ကြောင်ကလေးတစ်ကောင်ဟာ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ နေ့စဉ်ဖဂ်ျရ်စွလာသ်ဝတ်ပြုတယ်ဆိုတာ အသင်ယုံမလား?


အီဂျစ်နိုင်ငံ မဟလ္လာမြို့က ကြောင်လေးတစ်ကောင်ဟာ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ လူတိုင်းဟာ ဒီကြောင်လေးအကြောင်းပဲ ပြောဆိုနေကြရတဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။

အဲဒီမြို့ရဲ့ ဗလီဝတ်ကျောင်းတော်မှာ နေ့စဉ်ပုံမှန် စွလာသ်ဝတ်ပြုလေ့ရှိကြသူတွေဟာ ကြောင်လေးတစ်ကောင်ကို သတိပြုမိခဲ့ကြပါတယ်။

ကြောင်လေးဟာ ဖဂျရ်စွလာသ် အချိန်ကျရောက်ပြီဆိုတာနဲ့ ဗလီအဝမှာ ရှေ့ဆောင်ဆရာကို ထိုင်စောင့်နေလေ့ရှိပါတယ်။

ရှေ့ဆောင်ဆရာက ကျောင်းတံခါးဖွင့်လိုက်ပြီဆိုရင် ကြောင်လေးဟာ ဗလီအတွင်းထဲ အပြေးဝင်ရောက်လာပြီး ရပ်ကွက်သားတွေနဲ့အတူ ဘေးမှာထိုင်နေလေ့ ရှိခဲ့ပါတယ်။

အစောပိုင်းမှာတော့ ဒါကို စွလာသ်ဝတ်ပြုသူတွေဟာ အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ကြပါတယ်။

ရပ်ကွက်သားတွေဟာ ကြောင်လေးကို ဗလီထဲကနေ မောင်းထုတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။ ဘယ်လိုမောင်းထုတ်မောင်းထုတ် ဖဂျရ်စွလာသ် အချိန်ရောက်ရင်တော့ ကြောင်လေးဟာ ဗလီမှာ အသင့်ရောက်နေတာကို တွေ့ကြရပါတယ်။

နောက်ပိုင်းမှာတော့ ရပ်ကွက်သားတွေဟာ ကြောင်လေးကို မောင်းမထုတ်တော့ဘဲ သူတို့နဲ့အတူ စွလာသ်ဝတ်ပြုဖို့ ခွင့်ပေးလိုက်ကြပါတယ်။

အဲ့ဒီဗလီဟာ “ကုဖရ်ဟိဂျာဇီ” ဆိုတဲ့ ရွာမှာ တည်ရှိပါတယ်။ စွလာသ်ဝတ်ပြုသူတွေကြားမှာ ကြောင်လေးဝတ်ပြုဖို့ နေရာတစ်နေရာ ပေးထားကြပါတယ်။

စွလာသ်ဝတ်ပြုသူတွေကို ပိုပြီးအံ့အားသင့်စေတဲ့အချက်ကတော့ ဂျမာအသ် မရပ်မချင်း ကြောင်လေးဟာ နံရံမှာ ရေးသားထားတဲ့ ကုရ်အာန်အာယသ်တော်တွေကိုပဲ စူးစူးစိုက်စိုက် ကြည့်နေလေ့ရှိပါတယ်။ ဂျမာအသ်ရပ်ပြီဆိုတာနဲ့ သူလည်းအများနည်းတူ ထရပ်လိုက်ပါတော့တယ်။

စွလာသ်ဝတ်ပြုပြီးရင် ဗလီကထွက်ခွာသွားပြီး နောက်တစ်နေ့ ဖဂျရ်အချိန်ရောက်မှ သူ့ကိုပြန်တွေ့ကြရပါတယ်။ အခြားအချိန်တွေမှာတော့ သူ့ကို ဗလီမှာ တွေ့ရလေ့ မရှိပါဘူး။

Inews-0054/17 © အလင်းမျက်ဝန်း | ကိုးကား » الأيام