01/25/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ဒီရက်ပိုင်းမှာတော့ ကာတာက ခန္ဓာကိုယ်အောက်ပိုင်း မပါဘဲ အသက်ရှင်သန်နေထိုင်ခဲ့တဲ့ ကမ္ဘာကျော် သတ္တိခဲလုလင်လေး ဂါနင်မ်မိဖ်သာဟ်ရဲ့ အွမ်ရဟ်ခရီးစဉ် ဗီဒီယိုဖိုင်လ်တွေဟာ ဟိုးလေးတစ်ကျော် ဖြစ်နေပါတယ်။

ဂါနင်မ်လေးဟာ မိမိရဲ့လက်နှစ်ဖက်ကိုထောက်ပြီး ကအ်ဗဟ်ကျောင်းတော်ကြီးကို သွဝါးဖ်လှည့်ပတ်ခဲ့ပါတယ်။

သူ့ကြောင့် အခြားသွဝါးဖ်လုပ်တဲ့သူတွေ ကြပ်သွားမှာကို စိုးရိမ်တဲ့အတွက် လုံခြုံရေးတွေက လွယ်ကူအောင် စီစဉ်ပေးခဲ့တဲ့ ဘီးတပ်ထိုင်ခုံလေးအပေါ်မှာတောင်ထိုင်ပြီး သွဝါးဖ်မလုပ်ဘဲ သူ့လက်နဲ့သူပဲ လုပ်ခဲ့ပါတယ်။

ကအ်ဗဟ်ကျောင်းတော်ကြီးရဲ့ အိမာမ်ကြီးတစ်ပါးဖြစ်တဲ့ မာဟိရ်မုအိုင်ကိလီဟာ အဆိုပါ ဂါနင်မ်မိဖ်သာဟ်လေးကို အခုလို နှစ်သိမ့်အားပေး ဆုတောင်းစကားကို ပြောဆိုခဲ့ပါတယ်။

“ အလ္လာဟ်အရှင်မြတ်သခင်က မင်းကလေးကို ထိန်းသိမ်းစောင့်ရှောက်ပါစေကွယ်။ မကောင်းမှုဟူသရွေ့ကနေ လွတ်ကင်းအေးချမ်းမှု ပြုပေးပါစေ။ အလ္လာဟ်နာမံတော်ကိုင်တွယ်ပြီး ငါပြောပါတယ်။ မင်းနဲ့တွေ့ရလို့ ငါအရမ်းကို ပျော်ရွှင်မိပါတယ်။ မင်းကလေးအပေါ် ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေနော်။ ငါမင်းကလေးရဲ့သတင်းတွေကို ကြားရတဲ့အခါတိုင်းမှာ လန်းဆန်းရှင်သန်ပြီး၊ သာယာမှုတွေ ရရှိပါစေလို့ ဆုတောင်းဒုအာပြုပေးပါမယ်ကွာ။ အလ္လာဟ်အရှင်မြတ်သခင်ဟာ မင်းကို ပျော်ရွှင်အောင် ထားရှိပေးပါစေ။ ငါတို့ထံကရော မင်းဆီကပါ ကောင်းမြတ်တဲ့ ကျင့်ဆောင်မှုတွေကို တို့သခင် အလ္လာဟ်အရှင်မြတ် နှစ်သက်လက်ခံသဘောတူတော်မူပါစေကွယ်။ ”

လုလင်လေး ဂါနင်မ်မိဖ်သာဟ်ဟာ လက်တွေ့ကျတဲ့ လှုပ်ရှားတက်ကြွမှုဆိုင်ရာ ကဏ္ဍအမြောက်အမြားမှာ ပါဝင်ဆောင်ရွက်နေသူဖြစ်ကြောင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

သူဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဒူဘိုင်းမှာ ကျင်းပတဲ့ အရဗ်မြို့ရွာဒေသများဆိုင်ရာ ထိပ်သီးအစည်းအဝေးကိုလည်း အရွယ်နဲ့မလိုက်အောင် ပါဝင်တက်ရောက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

Inews-0069/17 © အလင်းမျက်ဝန်း | ကိုးကား » العربية

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/EF4gvVU5J00
[/info]


အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိမ်ရာအသစ်ပေါင်း ၂၅၀၀ အထိ ထပ်မံကျူးကျော်တိုးချဲ့ပြီး ဆောက်လုပ်မယ့်အစီအစဉ်ကို အတည်ပြုလိုက်ပါတယ်။

ဒီခြေလှမ်းဟာ အရဗ်ကမ္ဘာနဲ့ နိုင်ငံတကာကို စော်ကားသိက္ခာချလိုခြင်းသာ ဖြစ်တယ်လို့ မှတ်ယူကြောင်းနဲ့ အပြင်းအထန် ရှုတ်ချကြောင်း ပါလက်စ်တိုင်းလွတ်မြောက်ရေးအဖွဲ့က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုခွင့်ရှိသူကတော့ အဆိုပါလုပ်ရပ်ဟာ မိမိတို့ နေ့စဉ်နေထိုင်ရှင်သန်ဖို့အတွက် လိုအပ်ချက်တွေကို အကောင်အထည်ဖော်ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေးမီဒီယာများရဲ့ အဆိုအရ အနောက်ဂျေရုစလင်မ်မှာ ဆောက်လုပ်မဲ့ ကျူးကျော်အိမ်ရာတွေထဲက အိမ်(၁၀၀)ဟာ သမ္မတသစ်ထရမ့်ရဲ့သားမက်ဖြစ်သူ ဂျာရီဒ်ကိုရှီနရ် မိသားစုရဲ့ငွေကြေးထောက်ပံ့မှုနဲ့ ဆောက်လုပ်မှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒါဟာ ထရမ့်သမ္မတဖြစ်ပြီးနောက် ပါလက်စ်တိုင်းနယ်မြေမှာ အစ္စရေးကျူးကျော်အိမ်ရာဆောက်လုပ်ဖို့ ဒုတိယမြောက် စီမံကိန်းကို အကောင်အထည် ဖော်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဂျေရုစလင်မ်က ကျူးကျော်သိမ်းပိုက်ထားတဲ့ နေရာတွေမှာ အိမ်ရာတန်းကြီး (၆၀၀) လောက် တည်ဆောက်လုပ်ဖို့ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက အစ္စရေးကျူးကျော်ရေးလုပ်ငန်းစဉ်တွေကို မီးစိမ်းပြခဲ့ပြီး ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး အဖီဂဒူရ်လီမာန်က အိမ်ရာသစ်ဆောက်လုပ်ဖို့ ကြေညာပြီး သိပ်မကြာခင်မှာပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ ငါတို့ အိမ်သစ်တွေ တည်ဆောက်မယ်။ ဆက်ပြီးတော့ ငါတို့အတွက် အဆောက်အအုံတွေကို ဆောက်လုပ်သွားမယ်။ ”

Inews-0068/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة


အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ၎င်းမဲဆွယ်စဉ်တုန်းက စည်းရုံးပြောဆိုခဲ့တဲ့ကတိအတိုင်း အကြမ်းဖက်ခံဒေသများမှ ပြောင်းရွှေ့လာမယ့် မွတ်စ်လင်မ်တွေအနေနဲ့ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး ရှိရင်းစွဲ စည်းကမ်းဥပဒေတွေကို ထပ်မံတင်းကြပ်ပြဌာန်းထားတဲ့ ပြင်ဆင်ချက်တွေအား အတည်ပြုပြဌာန်းနိုင်ရေးအတွက် သမ္မတသစ်အနေနဲ့ ယနေ့ လက်မှတ်ရေးထိုးသွားမယ်လို့ အမေရိကန် ကွန်ဂရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ထရမ့်လုပ်ဆောင်မယ့်ကိစ္စတွေထဲမှာ ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ခိုလှုံခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ပြဌာန်းရမယ့်ကိစ္စတွေအပြင် အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်တို့ကနေ ဗီဇာကိုင်ဆောင်၍ ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး ရှိရင်းစွဲ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်တွေထပ် ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရေးကိစ္စတွေ ပါဝင်နေတယ်လို့ ကွန်ဂရက်ကို ကူညီပံ့ပိုးနေသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးအပိုင်းက ကျွမ်းကျင်သူတွေက ပြောပါတယ်။

Inews-0067/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة

အမေရိကန်သံရုံး ဗိုင်သွလ်မုက္ကဒ္ဒတ်စ်သို့ ပြောင်းရွှေ့မှုကြောင့် ဆိုးရွားသောရလဒ်များ ပေါ်ပေါက်လာလိမ့်မယ်လို့ ကမ္ဘာလုံးဆိုင်ရာ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များ ညီညွတ်ရေးအဖွဲ့ကြီးက ပြင်းပြင်းထန်ထန် သတိပေးချက်ထုတ်ပြန်


ကမ္ဘာလုံးဆိုင်ရာ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များ ညီညွတ်ရေးအဖွဲ့ကြီးက အမေရိကန်သံရုံးကို ဂျေရုစလင်မ်မြို့သို့ ရွှေ့ပြောင်းခြင်းအားဖြင့် နောက်ဆက်တွဲ ဆိုးရွားတဲ့အကျိုးဆက်တွေ ပေါ်ပေါက်လာလိမ့်မယ်လို့ သတိပေးလိုက်ပြီး အစ္စလာမ့်လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း မိမိတို့ရဲ့ ပထမအဓိက တာဝန်အား ကျေပွန်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ထို့အတူ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ပါလက်စ်တိုင်းတွေရဲ့ တရားဥပဒေနဲ့ညီတဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးကြဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

အစ္စလာမ့်အသိုင်းအဝိုင်းအတွင်းမှာ ပေါ်ပေါက်နေတဲ့ မညီညွတ်မှု အကွဲကွဲအပြဲပြဲဖြစ်နေမှုကပဲ အခွင့်အရေးသမားတွေကို မွတ်စ်လင်မ်ထုအား ပိုပြီးအင်အားချည့်နဲ့အောင်လုပ်ဖို့နဲ့ အမြတ်ထုတ်ဖို့အတွက် နေရာပေးနေသလိုပါပဲ။

အမေရိကန်သံရုံးကို ဂျေရုစလင်မ်ကို ရွေ့ပြောင်းမယ်လို့ ဆုံးဖြတ်ထားတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာလည်း ဒီထဲမှာ ပါဝင်နေပါတယ်။

ဒါဟာဆိုရင် ကုလသမ္မဂ္ဂရဲ့ ဥပဒေနဲ့ညီတဲ့ အတည်ပြုသဘောတူညီချက်တွေနဲ့ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေပါတယ်။

ဒါကြောင့်ကမ္ဘာလုံးဆိုင်ရာ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များ ညီညွတ်ရေးအဖွဲ့ကြီးက အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
  1. အမေရိကန်သံရုံးကို ဂျေရုစလင်သို့ ရွှေ့ပြောင်းမဲ့ကိစ္စကို မွတ်စ်လင်မ်တစ်ရပ်လုံးမှာရှိကြတဲ့ ပညာရှင်တွေ၊ အတွေးအခေါ်ရှင်တွေနဲ့ ခေါင်းဆောင်တွေအားလုံး ဘယ်သူမှ လက်မခံပါဘူး။ ဒီကိစ္စကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကြိုတင်သတိပေးလိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပါလက်စ်တိုင်းပြည်သူတွေအပေါ် မတရားလုပ်သူတွေနဲ့ ဆန့်ကျင်ဘက်က အမုန်းတရားမီးတွေ လောင်မြိုက်လာစေပါလိမ့်မယ်။
  2. ဂျေရုစလင်မ်မှာ မတရားသိမ်းပိုက်ထားတဲ့ ဂျူးတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေအားလုံးအပြင် အခြားသော ပါလက်စ်တိုင်းနယ်မြေတွေမှာ ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေ၊ ထင်ရာဆိုင်းပြီး ဖမ်းဆီးမှုတွေ၊ အိမ်ရာဖျက်ဆီးမှုတွေ စတဲ့ ပြစ်မှုတွေကို ဤအဖွဲ့ကြီးက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
  3. ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ အစ္စလာမ့်ခေါင်းဆောင်တွေ၊ မွတ်စ်လင်မ် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ပထမအဓိက ပြဿနာ၊ ဗိုင်သွလ်မုက္ကဒတ်စ်အရေးနဲ့ ပတ်သက်ပြီး တာဝန်သိကြဖို့ တိုက်တွန်းလိုက်ပြီး အားလုံးညီညွတ်ကြဖို့လည်း နှိုးဆော်ပါတယ်။
  4. မတရား အနိုင်ကျင့်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ တိုးတက်သာယာမှုကို ပျက်စီးစေပါတယ်လို့ အလေးအနက် ပြောကြားပါတယ်။
  5. မွတ်စ်လင်မ်ထုဟာ ချည့်နဲ့တာမှန်ပေမဲ့ မသေသေးပါဘူးဆိုတဲ့ အကြောင်း ပြောကြားလိုက်ပါတယ်။
Inews-0066/17 © အလင်းမျက်ဝန်း | ကိုးကား » IUMS

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat