01/29/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ရှေ့နေဦးကိုနီအား ယနေ့ ဇန်နဝါရီလ (၂၉) ရက် တနင်္ဂနွေနေ့ ညနေ (၅) နာရီအချိန်ခန့်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal-1 ရှေ့ လူသွားလမ်းပလက်ဖောင်းပေါ်တွင် အသက် (၅၃) နှစ်အရွယ်ရှိ ကြည်လင်းဆိုသူမှ အသင့်ပါရှိသော (၉မမ) ပစ္စတိုသေနတ်ဖြင့် အသေအချာချိန်ရွယ်၍ ပစ်ခတ်မှုကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ


လုပ်ကြံခံရသူ ဦးကိုနီသည် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေးဖြစ်ပြီး နိုင်ငံတော်ခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်ထဲရေးဝန်ကြီးနှင့် (၈၈) မျိုးဆက်ခေါင်းဆောင် ကိုမြအေးအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့်အတူ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာစဉ်မှာ ယခုလို ဝမ်းနည်းဖွယ်ကောင်းစွာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးကိုနီအား နိုင်ငံတော်အစိုးရ VIP ယာဉ်တန်းဖြင့် လိုက်ပါစေရန် ခေါ်ဆောင်မှုကို လက်မခံဘဲ မိမိတွင် ရန်သူမရှိဟု ခံယူကာ မိသားစုအား လာရောက်ကြိုဆိုရန် ၎င်းမှ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး သူအလွန်ချစ်မြတ်နိုးသော (၂) နှစ်အရွယ် မောင်ဇေဝင့်ထည် (ခ) မိုဟမ္မဒ် အစ်ရ်ဖန်း ကို ခေါ်ခဲ့ပေးရန် တကူးတက မှာခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်သေဆုံးချိန်အထိ ၎င်းမြေးဖြစ်သူလေးအား ချီပွေ့ထားပြီး ကလေးငယ်အား ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ယခုအခါ ပစ်ခတ်လုပ်ကြံ၍ ထွက်ပြေးသူ ကြည်လင်း၊ အသက် (၅၃) နှစ်၊ (အဖ) ဦးလှိုင်၊ (အမိ) ဒေါ်ဖွားမြ၊ (နေရပ်) ၃၄-လမ်း၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ အား (၉မမ) ပစ္စတို (၁) လက်နှင့် ကျည် (၉) တောင့်၊ (၅) လုံးပြုးသေနတ် (၁) လက်နှင့် ကျည် (၄) တောင့်တို့နှင့်အတူ လေဆိပ်တွင် ဖမ်းမိထားပြီး သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းနေတယ်လို့ ရဲသတင်းအရ သိရှိရပါတယ်။

အသက် (၆၄) နှစ်အရွယ် ရှဟီဒီ အဗ္ဗဒွလ်ဃနီ (ခ) ဦးကိုနီတွင် အသက် (၈၃) နှစ်အရွယ် မိခင်ကြီးအပါအဝင် ဇနီး၊ သားသမီးနှင့် မြေးများ ကျန်ရှိခဲ့ပါတယ်။

ရှဟီဒီ အဗ္ဗဒွလ်ဃနီ (ခ) ဦးကိုနီရဲ့ ဂျနာဇာဟ် (နောက်ဆုံးဈာပန) ကိုတော့ နက်ဖန် ဇန်နဝါရီလ (၃၀) ရက် တနင်္လာနေ့ ညနေ အစွရ်နမားဇ်အပြီးအချိန် ရေဝေးကဘာရ်စတာန်ဥယျာဉ်သင်္ချိုင်းတော်ကို ပို့ဆောင်ဒဖ်နာမယ်လို့ ကနဦးသတင်းအရ သိရှိရပါတယ်။

ကျန်ုပ်တို့ အလင်းမျက်ဝန်းအနေဖြင့် ဤမှုခင်းအပေါ် နိုင်ငံတော်လုပ်ကြံမှုအဖြစ် မှတ်ယူပါသည်။

မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးစတေးခဲ့ရသော အာဇာနည် (၉) ဦး ပြီးနောက် မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်ပေးစတေးခဲ့ရသည့် တစ်ဦးတည်းသော နိုင်ငံ့အာဇာနည်ကြီးအဖြစ် ဂုဏ်ပြုအပ်ပါသည်။

ဤသည် မြန်မာမွတ်စ်လင်မ်များအတွက်သာမက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက်ပါ အစားထိုးမရတဲ့ တန်ဖိုးကြီးမားသော ဥပဒေပညာရှင်တစ်ဦးကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပါသည်။

Mnews-004/17 © အလင်းမျက်ဝန်း
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/SLxx7v7mXRs
[/info]


ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ စနေနေ့က အခုလို ပြောကြားလိုက်ပါတယ်။

“ ကနေဒါနိုင်ငံသားတွေဟာ အကြမ်းဖက်မှု၊ စစ်ပွဲ၊ ဒုက္ခတွေကနေ အလွတ်ရုံး ထွက်ပြေးလာတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ”

အမေရိကသမ္မတ ဒေါ်နယ်ထရမ့်ဟာ အစ္စလာမ့်နိုင်ငံ(၇)နိုင်ငံဖြစ်တဲ့ အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့မှ အမေရိကန်ပြည် ထောင်စုထဲကို ခိုလှုံဖို့ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို တားမြစ်တင်းကြပ်ထားတဲ့ လေးလတာ အာဏာသက်ရောက်စေမယ် ဥပဒေကို ပြဋ္ဌာန်းပြီးနောက် တစ်ရက်အကြာမှာပဲ ကနေဒါဝန်ကြီးချုပ် ရူဒိုက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Trudeau ၎င်းရဲ့ Twitter စာမျက်နှာပေါ်မှာလည်း အခုလို ရေးသားဖော်ပြခဲ့ပါသေးတယ်။

“ စစ်ပွဲ၊ အကြမ်းဖက်ခံရမှုနဲ့ ဒုက္ခတို့မှ လွတ်မြောက်ရာဆီ ခိုလှုံရာရှာနေသူများခင်ဗျား... ကျနော်တို့ ကနေဒါနိုင်ငံသားတွေဟာ ခင်ဗျားတို့ရဲ့ယုံကြည်ချက်တွေကို မျက်ကွယ်ပြုပြီး ခင်ဗျားတို့ကို လှိုက်လှဲစွာ ကြိုဆိုကြပါလိမ့်မယ်။ ကျနော်တို့ရဲ့ အင်အားဟာ မတူကွဲပြားမှုထဲမှာ ရှိနေပါတယ်။ ဒါကြောင့် ကနေဒါနိုင်ငံက ခင်ဗျားတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။ ”

အဆိုပါ နိုင်ငံ(၇)ခုမှ ခိုလှုံဖို့ ရောက်ရှိလာကြတဲ့ ဒုက္ခသည်တွေအပေါ် အမေရိကန်သမ္မတသစ် ထရမ့်ပြဌာန်းလိုက်တဲ့ ဥပဒေဟာ အမေရိကန်ကို ဦးတည်ပြီး ခရီးထွက်လာတဲ့ ခရီးသည်တွေအတွက် လွန်စွာ ဒုက္ခဖြစ်စေခဲ့ပါတယ်။

အခုတော့ သူတို့တစ်တွေဟာ လာရာလမ်းကြောင်းတွေကို ပြန်လှည့်ရတော့မလိုတောင် ဖြစ်နေကြပါပြီ။

ဒါ့အပြင် အဆိုပါ ပြဌာန်းချက်တွေဟာ ခွဲခြားတဲ့၊ လူ့ဂုဏ်သိက္ခာကို စော်ကားတဲ့ ပြဌာန်းချက်တွေသာ ဖြစ်တယ်လို့ ခရီးသည်တွေဘက်က ကင်ပွန်းတပ်ကြပါတယ်။

ဒါ့အပြင် အမေရိကန် ပြည်ထောင်စု အနောက်တိုင်းသားတွေရဲ့ မဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမဏီတို့အပြင် အမေရိကန် အာရဗ်အုပ်စုများနဲ့ လူ့အခွင့်အရေးကာကွယ်တဲ့ အဖွဲ့အစည်းတွေရဲ့ ပြစ်တင်ရှုတ်ချမှုကိုလည်း အကြီးအကျယ် ခံနေရပါတယ်။

နယူးယောက်မှာရှိတဲ့ လူဝင်မှု ပြဿနာတွေကို အထူးပြုကိုင်တွယ်နေတဲ့ အမေရိကန်ရှေ့နေတွေဟာလည်း ယင်းဥပဒေများကို ချုပ်ငြိမ်းသွားစေဖို့ အားထုတ်ကြိုးစားနေကြပါတယ်။

ဒီဥပဒေကိုကိုင်တွယ်ပြီး သက်ဆိုင်ရာဝန်ထမ်းတွေဟာ တရားဥပဒေနဲ့ မကိုက်ညီတဲ့ပုံစံတွေနဲ့တောင် ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်လာကြတယ်လို့လည်း သက်သေတချို့က ပြောကြပါတယ်။

Inews-0080/17 © အလင်းမျက်ဝန်း | ကိုးကား » العربية


အမေရိကန်ပြည်ထောင်စုမှာ စွလာသ်ဝတ်ပြုဆောက်တည်ဖို့ နားချိန်မပေးသည့် ကုမ္ပဏီကို ဝန်ထမ်းများက ကန့်ကွက်ဆန့်ကျင်၍ လွတ်လပ်မှုဆုံးရှုံးကြောင်း သက်ဆိုင်ရာမှာ စွဲချက်တင်လိုက်ပါတယ်။

ဒီအစီအစဉ်ကို ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်ကြီးမှာ အများပြည်သူလွယ်ကူချောမွေ့ရေး ဝန်ဆောင်မှုကုမ္ပဏီက မွတ်စ်လင်မ်ဝန်ထမ်းတွေက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီဟာ လေဆိပ်အတွင်း ခရီးသည်သုံး လက်တွန်းလှည်းများကို ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး မွတ်စ်လင်မ် ဝန်ထမ်းတွေကို နမားဇ်ဝတ်ပြုဖို့ ခေတ္တအချိန်ကိုပင် ခွင့်မပြုမပေးတာကြောင့် ဒါဇင်ပေါင်းများစွာသော မွတ်စ်လင်မ်ဝန်ထမ်းတွေစုပေါင်းပြီး လူ့အခွင့်အရေးကော်မရှင်ကို တင်ပြတိုင်တန်းခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါတင်ပြတိုင်ကြားလွှာအတွင်း ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ထည့်သွင်းဖော်ပြခဲ့ကြရာမှာတော့ ကုမ္ပဏီဟာ စွလာသ်ဆောက်တည်ဖို့အတွက် ခေတ္တနားချိန်မျှပင် မပေးခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်း ပါဝင်ခဲ့ပါတယ်။

အဆိုပါကိစ္စအား လူ့အခွင့်အရေးကော်မရှင်မှ ဘာသာရေးခွဲခြားဆက်ဆံမှုအဖြစ် တိုင်ကြားလွှာကိုလက်ခံကာ စွဲချက်တင်လိုက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အကယ်၍သာ ပြစ်မှုအဖြစ် ထင်ရှားခဲ့ပါက ၎င်းကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲလောက်ထိ ဒဏ်ရိုက်ခံရဖွယ်ရှိနေပါတယ်။

Inews-0079/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


အမေရိကန်နိုင်ငံမှာ မွတ်စ်လင်မ်နိုင်ငံ (၇) ခုမှ ဝင်ရောက်လာတဲ့ နိုင်ငံသားတွေကို ပြင်းပြင်းထန်ထန် စစ်ဆေးလေ့လာစောင့်ကြည့်ဖို့ ဗဟိုအစိုးရရဲ့ အမိန့်ထုတ်ပြန်မှုကို ဆန့်ကျင်တဲ့အနေနဲ့ မွတ်စ်လင်မ်အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေဘက်ကနေ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီမိုကရက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအာစွိဖ်မဟ်မူဒ်က အခုလို ပြောပြပါတယ်။

“ ဒီအမိန့်စာဟာ မွတ်စ်လင်မ်တွေကို တားမြစ်ဖို့အတွက်ပဲ သီးသန့်ထုတ်ပြန်ခဲ့တာပါ။ ဒီအမိန့်စာကြောင့် ဒီမှာနေထိုင်တဲ့ မွတ်စ်လင်မ်တွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ ”

၎င်းက ဆက်လက်ပြောပြသွားပါတယ်။

“ ထရမ့်ဟာ မက်စီကိုနဲ့အတူ မွတ်စ်လင်မ်တွေကိုပါ ဆန့်ကျင်ပြီး အစွန်းရောက်မှုကိုအခြေပြုတဲ့ တကယ့်တံတိုင်းကြီးတစ်ခုကို တည်ဆောက်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ”

ကန့်ကွက်မှုမှ ဦးဆောင်ပါဝင်နေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပါမောက္ခ အာဒိလ်နဂ်ျမ်ကလည်း အခုလို ပြောကြားခဲ့ပါတယ်။

“ ဒီအမိန့်ပြန်ဌာန်းချက်ဟာ တကယ်တော့ မွတ်စ်လင်မ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ကြဖို့ လှုံ့ဆော်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကို အခြေခံပြီးတော့ အမေရိကန်က အစိုးရဝန်ထမ်းတွေဟာ မွတ်စ်လင်မ်တွေကို ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ဖွယ် ရှိနေပါတယ်။ ”

Inews-0078/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat