01/21/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ဟောလီဝုဒ်မှ ကမ္ဘာကျော် ဟောင်ကောင်ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်းဟာ ကမ္ဘာကျော် ဘောလီဝုဒ်မင်းသား စလ်မာန်းခါးန်ကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း စကားသဝဏ်လွှာပါးလိုက်တဲ့ ဗွီဒီယိုကြောင့် ပရိသတ်တွေအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

အိန္ဒိယမီဒီယာတွေရဲ့အဆိုအရ ဘောလီဝုဒ်မင်းသား စိုနူးစူးဒ်ဟာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စိတ်ဝင်စားဖွယ်ရာ ဗွီဒီယိုဖိုင်တစ်ခုကို တင်ပေးခဲ့ပါတယ်။

အဲ့ဒီဗွီဒီယိုထဲမှာတော့ မင်းသားကြီး ဂျက်ကီချန်းဟာ အိန္ဒိယရိုးရာဝတ်စုံကို အကျအနဝတ်ဆင်ထားပြီး ဟင်ဒီဘာသာနဲ့ မင်းသားကြီး စလ်မာန်းခါန်းကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။ “ ကျနော် မကြာခင် ခင်ဗျားရှိတဲ့အိန္ဒိယကိုလာပြီး ခင်ဗျားနဲ့လာတွေ့ပါမယ်။ အခု မိတ်ဆွေကြီး စိုနူးစူးဒ်နဲ့အတူ အိန္ဒိယကို ကျုပ်လိုက်လာပါပြီ။ ” လို့ ဟင်ဒီစကားကို လေသံခပ်ဝဲဝဲလေးနဲ့ ပြောကြားထားတာ မြင်တွေ့ရပါတယ်။

မင်းသားကြီး ဂျက်ကီချန်းဟာ မကြာသေးခင်ကပဲ ရိုက်ကူးပြီးစီးခဲ့တဲ့ Kung Fu Yoga ဇာတ်ကားကြီးရဲ့ မိတ်ဆက်ကြော်ငြာအတွက် အိန္ဒိယနိုင်ငံကို လာမယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်ကားကြီးမှာ ဟောလီဝုဒ်အက်ရှင်မင်းသား စိုနူးစူးဒ်နဲ့ အာရှကီးမင်းသမီးလို့လူသိများတဲ့ ဒီရှားပတာနီးတို့လည်း အဓိကဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပြီး လာမယ့် ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ရုံတင်မယ်လို့ သိရပါတယ်။

ကမ္ဘာကျော် မင်းသားကြီးနှစ်ယောက် တွေ့ဆုံပြီးတဲ့နောက်မှာရော ဘာတွေဆက်လုပ်ကြမှာလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်ဖြစ်နေပါတော့တယ်။

Inews-0060/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ဘုရင်ကြီး စလ်မာန်းဗင်အဗ်ဒွလ်အဇီးဇ်ဟာ သောကြာနေ့ညနေက ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားနဲ့ သမ္မတတာဝန် လွှဲပြောင်းရယူခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဆော်ဒီဘုရင်ကြီးစလ်မာန်းဟာ သူ့အမည်နဲ့အတူ ဆော်ဒီနိုင်ငံသားအားလုံးရဲ့ကိုယ်စား သမ္မတသစ် ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုကြောင်းနဲ့ ကျန်းမာချမ်းသာစွာနဲ့ သမ္မတတာဝန်ကို ထမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်း၊ အမေရိကန်ပြည်သူတွေအတွက်လည်း တန်ဖိုးရှိတဲ့ သမ္မတဖြစ်ပါစေကြောင်းနဲ့ အမေရိကန်နိုင်ငံသားများအတွက်လည်း ပိုမိုတိုးတက်အောင်မြင်နိုင်ဖို့ မျှော်လင့်ကြောင်းတို့ကို ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ဆော်ဒီ မိတ်ဆွေနှစ်နိုင်ငံကြားက သမိုင်းဝင် ဆက်ဆံရေးဟာ အထူးခိုင်မြဲမှုအပေါ် ဂုဏ်ပြုချီးမွှမ်းကြောင်းနဲ့ ရှေ့ဆက်ပြီး နှစ်နိုင်ငံကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်ဖို့အတွက် မဟာဗျူဟာမြောက်သော အမြင်တွေနဲ့အညီ ကဏ္ဍတိုင်းမှာ လက်ရှိထက်ပိုမိုခိုင်မာအောင်၊ ဆထက်ထမ်းပိုး ပိုမိုတိုးတက်လာအောင် လုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်းတို့ကို အလေးအနက် တိုက်တွန်းကြောင်းကို ဘုရင်ကြီးစလ်မာန်းဟာ ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Inews-0059/17 © အလင်းမျက်ဝန်း | ကိုးကား » العربية


ပါကစ္စတန်နိုင်ငံရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကမားလ် ဂျာဗစ်ရ် ဗာဂ်ျဝါက ပါကစ္စတန်စစ်တပ်အနေနဲ့ ဆော်ဒီအာရေးဗီးယားကို ကာကွယ်တာဟာ မိမိနိုင်ငံကိုကာကွယ်နေခြင်းဖြစ်တယ်လို့ ခံယူထားကြောင်း ပြောကြားလိုက်ပါတယ်။

ဆော်ဒီသံအမတ်ကြီးနဲ့ ပါကစ္စတန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကမားလ် ဂျာဗစ်ရ် ဗာဂ်ျဝါတို့ တွေ့ဆုံဆွေးနွေးစဉ် ပါကစ္စတန် ကာချုပ်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံ စစ်ဘက်ရေးရာ အထွေထွေဆက်သွယ်ရေးဌာနခွဲ (ISPR) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတ်စ်နီးမ်သတင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။

ရာဝလ်ပင်ဒီဒေသရှိ ပါကစ္စတန်စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါတွေ့ဆုံပွဲအတွင်း ပါကစ္စတန်ကာချုပ်ကြီးနဲ့ ဆော်ဒီသံအမတ်ကြီးတို့ဟာ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာကိစ္စတွေမှာ အပြန်အလှန် ကူညီဖေးမသွားကြမယ်ဆိုတဲ့အကြောင်းကို နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြပါတယ်။

Inews-0058/17 © အလင်းမျက်ဝန်း | ကိုးကား » تسنیم

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat