01/04/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


အမြွှာညီနောင်လေးနှစ်ဦးထဲက ကလေးငယ်တစ်ဦးဟာ မိမိညီအစ်ကိုဖြစ်သူ သူ့မျက်စိရှေ့မှာတင် အသက်ဘေးနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ အသက်ဘေးကနေ ကယ်တင်ဖို့ ကြိုးစားခဲ့တာဟာ ပြောင်မြောက်လှတဲ့ သတ္တိကို ပိုင်ဆိုင်သူကလေးငယ်အဖြစ် စံနမူနာတစ်ရပ် ဖြစ်စေခဲ့ပါတယ်။

အဆိုပါ လုံခြုံရေးကင်မရာမှတ်တမ်း ဗီဒီယိုဟာ You Tube အပါအဝင် လူမှုကွန်ယက်များပေါ်မှာ ပျံ့နှံ့ခဲ့တာကြောင့် မီဒီယာများကလည်း ဒါကို ထပ်ဆင့် ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ အမြွှာညီနောင် ကလေးငယ်နှစ်ဦးဟာ သူတို့ရဲ့ အခန်းတွင်းမှာ ဆော့ကစားနေစဉ် ဗီရိုပြုတ်ကျတာကြောင့် ကလေးငယ်တစ်ဦးကို ဗီရို ပိမိနေပါတယ်။

ဒါပေမဲ့လည်း ဖြစ်ပွားခဲ့တဲ့ ဗီဒီယိုအရ ဗီရိုအောက်ပိသွားတဲ့ ကလေးငယ်ဟာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ခု မရခဲ့ပါဘူး။ ဗီရိုအောက်မှာ ပိနေခဲ့တာကြောင့် သူဟာ ငိုကြွေးရုံးကန်နေပုံရပါတယ်။

ကျန်အမြွှာကလေးငယ်ကတော့ အစပိုင်းမှာ ဒါကို အံအားသင့်ထိတ်လန့်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခဲ့ပေမယ့် မြန်မြန်ဆန်ဆန်ပဲ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ဗီရိုအောက်မှာ ပိနေတဲ့ သူ့ညီလေးကို ကယ်ထုတ်ဖို့ နည်းလမ်းရှာဖွေပါတော့တယ်။

သူ့ရဲ့ဖွားဖက်တော် ညီအစ်ကိုလေး ဗီရိုအောက်ကနေ လွတ်မြောက်စေဖို့ အစောပိုင်းမှာ သူ့ရဲ့ အင်အားနဲ့ လူကြီးတစ်ယောက်လို မ ကြည့်ပြီး မရတာကြောင့် သူ့ရဲ့သေးငယ်တဲ့ လက်ကလေးနှစ်ဖက်နဲ့ အစွမ်းကုန် အင်အားသုံး တွန်းဖယ်ရင်း နောက်ဆုံးမှာတော့ သူ့ညီအစ်ကိုဖြစ်သူဟာ ဘယ်လိုထိခိုက်မှုမျိုးမှမရှိဘဲ ဘေးမသီရန်မခ ဗီရိုအောက်ကနေ ထွက်နိုင်ခဲ့ပါတယ်။

ဒီအကြောင်းကို ဗြိတိသျှအခြေစိုက် The Sun သတင်းစာက အင်္ဂါနေ့မှာ ဖော်ပြသွားပါတယ်။

Inews-0013/17 © အလင်းမျက်ဝန်း
ကိုးကား » سكاي نيوز عربية | ဗွီဒီယို » You Tube

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://www.youtube.com/embed/s0S6KeHOzKU
[/info]


ဆော်ဒီအစိုးရဟာ ဆူပူအုံကြွမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ ဆွဲချက်နဲ့ နိုင်ငံခြားသားအလုပ်သမား (၅၀) လောက်ကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ အသီးသီး အပြစ်ပေး အရေးယူလိုက်ပါတယ်။

အရဗ်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မက္ကဟ်မြို့တော်ရဲများဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ မှာ ဗင်လာဒင်ဂရုဗ်ဘက်က လစာများ မပေးချေတဲ့အပေါ် ဆန့်ကျင်အုံကြွမှု၊ ဒေသတွင်းဆူပူမှု၊ ဖျက်ဆီးမှုနဲ့ ပိုင်ဆိုင်မှုတွေကို နစ်နာဆုံးရှုံးအောင် ဖျက်လိုဖျက်ဆီးလုပ်မှုစတဲ့ ဆွဲချက်တွေနဲ့ ဖမ်းဆီးလိုက်တဲ့ နိုင်ငံခြားသားအလုပ်သမား (၄၉) ဦးကို တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အစိုးရအနေနဲ့ ဆူပူအုံကြွအောင် လုပ်ဆောင်ရာမှာ ဦးဆောင်တဲ့ အလုပ်သမားတချို့ကို ထောင်ဒဏ်လေးလနဲ့ ကြိမ်ဒဏ် အချက်သုံးရာစီ အသီးသီး အပြစ်ပေးအရေးယူဖို့ သတ်မှတ်ခဲ့ပါတယ်။ ကျန်တဲ့အလုပ်သမားတွေကိုတော့ ရမန်ကြီး (၄၅) ရက်အထိ အချုပ်ကျခံရမယ့် ပြစ်ဒဏ်များကို အသီးသီး ချမှတ် အရေးယူခဲ့ပါတယ်။

အပြစ်ဒဏ်ခံရတဲ့ အလုပ်သမားတွေဟာ မည်သူမည်ဝါတွေဆိုတာကိုတော့ ဒေသတွင်းမီဒီယာတွေက အမည်စာရင်း ထုတ်ပြန်ကြေညာပေးခြင်း မရှိပါဘူး။

Inews-0012/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

အလ်အက္ကစွာကျောင်းတော် ရှေ့ဆောင်ဆရာကြီးထံ နှစ်နှစ်အတွင်း အနောက်တိုင်းသား (၉၇) ဦး အစ္စလာမ်လက်ခံခဲ့


နိုင်ငံပေါင်း (၁၇) နိုင်ငံမှ လူပေါင်း (၉၇) ဦးဟာ သူတို့ရဲ့ကိုယ်ပိုင်သဘောဆန္ဒနဲ့ လိုလိုလားလား အစ္စလာမ်လက်ခံကြောင်း ကြေညာခဲ့ပြီး အလ်အက္ကစွာကျောင်းတော်ရဲ့ ရှေ့ဆောင်ဆရာကြီး ရှိုက်ခ်အိက်ရိမဟ်စွဗ်ရီထံမှ ကလိမာဟ်ရှဟာဒသ် (သက်သေခံသောစကားရပ်) ကို ရွတ်ဆိုခဲ့ကြပါတယ်။

မတ်စ်ဂျိဒ်အက္ကစွာဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်ဆရာကြီး ရှိုက်ခ်အိက်ရိမဟ်စွဗ်ရီက နှစ်နှစ်တာကာလအတွင်း သူ့ထံမှာ လူပေါင်း (၉၇) ဦး အစ္စလာမ်ကို လာရောက် လက်ခံခဲ့ကြတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အနောက်နိုင်ငံပေါင်း (၁၇) နိုင်ငံက မွတ်စ်လင်မ်အသစ်တွေဟာ သူတို့ရဲ့ သဘောဆန္ဒနဲ့ လိုလိုလားလား အစ္စလာမ်ကို လက်ခံခဲ့ကြတာဖြစ်ပြီး ကလိမာဟ်ရှဟာဒသ် (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်တဲ့ အရှင်မရှိကြောင်းနဲ့ မုဟမ္မဒ်ကိုယ်တော်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ တမန်တော်ဖြစ်ကြောင်း ကျွန်ပ်သက်သေခံပါတယ်) ကို ရွတ်ဆိုခဲ့ကြတယ်လို့ ရှိုခ်က ထုတ်ပြန်စာတစ်စောင်မှာ ရေးသားဖော်ပြထားပါတယ်။

ရှိုခ်က အခုလို ရှင်းပြခဲ့ပါတယ်။

“ အစ္စလာမ်လက်ခံသူတွေဟာ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဖင်လန် အစရှိတဲ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ”

ဂျေရုစလင်မြို့ရှိ သာသနာ့ပညာရှင်များနှင့် သာသနာပြုပုဂ္ဂိုလ်များအဖွဲ့၏ အကြီးကဲရာထူးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရှိုခ်အိက်ရိမာဟ်စွဗ်ရီက “ အစ္စလာမ်သာသနာဟာ တရားမျှတပြီး သဘောထားကြီးတဲ့ သာသနာပါ။ လွန်လေပြီးတဲ့ မိုးကောင်းကင်ကျ သာသနာတွေအားလုံးရဲ့ အနှစ်ချုပ်သာသနာတော်လည်း ဖြစ်ပါတယ်။ မွတ်စ်လင်မ်မှန်ရင် ပွင့်ပေါ်ခဲ့သမျှသော တမန်တော်တွေ အားလုံးကို ချွင်းချက်မရှိ ယုံကြည်ရပါတယ် ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

“ အစ္စလာမ့်အေးရိပ်ဆာယာအောက် အခုလို ခိုလှုံလာကြသူတွေဟာ သူတို့ရဲ့ သဘောဆန္ဒနဲ့ သူတို့ရွေးချယ်ပြီး ဝင်ရောက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ်းတော်မြတ်ကုရ်အာန် (၂း၂၅၆) မှာ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်သာသနာအတွင်းသို့ ဝင်ရောက်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မ အနိုင့်အထက်အလျှင်းမပြုရလို့ အတိအလင်း မိန့်ကြားထားတဲ့အတွက်ပါ ” လို့ ရှိုခ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

သာသနာ့ပညာရှင်များနှင့် သာသနာပြုပုဂ္ဂိုလ်များအဖွဲ့၏ အထွေထွေရုံးချုပ်ဟာ အစ္စလာမ်သာသနာထဲ ဝင်ရောက်လိုသူတွေကို အမြဲကြိုဆိုလျက်ရှိပါတယ်။ ဒီဌာနဟာ ဂျေရုစလင်မြို့ရဲ့ တစ်ခုတည်းသော သာသနာပြုဌာန ဖြစ်ပါတယ်။ နှစ်စဉ် ကျူးကျော်သိမ်းပိုက်ခံနယ်မြေဖြစ်တဲ့ အရှေ့ဂျေရုစလင်မှာ ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက်လေ့ရှိပါတယ်။

Inews-0011/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة

ဆီးရီးယားနိုင်ငံသားတစ်ဦးကို အကြမ်းဖက်တယ်ဆိုပြီး မဟုတ်မမှန်စွပ်စွဲ၍
ချောက်ချခဲ့သော သြစတြီးယားနိုင်ငံသား တန်ဖိုးကြီးကြီးပေးဆပ်လိုက်ရ


ဆီးရီးယားနိုင်ငံသားတစ်ဦးအား အကြမ်းဖက်သမားအဖြစ် လိမ်လည်စွပ်စွဲ၍ ချောက်ချခဲ့တဲ့ သြစတြီးယားနိုင်ငံသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သြစတြီးယားရဲတပ်ဖွဲ့ဟာ အသက်(၂၉)နှစ်အရွယ်ရှိတဲ့ ဆီးရီးယားနိုင်ငံသားကို ဖမ်းဆီးဖို့အတွက် အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အကူအညီကိုရယူခဲ့ပြီး နိုင်ငံ့အနောက်ဖက် Innsbrook မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆီးရီးယားနိုင်ငံသားကို ဖမ်းဆီးခဲ့ရတဲ့ အကြောင်းအရင်းကတော့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတုန်းက အသက် (၆၀) အရွယ် သြစတြီးယားနိုင်ငံသားတစ်ဦးက နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့တဲ့ သတင်းပေးတိုင်စာ အီးမေးလ်တစ်စောင်ကြောင့် ဖြစ်ပါတယ်။

၎င်းအီးမေးလ်ထဲမှာ အဆိုပါ ဆီးရီးယားနိုင်ငံသားဟာ အိုင်အက်စ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြို့တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေပါတယ်လို့ သတင်းပေး တိုင်ကြားခဲ့ပါတယ်။

ဒါပေမဲ့ အထက်ပါ ဆီးရီးယားနိုင်ငံသားကို (၂၄) နာရီကြာ ထိန်းသိမ်းစစ်ဆေးပြီးနောက်မှာ အပြစ်မရှိတဲ့အတွက် ရဲက ပြန်လွှတ်ပေးခဲ့ပါတယ်။ တိုင်ကြားခဲ့တဲ့ သြစတြီးယားနိုင်ငံသားကလည်း ဒီသတင်းဟာ သူ့ဖာသာလုပ်ကြံ တိုင်ကြားခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

ဒီဇင်ဘာလအကုန်မှာတော့ သြစတြီးယားနိုင်ငံသားဟာ သူနေထိုင်လျက်ရှိတဲ့ ရိုမေနီးယားနိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။ မဟုတ်မမှန် လိမ်လည်တိုင်ကြားခဲ့တဲ့အတွက် ထောင် (၅) နှစ် ကျဖွယ်ရှိနေပါတယ်။

Inews-0010/17 © အလင်းမျက်ဝန်း | ကိုးကား » سكاي نيوز عربية

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat