01/03/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[3column][content]
ဝါရှင်တန်ပို့စ်သတင်းစာက အီရတ်သမ္မတ စဒမ်ဟူစိန်ကို ကြိုးပေးပြီးဆယ်နှစ်မြောက်အမှတ်တရ ဆောင်းပါးမှာ အခုလို ဆိုထားပါတယ်။

“ စဒမ်ဟူစိန်ကို ကွပ်မျက်ပြီးနောက် အီရတ်နိုင်ငံဟာ ခေတ်သစ်တစ်ခုကို ကြိုဆိုရလိမ့်မယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ အခုတော့ အီရတ်နိုင်ငံဟာ အကြမ်းဖက်မှု၊ မငြိမ်သက်မှုနဲ့ လူမျိုးခွဲခြားရေးနွံထဲမှာ နစ်မြှုပ်နေဆဲပဲ ဖြစ်ပါတယ်။ ”

စာရေးဆရာ ဝီးလ်ဘာဒ်နဝေဘာက သူ့ရဲ့ ဆောင်းပါးမှာ အခုလို ရေးသားထားပါတယ်။ “ ဘဂ်ဒါဒ်စံတော်ချိန် နံနက် ( ၆ ) နာရီ၊ စဒမ်ဟူစိန်ကို ကွပ်မျက်ခဲ့ပြီးချိန်ကစပြီး လောင်မြိုက်ခဲ့တဲ့ ပဋိပက္ခမီးဟာ အခုထိ တဟုန်းဟုန်း တောက်လောင်နေဆဲပါ။ အဲဒီနေ့မှာ စဒမ်ဟူစိန်ကို ဘဂ်ဒါဒ်မြို့ရဲ့ စစ်ထောက်လှမ်းရေးဌာနတစ်ခုမှာ ကြိုးစင်တင်ခဲ့တာ ဖြစ်ပါတယ်။ ”

စာရေးဆရာက အခုလို ဆက်ရေးပါတယ်။

“ စဒမ်ဟာ ပြတ်သားကြံ့ခိုင်ပြီး အကြောက်အရွံ့မရှိသူ တစ်ဦးပါ။ ကြိုးပေးမယ့် အာဏာပါးကွက်သားတွေရဲ့ အော်ဟစ်သံတွေကို မသိကျိုးကျွန်ပြုပြီး အစ္စလာမ့်သက်သေခံချက် သရဏံဂုဏ်နှစ်ခုကိုသာ ရွတ်ဖတ်နေခဲ့တယ်။ ကြိုးပေးခံရတဲ့အချိန် နောက်ဆုံး သူပြောကြားသွားခဲ့တဲ့ စကားကတော့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်တဲ့အရှင်မရှိကြောင်း၊ မုဟမ္မဒ်သခင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ကျွန်နဲ့ စေတမန်တော်ဖြစ်ကြောင်း သက်သေခံပါတယ်ပဲ ဖြစ်တယ်။ ကြိုးပေးကွပ်မျက်ရာမှာ ဝတ်ရတဲ့ ခေါင်းစွမ်အမဲကိုလည်း ဝတ်ဖို့ သူငြင်းဆန်ခဲ့ပါတယ်။ ”

[/content][content]
စာရေးဆရာက အခုလိုလည်း ပြောထားပါတယ်။

“ စဒမ်ဟူစိန်ကို ကြိုးပေးကွပ်မျက်ပြီး မကြာခင်မှာပဲ လွန်လေတဲ့ အမေရိကန်သမ္မတဟောင်း ဂျောဂ်ျဘုရှ်က အခုလို ပြတ်ပြတ်သားသား ဝန်ခံခဲ့ပါတယ်။ စဒမ်ကို ကွပ်မျက်လိုက်ရုံနဲ့ ချက်ချင်းကြီးတော့ အီရတ်ရဲ့ (၎င်းတို့ အပိုင်းပိုင်း အစိတ်စိတ်အမွှာမွှာ လုပ်ထားတဲ့) လူမျိုးရေး အကြမ်းဖက်မှုတွေ ပြီးဆုံးသွားစေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းပေးမယ့် ဒီမိုကရေစီစနစ်ဆီသို့ ခြေလှမ်းရာမှာနဲ့ အကြမ်းဖက်မှုကို တိုက်ခိုက်ချေမှုန်းရာမှာ မဟာမိတ်ဖြစ်လာဖို့အတွက် အထူးအပံ့အပိုးတော့ ဖြစ်နိုင်ပါတယ်။ ”

စာရေးဆရာက ဆက်လက် ရေးသားပါတယ်။

“ စဒမ်မရှိတော့ရင် အီရတ်နိုင်ငံဟာ ပြောင်းလဲတဲ့၊ အရင်နဲ့မတူတဲ့ ခေတ်တစ်ခေတ်ကို တွေ့မြင်ရလိမ့်မယ်လို့ ခန့်မှန်းသတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီခန့်မှန်းချက်က ဖြစ်မလာခဲ့ပါဘူး။ ဒါတင်မကသေးဘဲ အရင်ကထက်တောင် ပိုဆိုးတဲ့အကြမ်းဖက်မှုတွေ၊ ရက်စက်ညှင်းပမ်းမှုတွေသာ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့ပါတော့တယ်။ စဒမ်မရှိပြီးနောက် ဆယ်နှစ်ကြာပြီးတာနဲ့ အီရတ်နိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံတွေက ငေးမောကြည့်ရလောက်အောင် တိုးတက်မြင့်မားသွားမယ်လို့ ဂျောဂ်ျဘုရှ်က ကတိပေးခဲ့ပြီး (၁၃) နှစ်အကြာမှာတော့ အီရတ်နိုင်ငံအပါအဝင် ကျန်အရှေ့အလယ်ပိုင်းဒေသတချို့ရဲ့ မိုးကုတ်စက်ဝိုင်းမှာ အမြောက်၊ လောင်ချာနဲ့ ခဲယမ်းမီးကျောက်တွေရဲ့ အခိုးအငွေ့တွေက နေအလင်းရောင်ကိုတောင် ဖုံလွှမ်းသွားစေခဲ့ပါတယ်။ ပတ်ဝန်းကျင်းနိုင်ငံတွေက ငေးမောပြီး ကြည့်ယူရလောက်တဲ့ နေရာဆိုလို့ အီရတ်နိုင်ငံမှာ သုဿာန်သင်္ချိုင်းတစ်မျိုးပဲ ရှိပါတော့တယ်။ လက်ရှိလစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆီးရီးယား၊ အီရတ်နိုင်ငံတွေဟာ အလျင်အမြန် စစ်မီးတွေ တောက်လောင်လာခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ လူတွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ သေကြေပျက်စီးခဲ့ကြပြီး လူ သန်းပေါင်းများစွာဟာ အိုးအိမ်တွေ စွန့်ခွာပြီး အပြင်ကို ထွက်ပြေးနေကြရပါတယ်။ အဲဒီလောကငရဲပြည်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးကာ ခိုလှုံလာသူတွေကြောင့် ဥရောပနိုင်ငံတွေဟာ ကမောက်ကမ ဖြစ်လာရပါတယ်။ ”
[/content][content]
စာရေးဆရာက ဆက်လက်ရေးသားပါတယ်။

“ အီရတ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ isis တွေလည်း တစ်နေ့တခြား တိုးပွားလာနေတယ်။ အီရန်ရှီအဟ်တွေလည်း အီရတ်နိုင်ငံအထဲထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်။ သူတို့ကို ယီမင်က ဟူသီသူပုန်တွေနဲ့ ဆီးရီးယားအဆဒ်အစိုးရတို့ကလည်း ကျောနောက်မှ ကျားကန်ပေးထားတယ်။ ”

အီရတ်ကို ပြန်လှည့်ကြည့်တော့ လွန်ခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဒေါ်နယ် Rumsfeld ပြောခဲ့တဲ့စကားကို ဘယ်သူက မေ့နိုင်မှာလဲလို့ စာရေးဆရာက မေးခွန်းထုတ်ထားပါတယ်။

“ ဘာကြောင့်လဲဆိုတော့ သူက အီရတ်စစ်ပွဲဟာ (၅) ရက် ဒါမှမဟုတ် (၅) ပတ် ဒါမှမဟုတ် (၅) လပဲ ကြာမယ်။ အဲဒီထက် ဘယ်လိုမှ မပိုနိုင်ဘူးလို့ အလေးအနက်ပြောခဲ့တာကိုး။ ”

မစ်စစ်ရ်ကို isis စစ်သွေးကြွတွေရဲ့လက်ထဲက ပြန်ကယ်တင်ဖို့ ကြိုးစားမယ်ဆိုရင်လည်း ဒေါ်နယ် Rumfeld ပြောသလောက် ကာလထက် ပိုကြာမယ်လို့ ခန့်မှန်းထားကြပါတယ်။

“ ကိုယ့်နန်းထဲမှာကိုယ့်ဖာသာအကျဉ်းကျနေသူ စဒမ်ဟူစိန်နှင့် သူ့ကိုစောင့်ကြပ်နေသော အမေရိကန်တို့၏ သမိုင်းကဖော်မပြသောအရာ ” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ အထက်ပါ စာရေးဆရာက အခုလို ဆက်လက်ရေးသားပါတယ်။

“ အမေရိကန်စစ်သားအစောင့်တွေကြားမှာ ရှိနေချိန် စဒမ်ဟူစိန် ထပ်ပြန်တလဲလဲ ပြောခဲ့တဲ့စကားကို ပြန်ပြောင်း သတိရနေမိပါတယ်။ အဲဒီစကားကတော့ ငါပြန်လာဖို့ မင်းတို့တွေ ဆုတောင်းကြလိမ့်မယ်တဲ့။ ”

အီရတ်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ စစ်နွံထဲနစ်နေတာကို ကြည့်ရင်ပဲ စဒမ်ဟူစိန်ဟာ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်သွားသလားတောင် အောက်မေ့မိပါတော့တယ်။
MMO-001/17 © အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة
[/content][/3column]


ဂျာမဏီနိုင်ငံဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေ့လာသုတေသနပြုချက်တစ်ခုက မြေးထိန်းလေ့ရှိတဲ့ အဖိုးအဖွားတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လေ့ရှိတဲ့ အဖိုးအဖွားတွေဟာ အခြားအဖိုးအို၊ အဖွားအိုတွေထက် အသက်ပိုရှည်ကြတယ်လို့ ဆိုပါတယ်။

လူသားတိုးတက်ဖွံ့ဖြိုးမှုနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ သုတေသီတွေက ရေးသားကြပါတယ်။

“ မြေးတွေကို ထိန်းဖို့ အချိန်တွေအားလုံး သုံးစွဲခြင်းဟာ အဖိုးအဖွားတွေအတွက် ထိခိုက်နစ်နာမှု ရှိတယ်လို့ ဆိုပေမယ့် မကြာမကြာ မြေးထိန်းခြင်းဟာ သူတို့အတွက် အကျိုးရှိပါတယ်။ ”

ဒီသုတေသနအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ စိုနီယာ က အခုလို ပြောပါတယ်။

“ မြေးတွေနဲ့ လုံးဝ အဆက်အသွယ် မရှိခြင်းဟာ အဖိုးအဖွားတွေရဲ့ ကျန်းမားရေးကို ထိခိုက်စေပါတယ်။ ”

သူမက ဆက်လက်ပြောပါတယ်။

“ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ လုပ်ငန်းဟာ လူသားမျိုးနွယ် အဓွန့်ရှည်တည်တံ့ဖို့ အလွန်အရေးကြီးတဲ့ လုပ်ငန်းကိစ္စတစ်ခုပါ။ ”

သုတေသီတွေဟာ အသက်(၇၀) ကျော် အရွယ်ရှိသူ အယောက် (၅၀၀) ကျော်ရဲ့ ထွက်ဆိုချက်တွေကို စစ်တမ်းကောက်ယူပြီးမှ ဒီရလဒ်ကို ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ အထက်ဖော်ပြပါ သုတေသနပြုလုပ်ငန်းမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ စပိန်နိုင်ငံ ဘာစီလိုနာမြို့က Uniesitat Pompeu Fabra တက္ကသိုလ်မှ လက်ထောက်ဆရာ ဖြစ်သူ Briersitat Arbeno က အခုလို ဆိုပါတယ်။

“ သူတစ်ပါးကို အကူအညီပေးတဲ့သူတွေဟာ ဘဝရှင်သန်ခြင်းရဲ့ ရည်ရွယ်ချက်ကို ရရှိပိုင်ဆိုင်သွားကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ငါတို့တွေဟာ လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုနေသူတွေပဲဆိုတဲ့ ခံစားချက် သူတို့ထဲမှာ ဝင်ရောက်သွားတဲ့ အတွက်ပါ။ သူတစ်ပါး အကျိုးပြုလုပ်ငန်းလုပ်သူတွေထဲမှာ ကိုယ်ခန္ဓာနဲ့ ဦးနှောက်အသိဉာဏ်တို့ဟာ လန်းဆန်းတက်ကြွမှုတွေ ပေါ်ပေါက်လာစေပါတယ်။ ”

HMM-001/17 © အလင်းမျက်ဝန်း | ကိုးကား » سكاي نيوز عربية


အသက် (၁၅) နှစ်သာရှိသေးတဲ့ ပါလက်စတိုင်းသမီးငယ်ဟာ အကျဉ်းကျခံနေရတဲ့ ကလေးငယ်များလွတ်မြောက်ရေး တော်လှန်မှုအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ကစပြီး အမေရိကန်နိုင်ငံတစ်ဝှန်း လှည့်လည်ဟောပြောဖို့ စီစဉ်ထားပြီးသား ဖြစ်ပါတယ်။

ဒါမေမဲ့ ဟောပြောပွဲစီစဉ်တဲ့ အဖွဲ့အစည်း Friends of Sabeel North America (FOSNA) ထံကို Ahed Tamimi ရဲ့ဗီဇာကို ငြင်းပယ်လိုက်တယ်ဆိုပြီး အကြောင်းကြားခဲ့ပါတယ်။

Ahed Tamimi က အသက် (၁၁) နှစ်အရွယ်ကတည်းက အစ္စရေးစစ်တပ်ရဲ့ ပါလက်စ်တိုင်း ကလေးငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေကို ပြင်းပြင်းထန်ထန် မကြောက်မရွံ့ ဆန့်ကျင်ခဲ့သူပါ။

အစ္စရေးစစ်သားတွေကို လက်နက်မပါဘဲ လက်ညှိုးငေါ့ငေါ့ထိုးပြီး ပြန်ရန်တွေ့နေတဲ့ သူမရဲ့ဗီဒီယိုဟာလည်း ကမ္ဘာတစ်ဝှန်းမှ ကြည့်ရှုသူ သန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။

သူမဟာ လက်နက်နဲ့ အနိုင်ကျင့်တဲ့ အစ္စရေးစစ်သားတွေကိုလည်း ကလေးပီပီ ဖမ်းကိုက်တတ်ပါသေးတယ်။

အမေရိကန်အစိုးရကတော့ အစ္စရေးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုကို လျစ်လျူရှုထားပြီး အစ္စရေးတွေရဲ့ အဓမ္မလုပ်ရပ်တွေကို ပြန်လည်ခုခံ တုံ့ပြန်တဲ့လူတွေကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားပုံပေါ်ပါတယ်။

မိမိတို့အထူးမဟာမိတ် (အစ္စရေးနိုင်ငံ) စစ်သားတွေရဲ့ ရက်စက်မှုတွေကို အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်က အမေရိကန်နိုင်ငံရဲ့မြို့တွေမှာ လှည့်လည်ဟောပြောမှာကိုလည်း သူတို့နှစ်ခြိုက်ကြမှာ မဟုတ်ပါဘူး။

Ahed Tamimi ဟာ အဆိုပါ ဟောပြောပွဲတွေကို တက်ရောက်ဟောပြောနိုင်မှာ မဟုတ်ပေမယ့် ပွဲကိုမရရအောင် စီစဉ်သွားမှာပါလို့ FOSNA အဖွဲ့ကတော့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ပွဲတက်ရောက်သူတွေကို Internet နဲ့ ချိတ်ဆက်ပြီး ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ကာ သူမကမိန့်ခွန်း ပြောကြားသွားမှာ ဖြစ်ပါတယ်။

နူးရ်ခါန်း @ အလင်းမျက်ဝန်း (© Inews-0009/17) | ကိုးကား » richardedmondson.net

FOSNA အဖွဲ့မှ Ahed Tamimi လာရောက်ဟောပြောမည့်ပွဲအတွက် ထုတ်ပြန်ထားသည့် ကြော်ငြာပိုစတာ


အိုမန်ဘုရင့်နိုင်ငံ ရဲတပ်ဖွဲ့က ရှိုင်ခဟ်ဂျမ်ဘစွီယဟ်ကို ရဲဌာနရဲ့ ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

သူမဟာ ဒီရာထူးကို တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ပထမဦးဆုံးသော အိုမန်နိုင်ငံသူ ရဲမေတစ်ဦးပဲ ဖြစ်ပါတယ်။

အိုမန်နိုင်ငံရဲ့ မြို့တော်မှာ ရဲဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ရှိုင်ခဟ်ဂျမ်ဘစွီယဟ်က သူမအနေနဲ့ ဒီလိုရာထူးကို ပိုင်ဆိုင်ရတဲ့ပထမဦးဆုံး အိုမန်နိုင်ငံသူ ဖြစ်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်လို့ ပြောကြားသွားကြောင်း ယူအေအီးနိုင်ငံထုတ် ဂလမ်သတင်းစာက ဖော်ပြသွားပါတယ်။

“ ဒီရာထူးခန့်အပ်မှုဟာ ကျမနဲ့ ကျမလို အိုမန်နိုင်ငံသူ ရဲမေတွေဟာ နိုင်ငံတော်အတွက် အကောင်းဆုံးတွေပေးဆပ်ဖို့ အားဆေးတစ်ခွက် ဖြစ်စေပါတယ် ” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

“ ကျမအနေနဲ့ ကျမရဲ့ တာဝန်နဲ့ မိသားစုဘဝနှစ်ခုလုံးကို ဟန်ချက်ညီညီ ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားသွားမယ်ဆိုပြီး သန္နိဋ္ဌာန်ချထားပါတယ် ” လို့လည်း သူမက ပြောကြားလိုက်ပါတယ်။

“ ကျမအတွက် ဒီတာဝန်ကြီးကို လွယ်ကူစေတဲ့ အဓိက အကြောင်းရင်းကတော့ နားလည်မှုအပြည့်ရှိတဲ့ ကျမရဲ့အမျိုးသားနဲ့ ကျမရဲ့မိသားစုတို့ ရှိနေလို့ပါပဲ။ သူတို့အားလုံးဟာ ကျမရဲ့ အလုပ်သဘောကို အမြဲငဲ့ညှာ နားလည်ပေးခဲ့ကြတဲ့အတွက် အခက်အခဲပေါင်းများစွာကို ကျမ အလွယ်တကူ ကျော်လွှားနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရႈိင္ခဟ္ဂ်မ္ဘစြီယဟ္ဟာ...
  • (၁၉၉၀) ခုနှစ်မှာ အိုမန်ဘုရင့်နိုင်ငံတော် ရဲတပ်ဖွဲ့ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။
  • အဲဒီနောက် ရာထူးတက်ပြီး လုံခြုံရေးနဲ့ စုံစမ်းစစ်ဆေးရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
  • (၁၉၉၆) ခုနှစ်မှာတော့ အမျိုးသမီးရဲတပ်ဖွဲ့မှာ တပ်ကြပ်ကြီးရာထူးအမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။
  • အဲဒီနောက် အုပ်ချုပ်ရေးနဲ့ မှုခင်းများဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Inews-0008/17 © အလင်းမျက်ဝန်း | ကိုးကား » سكاي نيوز عربية


သူရိယနေမင်းအပေါ် လေ့လာသုတေသနလုပ်နေတဲ့ အမေရိကန်အာကာသဌာန နာဆာနဲ့ ဆိုလာဒိုင်းနမစ်စောင့်ကြည့်ရေးအဖွဲ့ရှိ ကျွမ်းကျင်ပညာရှင်များက အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့စံတော်ချိန်အတွင်း ရွေ့လျားမှုကို တစ်စက္ကန့်ထပ်တိုးသွားမှာ ဖြစ်ပါတယ်။

အခုလို တစ်စက္ကန့်ထပ်တိုးရတဲ့ ရည်ရွယ်ချက်ကတော့ အချိန်နဲ့အတူ ကမ္ဘာမြေရဲ့လည်ပတ်လှုပ်ရှားမှုဟာ နှေးကွေးနေတာကြောင့် လိုက်ဖက်ညီသွားအောင် ချိန်ညှိခြင်းပဲ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်အရ မြေပထဝီပေါ်မှာ ဒိုင်နိုဆောတွေ မင်းမူကျက်စားနေချိန်တုန်းက တစ်ရက်မှာ (၂၃) နာရီသာ ရှိခဲ့ပါတယ်။

အာကာသ ဂြိုလ်တုတွေရဲ့ တည်နေရာစက်ဝန်းမှာလည်ပတ်မှုနဲ့ ကမ္ဘာမြေပထဝီလည်ပတ်မှုတို့ဟာ ထပ်တူညီတဲ့ရလဒ် ပေါ်ပေါက်လာစေဖို့အတွက် တစ်စက္ကန့်ရဲ့ တစ်ရာပုံအတိုင်းအတာထိ မှန်ကန်တည့်မတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

နေကို စောင့်ကြည့်နေတဲ့ ဆိုလာဒိုင်းနမစ်စောင့်ကြည့်ရေးအဖွဲ့က တစ်စက္ကန့်တိုင်းမှာ (၃) ကီလိုမီတာအကွာအဝေးကို ဖြတ်ကျော်နေတယ်လို့ ဆိုပါတယ်။

သုတေသနပြုခြင်းဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် အရေးကြီးဆုံးကတော့ နေရဲ့လည်ပတ်သွားနှုန်းမှာ ပေါင်းစည်းမှု ထပ်တူပြုနိုင်ဖို့အတွက် ရွှေ့လျားခြင်းကို တစ်စက္ကန့် ထပ်တိုးသွားရမှာ ဖြစ်ပါတယ်။

Inews-0007/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat