ယခုနှစ် (၂၀၁၇) ရဲ့ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် အော်စကာဆုအဖြစ် စာရင်းတင်သွင်းခံထားရတဲ့ “ အလ်ဗာအီဒ် ” ရုပ်ရုင်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် ဟီးရိုးအဖြစ် အီရန်ရုပ်ရှင်မင်းသမီး သရာနဟ်အလီဒီုးစ်သီ ကို ကြေညာလိုက်ပါတယ်။

သူမဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ မွတ်စလင်မ်နိုင်ငံတချို့ကို ပြည်ဝင်ခွင့်ဗီဇာ ခေတ္တရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ မကြာမီ ကျင်းပတော့မယ့် ကမ္ဘာကျော် အော်စကာ ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားကို တက်ရောက်တော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိ မင်းသမီးသရာနာဟ်က “ ထရမ့်အနေနဲ့ အီရန်နိုင်ငံသားတွေကို ဝင်ခွင့်ဗီဇာမပေးဘဲ ရပ်ဆိုင်းပိတ်ပင်လိုက်တာဟာ ကျမ ဒီလိုလုပ်ဖြစ်ဖို့အတွက် အဓိကတွန်းအားဖြစ်စေခဲ့တာပါ။ ဒီကိစ္စဟာ အနုပညာအစည်းအရုံးတွေနဲ့ သက်ဆိုင်တာဖြစ်ဖြစ်၊ မသက်ဆိုင်တာဖြစ်ဖြစ် ကျမကတော့ ပုဂ္ဂလိကသဘောဆန္ဒအရပဲ အခု ဒီအခမ်းအနားကို ပါဝင်ပေးဖို့ ဆန္ဒမရှိတော့ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က IBC သတင်းဌာနရဲ့ ရုပ်သံသတင်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်လှုပ်ရှားနေတဲ့နိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖို့ အဓိကပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ အလ်ဗာအီဒ် ရုပ်ရှင်ဇာတ်ကားဟာ နာမည်ကျော် အီရန်ထုတ်လုပ်သူနဲ့ ဒါရိုက်တာဖြစ်တဲ့ အစ်ွဂရ်ဖရ်ဟာဒီက ရိုက်ကူးခဲ့တာဖြစ်ပြီး လော့စ်အိန်ဂျလီစ်မြို့မှာ လာမယ့် ဖေဖော်ဝါရီ (၂၆) ရက်မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ အော်စကာရုပ်ရှင်ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးသော နိုင်ငံခြားရုပ်ရှင်ဆုရဲ့ အမည်စာရင်းနေရာမှာ တင်သွင်းခံထားရတာ ဖြစ်ပါတယ်။

အဆိုပါ ဒါရိုက်တာ ဖရ်ဟာဒီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း သူရိုက်ကူးထုတ်လုပ်တဲ့ အင်န်ဖိစွာလ် အမည်ရှိတဲ့ ဇာတ်ကားနဲ့လည်း ယခုလို အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် အော်စကာဆုကို ရရှိခဲ့ဖူးပါတယ်။

Inews-0073/17 © အလင်းမျက်ဝန်း | ကိုးကား » العربية