Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၃၉)

[2column][content]
 (မေးခွန်း-၁) 

(အတွဲ-၃၄၊ အဖြေ-၂) က ဖြေကြားချက်အရ...

အဲ့လိုဆို အဲ့မဇီပေတဲ့အဝတ်နဲ့အတူရောပြီး လျှော်ခဲ့တဲ့အဝတ်တွေကို ပြန်လျှော်ရမှာလား။ အဝတ်တွေကလဲအများကြီးပဲ။ အပါအဝတ်တွေကော။ အမာအဝတ်တွေရောပဲ။ အရင်က အဲ့လိုမသိခဲ့လို့ ရောပီးလျှော်ခဲ့မိတာ။ အဲ့အဝတ်တွေနဲ့ နမာဇ်ဝတ်ပြုလို့ရော ပိုင်ပါတော့မလား။ ဘယ်လိုပြန်လုပ်ရမလဲ ပြောပြပေးပါလား။

အိုကာရှား (သထုံ)

 (အဖြေ-၁) 

  • မဇီ၊ သွေး၊ အရက်၊ မစင် စသဖြင့် အညစ်အကြေး နိဂျာစသ် ပေကျံတဲ့အဝတ်အထည်ဟာ ပွတ်တိုက်ပြီး ရေသုံးကြိမ်ဆေးကြော လျှော်ဖွပ်ရင် သန့်ပြန့်သွားပါတယ်။ (အတွဲ-၂၂၊ အဖြေ-၂) နဲ့ (အတွဲ-၂၅၊ အဖြေ-၂) တို့မှာလည်း ပြန်လည်လေ့လာနိုင်ပါတယ်။
  • မေးခွန်းအရ တကယ်လို့ မိတ်ဆွေအနေနဲ့ အဝတ်တွေကို အထက်ဖော်ပြပါအတိုင်း ပွတ်တိုက်ပြီး ရေသုံးကြိမ်ဆေးကြော လျှော်ဖွပ်ခဲ့တာဖြစ်ရင် ပြန်ပြီးဆေးကြောစရာ မလိုတော့ပါဘူး။ အဲဒီလိုမဟုတ်ဘဲ တစ်ရေမှာပဲ စိမ်ခဲ့တာဆိုရင်တော့ အားလုံး မသန့်ဖြစ်ပြီး ပြန်လျှော်ဖွပ်ရပါလိမ့်မယ်။
  • အဝတ်လျှော်စက်ထဲ ထည့်လျှော်ဖြစ်ခဲ့ရင်လည်း ဒီအတိုင်းပါပဲ။ နိဂျာစသ် အညစ်အကြေး ပျောက်သွားလောက်တဲ့အထိ ရေထည့်တာတို့၊ ရေညှစ်တာတို့ကို လုပ်ဖြစ်ရင် သန့်သွားပါပြီ။ အဲဒါကို ဖိကဟ်ပညာရှင်များက သုံးကြိမ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီလို လျှော်ပြီးအဝတ်တွေကိုဝတ်ကာ စွလာသ်ဆောက်တည်ဖြစ်ခဲ့ရင် သန့်ပြန့်တဲ့အဝတ်ကို ဝတ်ခဲ့တာဖြစ်လို့ ပြန်ဝတ်ပြုစရာ မလိုပါဘူး။

ဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ ယခင်က အဖြေဟောင်းတချို့ကိုလည်း လေ့လာကြည့်ပါ။



 (မေးခွန်း-၂) 

ချမ်းသာတဲ့ ဆွေမျိုးအင်အားကြောင့် သူ့အတွက် ဇကားသ်တွေက နှစ်စဉ် ပေါပေါများများ ရလေ့ရှိပါတယ်။ သူ့ရဲ့မိသားစုဟာလည်း အားလုံး အလုပ်ရှိအကိုင်ရှိပြီး ဝင်ငွေအသီးသီးကြောင့် ပြေလည်ကြပါတယ်။ ဆွေမျိုးတွေကလည်း သံယောဇဉ်ကြောင့် ဇကားသ်အချိန်ဆို သူတို့ကို ဦးစားပေးပြီး ထောက်ပံ့ကြပါတယ်။ အဲ့ဒီလိုလူမျိုးအတွက် ဇကားသ်ပေးခြင်း/ယူခြင်း ပိုင်/မပိုင်ကို ဖြေကြားပေးပါဆရာ။

ကိုမျိုး (တောင်တွင်းကြီး)

 (အဖြေ-၂) 

  • လူတစ်ဦးမှာ ဇကာသ်ရဲ့ သတ်မှတ်ထားတဲ့ နိစွာဗ်ကို ပိုင်ဆိုင်မှုမရှိရင် ဆွေမျိုးတွေ ချမ်းသာကြလို့ ဖြစ်ဖြစ်၊ ပေါပေါများများပေးလို့ ငွေတွေအများကြီးရနေတာဖြစ်ဖြစ် သူ့ကိုဇကာသ်ပေးပိုင်ပါတယ်။ တစ်ယောက်တည်းကိုပဲ တစ်ပြိုင်တည်းအများကြီးပေးလိုက်လို့ ရပါတယ်။ ဒါပေမဲ့ သူ့ပိုင်ဆိုင်မှုမှာ တစ်နှစ်ပတ်လည်လုံး ဇကာသ်နိစွာဗ်မျှ ရှိနေတယ်ဆိုရင်တော့ မပေးပိုင်တော့ပါဘူး။
  • ဥပမာ- မောင်ဖြူဟာ ဆွေမျိုးသားချင်း အင်အားတောင့်တင်းတာကြောင့် လွန်ခဲ့တဲ့နှစ် လမြတ်ရမဿွာန်မှာ ဆွေမျိုးတွေဆီကဖြစ်ဖြစ်၊ တခြားသူတွေဆီကဖြစ်ဖြစ် ဇကာသ်ငွေ သိန်း (၁၀၀) လောက် ရတယ်ဆိုပါစို့။ တကယ်လို့ ဒီနှစ် ရမဿွာန်လရောက်တဲ့အထိ သူ့လက်ထဲမှာ အနည်းဆုံး ဇကာသ် နိစွာဗ်ပမာဏ ဥပမာ- (၅) သိန်း သို့မဟုတ် (၅) သိန်း ထက်ပိုတဲ့ ငွေကြေးဟာ လွန်ခဲ့တဲ့နှစ်ကနေ ဒီနှစ်အထိ ကြားထဲမှာ လုံးဝ လျော့နည်းသွားခြင်း၊ လုံးဝ ပျောက်ပျက်သွားခြင်း၊ ကုန်အောင်သုံးလိုက်လို့ ကုန်သွားခြင်းမရှိဘဲ ဆက်တိုက်ရှိနေခဲ့တယ်ဆိုရင်တော့ သူ့ကို ဒီနှစ်ရမဿွာန်မှာ ဇကာသ် မပေးမပိုင်တော့ပါဘူး။ သူကလည်း ဇကာသ် မစားပိုင်ပါဘူး။ အဲဒီလို လူမျိုးကို ဇကာသ်ပေးရင် ဇကာသ် အထမြောက်မှာ မဟုတ်ပါဘူး။
  • တကယ်လို့ ဒီနှစ်ရောက်လာတဲ့အခါမှာ နှစ်ပတ်လည်ပိုင်ဆိုင်လာခဲ့တဲ့ ဇကာသ်နိစွာဗ်မရှိရင်တော့ သူ့ကို ဇကာသ်ပေးခွင့် ရှိပါတယ်။ တစ်ခါတည်း ကြွယ်ဝသွားအောင်၊ နောင်နှစ် တောင်းစရာ ပေးစရာမလိုလောက်အောင် မတည်ပေးလိုက်လို့လည်း ရပါတယ်။
  • အလှူဒါနဟာ ဆွေမျိုးကိုပေးခြင်းဖြင့် အကျိုးကုသိုလ် နှစ်ဆရတယ်လို့ ကိုယ်တော်မြတ်ကြီး ﷺ ရဲ့ မိန့်ကြားချက်တွေအရ သိရှိရပါတယ်။

[/content][content]
 (မေးခွန်း-၃) 

ကလေးတစ်ယောက် အရွယ်ရှိတုန်းမှာ သာသနာ့အခြေခံ ပညာသင်ယူခြင်းနဲ့ ကုရ်အာန်သဂ်ျဝီးဒ်သင်ယူခြင်းနှစ်ခုအနက် ဘယ်အရာကို ဦးစားပေးသင့်ပါသလဲ။ အခုမြင်လာရတာကတော့ ဆရာတွေက သဂ်ျဝီးဒ်ပညာကို ဦးစားပေးသင်နေပြီး သာသနာ့အခြေခံပညာကို အားနည်းနေတဲ့အတွက် ကလေးတွေ အရွယ်ကြီးပြီး ကျောင်းကထွက်သွားတဲ့အခါ ဘာမှ မသိလို့ အခက်တွေ့နေတာ များပါတယ်။ ပိုဆိုးတာက ကလေးတွေဟာ သာသနာ့အခြေခံပညာအသိနည်းတော့ သာသနာအပေါ် ကြည်ညိုကိုင်းရှိုင်းစိတ်တွေလဲ နည်းပါးကြပါတယ်။ ကုရ်အာန်ကိုတော့ သဂ်ျဝီးဒ်သံနေသံထားနဲ့ ပီပီပြင်ပြင် ဖတ်တတ်ကြပေမယ့် သာသနာ့အသိတရားကျတော့ ဘာမှမရှိကြသလို ဖြစ်နေကြပါတယ်။ ဒီအပေါ် ဆရာတို့အမြင်လေးကို သိချင်ပါတယ်။

နူရွလ်ဟက် (ပျော်ဘွယ်)

 (အဖြေ-၃) 
  • ဒီကိစ္စကို ရှင်းပြရရင် တော်တော်လေး ကျယ်ပြန့်ပါလိမ့်မယ်။ ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့ ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်တတ်အောင် ကလေးကို သင်ကြားပေးတာက ပိုအရေးကြီးလား၊ ဒီနီယာသ်ကို သိအောင် တတ်အောင် သင်ပေးတာက ပိုအရေးကြီးပြီး ပိုလိုအပ်လား။
  • ကျနော်တို့နိုင်ငံရဲ့ အစ္စလာမ့်ရင်သွေးငယ် ကလေးတွေရဲ့ အစ္စလာမ့်အခြေခံပညာရေး တစ်နည်း မက္ကသဗ်ပညာရေးအကြောင်းကို ဦးစွာဆွေးနွေးတင်ပြလိုပါတယ်။ ကျနော်တို့နိုင်ငံမှာက အစိုးရပညာရေးနဲ့ ဘာသာရေးအခြေခံပညာရေးဆိုပြီး ပညာရေးနှစ်ရပ်စလုံးကို အစ္စလာမ့်ရင်သွေးငယ်တို့က သင်ယူနေကြရပါတယ်။ ဒါပေမဲ့ အချိန်ပေးပုံ၊ အချိန်ပေးတဲ့အတိုင်းအတာ မတူညီပါဘူး။ အစိုးရကျောင်းပညာရေးအတွက် နံနက် ၉ နာရီ ကနေ ညနေ ၃ နာရီ၊ အချိန်ပို ကျူရှင်အတွက် စသဖြင့် ညနေ ၄ နာရီလောက်အထိ အချိန်ပေးကြရပါတယ်။
  • မက္ကသဗ်ပညာရေးအတွက်ကတော့ ညနေ ၅ နာရီလောက်ကနေ ည ၇ နာရီခွဲ (သို့မဟုတ်) ၈ နာရီလောက်အထိသာ အချိန်ပေးနိုင်ကြပါတယ်။ အဆိုပါ ၅ နာရီကနေ ၈ နာရီအတွင်းမှာကလည်း စွလာသ်ဝတ်ပြုချိန်တွေ ရှိနေသေးတဲ့အတွက် အချိန်ပြည့် မရနိုင်ပြန်ပါဘူး။ အဲဒီတော့ တစ်နေ့ကို ဘာသာရေးပညာအတွက် ၂ နာရီ သို့မဟုတ် ၂ နာရီခွဲလောက်သာ အချိန်ပေးနိုင်ကြတယ်လို့ ဆိုရင် မမှားပါဘူး။
  • အဲဒီတော့ကာ ၂ နာရီလောက်အချိန်အတွင်းမှာ ကလေးကို ကုရ်အာန်ကျမ်းတော်လည်း သင်ပေးရ၊ စူရဟ်တွေလည်း ကျက်မှတ်ပေးရ၊ ကလိမဟ်(၇)ပုဒ်၊ ဟဒီးဆ်တော်များ၊ ကုရ်အာနီးဒုအာများ၊ မတ်စ်နူးန်ဒုအာများ၊ အစ္စလာမ့်စည်းကမ်းများ၊ အထက်မြန်မာပြည်မှာဆို ပရိယတ္တိအခြေခံစာအုပ်များ စတာတွေကို အကုန် သင်ပေးကြရပါတယ်။
  • ဒီနေရာမှာ အခုတင်ပြတဲ့ ဘာသာရပ်တွေထဲကနေ ဘယ်အရာကဖြင့် ပိုအရေးကြီးသလဲ၊ ဘယ်အရာကဖြင့် ကြီးပြင်းလာတဲ့ ဘဝမှာ ပိုအရေးပါသလဲ၊ သာသနာကို ပိုမိုကိုင်းရှိုင်းလေးစားတဲ့စိတ် ဖြစ်သလဲဆိုတာ ကျောင်းပြီးသွားတဲ့ ကလေးတွေရဲ့ စစ်တမ်းကို ကြည့်ရပါလိမ့်မယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ အရှိအတိုင်း ဝန်ခံကြစတမ်းဆို အစ္စလာမ့်အခြေခံဘာသာရေးကျောင်းပြီးသွားတဲ့ ကလေးငယ်အများစုဟာ အထက်ပါ ဘာသာရပ်တွေထဲက ဟိုဟာမေ့၊ ဒီဟာမေ့၊ ဟိုဟာကဖြင့် စမ်းတဝါးဝါး၊ ဒီဟာကဖြင့် တိတိပပ မသိတော့ဘူးလို့ဖြစ်တာကို တွေ့ရပေမဲ့ ကလေးငယ်အားလုံး တစ်ပြေးညီမမေ့တာတစ်ခုကတော့ ကုရ်အာန်ကျမ်းတော်ပါပဲ။
  • ဆရာတွေက အခြေခံပညာရေးကို တိတိကျကျ သင်ကြားပေးလိုက်ပေမဲ့ ကျောင်းပြီးသွားလို့ တခြားကျောင်း ဆက်တက်တာဖြစ်ဖြစ်၊ အပြင်အလုပ်ထဲ ရောက်သွားလို့ဖြစ်ဖြစ် မောင်ဝ်လဝီကျောင်း၊ ဟာဖိဇ်ွကျောင်း မရောက်ဘဲ တခြားနေရာကိုများ ရောက်သွားမယ်၊ မိဘတွေကလည်း ဒီနီယာသ်လို့ခေါ်တဲ့ အစ္စလာမ်ဘာသာရေးဆောင်ရွက်ချက်တွေ၊ ပညတ်တွေကို ဂရုတစိုက် လေ့လာဖို့မတိုက်တွန်းမိဘဲ ဘာသိဘာသာ နေဖြစ်သွားမယ်ဆိုရင် တော်တော်များများ မေ့ပျောက်ကုန်ကြပါတယ်။ အဲဒီအခါ မမေ့ဘဲ ကျန်ရှိနေတဲ့အရာကတော့ ကုရ်အာန်ဖတ်ရွတ်တတ်မှုပဲ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
  • ဒါကြောင့် အမြဲကျန်ရှိနေခဲ့မဲ့ ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့ ဌာန်ကရိုဏ်းကျကျ သင်ပေးကြတာ၊ အဲဒါကို ဦးစားပေးသင်ပေးကြတာလို့ ထင်မိပါတယ်။ ဒါပေမဲ့လည်း ဒီနီယာသ်ကိစ္စ၊ သာသနာ့အခြေခံကိစ္စသင်ကြားရေးကို လုံးဝကြီး လျစ်လျူရှုထားတာမျိုး မဖြစ်သင့်ပါဘူး။ ကလေးငယ်တစ်ဦးဟာ သာသနာ့အခြေခံလိုအပ်ချက်တွေကို တိတိကျကျ ဂဃနဏ သိထားပါမှ နောင်အနာဂတ် လူလားမြောက်တဲ့အခါ ဘာသာရေးနဲ့ ပတ်သက်ပြီး ကျင့်သုံးနိုင်မှာ လျှောက်လှမ်းနိုင်မှာပါ။ ကုရ်အာန်သင်ကြားရေးတစ်ခုတည်းကိုပဲ ဦးစားပေးထားတာမျိုး မလုပ်သင့်ပါဘူး။ ကုရ်အာန်ကို ဦးစားပေးသင်ကြားလိုရင် ကုရ်အာန်အတွက် အချိန်များများပေးပြီး သင်ကြားစေပါ။ အခြားဘာသာရပ်တွေကိုလည်း သူ့အချိန်နဲ့သူ သင်ကြားစေပါ။
  • ဥပမာ- ကျောင်းချိန်(၂)နာရီမှာ ကုရ်အာန်အတွက် တစ်နာရီသတ်မှတ်ထားရင် အခြားဘာသာရပ်တွေအတွက် တစ်နာရီသတ်မှတ် သင်ကြားရပါမယ်။
  • ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့ ဖတ်ရွတ်တတ်ဖို့ အရေးကြီးသလို ဒီနီယာသ်ကိုလည်း တတ်မြောက်ဖို့ သာသနာ့အခြေခံပညာ သိထားဖို့ကလည်း အရေးကြီးပါတယ်ဆိုတာပါပဲ။ အိန္ဒိယနိုင်ငံက ဟဇရသ်မောင်ဝ်လာနာအရှ်ရဖ်အလီ ထာနဝီ رحمة الله عليه သခင်က ကုရ်အာန်ကို သဂ်ျဝီးဒ်နဲ့သင်ယူခြင်းဟာ အရေးကြီးတာဝန်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကိရာအသ်ပညာရှင်ကြီး အလ္လာမဟ်အလ်ဂျဇရီကလည်း အရေးကြီးကြောင်း သူ့ရဲ့မုကဒ်ဒမဟ်အလ်ဂျဇရီယဟ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်နဲ့ ဟဒီးဆ်တော်မြတ်ကို အကိုးအကားယူပြီး ပြောတယ်လို့ ရှင်းလင်းချက်တွေအရ သိရပါတယ်။ နောက်ပြီးစအာဒသ်ဆိုတဲ့ လစဉ်ထုတ် အူရ်ဒူစာစောင်ရဲ့ ဒီလ (၂၀၁၇-ဒီဇင်ဘာလ) ထုတ် စာစောင်ရဲ့ စာမျက်နှာ-၄၄ ကနေ ၄၉ ထိ ကုရ်အာန်သင်ယူခြင်းကိစ္စကို ဒီလကနေ အခန်းဆက်ရေးသားဖော်ပြထားပါတယ်။ လေ့လာကြည့်ပါ။
  • အဲဒီလိုပဲ အစ္စလာမ့်အခြေခံပညာကို တတ်မြောက်ထားဖို့ရာလည်း မသင်မနေရတာဝန်ကြီး တစ်ရပ်ပါပဲ။ ထို့အတွက်လည်း အထောက်အထားပေါင်း မြောက်မြားစွာ ရှိပါတယ်။ ကျမ်းပေါင်းမြောက်မြားစွာမှာလည်း အခြေခံပညာအရေးပါပုံကို ရှင်းလင်းဖော်ပြရေးသားထားပါတယ်။ အချုပ်ပြောရရင် တစ်ခုကိုပဲ ဦးစားပေးပြီး နောက်တစ်ခုကို လွှတ်ထားခြင်းဟာ မပြည့်စုံပါဘူး။ နှစ်လွှာပေါင်းမှ တစ်ရွက်ပါလို့ ကျနော်တို့ အလင်းမျက်ဝန်းရဲ့ အမြင်လေးကို ဖော်ပြလိုက်ပါတယ်။ ကျေနပ်မယ်လို့မျှော်လင့်ပါတယ်။
[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat