01/02/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ဘာရိန်းနိုင်ငံရှိ အကျဉ်းထောင်တစ်ခုကို လက်နက်ကိုင်သမားတွေရဲ့ တိုက်ခိုက်တာခံလိုက်ရပြီး အကြမ်းဖက်မှုနဲ့ အပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသား (၃) ဦး အပါအဝင် ထောင်သား (၁၀) ဦး လောက် ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ဘာရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောပြချက်အရ လူပေါင်း (၄) ယောက် မှ (၅) ယောက် ထိ ပါဝင်တဲ့ လက်နက်ကိုင် အကြမ်းဖက်အုပ်စုတစ်စုက ထောင်ကို စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စီးနင်းတိုက်ခိုက်မှုအတွင်း ထောင်မှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်း အဗ်ဒွတ်စ္စလာမ်စိုင်းဖ် အသတ်ခံရပါတယ်။ ထွက်ပြေးသွားတဲ့ အကျဉ်းသားဦးရေဟာ (၁၀) ဦးရှိပြီး အဆိုပါ လွတ်မြောက်အကျဉ်းသား (၁၀) ဦး ထဲမှ (၃) ဦး ဟာ အကြမ်းဖက်မှု ကျူးလွန်တဲ့အမှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီးတဲ့သူတွေ ဖြစ်ပါတယ်။

ဘာရိန်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အကျဉ်းထောင်အား အခုလို စီးနင်းတိုက်ခိုက်တာကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်အတည်ပြုလိုက်ပြီး တစ်ချိန်တည်းမှာပဲ လုံခြုံရေးတပ်ဖွဲ့ကိုလည်း အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံအတွင်း ရှိသမျှသော မြို့တွေရဲ့ အတွင်း၊ အပြင် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ ဆောင်ရွက် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

Inews-0006 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


ဆော်ဒီအာရေးဗီးယားနိုင်ငံကဦးဆောင်ပြီး ဖေဖော်ဝါရီလမှာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ ပါကစ္စတန်နဲ့ တူရ်ကီအပါအဝင် တခြားသော မွတ်စ်လင်မ်နိုင်ငံတွေရဲ့ စစ်တပ်တွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

ပြည်ပသတင်းထုတ်ပြန်မှု အဖွဲ့ရဲ့ ပြောပြချက်အရ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ မကြာခင် စတင်ပြုလုပ်တော့မယ့် ပူးပေါင်းစစ်ရေးလေ့ကျင်မှုတွေမှာ ဒေသခံလူငယ်စစ်သားတွေနဲ့အတူ အပြည်ပြည်ဆိုင်ရာက လူငယ်စစ်သားတွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေမှာ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ တူရ်ကီ၊ အရဗ်ပြည်ထောင်စုယူအေအီး၊ ဂျော်ဒန်၊ ဘာရိန်း၊ စီနီဂေါလ်၊ ဆူဒန်၊ ကူဝိတ်၊ မော်လ်ဒိုက်၊ ချဒ်၊ တူနီးရှား၊ မလေးရှားနဲ့ အီဂျစ်နိုင်ငံတို့လည်း ပါဝင်လေ့ကျင့်ကြမှာ ဖြစ်တယ်။

ဒီလို ပူးပေါင်းစစ်ရေးလေ့ကျင့်ရတာဟာ အကြမ်းဖက်မှု နှိမ်နင်းရေးကဏ္ဍကို လက်တွေ့ လေ့ကျင့်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။

Inews-0005 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

ပြင်သစ်နိုင်ငံမှ ရိုက်ယူခဲ့သော ပင်လယ်ခြင်္သေ့ (ခေါ်) ပင်လယ်ဖျံကြီး၏
ငါးဖမ်းစားနေသော စိတ်ဝင်စားဖွယ် မြင်ကွင်း ( ဓာတ်ပုံ » AFP )

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားဒေသမှ အမေရိကန်ရေတပ်၏
အပြာရောင်နတ်သမီးအမည်ဖြင့် ဝေဟင်၌ ပျံဝဲ၍ပြသသည့်
လေကြောင်းပြကွက်မြင်ကွင်း ( ဓာတ်ပုံ » AFP )

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်တွင် သမ္မတ ဘာရက်အိုဘားမားမှ
အဆိုတော် ဒိုင်ယာနာရော့စ်ကို Freedom of Medal ဆု
ဂုဏ်ပြုချီးမြှင့်နေသည့်မြင်ကွင်း ( ဓာတ်ပုံ » AP )

ဆိုမားလီးယားနိုင်ငံတွင် လူပေါင်းများစွာ သေဆုံးစေခဲ့သော
ကားဗုံးပေါက်ကွဲမှု အခင်းဖြစ်ပွားသည့်မြင်ကွင်း ( ဓာတ်ပုံ » AFP )

ဆီးရီးယားနိုင်ငံ အလပ်ပိုမြို့ရဲ့ ကောင်းကင်ယံက ဝေဟင်တိုက်ခိုက်မှုကြီးကြောင့်
ဒဏ်ရာရသူ ကလေးငယ်အား ရှေးဦးသူနာပြုကားဖြင့်
ဆေးရုံသို့သယ်ဆောင်သွားနေစဉ်မြင်ကွင်း ( ဓာတ်ပုံ » AP )

ဗင်နီဇွဲလားနိုင်ငံတွင် တာဝန်ကျအစောင့်ဝန်ထမ်းများမှ
နိုင်ငံ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ကြိုးစားသူတွေအား တားမြစ်နေသည့်မြင်ကွင်း
( ဓာတ်ပုံ » Reuters )

တူရကီနိုင်ငံ လေယာဉ်ကွင်းတစ်ခုတွင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်
ဝမ်းနည်းပူဆွေး သောကရောက်နေကြသည့် မြင်ကွင်း ( ဓာတ်ပုံ » AP )

ပြင်သစ်နိုင်ငံမှာ စပိန်နိုင်ငံသူ Garbayyn Muguruza က
အမေရိကန်သူ Serena Williams ကို အနိုင်ရရှိပြီး ပြင်သစ်အိုးပင်း
တင်းနစ်ပြိုင်ပွဲဆုကို ရရှိအောင်ပွဲခံနေသည့်မြင်ကွင်း ( ဓာတ်ပုံ » AP )

ကိုလံဗီယာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ UCI BMX စက်ဘီးစီး
ချန်ပီယံတံခွန်စိုက်ပြိုင်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်နေသည့်မြင်ကွင်း
( ဓာတ်ပုံ » EPA )

သြစတြေးလျနိုင်ငံတွင် ခရစ်ကတ်အားကစားသမားများ၏ စီးပွားရေးနှင့်
ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းမှ “ စစ်သည်များ၏ ခန္ဓာကိုယ်သန်စွမ်းမှု
အမွေးအမျှင်ဖြင့် လှုပ်ရှားပြသည့် ပြကွက် ” မြင်ကွင်း ( ဓာတ်ပုံ » AP )

GKM-001/17 © အလင်းမျက်ဝန်း

[info title="မှတ်ချက်" icon="info-circle"]
  • ပါကစ္စတန်နိုင်ငံရှိ SUCH TV ၏ အူရ်ဒူပိုင်းအစီအစဉ်မှ ရွေးချယ်ဖော်ပြခဲ့သည်အား အလင်းမျက်ဝန်းမှ မြန်မာဘာသာဖြင့် ပြန်လည်တင်ဆင်ပေးခြင်း ဖြစ်ပါသည်။
  • ဓာတ်ပုံများကို နှိပ်၍ မြင်ကွင်းအကျယ်ချဲ့ကြည့်နိုင်ပါသည်။
[/info]


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြောက်ဘက်ရှိ ကျွန်းတစ်ကျွန်းတွင် နိုင်ငံခြားသား ခရီးသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောမီးလောင်မှုကြောင့် (၂၃) ဦး သေဆုံးပြီး (၁၇) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောပေါ်မှာ တင်ဆောင်နိုင်တဲ့ လူဦးရေထက်ပိုပြီး တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ အဆိုအရ (၁၉၄) ဦး ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လူတွေအမြောက်အမြားဟာ မီးလောင်မှုဖြစ်ပွာစဉ် ရေထဲခုန်ဆင်းခဲ့ကြပါတယ်။ သူတို့တွေကို ရေကူးကျွမ်းကျင်သူတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ မီးလောင်ရတဲ့ အကြောင်းအရင်းဟာ သင်္ဘောအင်ဂျင် ရှော့ဖြစ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။ ဒီသင်္ဘောဟာ လူအယောက် (၂၀၀) ကျော် တင်ဆောင်ပြီး ဂျာကာတာမြို့ကနေ သီဒဝင်ဂ်ကျွန်းဘက်ကို သွားနေစဉ် ရုတ်တရက် မီးထလောင်ခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါစီးနင်းခဲ့တဲ့ မျက်မြင်အမျိုးသမီးတစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။ “ ပထမတော့ မီးခိုးတွေ အလိပ်လိုက်တက်လာတာ တွေ့ရပါတယ်။ ပြီးတော့ ချက်ချင်းဆိုသလို မီးက အရှိန်ပြင်းလာတယ်။ လူတွေက အများကြီး အသက်ကယ်အင်္ကျီတွေက နည်းတော့ အချင်းချင်းပြဿနာ တက်ခဲ့ကြတယ်။ ရေငုတ်သမားတွေဟာ သူတို့ဖာသာ ရောက်လာကြပြီး ကယ်ဆယ်ခဲ့ကြတယ်။ ”

Inews-0004/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat