01/24/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့အတွက် ကမ္ဘာ့အကောင်းဆုံး နိုင်ငံများစာရင်းကို ကမ္ဘာ့ကျော် လုပ်ငန်းစီမံခန့်ခွဲရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ Amy Companion က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀) ကျော်ရှိတဲ့အနက်မှ ၎င်းတို့အဖွဲ့အစည်းများအတွက် အသင့်တော်ဆုံးသော (၆) နိုင်ငံကို ရွေးချယ်ခဲ့ရာမှာတော့ ထူးခြားမှုအဖြစ် မွတ်စ်လင်မ်နိုင်ငံ (၄) ခုတောင် ပါဝင်ခဲ့ပါတယ်။

အဆိုပါအဖွဲ့ကြီးက ထုတ်ပြန်တဲ့ ရင်းနှီးမြှုပ်နှံရန် အသင့်တော်ဆုံးသော ကမ္ဘာ့အကောင်းဆုံး (၆) နိုင်ငံကတော့...
  1. တူရ်ကီ
  2. ပါကစ္စတန်
  3. မလေးရှား
  4. အီဂျစ်
  5. မက္ကစီကို
  6. ဗီယက်နမ် တို့ပဲ ဖြစ်ပါတယ်။

Inews-0065/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


စကော့တလန်သူ မွတ်စ်လင်မ် မိခင်နဲ့ သမီးတို့ကို စကော့တလန်ရဲတပ်ဖွဲ့ရဲ့ ပထမဦးဆုံးသော ဟိဂျာဗ် (အစ္စလာမ့်အမျိုးသမီး လုံခြုံမှုအဝတ်အစား) ဝတ်ဆင်တဲ့ အမျိုးသမီးဝန်ထမ်း (ရဲမေ) တွေအဖြစ် တာဝန်ပေး ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

သနားကြင်နာမှုနဲ့ ကိုယ်ချင်းစာတရား ကြီးမြင့်တဲ့ယုယထွေးပိုက်သော ရဲဝန်ထမ်းသစ်များ ဖြည့်တင်းခြင်းအစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် စကော့တလန်ရဲတပ်ဖွဲ့ရဲ့ ပထမဦးဆုံးသော ဟိဂျာဗ်ဝတ်စုံဝတ် ရဲမေများအဖြစ် ခန့်အပ်ထားရှိသွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းမှာကတည်းက စကော့တလန် ရဲဌာနဟာ လူမျိုးဘာသာမရွေး ရဲမေတွေကို ခန့်အပ်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရဲမှူးချုပ်ကြီးရဲ့ ပြောပြချက်အရ အဆိုပါ ဟိဂျာဗ်ဝတ်ဆင်သော မွတ်စ်လင်မ် ရဲဝန်ထမ်းအမျိုးသမီးများ ရဲတပ်ဖွဲ့သို့ အခုလို လာရောက်လျှောက်ထားခြင်းကြောင့် ဝမ်းမြောက်ကြောင်းနဲ့ မိမိတို့ ရဲဌာနရဲ့ လူမျိုးဘာသာအသီးသီးနဲ့ ပတ်သက်ဆက်နွယ်မှုအပေါ် အကောင်းဆုံးသော ကိုယ်စားပြုမှု ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

Inews-0064/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


ကမ္ဘာပေါ်မှာရှိတဲ့ ဘီလျံနာသန်းကြွယ်သူဌေး (၈) ဦးဟာ ကမ္ဘာ့လူထုထက်ဝက်ရဲ့ ပိုင်ဆိုင်မှုနဲ့ ထပ်တူနီးပါးလောက် ပိုင်ဆိုင်ထားကြတယ်လို့ နိုင်ငံတကာ OXFAM အဖွဲ့ကြီးရဲ့ စစ်တမ်းက ဖော်ထုတ်လိုက်ပါတယ်။

ကမ္ဘာ့လူဦးရေထက်ဝက်ဖြစ်တဲ့ ဆင်းရဲသားလူတန်းစားတွေရဲ့ပိုင်ဆိုင်မှုနဲ့ အလွန်ကိုချမ်းသာကြွယ်ဝနေတဲ့ လူတချို့ရဲ့ကြားက ပိုင်ဆိုင်မှုဟာ သိပ်ကိုကွာဟလာနေပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ လူ (၁၀) ဦးလျှင် တစ်ဦးဟာ နှစ်ဒေါ်လာထက်နည်းတဲ့ဝင်ငွေနဲ့ အသက်ရှင်နေရတဲ့အချိန်မျိုးမှာ လူရှစ်ဦးတည်းက ကမ္ဘာ့လူဦးရေ ထက်ဝက်ရဲ့ပိုင်ဆိုင်မှုကို ပိုင်ဆိုင်ရယူထားတယ်ဆိုတာ တော်တော်ကြီးကို ကွာဟလွန်းနေပါတယ်။

ဒီ့အရင်က တရုတ်ပြည်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့စစ်တမ်းတွေမှာ ချမ်းသာကြွယ်ဝမှုဟာ လူတွေကြားမှာ အလွန့်အလွန် ကွာဟလာနေတယ်ဆိုတာကို ဖော်ပြထားတာရှိခဲ့ပြီး အခုအခါမှာတော့ အဆိုပါစစ်တမ်းတွေကို OXFAM အဖွဲ့ကြီးက အတည်ပြုလိုက်သလိုပါပဲ။

OXFAM အဖွဲ့ကြီးရဲ့စစ်တမ်းအရဆိုရင် လက်ရှိ ကမ္ဘာ့ဆင်းရဲသား လူဦးရေထက်ဝက်ရဲ့ ပိုင်ဆိုင်မှုဟာ အရင်က ထက်ဝက်ရဲ့ပိုင်ဆိုင်မှုထက်ကို ပိုနည်းပါးလာနေတာ တွေ့ရပါတယ်။ ဒါဟာဆိုရင် အလွန်ဆိုးရွားတဲ့ ကွာဟမှုကြီးလို့လည်း OXFAM အဖွဲ့ကြီးက ညွှန်းဆိုလိုက်ပါတယ်။

OXFAM အဖွဲ့ဟာ ဆွစ်ဇလန်နိုင်ငံ Davos ဒေသမှာရှိတဲ့ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းပေးဖို့ ၎င်းတို့က တောင်းဆိုခဲ့ကြပါတယ်။

အဲဒီလိုမှ မဟုတ်ရင် ဒီလိုလူတန်းစားအလွှာတွေကြား ကွာဟမှုဟာ ဆက်တိုက်ဖြစ်လာနိုင်ပြီး နိုင်ငံရေး၊ လူမှုရေး အစရှိတဲ့နယ်ပယ်တွေမှာ တည်ငြိမ်မှုမရှိဘဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဒီပြဿနာကို ဖြေရှင်းရမဲ့နည်းလမ်းကတော့ ဝင်ငွေနဲ့ချမ်းသားမှုအပေါ် အခွန်တိုးကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ လူတန်းစားအလွှာ ကွာဟမှုကို လျော့နည်းစေနိုင်ပြီး လူထုကိုလည်း အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။ လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးမှုတို့ဟာလည်း ဒီလိုကွာဟမှု ကြီးမားနေတဲ့ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။

ထို့အတူ စီးပွားရေးစနစ်သစ်တစ်ခုကိုလည်း အကောင်အထည်ဖော်ဆောင်သွားရမှာဖြစ်ပြီး၊ အခွန်ပေးခြင်းကို ထိန်းချုပ်မှုနဲ့ သူကြွယ်တွေကို မမျှတသောပုံစံ ဘက်လိုက်မှုသဘောဆောင်တဲ့ ထောက်ပံ့နေတဲ့ အရင်းရှင်ဝါဒကိုလည်း ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့ OXFAM အဖွဲ့ကြီးက ဆိုပါတယ်။

“ ဒီလိုလူတန်းစားအလွှာတွေရဲ့ကြားက ကွာဟမှုကြီးမားနေခြင်းဟာ လူ့အဖွဲ့အစည်းနဲ့ ဒီမိုကရေစီကိုပါ ခြိမ်းခြောက်နေတယ် ” လို့ OXFAM အဖွဲ့ရဲ့ မန်နေဂျာ စီနီဗယာနီမှာက ဆိုပါတယ်။

“ လူအများစုကို အကျိုးဖြစ်ထွန်းစေမယ့်ပုံစံနဲ့ အရင်းရှင်ဝါဒကို ကျင့်သုံးရမဲ့ နည်းလမ်းကွဲများလည်းရှိပါသေးတယ် ” လို့လည်း OXFAM အဖွဲ့ကြီးရဲ့ နိုင်ငံရေးဌာနခွဲ ဌာနမှူး မာကစ်လောင်စူးန်ကလည်း ပြောပါတယ်။

OXFAM အဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာ့လူသားထက်ဝက်စာပိုင်ဆိုင်သော ကုဋေကြွယ်သူဌေးသား (၈) ဦးရဲ့ အမည်စာရင်းကတော့...
  1. မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ်ဂိတ်
  2. ဖေ့စ်ဘွက်ကို တည်ထောင်သူ မာက်ဇူကာဘာ
  3. ဝါရန်ဘာဖီးသ်
  4. နယူးယောက်မြို့တော်ဝန်ဟောင်း စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်ဘလူးမ်ဘဂ်
  5. မက်ဆီကိုနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ကာလော့စ်စလ်ယမ်
  6. အမေဇုန်ကုမ္ပဏီတည်ထောင်သူ ဂျမ်ဘီးဇူးမ်
  7. အော်ရီကယ်ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် လောရီ အီလိုင်စူန်
  8. အမာနီရှုအုရ်သဗ်ဂါ တို့ ဖြစ်တယ်။
ဒီပုဂ္ဂိုလ်(၈)ဦးရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၄၂၆) ဘီလီယံလောက်ရှိပြီး သူတို့ထဲမှာ အချမ်းသာဆုံးကတော့ ဘီလ်ဂိတ် ပဲ ဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှု တစ်ခုတည်းကတင် ဒေါ်လာ (၇၅) ဘီလီယံလောက်အထိ ရှိပါတယ်။

Inews-0063/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة


မွေးကတည်းက ကိုယ်ခန္ဓာရဲ့ အောက်တစ်ပိုင်း မပါရှိတဲ့ ကာတာနိုင်ငံသား ကမ္ဘာကျော်အာဂလူသားလေး ဂါနင်မ်မိဖ်သာဟ်ဟာ သောကြာနေ့က မက္ကဟ်မြို့တော်ကြီးဆီကို ရောက်ရှိလာခဲ့ပြီးနောက် အွမ်ရဟ် ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အွမ်ရဟ်ဝတ်ပြုမှုအတွင်းပြုလုပ်တဲ့ သူ့ရဲ့သဝါးဖ်ဟာ တခြားသော ကျန်းမာရေးကောင်းသူတွေ လမ်းလျှောက်ပြီး သဝါးဖ်လုပ်ကြသလို၊ လမ်းမလျှောက်နိုင်သူတွေ တစ်ဦးတစ်ယောက်အကူအညီနဲ့ ဘီးတပ်ကုလားထိုင်မှာထိုင်ပြီး သဝါးဖ်လုပ်ကြသလိုမျိုးတော့ မဟုတ်ခဲ့ပါဘူး။

သူဟာ မွေးရာပါ ကိုယ်အင်္ဂါမစုံလင်တာကို အံတုပြီး တကယ့်အာဂစိတ်ဓာတ်နဲ့ ကြံ့ကြံ့ခံရင်း ကအ်ဗာကျောင်းတော်ကြီးကို လက်နဲ့လမ်းလျှောက်ပြီး ထူးထူးခြားခြား သွဝါးဖ်လုပ်ခဲ့ပါတယ်။

သူရဲ့ Instagram အကောင့်မှာလည်း ကအ်ဗဟ်ကျောင်းတော်ကို သွဝါးဖ်လုပ်ထားတဲ့ ဓာတ်ပုံတွေကို တင်ပြခဲ့လို့ အားပေးခဲ့ကြပါတယ်။

ဂါနင်မ်လေးဟာ သူ့ရဲ့လက်နှစ်ဖက်ကို အားပြုပြီး ကအ်ဗာကျောင်းတော်ကြီးကို သွဝါးဖ်အကြိမ်ပေါင်း (၇) ကြိမ်တိုင် ကြိုးစားပြီး လှည့်ပတ်ခဲ့ပါတယ်။

သောကြာနေ့ မဂ်ရိဗ်စွလာသ်အပြီး ကအ်ဗဟ်ကျောင်းတော်မှာ သွဝါးဖ်လုပ်နေသူတွေဟာ သူ့ရဲ့ဂရုဏာသက်ဖွယ်မြင်ကွင်းကို တွေ့မြင်ခဲ့ကြရပါတယ်။

ဂါနင်မ်လေးဟာ လက်နှစ်ဖက်နဲ့လမ်းလျှောက်ပြီး ကအ်ဗဟ်ကျောင်းတော်ကြီးကို သွဝါးဖ်လုပ် ဖူးမျှော်ချင်ခဲ့တဲ့ သူ့ဘဝရဲ့ အိပ်မက်တစ်ခုကို မက္ကဟ်မြို့တော်ဝန်ကြီး စွလ်သွာန်းဗင်န်စလ်မာန်းက လက်တွေ့မှာ လွယ်ကူစွာ အကောင်အထည်ဖော်နိုင်အောင် ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။

ဂါနင်မ်နဲ့ သူ့မိသားစုဝင်တွေအတွက် လူသူထူထပ်လှတဲ့ ကအ်ဗာကျောင်းတော်ကြီးပရဝုဏ်အတွင်း အလွယ်တကူ သွဝါးဖ်လုပ်နိုင်ဖို့ မက္ကဟ်မြို့တော်ဝန်ကြီး စွလ်သွာန်းဗင်န်စလ်မာန်းက လုံခြုံရေးတာဝန်ယူပေးခဲ့ပါတယ်။

မြို့တော်ဝန်ကြီးက လုံခြုံရေးအဖွဲ့တစ်ဖွဲ့ကို သီးသန့်စီစဉ်ပေးခဲ့တာကြောင့် ဂါနင်မ်နဲ့ သူ့မိသားစုကို မက္ကဟ်မြို့တော်ကြီးဆီ ရောက်ရှိလာတာနဲ့ ကြိုဆိုပြီး အွမ်ရဟ်ပြီးတဲ့အထိ လိုအပ်သမျှကို ၎င်းတို့က ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် သန့်စင်တဲ့ ကျောက်နက်တော်ကြီးကိုလည်း နမ်းရှုံ့ချင်ခဲ့သူ ဂါနင်မ်ရဲ့အိပ်မက်ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ့မိသားစုဝင်တစ်ဦးက ချီမပြီး ကျောက်နက်တော်ကြီးကို အားပါးတရ နမ်းရှုံ့စေခဲ့ပါတယ်။

အဲ့ဒီနေ့က ကအ်ဗာကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်အိမာမ် အလှည့်ကျ တာဝန်ကျသူ မာဟိရ်မုအိုင်ကိလီကလည်း ဂါနင်မ်လေးကို ကအ်ဗဟ်ကျောင်းတော်ကြီးအနီးအပါးမှာပဲ ကြိုတင်ရောက်ရှိ၍ တွေ့ဆုံနှုတ်ဆက်ပြီး ဖက်လဲတကင်းနဲ့ အားပေးစကား ပြောကြားခဲ့ပါသေးတယ်။

Inews-0062/17 © အလင်းမျက်ဝန်း | ကိုးကား » العربية

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/cwXo5-FtACo
[/info]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat