိမိ၏လိုအပ်ချက်ကို အမည်တပ်၍ ဆိုရပါမည်။) (ဗုခါရီကျမ်း- နံပါတ် ၁၁၆၂)
  • ဒီတော့ကာ သိရတာက အိစ္စသိခါရဟ်ပြုလုပ်ဖို့ဟာ ကိုယ်တော်မြတ်ကြီး ﷺ က တစ်ဦးတိုင်းအဖို့ သင်ကြားပေးတော်မူခဲ့ပါတယ်။ အခွင့်ထူးခံလူသားမရှိပါ။ အားလုံးတစ်ပြေးညီပါ။ သက္ကဝါလက်ကိုင်ပြုထားသူကို အရှင်က ပိုမို နှစ်သက်မြတ်နိုးတယ်၊ ချစ်ခင်တယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ အဲဒီလိုသက္ကဝါရှင်တွေပဲ ပြုလုပ်ခွင့်ရှိတယ်၊ ကျန်တဲ့သူတွေ ပြုလုပ်လို့ မရဘူးဆိုတဲ့ အခွင့်ထူးမရှိပါဘူး။ လူတိုင်းအလ္လာဟ်အရှင်မြတ်ထံတော်ပါးကနေတိုက်ရိုက် တောင်းခံသင့်ပါတယ်။
  • ကိုယ့်ကိစ္စကို ကိုယ်နဲ့အလ္လာဟ်နဲ့ကြားမှာ သီးသန့်ထားပါ။ တခြားသူတွေသိတာထက် ပိုပြေလည်ပါလိမ့်မယ်။ ဒါကြောင့် အိစ္စသိခါရဟ်ကို ကိုယ်တိုင်ကြည့်ပါ။ အထက်ပါ နည်းလမ်းအတိုင်း ကိုယ်တိုင်ပြုလုပ်ပါ။ သူတစ်ပါးကို ပြုလုပ်ခိုင်းတယ်ဆိုပြီး ဟဒီးဆ်တော်တစ်ပုဒ်မှ မတွေ့ဘူးတဲ့အတွက် ကိုယ်တိုင်ပဲလုပ်ပါလို့ ဖြေကြားလိုက်ပါတယ်။
[/content][content]
 (မေးခွန်း-၂) 

အတ်စလာမ်မို့အာလိုင်းကွမ်း
သားဖြစ်သူ နေကာဟ်လုပ်တော့ သူ့ရဲ့အလုပ်ရှင်က သူပေးမဲ့ မဟာရ်ရွှေကို သူ့အတွက် မိဘကိုယ်စား ဝယ်ပြီး ပေးပါတယ်။ မဟာရ် ပိုင်/မပိုင် သိပါရစေ။
ဖေရိုဇာဘီ (နေပြည်တော်)
 (အဖြေ-၂) 

وعليكم السلام ورحمة الله وبركاته
  • နိကာဟ်မှာ ယောက်ျားလေးက မိမိရဲ့ဇနီးလောင်းကို မဟရ်-မင်္ဂလာဦးလက်ဆောင် တစ်နည်း ခန်းဝင်ကြေး ပေးကမ်းကြရပါတယ်။ အဲဒီခန်းဝင်ကြေးကို သတိုးသားက တတ်နိုင်လို့ ကိုယ်တိုင်ပေးပေး၊ သတိုးသားမိဘကပေးပေး၊ သတိုးသားနဲ့ ပတ်သက်တဲ့ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းရောင်းရင်၊ မေးခွန်းပါအတိုင်းအလုပ်ရှင် ဆရာကပေးပေး ရုတ်စွဆုံး သတိုးသမီးဘက်က သတိုးသားကို ဖုံးကွယ်ပေးထားပြီး မဟရ်အဖြစ် ပြန်လည်ပေးခိုင်းပေးခိုင်း အကုန်လုံး အထမြောက်ပါတယ်။ အကုန်အကျ အနည်းဆုံး နိကဟ်မင်္ဂလာဟာ ဗရကသ်အရှိဆုံးလို့ ကိုယ်တော်မြတ်ကြီး ﷺ ရဲ့ မိန့်မှာထားတော်မူတဲ့အတိုင်း နိကဟ်မင်္ဂလာပွဲများကို စီစဉ်ကျင်းပနိုင်ကြပါစေလို့ စကားမစပ် ဒုအာပေးလိုက်ပါရစေဗျာ။
 (မေးခွန်း-၃) 

ဒီအချက်(၃)ခုကို ရှင်းပြပေးပါ ခင်ဗျား။
  1. ဒီမိန်းမကို ငါ သွလာက်ပေးလိုက်ရင် ကောင်းမယ်ထင်တယ်လို့ စိတ်ထဲက တွေးမိတာက သွလာက်မြောက်ပါသလား။ (သူမ လုံးဝမသိပါ။ စိတ်ထဲက တွေးမိရုံသက်သက်ပါ)
  2. ငါ သူမကို သွလာက်ပေးလိုက်တာပဲ ကောင်းတော့မယ်လို့ မိတ်ဆွေအပေါင်းအသင်းကို ပြောမိတာမျိုးရော သွလာက်ဖြစ်သွားပါသလား။ (သူမကို တိုက်ရိုက် မပြောပါ။ အပေါင်းအသင်းက ပြန်သွားပြောတာမျိုးလဲ ဖြစ်နိုင်ပါသည်)
  3. နင် ဒီလိုမျိုးတွေ ဆက်လုပ်နေမယ်၊ ငါ့စကားကို နားမထောင်ဘူးဆိုရင် ငါ နင့်ကို သွလာက်ပေးပြီး ပြတ်စဲရလိမ့်မယ်လို့ မိန်းမကို တိုက်ရိုက်ပြောမိရင်ရော သွလာက်ဖြစ်သွားပါသလား။ (စိတ်ထဲကတော့ သွလာက်ပေးဖို့မဟုတ်ဘဲ ခြိမ်းခြောက်ရုံသက်သက်ပါ)
နူရွတ်ဒင် (တောင်ငူ)
 (အဖြေ-၃) 
  1. မကောင်းတဲ့ စိတ်ကူးစိတ်သန်းကို မကောင်းတဲ့ မနောကံကို ရှရီအဟ် ဥပဒေက အတည်မပြုပါ။ ဒါကြောင့် စိတ်ထဲက တွေးမိရုံသက်သက်နဲ့ ဝစီကံမြောက် မဟုတ်ဘဲနဲ့ သွလာက် မမြောက်ပါ။
  2. သူငယ်ချင်း အပေါင်းအသင်းတွေကိုဖြစ်ဖြစ်၊ တခြားသူတစ်ဦးဦးကိုဖြစ်ဖြစ် ငါ ဒီမိန်းမကို သွလာက်ပေးရင် ကောင်းမယ်လို့ ပြောတာနဲ့ သွလာက် မမြောက်ပါ။ အဲဒီစကားကို သူငယ်ချင်းတွေက မိန်းမကိုသွားပြောပြရင်လည်း သွလာက်ပေးရင် ကောင်းမယ်လို့ပဲ ရှိသေးတာမို့ သွလာက် လုံးဝ မကျသေးပါ။ တကယ်လို့ ငါ ဒီမိန်းမကို သွလာက်ပေးလိုက်ပြီကွာလို့ပြောရင် ကိုယ့်မိန်းမကို သွားပြောပြော မပြောပြော သွလာက်ကတော့ ကျသွားပါပြီ။
  3. နံပါတ်သုံး မေးခွန်းကလည်း ဒီအတိုင်းပါပဲ။ အနာဂတ်နဲ့နွယ်ပြီး ငါနင့်ကိုသွလာက်ပေးရလိမ့်မယ်တို့၊ ကွာရှင်းရလိမ့်မယ်တို့၊ ပြတ်စဲရလိမ့်မယ်တို့က ကိုယ့်မိန်းမကို တိုက်ရိုက် ပြောပြောမပြောပြော အတူတူပါပဲ။ သွလာက်ပေးနေတာ မဟုတ်သေးတဲ့အတွက် မကျပါဘူး။
  • အလ္လာဟ်အရှင်မြတ်သခင် အိမ်ထောင်ရှင်များကို အေးအတူပူအမျှ ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ခွင့် ပေးသနားပါစေ။ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်ခင်ကြင်နာ ယုယနိုင်ကြပါစေ။ (အာမီန်း)
[/content][/2column]

ဟဒီးဆ်မျက်ဝန်း HB-013 © Alin Myet Wyun

[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

[3column][content]

 (မေးခွန်း-၁) 

ဇွဲကြိုးချသေတဲ့သူကို ဂျနာဇာ ရပ်ပေးတာ မပိုင်ဘူးလို့ ကြားဖူးပါတယ်။ တစ်နေ့ကတော့ ဇွဲကြိုးချသေသူကို ဂျနာဇာဖတ်ပေးပြီး အစ္စလာမ်သင်္ချိုင်းမှာ သင်္ဂြိုလ်ပေးတာ မြင်ရပါတယ်။ ရှင်းပြပေးပါအုံး ဆရာ။

နေမျိုး (ရေတာရှည်)

 (အဖြေ-၁) 
  • ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဟာ ကြီးလေးတဲ့ အပြစ်ဂိုနာပါ။ ကဗီရဟ်ဂိုနာပါ။ ဘယ်မွတ်စ်လင်မ် တစ်ဦးတစ်ယောက်အတွက်မှ မပြုပိုင်ပါဘူး။
  • အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူပါတယ်။ وَلا تَقْتُلُوا أَنْفُسَكُمْ إِنَّ اللَّهَ كانَ بِكُمْ رَحِيماً [ ၎င်းပြင် အသင်တို့သည် မိမိတို့ကိုယ်ကို သတ်ဖြတ်ခြင်းကိုလည်း မပြုကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန်သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၄း၂၉) ]
  • တမန်တော်မြတ် ﷺ က မိန့်တော်မူပါတယ်။ မည်သူမဆို မိမိကိုယ်ကို အရာတစ်ခုခုနဲ့ သတ်မယ်ဆိုရင် ကိယာမသ်နေ့မှာ အဲဒီအရာနဲ့ အဇာဗ်အပြစ်ဒဏ်ပေးခြင်း ခံရပါမယ်။ မွတ်စ်လင်မ်ကျမ်းတော်မှာ သာဝကကြီး ဂျာဗိရ်ဗင်န်စမုရဟ်ရဲ့ ဆင့်ပြန်ချက် လာရှိပါတယ်။ တမန်တော်မြတ် ﷺ ဟာ ကိုယ့်ကိုယ်ကိုယ် မြှားတံတွေနဲ့သတ်တဲ့သူရဲ့ ဈာပနကို ယူဆောင်လာတဲ့အခါ ဂျနာဇဟ်စွလာသ် ဝတ်ပြုမပေးခဲ့ပါဘူး။
  • ဒီဟဒီဆ်တော်ကို အခြေခံပြီး ပညာရှင်အချို့က ကိုယ့်ကိုယ်ကိုယ် သတ်သေသူကို ဂျနာဇဟ်ဝတ်ပြုမပေးရလို့ အဆိုပြုကြပါတယ်။ ဒါပေမဲ့ ပညာရှင်အများစုကတော့ ဒီဟဒီဆ်တော်ကို ရှင်းလင်းရာမှာ ကိုယ်တော်မြတ်ကြီး ﷺ က မိမိကိုယ်တိုင်တော့ အဲဒီလိုလူမျိုးကို ဂျနာဇဟ်ဝတ်ပြုမပေးပေမဲ့ စွဟာဗဟ်ကြီးတွေ ဝတ်ပြုတာကို မကန့်ကွက်ခဲ့ပါဘူး။ ကိုယ်တော်ဝတ်ပြုမပေးရတဲ့အကြောင်းကလည်း လူတွေကို ဒီလိုလုပ်ရပ်မျိုးကနေ ရွံ့ရှာဖို့၊ ဒီလိုလုပ်ရပ်မျိုးကို နောက်နောင်တခြားသူတွေလည်း မလုပ်မိစေဖို့ သံဝေဂရစေဖို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်လို့ ဖြေကြားကြပါတယ်။
  • အချုပ်ပြောပြရရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူဖြစ်စေ၊ သာသနာအရအပြစ်ဒဏ်ခတ်ရင်း သေဆုံးသူဖြစ်စေ၊ ဇိနာနဲ့ရတဲ့ကလေးငယ်ဖြစ်စေ အားလုံးကို ဂျနာဇဟ်စွလာသ် ဝတ်ပြုပေးရပါမယ်။
  • ဒါပေမဲ့ ကျန်ရစ်သူတွေကို သံဝေဂပေးတဲ့အနေနဲ့ ဂုဏ်သရေရှိသူတွေ၊ လူအများလေးစားတဲ့ ရှေ့ဆောင်ဆရာတွေကတော့ ဝတ်ပြုမပေးဘဲ ကျန်တဲ့သာမန်လူတွေလောက်ကသာ ဝတ်ပြုပေးသင့်ပါတယ်။ အလ္လာဟ်အရှင် ထိန်းသိမ်းတော်မူပါစေ။
အတွဲ-၀၂၁၊ အဖြေ-၂ မှာလည်း ဒီအကြောင်းအရာမျိုးကို ဖြေကြားထားပြီးဖြစ်လို့ လေ့လာနိုင်ပါတယ်။
[/content][content]
 (မေးခွန်း-၂) 

ကျမက ကိုယ့်ကိုယ်ကို အပြစ်တွေ အရမ်းများနေပြီလို့ စိတ်ထဲက တွေးမိပါတယ်။ ဗေဒင်တစ်ယောက်က အီမာန်လက်ခံလိုက်ရင် မွေးကင်းစကလေးတစ်ယောက်လို အပြစ်တွေ သန့်စင်သွားတယ်လို့ ကြားဖူးပါတယ်။ ကျမအနေနဲ့ တစ်ခါတစ်လေ ငါ အီမာန်ဖျက်ပြီး အီမာန်ပြန်ယူလိုက်ရင်ရော အဲ့လိုအပြစ်တွေ ဖယ်ရှားပေးခြင်းခံရမလားလို့ တွေးမိပါတယ်။ လုပ်သင့်/မလုပ်သင့် ရှင်းပြပေးပါလားရှင့်။

စဖူရာဟ်ဘီဘီ (ဇီးကုန်း)

 (အဖြေ-၂) 
  • အလ္လာဟ်အရှင်မြတ်က မိမိရဲ့ ဗျာဒိတ်တော်မှာ ကြီးကျယ်လှတဲ့ဥပဒေကို သတ်မှတ်ပြဌာန်းထားတော်မူပါတယ်။ နောက်ပြီး အဲဒီဥပဒေအပေါ် လိုက်နာမှုကိုလည်း ပြန်လည်စစ်ဆေးမဲ့ ဥပဒေကြီးလို့လည်း ဖော်ပြပါတယ်။ ဆုပေးဒဏ်ပေးစနစ်ပါတဲ့ ဥပဒေကြီးပေါ့။ အဲဒါကတော့ (သောင်ဗဟ်) အမှားဝန်ခံပြီး အရှင့်ဘက် ပြန်လှည့်တာဟာ သူ့အရင်ရှိခဲ့တာတွေကို ဆွဲငင်ယူဆောင်လာနိုင်တယ်။ နောက်ပြီး အစ္စလာမ်ဟာ သူ့အရင်ရှိခဲ့တာတွေကို ချေဖျက်ပစ်နိုင်တယ်။ နောက်ပြီး သောင်ဗဟ်ရဲ့တံခါးဟာ ဗန္ဒဟ်လူသားတိုင်းအတွက် ဖွင့်ထားပြီးသား ဖြစ်တယ်။ တကယ်လို့ အဲဒီလူဟာ အကြိမ်ပေါင်းမြောက်မြားစွာ ပြစ်မှုထဲမှာ၊ ကွဖ်ရ်ထဲကိုရောက်ရင်လည်း သောင်ဗဟ်ရဲ့တံခါးက နောက်ဆုံးအသက်ထွက်ခါနီးအချိန်ထိ ဖွင့်ထားပါတယ်။
  • အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်ဟာ အံ့မခန်းပါ။ အလွန်ကျယ်ဝန်းလှပါတယ်။ အရှင့်ရဲ့ ကရုဏာသက်ရောက်မှု၊ ကြင်နာသနားမှုဟာ မိမိရဲ့ကျေးကျွန်တွေအပေါ်မှာ များစွာရှိပါတယ်။ သောင်ဗဟ်လုပ်တဲ့သူရဲ့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံမှာဖြစ်ပြီး သူ့ရဲ့အပြစ်ဒုစရိုက်တွေကို ချမ်းသာခွင့်လွှတ်ပေးတော်မူမှာ ဖြစ်ပါတယ်။ ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူပါတယ်။
  • قُلْ لِلَّذِينَ كَفَرُوا إِنْ يَنْتَهُوا يُغْفَرْ لَهُمْ مَا قَدْ سَلَفَ وَإِنْ يَعُودُوا فَقَدْ مَضَتْ سُنَّتُ الْأَوَّلِينَ [ (အို-နဗီတမန်တော်) အသင်သည် မယုံမကြည် သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့) ပြောကြားပါလေ။ ၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည် ၎င်းတို့အဖို့ ခွင့်လွှတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်း ဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။ ]
  • အီမာန်ရှင်တစ်ယောက်အဖို့ အလ္လာဟ်အရှင်မြတ်က ဖွင့်ပေးထားတော်မူတဲ့ သောင်ဗဟ်ရဲ့ တံခါးပေါက်ဟာ ပိုမိုကျယ်ဝန်းပြီး ပိုမိုမြတ်နိုးဖွယ်ရာ ကောင်းလှပါတယ်။ အရှင်မြတ် မနှစ်သက်တဲ့ ကွဖ်ရ်ဘဝကို ပြန်သွားစရာ မလိုပါဘူး။ ကိုယ့်အပြစ်တွေကို ပလပ်သွားအောင်လုပ်ဖို့ နည်းလမ်းရွေးချယ်ရာမှာ မေးခွန်းမှာပါတဲ့ နည်းလမ်းဟာ နည်းလမ်းအမှားပါ။ လုံးဝကြီး အစ္စလာမ်ကို လက်မခံသေးတဲ့ ဘာသာခြားတစ်ဦးအတွက် အစ္စလာမ်ကို လက်ခံလိုက်ခြင်းဟာ သူ့နဂိုက အပြစ်တွေကို ပလပ်စေခြင်းပါ။ ဟုတ်ပါတယ်။
  • အစ္စလာမ်သာသနာကို လက်ခံထားတဲ့ မွတ်စ်လင်မ်တစ်ဦးက အပြစ်တွေပလပ်ဖို့ အဲဒီအဆင့်ကို သွားဖို့မလိုပါဘူး။ အရှင်မြတ် ဖွင့်ပေးထားတဲ့ သောင်ဗဟ်ရဲ့ တံခါးပေါက်ကို အရောက်လှမ်းလိုက်ပါ။ အရှင်က မိမိရဲ့ရဟ်မသ်နဲ့ ထွေးပိုက်လိုက်ပါလိမ့်မယ်။ အလ္လာဟ်အရှင် မေးမြန်းသူကိုရော ဖြေကြားသူကိုရော အလင်းမျက်ဝန်း ဝိုင်းတော်သားများအားလုံးကိုပါ သိလျက်နဲ့ပြုမိတဲ့အပြစ်၊ မသိဘဲပြုမိခဲ့တဲ့အပြစ်၊ ဖုံးကွယ်ပြီး ပြုလုပ်မိခဲ့တဲ့အပြစ်၊ ပေါ်ပေါ်ထင်ထင်ပြုမိခဲ့တဲ့အပြစ် စတဲ့အပြစ်တွေအားလုံးကို ချမ်းသာခွင့်လွှတ်ပေးတော်မူပါစေ။ (အာမီးန်)
[/content][content]
 (မေးခွန်း-၃) 

ဒိုအာယူနွတ်စ်ကို ကိုယ်ဝန်ဆောင်တွေဖတ်ရတယ်ပြောတာ ကိုယ်ဝန်စရှိထဲက ဖတ်ရတာလား။ ဗိုက်နာမှဖတ်ရတာလား။ တချို့ဒိုအာတွေက ပြင်းထန်လို့ မဖတ်သင့်ဘဲဖတ်ရင် ဘေးဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။

ချစ်စု (မလေးရှား)

 (အဖြေ-၃) 
  • သာဝကကြီး စအဒ်ဗင်န် မာလိက် رضي الله عنه ထံမှ ဆင့်ပြန်ချက် လာရှိပါတယ်။ တမန်တော်မြတ် ﷺ က မိန့်ကြားတော်မူတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော် တစ်ခုရှိတယ်။ အဲဒီနာမတော်ကိုကိုင်ပြီး ဆုဒုအာတောင်းခံရင် အလ္လာဟ်အရှင် လက်ခံတော်မူတယ်။ အဲဒါကို အကြောင်းခံပြီးတောင်းရင် အလ္လာဟ်က ပေးသနားတော်မူမှာ ဖြစ်တယ်။ အဲဒါကတော့ ယူနွတ်စ်ဗင်န် မသ်သာရဲ့ ဆုဒုအာပဲ ဖြစ်တယ်။ စအဒ် رضي الله عنه က ဆက်လက် ပြောပြတယ်။ ဒါနဲ့ ကျွန်ုပ် မေးလျှောက်လိုက်တယ်။ ကိုယ်တော် အဲဒီဒုအာက ယူနွတ်စ်နဗီအတွက် သီးသန့်လား၊ ဒါမှမဟုတ် မွတ်စ်လင်မ်ထုတစ်ရပ်လုံးအတွက်လား။ ကိုယ်တော်မြတ် ﷺ က မိန့်ကြားတော်မူတယ်။ အဲဒီဆုဒုအာဟာ တမန်တော်ယူနွတ်စ်ဗင်န် မသ်သာအတွက်လည်း သီးသန့်ဖြစ်သလို မွတ်စ်လင်မ်တွေအတွက်လည်း ဖြစ်တယ်။ အသင် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို မကြားမိပါသလား။
  • فَنَادَىفِيالظُّلُمَاتِأَنْلَاإِلَهَإِلَّاأَنْتَسُبْحَانَكَإِنِّيكُنْتُمِنَالظَّالِمِينَ | فَاسْتَجَبْنَالَهُوَنَجَّيْنَاهُمِنَالْغَمِّوَكَذَلِكَنُنْجِيالْمُؤْمِنِينَ
  • [ ထို့နောက် ၎င်းသည် အမှောင်များအတွင်းဝယ် (အို-အလ္လာဟ်အရှင်မြတ်၊) အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးသည်သာလျှင် အပြစ်ကျူးလွန်သူဖြစ်ပါ၏တကားဟု ဟစ်ခေါ် တသ အသနားခံ ပန်ကြားခဲ့လေသည်။ ] [ ထိုအခါဝယ် ငါအရှင်မြတ်သည် ၎င်း၏ (အသနားခံပန်ကြားချက်) ကို သဘောတူလက်ခံတော်မူ၍ ၎င်းအား (ပူပင်သောကဖြစ်ခြင်းမှ) ကယ်တင်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ဤနည်းနှင့် ကယ်တင်လေ့ ရှိတော်မူပေသတည်း။ ]
  • အလင်းပြကျမ်းထဲမှ ရှင်းလင်းချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
    • ဤအာယတ်တော်တွင် “ တမန်တော်ယူနွတ်စ်သည် အမှောင်များတွင် ဟစ်ခေါ်ပန်ကြားခဲ့သည် ” ဟူ၍ လာရှိသည်။ “ အမှောင်များ ” ဟူသည် ရေထု၏အမှောင်၊ ငါး၏ ဝမ်းဗိုက်တွင်းအမှောင်နှင့် အချို့အဆိုအရ ညဥ့်၏အမှောင်များကို ဆိုလိုသည်။ (ကြည့်-ထာနဝီ)
    • ဤသည် ငါး၏ ဝမ်းဗိုက်တွင် တမန်တော်ယူနွတ်စ် عليه سلم တောင်းဆိုပန်ကြားခဲ့သော ဆုမွန်ပင် ဖြစ်သည်။ ဒုက္ခဖြစ်သည့်အချိန် မည်သူမဆို စိတ်စေတနာဖြူစင်စွာဖြင့် တမန်တော်ယူနွတ်စ်၏ ဆုမွန်ကို ရွတ်ဖတ်ပန်ကြားပါက ဆုတောင်းပြည့်သည်သာဖြစ်သည်။ တမန်တော်မြတ်က “ မည်သူမဆို တမန်တော်ယူနွတ်စ်၏ ဆုမွန်ကို ရွတ်ဖတ်ပန်ကြားပါက ထိုသူသည် ဆုတောင်းပြည့်သည် ” ဟု မိန့်ကြားတော်မူခဲ့လေသည်။ (အိဗ်နုကဆီရ်ကျမ်း အ-၃၊ စ-၁၉၃)
  • ဒါကြောင့် အခက်အခဲတစ်ခုခု ကျရောက်ချိန် ဖတ်ရွတ်သင့်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်စတဲ့အချိန် ဖတ်ရလား၊ သို့မဟုတ် မွေးဖွားခါနီးမှ ဖတ်ရလားဆိုတာကို မသိထားပါဘူး။ ဘာအခက်အခဲဖြစ်ဖြစ် ကြုံတွေ့ရချိန်မှာတော့ ဖတ်ရွတ်ရမဲ့ ကုရ်အာန်ကျမ်းလာဒုအာတစ်ခုပဲ ဖြစ်ပါတယ်။
  • နောက်ပြီး ကုရ်အာန်ကျမ်းတော်နဲ့ ဟဒီးဆ်တော်မြတ်မှာလာရှိတဲ့ ဒုအာတွေကိုသာ ဖတ်ရွတ်ရင် (ဆေးဝါးတွေလို တန်ဆေးလွန်ဘေး) ဘာဘေးမှ မဖြစ်ဘူးဆိုတာကိုတော့ မြေကြီးလက်ခတ်မလွဲ ပြောဆိုနိုင်ပါတယ်။ ကုရ်အာန်ကျမ်းနဲ့ ဟဒီးဆ်တော်တို့မှာ မလာရှိတဲ့ ဒုအာတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။
  • အလ္လာဟ်အရှင် သားကောင်း/သမီးကောင်းရတနာများ ပေးသနားတော်မူပါစေ။ ကိုယ်ဝန်လွယ်ထားတဲ့ မိခင်တိုင်းကို လွယ်ကူချောမွေ့စွာ ဖွားမြင်နိုင်စွမ်း ပေးသနားတော်မူပါစေ။ (အာမီးန်)
[/content][/3column]

ဖုန်းစွဲရောဂါ (ကာတွန်း » Saudi Gazette)
CMM-10/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
[/alert]


ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် (သုခုမမျက်ဝန်း) မှာတော့ ကမ္ဘာကျော် အဆိုတော် မဟာရ်ဇီန်း ရဲ့ ဘာသာစကား(၄)မျိုးနဲ့ သီဆိုထားပြီး အရမ်းကို အောင်မြင်ခဲ့တဲ့ ကဆွီဒါလေးတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

အရဗီ၊ အူရ်ဒူ၊ တူရ်ကီ နှင့် အင်္ဂလိပ် ဘာသာစကား(၄)မျိုးနဲ့ သီဆိုထားတဲ့ ဒီကဆွီဒါလေးကတော့ ကမ္ဘာ့လူသားတို့ရဲ့ ကျေးဇူးရှင် တမန်တော်မြတ်ကြီး ﷺ ရဲ့ ဂုဏ်ကျေးဇူးတော်တွေကို ခြယ်မွှမ်းထားခြင်း ဖြစ်ပါတယ်။

အနှိုင်းမဲ့မေတ္တာရှင် တမန်တော်မြတ် ﷺ အပေါ် မွတ်စ်လင်မ်အပေါင်းတို့ထားရှိတဲ့ ချစ်မြတ်နိုး တန်ဖိုးထားမှုကိုလည်း စာသားတွေအပြင် သရုပ်ဖော်ဗွီဒီယိုမှာလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ENTM-14/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]» ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
» ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/M-2GhmnsrZA[/error]

[3column][content]
 (မေးခွန်း-၁) 

မသိတာလေးတစ်ခုလောက် မေးချင်လိုပါ။ ပြည်ကြီးငါးစားခြင်း ပိုင်ပါသလား။ နောက်တစ်ခုက ပုဇွန်စားချင်းဟာ မက္ကရူဆိုတာ ဟုတ်ပါသလား။

ဇိုလိုင်ခါဘီ (ရန်ကုန်-ရွေပြည်သာ)

 (အဖြေ-၁) 

  • ဟနဖီပညာရှင်တွေက ငါးအမျိုးအစားမှန်သမျှကို စားပိုင်ခွင့်ရှိကြောင်း မိန့်မှာထားပါတယ်။
  • ပြည်ကြီးငါးကိုတော့ သတ္တဗေဒပညာရှင်များက ငါးအမျိုးအစားထဲက မဟုတ်ဘူးလို့ ဆိုကြတဲ့အတွက် စားခွင့်မရှိပါဘူး။ ပြည်ကြီးငါးဟာ (Mollusc) ကမာကရင်း၊ ခရုမျိုးဖြစ်တယ်လို့ ဆိုကြပါတယ်။ ပြည်ကြီးငါးအသားကို ကြည့်ရင် ငါးလိုမဟုတ်ဘဲ ခန္ဓာကိုယ်အသားမှာလည်း ပျော့ပျောင်းနေပါတယ်။ ဒါကြောင့် ပြည်ကြီးငါးဟာ ငါးအုပ်စုထဲမှာ မပါဝင်တဲ့အတွက် စားခွင့် မရှိပါဘူးလို့ ပြောလို့ရပါတယ်။
  • ရေနေသတ္တဝါတွေကို စားတော့မယ်ဆိုရင် ငါးရဲ့အချင်းလက္ခဏာတွေ ရှိမရှိ ကြည့်ပြီး စားသင့်ပါတယ်။ ငါးရဲ့ အချင်းလက္ခဏာတွေဆိုတာကတော့...
    • ကျောရိုးပါရှိခြင်း၊
    • ရေယက်ဖြင့် ကူးခပ်ခြင်း၊
    • ပါးဟက်ဖြင့် အသက်ရှူခြင်း၊
    • ရေထဲမှာနေခြင်း စတာတွေ ဖြစ်ပါတယ်။
      ဒီလို ငါးအရည်အချင်းတွေ ပါရှိရင် စားခွင့်ရှိပြီး မပါရင်တော့ စားခွင့်မရှိပါဘူး။
  • ပုစွန်နဲ့ ပတ်သက်ပြီး ပညာရှင်ကြီးတွေရဲ့ကြားမှာ အကွဲအလွဲတွေ ရှိပါတယ်။ မဇ်ဟဗ်ကြီးလေးပါးအနက် ရှာဖိအီ၊ မာလိကီ၊ ဟန်ဗလီစတဲ့ မဇ်ဟဗ်သုံးပါးစလုံးကတော့ ဒွိဟမရှိ ပုစွန်စားခွင့် ရှိပါတယ်။
  • ဟနဖီမဇ်ဟဗ်မှာကတော့ အထက်မှာပါတဲ့ ငါးအမျိုးအစားထဲက ဖြစ်မဖြစ်အပေါ် အခြေခံပြီး စားခွင့်-မစားခွင့် သတ်မှတ်ထားပါတယ်။ ဟနဖီကျမ်းဂန်ကြီးတွေတချို့မှာကိုက ပုစွန်ဟာ ငါးကဲ့သို့ ဖြစ်တယ်လို့ ပါရှိထားတဲ့အတွက် စားလိုက စားနိုင်ပြီး ရှောင်လိုက ရှောင်နိုင်ပါတယ်။ စားသူရော ရှောင်သူပါ ပုတ်ခတ်ပြောဆိုဝေဖန်နေဖို့ မလိုပါ။ ဒါကြောင့်မို့ပဲ ပုစွန်စားခြင်းကို မက္ကရူးဟ်ဖြစ်ကြောင်း သတ်မှတ်ကြခြင်းပါ။

[/content][content]
 (မေးခွန်း-၂) 

တစ်ခုလောက် မေးချင်လို့ပါ။ ကိုယ်မသန့်၊ ဝိုဇူမရှိဘဲနဲ့ ကုရ်အန်ထဲက စူရာတွေ၊ အာယသ်တွေကို ဖုန်းထဲကဖွင့်ပြီး နားထောင်လို့ရလား။

ချစ်စု (မလေးရှား)

 (အဖြေ-၂) 

  • ကျမ်းတော်မြတ်ကုရ်အာန် တိုက်ရိုက်ဖတ်ပြတာဖြစ်ဖြစ်၊ ရေဒီယိုကက်ဆက်ကအသံကိုဖြစ်ဖြစ်၊ ဖုန်း၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ အောက်စက်၊ ကွန်ပျူတာ၊ အင်တာနက် စတဲ့ ဘယ်ကနေပဲဖြစ်ဖြစ် ကိုယ်မသန့်ချိန်မှာရော၊ ဝုဿူမရှိချိန်မှာရော သန့်ပြန့်နေချိန်တို့မှာပါ နားထောင်ခွင့် ရှိပါတယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကုရ်အာန်ဖတ်ရွတ်သံကြားခဲ့ရင် သေချာအာရုံစိုက်ပြီး၊ တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ရပါမယ်။
  • ကုရ်အာန်ကျမ်း (၇း၂၀၄) မှာ အခုလို မိန့်ကြားတော်မူထားပါတယ်။ “ ၎င်းပြင် အသင်တို့သည် (မိမိတို့ရှေ့ဝယ်) ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်သရဇ္ဈယ်သောအခါ ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ဂရုပြု၍ ဆိတ်ငြိမ်စွာ နားစိုက်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားကြရလတံ့္တ။ ” واذاقرئ القران فاستمعواله وانصتوا ဟူသော မုက္ခပါဌ်တော်၏ ထင်ရှားသည့်အလိုသဘောမှာ ဆွလာသ်အတွင်း၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ၊ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သည့်အချိန်တွင် ဆိတ်ဆိတ်နေခြင်းနှင့် နားထောင်ခြင်းသည် “ ဝါဂျစ်ဗ် ” တာဝန် ဖြစ်သည်။ အခြားအဆိုတစ်ရပ်အရ (အစ္စလာမ်ထွန်းကားစအချိန်တွင်) လူများသည် ဆွလာသ်ဝတ်ပြုရာ၌ စကားပြောလေ့ရှိခဲ့ကြ၏။ ထိုအခါ ဤမုက္ခပါဌ်တော် ကျရောက်လာခဲ့လေသည်။ ထို့နောက် ဆွလာသ်အပြင်၌လည်း ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သည့် အခမ်းအနားများတွင် ဆိတ်ဆိတ်နေခြင်းသည် “စွန္နတ်” ဖြစ်လာလေသည်။ အခြားအဆိုတစ်ရပ်အရ ဤမုက္ခပါဌ်တော်၏ အလိုသဘောမှာ “ အကယ်၍ တမန်တော်မြတ် ﷺ သည် ကုရ်အာန်ကျရောက်သည့်အချိန်တွင် အသင်တို့ရှေ့မှောက်၌ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်တော်မူသော် အသင်တို့သည် ထိုကျမ်းမြတ်ကို နားထောင်ကြ ” ဟူ၏။ အခြားအဆိုတစ်ရပ်အရ “ အသင်တို့သည် ထိုကျမ်းမြတ်ကို နားထောင်ကြ ” ဟူသည် ထိုကျမ်းမြတ်လာ အမိန့်ပညတ်တော်များနှင့်အညီ လိုက်နာကျင့်သုံးကြ။ ထိုကျမ်းမြတ်ကို မကျူးလွန်ကျကုန်လင့်ဟူ၏။
  • တရားဓမ္မတို့၏ ဘဏ္ဍာတိုက်ဖြစ်သော အဖိုးမဖြတ်နိုင်သော ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ် သရဇ္ဈယ်သည့်အခါ ကြားသူအပေါင်းတို့သည် အထူးအလေးဂရုပြု၍ နားသောတဆင်ကြရမည်။ ကုရ်အာန်ကျမ်းလာ တရားဒေသနာတော်များကို လက်ခံနာယူလိုသည့်သဘောဖြင့် နားထောင်ကြရမည်။ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်သရဇ္ဈယ်သည့်အချိန်တွင် မည်သည့်စကားကိုမျှ မပြောမဆိုကြရ။ အခြားတစ်စုံတစ်ရာ တွေးတောခြင်း အလျှင်းမပြုကြရ။ ဆူညံမှုလည်း အလျှင်းမပြုကြရ။ ဆိတ်ငြိမ်စွာဖြင့် နားထောင်ကြရမည်။ သို့မှသာလျှင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို ခံစားကြရမည် ဖြစ်သည်။
  • အကယ်၍ ဖော်ပြပါစည်းကမ်းချက်နှင့်အညီ ကုရ်အာန်ကျမ်းမြတ်ကို ကာဖိရ်များပင် နားထောင်ကြလျှင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်အဟုန်ဖြင့် မုအ်မင်န်များ ဖြစ်လာနိုင်ကြပေသည်။ အကယ်၍ အစကနဦးကပင် မုအ်မင်န်ဖြစ်နေကြပါလျှင် “ဝလီ” သူတော်စင်များပင် ဖြစ်လာနိုင်ကြလေသည်။ အနည်းဆုံး ထိုသို့နားထောင်ခြင်း၏ ကုသိုလ်အကျိုးကိုကား ရရှိကြမည် ဖြစ်သည်။
  • ဤသည့် မုက္ခပါဌ်တော်ကို အထောက်အထားပြုပြီးလျှင် များစွာသော “ အာလင်မ် ” ပညာရှင်များက ဆွလာသ်အတွင်း “ အေ့မာမ် ” က ကုရ်အာန်ရွတ်ဖတ်သည့်အခါ “ မုက်တဒီ ” နောက်လိုက်များသည် လုံးဝဆိတ်ငြိမ်စွာ နေကြရမည်ဟု ဓမ္မသတ်အဆုံးအဖြတ် ပေးကြသည်။

[/content][content]
 (မေးခွန်း-၃) 

အလင်းမျက်ဝန်းမှာ သွလာက်အကြောင်းလေးတွေ ဖတ်ရလို့ အတော်လေးကို သိလာရပါတယ်။ ဘာသာပျက်လို့ နိကာဟ်ပျက်တယ်ဆိုတာလဲ တွေ့ရပါတယ်။ စကားတစ်ခုကြောင့်၊ လုပ်ရပ်တစ်ခုကြောင့် အီမာန်ပြန်ယူပြီး နိကာဟ်ပြန်ဖတ်တာမျိုး မြင်ဖူးပါတယ်။အဲ့ဒီလိုသဘောမျိုးဖြစ်လာရင် နိကာဟ်ပျက်သွားတဲ့အတွက် ပြန်ပြီး နိကာဟ်ဖတ်ရင် ရပြီလား။ ဟီလာလုပ်ဖို့ရော လိုသေးလားဆိုတာလေး သိချင်လို့ပါ။ ကျေးဇူးပါ။

ဟာဂျီ တင်မြင့် (နေပြည်တော်)

 (အဖြေ-၃) 

  • ဟာဂျီဆပ်ရဲ့ မေးခွန်းပါပုံစံမျိုးအတိုင်းဖြစ်ခဲ့လို့ နိကာဟ်ပြန်ဖတ်ရတာမျိုးဆိုရင်တော့ ဟလာလဟ်လုပ်စရာ မလိုပါဘူး။
  • ဟလာလဟ်အကြောင်းကိုတော့ ကုရ်အာန် (၂း၂၃၀) မှာ လေ့လာကြည့်ပါ။
  • (တွလာက်ရဂ်ျအီ နှစ်ကြိမ်ပေးပြီးသည့်နောက်) တစ်ဖန် အကယ်၍လင်ယောက်ျားသည် ထိုဇနီးမိန်းမအား ထပ်မံ၍ “တွလာက်” ကွာရှင်းခဲ့သည်ရှိသော် (သို့သုံးကြိမ်မြောက်တွလာက်ပေးပြီးသည့်) နောက် ထိုလင်ယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြားလင်ယောက်ျားတစ်ဦးဦးနှင့် နိကာဟ်ထိမ်းမြားဆက်ဆံ ပေါင်းသင်းခြင်းမပြုသမျှ ကာလပတ်လုံး (ဟလာလ်) တရားဝင် ဇနီးဖြစ်မည် မဟုတ်ပေ။ (ထိုကဲ့သို့ အခြားလင်ယောက်ျားတစ်ဦးဦးနှင့် ထိမ်းမြားပြီးသည့်နောက်) အကယ်၍ ထို (ဒုတိယ) လင်ယောက်ျားကလည်း ထိုဇနီးမိန်းမအား ကွာရှင်းခဲ့ပြန်သည်ရှိသော် ထိုဇနီးမိန်းမနှင့် (ပထမ) လင်ယောက်ျားနှစ်ဦးတို့သည် အကယ်၍ မိမိတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို စောင့်ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး တစ်ဖန် ပြန်လည်ပေါင်းသင်းဆက်ဆံကြပါသော် ထိုဇနီးမောင်နှံနှစ်ဦးတို့အပေါ်တွင် တစ်စုံတစ်ရာ အပြစ်မရှိချေ။ အမှန်စင်စစ် ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း ဥပဒေများပင်တည်း။ ထိုအရှင်မြတ်သည် ထိုဥပဒေစည်းမျဉ်းများကို အသိအလိမ္မာဉာဏ်ပညာနှင့် ပြည့်စုံသောသူများအဖို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားထားတော်မူလေသတည်း။
  • ယောက်ျားတစ်ဦးသည် ဇနီးမိန်းမအား “တွလာက်ရဂ်ျအီ” ၂-ကြိမ်ပေးပြီးသည့်နောက် အကယ်၍ ထပ်မံပြီး တတိယအကြိမ်မြောက် “တွလာက်” ပေးခဲ့သည်ရှိသော် ထိုယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြားယောက်ျားနှင့်ထိမ်းမြား၍ ကာယသံသဂ္ဂအမှု မပြုသမျှ ကာလပတ်လုံး တရားဝင်မယားဖြစ်မည် မဟုတ်ပေ။ ရှင်းဦးအံ့။
  • တွလာက်သုံးကြိမ်တိတိပေးခြင်းခံရ၍ လင်ယောက်ျားနှင့် လုံးလုံးလျားလျား ပြတ်စဲလျှက်ရှိသော အမျိုးသမီးတစ်ဦးသည် နောက်တစ်ဖန်ပြန်လည်၍ မိမိ၏ပထမလင်ယောက်ျားအဖို့ တရားဝင်မယားဖြစ်ရန် မလွယ်ကူလှပေ၊ သို့ရာတွင် အကယ်၍ ထိုဇနီးမိန်းမသည် တရားတော်နှင့်အညီ အစ်ဒ်ဒတ် ရက်ဆိုင်းပြီးသည့်နောက် အခြားယောက်ျားတစ်ဦးနှင့် နိကာဟ်ပြုအံ့၊ လင်ခန်းမယားခန်းလည်းမြောက်အံ့၊ ကာယသံသဂ္ဂအမှုလည်းပြုအံ့၊ သို့နိကာဟ်ပြုပြီးသည့်နောက် ဒုတိယလင်ယောက်ျားသည် အကယ်တန္တု သေဆုံးသွားအံ့၊ သို့တည်းမဟုတ် ဒုတိယလင်ယောက်ျားကလည်း ထိုဇနီးမိန်းမအား တွလာက်ပေးအံ့၊ ထိုဇနီးမိန်းမသည် အစ်ဒ်ဒတ်ရက်လည်း ဆိုင်းပြီးဖြစ်အံ့၊ ထိုအချိန်တွင် ထိုဇနီးမိန်းမနှင့် ပထမယောက်ျားတို့သည် ဇနီးမောင်နှံတို့နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို မပျက်မကွက် လိုက်နာဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ထင်မြင်ယူဆကြပါလျှင် ပြန်လည်၍ ထိမ်းမြားနိုင်ကြပေသည်။

[/content][/3column]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat