01/28/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ကမ္ဘာကျော် ဟော်လီဝုဒ်မင်းသမီး လင်ဆေးလိုဟန်ဟာ သောကြာနေ့က (ကမ္ဘာကြီးဟာ ငါးနိုင်ငံမကပါဘူး) လို့ ရေးသားထားတဲ့ အမှတ်တရလည်းစွဲလေးကို တူရ်ကီသမ္မတကြီး အာဒိုဂန်ကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ဒီစာသားရဲ့ အလိုသဘောကတော့ “ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အနာဂတ်ဟာ ကုလသမ္မဂ္ဂမှာ ဗီတိုအာဏာရယူထားတဲ့ နိုင်ငံကြီးငါးနိုင်ငံရဲ့ ချယ်လှယ်မှုအောက်မှာပဲ ရှိနေရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ” ဆိုတာကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။

ဒီစကားကို တူရ်ကီသမ္မတကြီးအာဒိုဂန်ဟာ အခမ်းအနားတော်တော်များများမှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။

တူရ်ကီသမ္မတကြီး အာဒိုဂန်နဲ့ ဇနီး အမီနာအာဒိုဂန်ဟာ အန်ကာရာမှာပြုလုပ်တဲ့ နိုင်ငံတော် အခမ်းအနားတစ်ခုမှာ မီဒီယာတွေမပါဘဲ မင်းသမီးလင်ဆေးလိုဟန်နဲ့ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီလိုတွေ့ဆုံစဉ်မှာ မင်းသမီးက သမ္မတကြီးအာဒိုဂန်ကို အထက်ပါလည်စွဲလေးကို လက်ဆောင်အဖြစ် အမှတ်တရ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

တူရ်ကီသမ္မတ ရဂျဗ်သွိုင်ယိဗ်အာဒိုဂန်ဟာ ကမ္ဘာကျော် ဆီးရီးယား နိုင်ငံသူလေး ဘာနဟ်အာဗိဒါနဲ့ အတူတကွ မင်းသမီးလင်ဆေးလိုဟန်ကိုလည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အသက်(၇)နှစ်အရွယ်သာ ရှိသေးတဲ့ ဘာနဟ်အာဗိဒါလေးဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ဆီးရီးယားမှာ ဖြစ်ပျက်နေတဲ့ စစ်ရာဇဝတ်မှုဓာတ်ပုံတွေကို ဖြန့်ချိရာကနေ ကမ္ဘာကျော်ဆယ်လီကလေးတစ်ဦးအဖြစ် ထင်ရှားလာသူ ဖြစ်ပါတယ်။ (ဤနေရာကို နှိပ်၍ ဘာနဟ်အာဗိဒါအကြောင်း ဖတ်ရှုနိုင်ပါသည်)

လိုဟန်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက မြို့တော်အစ္စတန်ဘူလ်က ဆီးရီးယားဒုက္ခသည် စခန်းတွေမှာ သွားရောက်လေ့လာခဲ့ပြီး ဒုက္ခသည်တွေနဲ့ ဆုံတွေ့ခဲ့သူ ဖြစ်ပါတယ်။

အဲဒီလို ဆုံတွေ့ခဲ့စဉ်ကလည်း သူမက ကမ္ဘာကြီးဟာ နိုင်ငံငါးနိုင်ငံ မကပါဘူးဆိုတဲ့ စကားလေးကို ပြောကြားခဲ့ဖူးပါတယ်။

Inews-0077/17 © အလင်းမျက်ဝန်း | ကိုးကား » سكاي نيوز عربية


ရန်ကုန်မြို့တော်ကြီးမှာ YBS ကားတွေ ပြေးဆွဲနေသလို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ကြီးရဲ့ လမ်းမတွေပေါ်မှာလည်း မောင်းသူမဲ့ ခရီးသည်တင် ဘတ်စ်ကားများ သွားလာနေတာကို တွေ့ကြရမှာပါ။

အော်တိုလျှပ်စစ်မီနီဘတ်စ်ကားတွေဟာ နှစ်လမ်းမောင်းပေါ် စုံညီဆန်ညီ မောင်းနှင်သွားလာနေကြပါတယ်။

အဆိုပါ မောင်းသူမဲ့ကားတစ်စီးမှာ ခရီးသည်ခြောက်ဦးထိုင်ပြီး ခရီးသွားလာနိုင်ပါတယ်။

အခုအခါမှာတော့ အဆိုပါ မောင်းသူမဲ့ ဘတ်စ်ကားလေးတွေဟာ မီတာ (၂၀၀) ကျယ်ဝန်းတဲ့ နှစ်လမ်းမောင်းလမ်းမကြီးအပေါ်မှာပဲ ပြေးဆွဲပေးနေကြတာ ဖြစ်ပါတယ်။

အဲဒီကားလေးတွေကို ပဲရစ်မြို့တော်ကြီးရဲ့ လူအများသွားလာအသုံးပြုနေကြတဲ့ လမ်းများကြီးတွေအပေါ်မှာ မမောင်းခင်အထိ သုံးလကြာအောင် ဒီလမ်းမကြီးပေါ်မှာ အသေအချာ စမ်းသပ်မောင်းနှင်သွားကြမှာ ဖြစ်ပါတယ်။

Inews-0076/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


မွတ်စ်လင်မ်နိုင်ငံ (၇) နိုင်ငံက ရွှေ့ပြောင်းလာသူတွေကို ပြည်ဝင်ခွင့် ပိတ်မယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နိုဘယ်ဆုရှင် မာလာလာယူစွတ်ဖ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မာလာလာယူစွတ်ဖ်က အခုလို ဆက်လက်ပြောကြားခဲ့ပါတယ်။

“ ရွှေပြောင်းဒုက္ခသည်တွေကို ဗီဇာပိတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်မနှလုံးသားကို ထိခိုက်ကြေကွဲစေခဲ့ပါတယ်။ တကယ်တမ်းတော့ ဒေါ်နယ်ထရမ့်ဟာ စစ်ရဲ့သားကောင်ဖြစ်နေရတဲ့ အပြစ်မဲ့အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် မျှော်လင့်ချက်တံခါးကို ပိတ်ဆို့လိုက်သလိုပါပဲ။ ဒါဟာ လုံးဝကို မယုံနိုင်စရာပါပဲ။ ”

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်လို့လည်း မာလာလာက တောင်းဆိုလိုက်ပါတယ်။

Inews-0075/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


တရုတ်ပြည်ရဲ့ လူမှုကွန်ယက်မီဒီယာတွေအပေါ်မှာ ခိုးသားတွေကို ဖမ်းဆီးမိပြီးနောက်ပိုင်း သူတို့ရဲ့ဓာတ်ပုံတွေ တက်လာပါတယ်။

သူတို့ဟာ ကုန်စုံဆိုင်တစ်ခုကနေ ဆန်တွေကို ခိုးယူနေစဉ် အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးမိပြီးနောက်မှာတော့ ဆိုင်ဝန်ထမ်းတွေက သူတို့ကို ကြိုးတွေနဲ့ ချည်နှောင်ပြီး လူမြင်ကွင်းမှာ တွဲလောင်းချိတ်ဆွဲ ပြသခဲ့ကြပါတယ်။

ဒါ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်မှာလည်း စာတွေကိုရေးသား ချိတ်ဆွဲခံထားကြရပါတယ်။

အဲဒီကြေညာချက်ထဲမှာတော့ “ ကျနော်တို့ နောက်နောင် အခုလို ဆန်ခိုးမစားတော့ပါဘူး ” လို့ ရေးသားထားပါတယ်။

အခုလိုပြုလုပ်ပြီးနောက်မှာတော့ လူမှုကွန်ယက်စာမျက်နှာတွေအပြင် မီဒီယာတွေပေါ်မှာပါ ငိုအားထက် ရယ်အားသန်စေတဲ့သတင်းတစ်ပုဒ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် နေရာယူခဲ့ပြီး အဆိုပါပုံတွေနဲ့သတင်းတွေဟာ လူတွေကို ပျော်ရွှင်စေခဲ့ရပါတယ်။

အဆိုပါ ဆန်ခိုးသားတွေဟာ လူတွေမဟုတ်ကြပါဘူး။ သူတို့ဟာ အိမ်ကြွက်ကလေးနှစ်ကောင်ပဲ ဖြစ်ပါတယ်။ (ဓာတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်)

Inews-0074/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat