01/10/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


သုတေသီများ စူးစမ်းရှာဖွေ ဖော်ထုတ်လိုက်တာက အနီရောင် ငရုပ်သီးတွေမှာ တွေ့ရှိနိုင်တဲ့ ဓာတ်သဘာဝတစ်မျိုးဟာ ရင်သားကင်ဆာမဖြစ်ဖို့ တားဆီးတဲ့နေရာမှာ အလွန်မှပဲ အထောက်အကူ ဖြစ်စေပါတယ်။

ရင်သားကင်ဆာအမျိုးမျိုးရှိတဲ့အထဲမှာ Triple Negative လို့ခေါ်တဲ့ ရင်သားကင်ဆာတစ်မျိုးလည်း ပါဝင်ပါတယ်။ ဒီကင်ဆာအမျိုးအစားဟာ တော်တော်ကို ခက်ခက်ခဲခဲ ကုသရပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့ဒေသအသီးသီးမှာရှိတဲ့ အမျိုးသမီးတွေကို အိပ်မက်ဆိုးတစ်ခုသဖွယ် ခြောက်လှန့်နေပါတယ်။

ဒါပေမဲ့လည်း ကျွမ်းကျင်ပညာရှင်ကြီးတွေရဲ့ ပြောပြချက်အရ အနီရောင် ငရုပ်သီးတွေမှာ ရှိနေတဲ့ ဓာတ်သဘာဝတစ်မျိုးဟာ အဲဒီကင်ဆာအမျိုးအစားကိုပါ တိုက်ဖျက်ပေးနိုင်စွမ်းရှိနေတယ်လို့ သိရပါတယ်။

မျိုးရိုးဗီဇသုတေသနပြုချက်များအရ ရင်သားကင်ဆာရဲ့ ရောဂါအမျိုးအစားအများကြီးကို ဒီဓာတ်သဘာဝက ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

HMM-001/17 © အလင်းမျက်ဝန်း | ကိုးကား » Express News

[3column][content]
ရှေးဟောင်းဒသနတစ်ခု ရှိပါတယ်။ စိတ်ချမ်းသာပျော်ရွှင်မှုကို ဥစ္စာနဲ့မဝယ်နိုင်ဘူး။ ဒါကို ခေတ်သစ်သုတေသနက ထောက်ခံလိုက်ပါပြီ။ ဘဝမှာ လက်တွဲဖော်ရှိခြင်းဟာ ဥစ္စာရှာဖွေစုဆောင်းတာထက် စိတ်ချမ်းသာပီတိကို ပေးစွမ်းနိုင်တယ်တဲ့။

အချစ်ကို ဖန်တီးခြင်းနဲ့ စိတ်ချမ်းသာအောင်နေခြင်းဟာ သာယာကြည်နူးဖွယ်ရာဘဝကို ဖွင့်ပေးနိုင်တဲ့ အကြီးဆုံး သော့ ဖြစ်တယ်လို့ လန်ဒန်ဘောဂဗေဒတက္ကသိုလ် သုတေသနအဖွဲ့က ရည်ညွန်းထားပါတယ်။

လေ့လာစမ်းစစ်ချက်အရ ဖော်ပြပါအချက်နှစ်ချက်က ဝင်ငွေ၊ လခ ကောင်းတဲ့ လုပ်ငန်းထက် လူသားကို ပျော်ရွှင်ကြည်နူးမှု ပိုပေးစွမ်းနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ဒီသုတေသနဟာ တစ်ကမ္ဘာလုံးကို ခြုံငုံပြီး ရှာဖွေစမ်းစစ်ခြင်းဖြစ်တဲ့အတွက် ကမ္ဘာ့နေရာအသီးသီးမှ လူအယောက်နှစ်ရာကို ခေါ်ယူ သုတေသနပြုခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးမျိုးသော အလုပ်တွေဟာ သာယာကြည်နူးမှုကို ဘယ်လိုပေးနိုင်သလဲဆိုတာကို စမ်းသပ်ရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးမှာ သုတေသနမှတ်တမ်းအရ သိရတာက (၀) မှ (၁၀) ယောက်အတွင်း လူတွေဟာ ဝင်ငွေများစွာ ရရှိခြင်းက သူတို့ကို ၂ ရာခိုင်နှုန်းထက် ပိုပြီးစိတ်ချမ်းသာမှု မပေးနိုင်ခဲ့ဘူး ဆိုတာပါပဲ။
[/content][content]
သို့ပေမဲ့လည်း လူတိုင်းဟာ ဝင်ငွေများစွာ ရရှိဖို့ကိုပဲ အာရုံထားအလေးပေးနေကြပါတယ်။ ဝင်ငွေများစွာ ရှိခြင်းက လူတို့ကို ဘက်စုံ စိတ်ချမ်းသာမှု မပေးစွမ်းနိုင်လောက်အောင် ထိရောက်မှုက အလွန်အားနည်းပါတယ်လို့ သုတေသနက မှတ်တမ်းတင်ပါတယ်။

နောက်တစ်ဖက်မှာ သိရတာက အလုပ်လက်မဲ့ဖြစ်ခြင်းဟာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူရဲ့ပျော်ရွှင်မှုကို ပျမ်းမျှအားဖြင့် (၇) ရာခိုင်နှုန်းလောက် လျော့ကျစေတယ်။ အဲဒီလို အလုပ်လက်မဲ့ဖြစ်ခြင်းက အလုပ်လုပ်နေတဲ့လူတွေကြားမှာလည်း ထိတ်လန့်စိုးရိမ်မှုတွေ၊ အနေအထိုင်မဖြောင့်မှုတွေကို ဖန်တီးပေးလိုက်တယ်။  ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဂယက်ရိုက်စေပါတယ်။

သုတေသနက တွေ့တဲ့နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ ဆောက်တည်ရာမရ ဖြစ်မှုတွေ၊ စိတ်ညစ်မှုတွေဟာ အများအားဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်းကနေ ပြန့်ပွားလာပါတယ်တဲ့။ အဲဒါတွေက (၇) ရာခိုင်နှုန်းလောက် သာယာပျော်ရွှင်မှုကို လျော့နည်းစေတယ်။

ဘဝမှာ အဖော်ရှိခြင်းက (၆) ရာခိုင်နှုန်းလောက် သာယာကြည်နူးမှုကို တိုးစေပြီး ခွဲခွာနေရလို့ ဒါမှမဟုတ် သေဆုံးသွားလို့ အဖော်မဲ့နေခြင်းကလည်း ဒီအတိုင်းအတာမျှ သာယာပျော်ရွှင်မှုကို လျော့နည်းစေတယ်လို့လည်း ဆိုထားပါသေးတယ်။
[/content][content]
သုတေသီများက သူတို့အမြင်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။ လူတွေဟာ သူတို့အပေါ် ချစ်ခင်သူတွေကို လိုအပ်ကြပြီး သူတို့နဲ့ မှန်မှန်လေး ပတ်သက်ဆက်နွှယ်ပြီးနေဖို့လည်း လိုအပ်ပါတယ်။ ပျော်ရွှင်သာယာမှုနှင့်စိတ်ချမ်းသာမှုဟာ မိမိရှင်သန်နေထိုင်လျက်ရှိတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။

လွတ်လပ်မှုဟာလည်း  ပျော်ရွှင်သာယာမှုကို ဖန်တီးရာမှာ အဓိက ကျတဲ့နေရာမှ ပါဝင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်သာယာတဲ့ ဘဝကို လိုလားမြတ်နိုးသူတွေဟာ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်တဲ့ နိုင်ငံကို မထောက်ခံ ကြဘူးလို့လည်း လေ့လာသုတေသနပြုသူတွေက ဆက်လက်ပြောကြားပါတယ်။

သုတေသနပြုချက်ကို အချုပ်တင်ပြရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုနဲ့၊ စိတ်ဆင်းရဲမှုကို ပုံဖော်တဲ့ အရေးပါဆုံးသော အရာတွေကတော့ လူမှုဆက်ဆံရေး၊ ခန္ဓာရဲ့ကျန်းမာရေး၊ စိတ်၏ချမ်းသာမှုတို့ ပဲဖြစ်ပါတယ်။ ဒါတွေဟာ သာယာတဲ့ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ အခြေခံအသစ်တစ်ခု ဖြစ်ပါတယ်။ ပိုက်ဆံကြွယ်ဝတဲ့ ပတ်ဝန်းကျင်တည်ဆောက်ဖို့ဟာ အခြေခံမဟုတ်ပါဘူး။

ဒေသတွင်းအကြမ်းဖက်မှုတွေ၊ ပရိပက္ခတွေ၊ မူးယစ်ဆေးစွဲမှုတွေ၊ စိတ်သောကနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်မှုတွေ၊ လူငယ်တွေရဲ့အထီးကျန်မှုတွေ စတဲ့ ပြသနာတွေဟာ အဓိက ဂရုစိုက်ပြီး ဖြေရှင်းရမဲ့ပြသနာတွေပဲ ဖြစ်ပါတယ်။

MMO-002/17 © အလင်းမျက်ဝန်း
[/content][/3column]


တို့အားလုံးရဲ့ဘဝတွေဟာ အချင်းချင်း လက်တွဲမှုအပေါ် အခြေခံပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီမှု၊ လက်တွဲကြိုးစားမှု၊ အချင်းချင်း ချစ်ခင်လေးစားမှုတို့နဲ့ပဲ တိုးတက် ဖွံ့ဖြိုးတယ်ဆိုတာကို တို့တစ်တွေ မေ့နေကြတယ်။ တခြားသူတစ်ဦးဦးရဲ့ ကူညီရိုင်းပင်မှု မပါရင် ဘယ်အလုပ်မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

အက်ႌေလးတစ္ထည္လုိပါပဲ။ အင်္ကျီတစ်ထည် ဖြစ်မြောက်ဖို့အတွက် လက်တွေအများကြီး အလုပ်လုပ်ရပါတယ်။ ဈေးထဲကပစ္စည်းတစ်ခုကို အဆင်သင့် ဝယ်ယူခဲ့ပေမဲ့ အဲဒီပစ္စည်း ဖြစ်မြောက်ဖို့ လက်ပေါင်းများစွာ အလုပ်လုပ်ထားရပါတယ်။

ဒီအတိုင်းပါပဲ လူတစ်ဦးရဲ့ လုပ်ငန်းဆောင်တာတွေဟာလည်း တခြားသူတစ်ဦးဦးရဲ့ ရိုင်းပင်းကူညီမှုမပါဘဲ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီသူဟာ ဘယ်လိုသာသနာဝင် ဘယ်လိုမျိုးနွယ်ဝင်မျိုး ဖြစ်နေပါစေ တခြားသူရဲ့အကူအညီကို လိုအပ်ပါတယ်။ ဒါတောင် တို့တွေဟာ ကိုယ့်ကိုယ်ကိုယ်သာ အရာရာလို့ ထင်မှတ်နေကြတုန်းပါပဲ။ လူတစ်ဦးဟာ အခြားသူတစ်ဦးကို လိုအပ်တာ အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားတဲ့ နိယာမတရား တစ်ခုပါ။

အထက်ပါစကားတွေကို အိန္ဒိယနိုင်ငံလုံးဆိုင်ရာ Muslim Personal Law Board အဖွဲ့ကြီးရဲ့ ဥက္ကဌဖြစ်တဲ့ မောင်ဝ်လာနာ ရာဗိအ်ဟစနီနဒဝီ က ဗင်ဂလိုမြို့မှာ ကျင်းပတဲ့ လူသားအားလုံးချစ်ကြည်ရေး အခမ်းအနားတစ်ခုမှာ မိန့်ကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားမှာ ဘာသာပေါင်းစုံက သာသနာ့အကြီးအကဲတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မောင်ဝ်လာနာရာဗိအ်က အခုလို ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဘယ်လုပ်ငန်းစဉ်မှ အောင်မြင်မှာ မဟုတ်ပါဘူး။ တို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်တဲ့၊ ခလောက်ဆန်တဲ့ အမုန်းစကားတွေ ပြောဆိုဖြစ်ကြတယ်။ တကယ်တော့ ဒါတွေဟာ နိုင်ငံရေး ကစားကွက်တွေပါ။ အခုချိန်ကာလမှာ လူသားချင်းစာနာမှုဆိုတာဟာ အလွန်မှ အရေးတကြီး လိုအပ်နေပါပြီ။ အချင်းချင်းကြားက ကွာဟမှုတွေ၊ အမုန်းတရားတွေ၊ အာဃာတတရားတွေကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ တကယ်လို့ တို့တွေဟာ အချင်းချင်း တိုက်ခိုက်နေမယ်။ အချင်းချင်း ဒုက္ခရောက်အောင်လုပ်ဖို့ ကြိုးစားနေမယ်ဆိုရင် အားလုံးထိခိုက်နစ်နာကြရမှာ အမှန်ပါပဲ။ တကယ်လို့ အားလုံး စုပေါင်းပြီး ပန်းကုံးတစ်ကုံးသဖွယ် ဖြစ်ကြည့်လိုက်။ တစ်နိုင်ငံလုံး အဲဒီပန်းကုံးရဲ့မွှေးရနံ့နဲ့ သင်းပျံ့သွားလိမ့်မယ်။ နိုင်ငံတော်ကြီးလည်း တိုးတက်ဖွံ့ဖြိုးသွားလိမ့်မယ်။

တို့ကြည့်သင့်တဲ့အချက်က တစ်ချက်တည်းပါ။ အဲဒါက တို့အားလုံးဟာ လူသားတွေ ဖြစ်ကြတယ်။ လူသားကို အလ္လာဟ်အရှင်မြတ်က ဦးနှောက်အသိဉာဏ် ချီးမြှင့်ထားတယ်။ ဒါကြောင့် တို့အားလုံးဟာ တစ်ယောက်က တစ်ယောက်ရဲ့ သောကတွေကို ကင်းဝေးအောင် လုပ်ပေးရမယ်။ တစ်ယောက်ရဲ့ဒုက္ခကို နောက်တစ်ယောက်က မျှဝေခံစားရမယ်။

ဒီလူသားပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနားဆိုတာ တကယ်တော့ မောင်ဝ်လာနာ အဗွလ်ဟစန်အလီ နဒဝီ သခင်ကြီး အစပျိုးခဲ့တဲ့ ကြိုးပမ်းမှုတစ်ခါပဲ ဖြစ်ပါတယ်။ မောင်ဝ်လာနာ အဗွလ်ဟစန်ဟာ ဒီကြိုးပမ်းမှုကြီးအတွက် နိုင်ငံနဲ့အဝန်း လှည့်ပတ်သွားလာခဲ့ရတယ်။  ဘာသာပေါင်းစုံက ပညာတတ်အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ပြီး အားလုံးကို လူသားအချင်းချင်း စာနာစိတ်၊ လူသားအချင်းချင်း ချစ်ခင်စိတ် သင်ခန်းစာတွေ ပို့ချပေးခဲ့ပါတယ်။ 

Inews-0030/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


ထိုင်းနိုင်ငံမှာ အာဂတိလိုက်စားမှုထဲ ပါဝင်တဲ့ဝန်ကြီးတွေကို သေဒဏ်အပြစ်ပေးဖို့ ဆုံးဖြတ်ချက်ကို လက်ခံသဘောတူလိုက်ပါတယ်။

အစိုးရဝန်ကြီးများရဲ့ ပြောပြချက်အရ ဥပဒေမူကြမ်းဟာ စစ်တပ်ဘက်မှ ဖွဲ့စည်းထားတဲ့ ကော်မတီဘက်ကနေ လက်ခံသဘောတူခဲ့ခြင်း ဖြစ်ပါတယ်။

ကော်မတီမှာရှိတဲ့ တာဝန်ရှိသူတွေ ပြောပြတာက အဆိုပါ ဥပဒေမူကြမ်းကို မချပြခင် အရင်ဆုံး ဥပဒေရေးဆွဲရေးသမားတွေနဲ့ တိုင်ပင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

Inews-0029/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


အစ္စရေးစစ်သား (၂၅) ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြပြီး အခြား စစ်သား (၄၁)ဦးဟာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတယ်လို့ အစ္စရေးစစ်တပ်ရဲ့ စစ်တမ်းတစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၆မှာ သေတဲ့ အစ္စရေးစစ်သားဦးရေဟာ ပိုများလာနေပါတယ်။

အစ္စရေးအစိုးရပိုင်သတင်းက ဒီကနေ့ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာတော့ တပ်ထဲမှာ သေဆုံးမှုအများဆုံးရဲ့ အဓိကအကြောင်းရင်းဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုလို့ ဆိုထားပြီး စစ်သား(၁၅)ဦးဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ (၂၀၁၄) နဲ့ (၂၀၁၅) ခုနှစ်တို့မှာ အဆုံးစီရင်သွားခဲ့ကြသူ အရေအတွက်ထက် ပိုမို များပြားနေတာ တွေ့ရပါတယ်။

လေ့လာသတိပြုရမည့်အချက်


အစ္စရေးသတင်းမီဒီယာ Haaretz က အခုလို ရေးသားဖော်ပြထားပါတယ်။

၂၀၁၅ အစပိုင်းလောက်က အစ္စရေးစစ်သားတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အမှုများ တိုးပွားလာရခြင်းဟာ တပ်အတွင်းမှာ အဓိက လေ့လာသုတေသနပြုရမယ့်အချက် ဖြစ်ခဲ့ပါတယ်။

သူတို့တွေ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်တပ်ရဲ့ မတရားကျူးကျော်အနိုင်ကျင့်မှုပဲ ဖြစ်ပါတယ်။

ဒီအချက်ကြောင့်ပဲ စစ်သားလေးဦးဟာ အဆုံးစီရင် သွားခဲ့ကြပါတယ်။ အစ္စရေးစစ်တပ်အတွင်း အဆုံးစီရင်မှုကို ပျမ်းမျှအရေအတွက်ဖြင့် ကြည့်ပါက နောက်ဆုံးပိုင်း ဆယ်နှစ်မှာ တစ်နှစ်ကို (၂၂) ဦးလောက်ထိ ရှိလာနေပါတယ်။

အစ္စရေးနိုင်ငံမှာ ဘာသာရေးကျောင်းသားတွေ၊ ဂျူးမဟုတ်သူတွေကလွဲရင် ကျန်တဲ့ အသက်(၁၈) နှစ်ပြည့်ပြီးတဲ့ ဂျူးအမျိုးသား၊ အမျိုးသမီးတိုင်းဟာ စစ်တပ်ထဲ မဝင်မနေရ ဥပဒေထုတ်ပြန်ထားပါတယ်။

Inews-0028/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat