ပါကစ္စတန်နိုင်ငံ၊ ကွေတာမြို့မှာ နူရွလ်ကုရ်အာန် (ကုရ်အာန်လင်းရောင်တော်) လို့ခေါ်ဆိုကြတဲ့ တောင်ကုန်းတစ်ခုရှိပါတယ်။

ကွေတာမြို့ရဲ့ အနောက်ဘက်ရှိ တောင်တန်းတွေထဲက ကျင်လ်သန်တောင်ရဲ့ အစွန်အဖျားမှာရှိနေတဲ့တောင်ကို နူရွလ်ကုရ်အာန် (ကုရ်အာန်လင်းရောင်တော်) တောင် လို့ သတ်မှတ်ထားကြပါတယ်။

တစ်နိုင်ငံလုံးက ဆွေးမြေ့ဟောင်းနွမ်းနေတဲ့ ကုရ်အာန်ကျမ်းစာတွေကို သူသူငါငါက လာရောက်သိမ်းဆည်းကြရာကနေ အဆိုပါကဲ့သို့ အမည်သညာတပ်ခေါ်လာကြတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

အဆိုပါလုပ်ဆောင်မှုကို စတင်တာဟာ ၁၉၉၂ ခုနှစ်မှာဖြစ်ပြီး ကိုယ်ထူကိုယ်ထအနေနဲ့ လူတစ်ချို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

၎င်းပုဂ္ဂိုလ်တို့ဟာ အဆိုပါတောင်ကြီးထဲမှာ လှိုဏ်ဂူပေါင်း (၁၂၅) ခုတောင် ပြုလုပ်ထားခဲ့ကြပြီး စုစုပေါင်းအရှည်ဟာ သုံးကီလိုမီတာခွဲတောင် ရှိပါတယ်။

အဆိုပါ တောင်ပေါ်လှိုဏ်ဂူ အဆောက်အဦးကြီးကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ပျက်စီးနေတဲ့၊ အခြေအနေမလှတော့တဲ့ ကျမ်းတော်မြတ်ကုရ်အာန်များအပါအဝင် ကျမ်းတော်မြတ်အတွင်းက ဟောင်းနွမ်းနေတဲ့ စာရွက်အပိုင်းအစတွေ၊ ကျမ်းတော်မြတ်အာယသ်တော်များပါဝင်တဲ့ စာရွက်စာတမ်းဟောင်းတွေနဲ့ အခြားသော အစ္စလာမ်သာသနာရေးဆိုင်ရာ စာအုပ်စာပေဟောင်းတွေကို အမြတ်တနိုးထားပြီး သိမ်းဆည်းဖို့ ဖြစ်ပါတယ်။

အမှတ်တရအဖြစ် ပြသလို့ရတဲ့ စာအုပ်စာတမ်းတွေကိုတော့ မှန်ခန်းတွေနဲ့ ထည့်သွင်းပြီး သပ်သပ်ရပ်ရပ်နဲ့ ခင်းကျင်းပြသထားပါတယ်။

မှန်ခန်းတွေရဲ့ အောက်မှာတော့ ဟောင်းနွမ်းဆွေးမြေ့သွားပြီဖြစ်တဲ့ သန်းနဲ့ချီတဲ့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့တကွ ဘာသာရေးစာအုပ်စာပေဟောင်းတွေကို အိတ်တွေနဲ့ထည့်သွင်းပြီး စီရီစွာနဲ့ သိမ်းဆည်းထားပါတယ်။

Inews-0081/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV