01/01/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ယခုနှစ်သစ်မှာ ပါလတ်စ်တိုင်းနိုင်ငံတော်ကို နိုင်ငံတကာက အတည်ပြုလက်ခံပေးဖို့ ပြောကြားလိုက်ပါတယ်။

နောက်ပြီး မိမိအနေနဲ့ အစ္စရေး ပါလတ်စ်တိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်အစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း အလေးအနက် ပြောကြားလိုက်ပါတယ်။

“ အလ်ဖသဟ် ” ပါလတ်စ်တိုင်းနိုင်ငံတော်လွတ်မြောက်ရေးအဖွဲ့ကြီးရဲ့ (၅၂) ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အဖွဲ့ကြီးရဲ့ခေါင်းဆောင် သမ္မတကြီး မာမွန်အဗ္ဗာစ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၇ ခုနှစ်ဟာ နိုင်ငံတကာက ပါလတ်စ်တိုင်းကို လက်ခံအတည်ပြုရမဲ့နှစ် ဖြစ်ပါတယ်။ အမှန်တရား၊ တရားမျှတမှု၊ နိုင်ငံတကာဥပဒေတွေအတိုင်း လိုက်နာမှုအပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးကို အဖွဲ့ကြီးက အလေးအနက်ထားကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးက နောက်ဆုံးအတည်ပြုလိုက်တဲ့ ကျူးကျော်အိမ်ရာဆောက်လုပ်မှုတားမြစ်ရေး မူကြမ်းနဲ့ပတ်သက်ပြီး ပြောကြားရာမှာ “ ဒါဟာဆိုရင် သမိုင်းဝင် အတည်ပြုချက် တစ်ခုပါ။ ဒီမူကြမ်း အတည်ပြုချက်က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပါလတ်စ်တိုင်းအရေးကို ဘယ်လောက်အလေးထားတယ်ဆိုတဲ့ သက်သေသာဓက တစ်ခုပါ ” လို့ ပြောကြားသွားပါတယ်။

အမေရိကန်အစိုးရက ဒီမူကြမ်းကို မဲခွဲဆုံးဖြတ်ရာမှာ မဲမပေးဘဲ ကြားနေခဲ့ပြီး ဗီတိုအာဏာမသုံးခဲ့တဲ့အတွက်လည်း အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း၊ အဲဒီအတိုင်းပဲ နှစ်နိုင်ငံပြဿနာကို နိုင်ငံတကာစံချိန်စံညွန်းတွေနဲ့အညီ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဒေါ်နယ်ထရမ့်အစိုးရနဲ့လည်း လက်တွဲသွားဖို့ အဆင့်သင့်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

သူက အခုလို ဆက်လက်ပြီး ပြောကြားသွားပါတယ်။

“ ဇန်နဝါရီလ အလယ်လောက်မှာ ကျင်းပဖို့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံမှာ ဒီကိစ္စအတွက် မျှော်လင့်ချက် အပြည့်ထားပါတယ်။ ဒီညီလာခံကြီးကနေ အတည်ပြုထားတဲ့မူကြမ်းကို အကောင်အထည်ဖော်ဆောင်ပေးမယ့် လမ်းပြမြေပုံ ရလဒ် ထွက်လာလိမ့်မယ်လို့လည်း အပြည့်အဝ မျှော်လင့်ပါတယ်။ ”

Inews-0003/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة


အိန္ဒိယနိုင်ငံရဲ့ ဘူတာပေါင်း (၁၀၀) ကျော်မှာ အခမဲ့ အင်တာနက်အသုံးပြုနိုင်ပြီလို့ Google ကုမ္ပဏီက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

Google ရဲ့ အဆိုပါ အခမဲ့ အင်တာနက်အစီအစဉ်ကို လစဉ် လူပေါင်း (၆) သန်းကျော်လောက်က အသုံးပြုနေကြပြီး အင်တာနက်ကို ယခုမှ စတင်အသုံးပြုသူဟာ နေ့စဉ်တစ်သောင်းခွဲလောက် ရှိနေပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

“ ကမ္ဘာ့အကျယ်ပြန့်ဆုံး ဝိုင်ဖိုင်ကွန်ယက်ပရောဂျက် ” လို့ ဂူဂဲလ်က အမည်ပေးထားတဲ့ ၎င်းအစီအစဉ်ဟာ မျှော်မှန်းထားတဲ့အတိုင်း အံဝင်နေပါတယ်။

၂၀၁၆ ခုနှစ်အစောပိုင်းက အစပြုခဲ့တဲ့ အဆိုပါ ပရောဂျက်ဟာ နှစ်ကုန်ပိုင်းအထိ ရထားဘူတာ ၁၀၀ မှာ တပ်ဆင်သွားမယ်လို့ ကြေငြာခဲ့ပြီး တမီလ်နာဒူးပြည်နယ်က Udhagamandalam မြို့မှာ အခုဆို ၁၀၀ မြောက် တပ်ဆပ်ပေးပြီးသွားပါပြီ။

စက်တင်ဘာလကုန်ပိုင်းမှာ ရထားဘူတာ (၅၂) ခုကို တပ်ဆင်ပေးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှာတော့ ရထားဘူတာပေါင်း (၄၀၀) ကျော်လောက်အထိ တပ်ဆင်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်လို့ ဂူဂဲလ်ကုမ္ပဏီက ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံထားတဲ့ ရထားလမ်းတစ်လျှောက် ပြေးဆွဲထားတဲ့ ဖိုင်ဘာဆက်ကြောင်း အင်တာနက်စနစ်အတွင်း အိန္ဒိယအစိုးရပိုင် ISP RailTel နဲ့ ဂူဂဲလ်တို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

" Google for India " (အိန္ဒိယအတွက်ဂူဂဲလ်အခမဲ့) အင်တာနက်အစီအစဉ်ဟာ ထောက်ခံအာပေးမှု အလွန်ရရှိခဲ့ပြီး အဆိုပါအခမဲ့အင်တာနက်အစီအစဉ်ကို ကမ္ဘာတစ်ဝှန်းမှာ ဖြန့်ကျက်သွားမယ်လို့ ဂူဂဲလ်ကုမ္ပဏီက ကြေငြာထားပါတယ်။

နူးရ်ခါန်း @ အလင်းမျက်ဝန်း (© Inews-0002/17) | ကိုးကား » Mashable


အစ္စတန်ဘူလ်မြို့တော်မှာ နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲဟာ သွေးနဲ့ကစားတဲ့ပွဲအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ အကြမ်းဖက်သမားတွေဟာ ညကလပ်တစ်ခုကို ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တာကြောင့် (၃၉) ဦး သေဆုံးပြီး (၄၀) ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။

အစ္စတန်ဘူလ် မြို့တော်ဝန် ဝါဆွမ်ရဲ့အဆိုအရ ကလပ်အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ခိုက်သူတစ်ဦး ပါဝင်တယ်လို့ သိရပြီး မျက်မြင်သက်သေတွေနဲ့ တူရ်ကီမီဒီယာတွေရဲ့အဆိုအရတော့ တိုက်ခိုက်သူနှစ်ဦးပါဝင်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ခရစ္စမတ်ဘိုးဘိုးအဝတ်အစားတွေကို ဝတ်ဆင်ထားခဲ့ကြပါတယ်။ အသတ်ခံရသူတွေထဲမှာ ရဲအရာရှိတစ်ဦးလည်း ပါဝင်ခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ဒေသအာဏာပိုင်တွေရဲ့အဆိုအရ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့အချိန်က ကလပ်ထဲမှာ နှစ်သစ်ကူးပွဲတော် ကျင်းပဖို့အတွက် ရောက်ရှိနေသူ (၇၀၀) နီးပါးလောက် ရှိတယ်လို့ သိရပါတယ်။

မီဒီယာတွေရဲ့ အဆိုအရ တိုက်ခိုက်ရေးသမားဟာ အရင်ဦးဆုံး အစောင့်လုံခြုံရေးရဲကို ပစ်သတ်ခဲ့ပြီးမှ ကလပ်ထဲကို ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားတဲ့အခါ ကလပ်ထဲက လူတွေဟာ အသက်ဘေးကနေ လွတ်ကင်းမှုရဖို့ အနီးအနားက ရေမြှောင်းကြီးထဲကို ခုန်းဆင်းထွက်ပြေးကြတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ရပါတယ်။

အစ္စတန်ဘူလ် ညကလပ်တိုက်ခိုက်ခံရမှုအပေါ် အိမ်ဖြူတော်က ပြစ်တင်ရှုတ်ချလိုက်ပြီး သမ္မတ အိုဘားမားက တူရ်ကီအစိုးရကို ကူညီပေးဖို့ အဖွဲ့တစ်ဖွဲ့ကို သီးသန့်ညွှန်ကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစ္စတန်ဘူလ်မြို့မှာ ရောက်ရှိနေကြသူတွေကို အိမ်တွေနဲ့ အဆက်အသွယ်လုပ်ကြဖို့ သတိဝီရိယနဲ့နေကြဖို့နဲ့ ညကလပ်ပတ်ဝန်းကျင်တွေမှာ အသွားအလာမလုပ်ကြဖို့ အမေရိကန်နိုင်ငံသားများကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Inews-0001/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat