01/16/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


အတည်ပြုပြဌာန်းလိုက်တဲ့ ဥပဒေသစ်အရ တူရ်ကီနိုင်ငံအတွင်းမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေဟာ နိုင်ငံသားဖြစ်ခွင့်ကို အလွယ်တကူနဲ့ ရနိုင်တော့မှာ ဖြစ်ပါတယ်။

တူရ်ကီနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့အတွက် ပြောင်းလဲအတည်ပြုခဲ့တဲ့ ဥပဒေကို ပြီးခဲ့တဲ့အင်္ဂါနေ့က အတည်ပြု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစိုးရက တရားဝင်အတည်ပြုထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းတွေအရ တူရ်ကီနိုင်ငံအတွင်းမှာ အနည်းဆုံး ဒေါ်လာ(၂)သန်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ တူရ်ကီနိုင်ငံအတွင်းမှာ အနည်းဆုံး ဒေါ်လာ (၁)သန်းတန်ဖိုးရှိတဲ့ အိမ်ခြံမြေပိုင်ဆိုင်တဲ့သူတွေဟာ တူရ်ကီနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေကိုတော့ (၃)နှစ်အတွင်းမှာ ပြန်လည်ရောင်းချလွှဲပြောင်းခွင့် မရှိပါဘူး။

စည်းမျဉ်းတွေအရ တူရ်ကီနိုင်ငံရဲ့ မည်သည့်ဘဏ်မှာမဆို ဒေါ်လာ (၃) သန်း အပ်နှံထားပြီး (၃) နှစ်အတွင်း ပြန်လည်မထုတ်ယူသူတွေဟာလည်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ပါတယ်။

အစိုးရနဲ့ ဒေါ်လာ(၃)သန်းအထက် ငွေကြေးစာချုပ် ချုပ်ဆိုထားသူတွေလည်း အဆိုပါစည်းမျဉ်းသစ်နဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။

တူရ်ကီနိုင်ငံသား (၁၀၀) ကို အလုပ်ခန့်အပ်ထားနိုင်တဲ့ နိုင်ငံခြားသားတွေဟာလည်း တူရ်ကီနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိတယ်လို့ အစိုးရရဲ့ ပြန်တမ်းတွေအရ သိရပါတယ်။

နူးရ်ခါန်း @ အလင်းမျက်ဝန်း (© Inews-0047/17) | ကိုးကား » aa.com


ပါလက်စ်တိုင်း-အစ္စရေး နှစ်နိုင်ငံပြဿနာ ဖြေရှင်းဖို့ နှစ်ပေါင်းများစွာကတည်းက နိုင်ငံကတာအသိုင်းအဝိုင်းဟာ ညီညွတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုတော့ အဲဒီကြိုးပမ်းမှုတွေအတွက် အနှောင့်အယှက်တွေ မြင်နေရတယ်လို့ ပြင်သစ်သမ္မတက ဆိုလိုက်ပါတယ်။

ပဲရစ်မြို့မှာ ကျင်းပလျက်ရှိတဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ ပြင်သစ်သမ္မတဖရန်ဆိုအိုလန်းက မိန့်ခွန်းပြောကြားရင်း ကုဒ်စ် (ဗိုင်သွလ်မုက္ကဒ်တ်စ်) မြို့ကို အမေရိကန်သံရုံး ရွှေ့ပြောင်းလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုတွေကို ထိခိုက်စေနိုင်တယ်လို့ ထရမ့်ကို သတိပေးပြောကြား လိုက်ပါတယ်။

အစ္စရေး ပါလတ်စ်တိုင်း နှစ်နိုင်ငံရဲ့ ပြဿနာကို ညှိနှိုင်းဖြေရှင်းခြင်းကသာ ရှေ့တိုးနိုင်မယ့် တစ်ခုတည်းသော လမ်းစဖြစ်တယ်လို့ သူက ဆိုလိုက်ပါတယ်။

အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့ကနေ ဗိုင်သွလ်မုက္ကဒ်တ်စ်မြို့သို့ ရွှေ့ပြောင်းခြင်းဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ထိခိုက်သွားစေလိမ့်မယ်လို့ သူက သတိပေးစကားဆိုလိုက်ပါတယ်။

ဒေါနယ်ထရမ့် ကျမ်းမကျိန်ဆိုမီ ( ၅ ) ရက်အလိုမှာ နိုင်ငံပေါင်း ( ၇၀ ) က ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ ပဲရစ်မြို့မှာ ညီလာခံတစ်ရပ်ကျင်းပခဲ့ကြပြီး ဒီညီလာခံမှာ ပြောကြားမယ့် အချက်အလက်တွေဟာ သမ္မတသစ်ဒေါ်နယ်ထရမ့်အတွက် ပြင်းထန်တဲ့စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆထားကြပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့ကနေ ဗိုင်သွလ်မုက္ကဒ်တ်စ်မြို့သို့ ရွှေ့ပြောင်းမယ်လို့ ယခင်က ပြောဆိုခဲ့ပါတယ်။

Inews-0046/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

မိမိရဲ့လူမှုကွန်ယက်စာမျက်နှာမှာ Alaikum salam လို့ ရေးသားပြီး ပို့စ်အဟောင်းတွေအားလုံး ဖျက်ပစ်လိုက်တဲ့ မင်းသမီး လင်ဆေးလိုဟန်


ဟောလီဝုဒ်နာမည်ကျော်မင်းသမီး လင်ဆေးလိုဟန်ဟာ မိမိရဲ့ Instagram အကောင့်မှာ “အတ်စ္စလာမုအလိုင်ကွမ်း” လို့ ရေးသားထားပြီး သူမရဲ့ကျန်ပို့စ်အဟောင်းတွေအားလုံးကို ဖျက်ပစ်လိုက်ပါတယ်။

လိုဟန်က Instagram အကောင့်ပေါ်ကနေ ဓာတ်ပုံဟောင်းတွေအားလုံးကို ဖယ်ရှားပစ်လိုက်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် သူမဟာ မွတ်စ်လင်မ်တစ်ဦးအဖြစ်နဲ့ ဘဝစာမျက်နှာအသစ်ဖွင့်တာ ဖြစ်နိုင်တယ်လို့ လူတွေက ထင်ကြေးပေးနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းကစပြီး မင်းသမီး လင်ဆေးလိုဟန်ဟာ အစ္စလာမ်သာသနာကို စိတ်ဝင်စားလာခဲ့သူ တစ်ဦးပါ။

၂၀၁၆ ခုနှစ် ဧပြီလလောက်က သူမဟာ အစ္စလာမ်သာသနာကို လေ့လာနေပြီဆိုတဲ့ သတင်းတွေတက်လာခဲ့ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန်ကိုင်ဆောင်ထားတဲ့ သူမရဲ့ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါသေးတယ်။

နောက်ပိုင်းမှာ ဒါနဲ့ပတ်သက်ပြီး သူမကိုယ်တိုင်ကလည်း ဟုတ်မှန်တယ်ဆိုတာကို ထောက်ခံခဲ့ပါတယ်။

လင်ဆေးလိုဟန်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက တူရ်ကီနိုင်ငံမှာ ဆီးရီးယားရွှေ့ပြောင်းသူ တစ်ဦးထံက လက်ဆောင်ရရှိခဲ့တဲ့ ပုဝါကိုခြုံလျက်နဲ့ ဓာတ်ပုံရိုက်ပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။

ဒေလီးမေးလ်သတင်းဌာနရဲ့ အဆိုအရ အသက်သုံးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ဟောလီဝုဒ်ရုပ်ရှင်မင်းသမီး လင်ဆေးလိုဟန်ဟာ အရှေ့အလယ်ပိုင်း၊ မွတ်စ်လင်မ့်ယဉ်ကျေးမှုကို လေ့လာဖို့အတွက် ဒူဘိုင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ပြီးတော့ အဲဒီမှာ ကိုယ်ပိုင် ကုန်ထုတ်စက်ရုံတည်ထောင်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

လင်ဆေးဟာ ၂၀၀၀ ခုနှစ်ကစပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကနေ လွတ်မြောက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။

Inews-0045/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


မက္ကဟ်ရွှေမြို့တော်မှာရှိတဲ့ ကအ်ဗဟ်ကျောင်းတော်ပေါ်ကနေ လေယာဉ်တွေဖြတ်ပြီး မပျံသန်းတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ အခုတော့ ဆော်ဒီနိုင်ငံရဲ့ လေကြောင်းရေးရာဌာနက ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဟစန်ဂါမိဒီက ကအ်ဗဟ်ကျောင်တော်ပေါ်ကနေ လေယာဉ်တွေ မပျံသန်းနိုင်တဲ့ အဓိက အကြောင်းရင်းတွေကို ရှင်းပြလိုက်ပြီး တစ်ချို့မှားယွင်းတဲ့ အယူအဆတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဟစန်ဂါမိဒီဟာ မိမိကိုယ်ကို လေကြောင်းရေးရာကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ကြောင်း ဦးစွာမိတ်ဆက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ချိခဲ့ပြီး ဗီဒီယိုထဲမှာ ၄င်းက ကအ်ဗဟ်ကျောင်းတော်ပေါ်ကနေ လေယာဉ်ပျံတွေ မဖြတ်သန်းကြခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းအရင်းတွေကို ရှင်းပြထားပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်တွေမှာ အတော်လေး ပျဲ့နှံ့ခဲ့ပါတယ်။

ကအ်ဗဟ်ကျောင်းတော်ပေါ်မှာ သံလိုက်စက်ကွင်းရှိနေတဲ့အတွက် ကအ်ဗဟ်ပေါ်ကနေ လေယာဉ်တွေ ပျံဝဲလို့ မရတာဆိုတဲ့ အယူအဆနဲ့ ကျောင်းတော်ပေါ်မှာ လေလှိုင်းကွာဟချက်ရှိနေတဲ့အတွက် လေထုမှာ လေယာဉ်ပျံဝဲလို့ မရတာဆိုတဲ့ အယူအဆတွေကို အခြေအမြစ်မရှိတဲ့ အကြောင်းရင်းတွေလို့ ဆိုပြီး ဟစန်ဂါမိဒီက ပယ်ချခဲ့ပါတယ်။

လေယာဉ်မပျံသန်းနိုင်တဲ့ အဓိက အကြောင်းရင်းကို ဟစန်ဂါမိဒီက အခုလိုရှင်းပြပါတယ်။ အဲဒါက ဘာလဲဆိုတော့ လေယာဉ်ပျံတက်ဖို့အတွက် အရှိန်ယူ ပြေးလမ်းဟာ သိပ်ကိုနီးကပ်လွန်းနေတာကြောင့် အွမ်ရဟ်နဲ့ ဟဂ်ျဝတ်ပြုခရီးသည်တွေကိုလည်း ထိတ်လန့်စေပြီး အနှောင့်အယှက် ဖြစ်ရစေပါတယ်။

ဟစန်ဂါမိဒီက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။ မက္ကဟ်ရွှေမြို့တော်က မြင့်မြတ်တဲ့ ကအ်ဗဟ်ကျောင်းတော်တည်ရှိရာ အနီးဝန်ကျင်ဒေသဟာ ဆော်ဒီဥပဒေအရ လေယာဉ်ပျံသန်းခွင့်မပြုတဲ့ ဇုံတစ်ခုဖြစ်ပါတယ်။ မြင့်မြတ်တဲ့ ဟရာမ်နယ်နိမိတ်ဟာ မွတ်စ်လင်မ်တွေအတွက်ပဲ သီးသန့် ဖြစ်ပါတယ်။

အားလုံးသိတဲ့ အတိုင်းပဲ မက္ကဟ်မြို့တော်ကိုဝင်ရောက်နိုင်တဲ့ ကုန်းလမ်းဝင်ပေါက်တွေရှိပြီး အဲဒီလမ်းကြောင်းတွေကတစ်ဆင့် မက္ကဟ်မြို့တော်ဆီ မွတ်စ်လင်မ်တွေကိုပဲ သီးသန့် ဝင်ရောက်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ နယ်နိမိတ်အပေါ်က ဆော်ဒီနိုင်ငံပိုင်နက်ရဲ့ လေထုမှာလည်း ဥပဒေဟာ ဒီအတိုင်းပဲ သက်ရောက်စေပါတယ်။

နောက်ပြီးတော့ မက္ကဟ်မြို့တော်မှာ လေယာဉ်ကွင်း မရှိတာလည်း အားလုံးအသိပါပဲ။ ဒါကြောင့် လေကြောင်းကလာတဲ့ ဟာဂျီတွေနဲ့ အွမ်ရဟ်လုပ်သူတွေဟာ မက္ကဟ်နဲ့အနီးဆုံးဖြစ်တဲ့ ဂျိစ်ဒဟ်လေဆိပ် ဒါမှမဟုတ် မဒီနဟ် လေဆိပ်က နေတစ်ဆင့် မက္ကဟ်မြို့တော်ကို သွားရတာကြောင့် လေယာဉ်တွေဟာ မက္ကဟ်မြို့ပေါ်ကနေ ပျံသန်းရတာမျိုးလည်း ဖြစ်မလာတော့ပါဘူး။

ကအ်ဗာကျောင်းတော်ကြီးရဲ့အမိုးပေါ်ကို တာဝန်ပေးထားသူအချို့ တက်ရောက်ပြီး ဂိလာဗ်လို့ခေါ်တဲ့ လွှမ်းခြုံလွှာကြီးကို လဲလှယ်ကြတာမျိုးနဲ့ သန့်ရှင်းရေး ပြုလုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် ငှက်သတ္တဝါအချို့လည်း ပျံဝဲလေ့ရှိပါတယ်။

GKM-002/17 © အလင်းမျက်ဝန်း | ကိုးကား » سكاي نيوز عربية

အစားထိုးမရနိုင်သော ကမ္ဘာ့ကြယ်တစ်ပွင့် ဆုံးရှုံးရခြင်း


ဝိဖာကွလ်မဒါရိစေ့ အရဗီယဟ် (ပါကစ္စတန်နိုင်ငံဆိုင်ရာ ကျောင်းပေါင်းစုံ တစ်ပြေးညီ အရဗီသင်ရိုးညွှန်းတမ်း ပညာရေးအဖွဲ့) ဥက္ကဋ္ဌကြီး ရှိုင်ခွလ်ဟဒီးဆ် မောင်ဝ်လာနာ စလီမွလ္လာဟ်ခါန်းဆပ်ဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ

မောင်ဝ်လာနာ စလီမွလ္လာဟ်ခါန်းဟာ ပါကစ္စတန်နိုင်ငံရဲ့ ထူးခြားပြောင်မြောက်တဲ့ အဓိပတိ သာသနာ့ပညာရှင်ကြီးတွေထဲက တစ်ပါးဖြစ်ပါတယ်။

ဆရာသခင်ကြီးဟာ အလွန်နာမကျန်းဖြစ်နေခဲ့တဲ့အတွက် ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေခဲ့ပါတယ်။

အဆိုပါ ဆရာသခင်ကြီး မောင်ဝ်လာနာ စလီမွလ္လာဟ်ခါန်းဆပ်ဟာ ရှိုင်ခွလ်အစ္စလာမ် ဟဇရသ်မောင်ဝ်လာနာ စိုင်ယိဒ် ဟုစိုင်းန်အဟ်မဒ် မဒနီ نور الله مرقده ရဲ့ မွန်မြတ်လှတဲ့ အကျော်အမော် တပည့်ရင်းတစ်ဦးဖြစ်ပြီး၊ မုဖ်သီ မုဟမ္မဒ်သကီး အွဆ်မာနီဆပ်ရဲ့ဆရာ ဖြစ်ပါတယ်။

ဂျမီအသွလ်အိုလမာဥက္ကဋ္ဌ မောင်ဝ်လာနာ ဖဇ်ွလွရ်ရဟ်မာန်အပါအဝင် မြောက်မြားစွာသော သာသနာ့ ပညာရှင်ကြီးတွေဟာ မောင်ဝ်လာနာ စလီမွလ္လာဟ်ခါန်းဆပ် ကွယ်လွန်သွားတဲ့အပေါ် အလွန်ကြေကွဲစွာဖြင့် ဝမ်းနည်းမှုကို ထုတ်ဖော်ပြောဆိုကြရင်း ဆရာသခင်ကြီးရဲ့ သာသနာရေး၊ ပညာရေးနဲ့ သင်ကြားရေးဆိုင်ရာ ဆောင်ရွက်ကျိုးပမ်းခဲ့ပုံများကို ဖော်ကျူးခဲ့ကြပါတယ်။

မောင်ဝ်လာနာ စလီမွလ္လာဟ်ခါန်းဆပ်ဟာ ၎င်းရဲ့ ပါကစ္စတန်နိုင်ငံတော်အပေါ်ရော သာသနာအပေါ်ပါ ရာစုနှစ်ဝက်လောက်အထိ ဆက်တိုက်ဆိုသလို မိမိဘဝရဲ့ အချိန်များစွာကို ပြည့်ပြည့်ဝဝ များများပြားပြား ပေးဆပ်ထမ်းရွက်ခဲ့သူ ဖြစ်တယ်လို့ မုဖ်သီမုဟမ္မဒ်နအီးမ်ဆပ်အနေနဲ့ ၎င်းရဲ့ဟောကြားမှုတစ်ခုမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဆရာသခင်ကြီး ကွယ်လွန် သေဆုံးသွားရခြင်းဟာ အာလင်မ်သာသနာ့ပညာရှင်ကြီးများရော အေလင်မ်ကျောင်းတွေအတွက်ပါ ယသီးမ် အဖမဲ့ ဘဝကို ရောက်ရှိသွားသကဲ့သို့ ကြီးမားတဲ့ ဆုံးရှုံးမှုကိုဖြစ်ရစေပါတယ်။

Inews-0044/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat