02/02/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ပါကစ္စတန်နိုင်ငံ၊ ဆင်းဒ်ပြည်နယ်လွှတ်တော်မှာ ကလေးငယ်များအပေါ် ဦးနှောက်ပိုင်းဆိုင်ရာနဲ့ ခန္ဓာပိုင်းဆိုင်ရာတို့ကို ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံခြင်းကို ဆန့်ကျင်တဲ့ ဥပဒေမူကြမ်းကို တညီတညွတ်တည်း လက်ခံအတည်ပြုလိုက်ကြပါတယ်။

ဥပေဒအရ ကလေးငယ်များကို ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ခတ်မှုအပေါ် စည်းကမ်းများ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါစည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သူများကိုလည်း အရေးယူသွားမှာ ဖြစ်ပါတယ်။

ပညာရေးဌာနများအပါအဝင် ကျောင်းများ၊ ကလေးထောင်များနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနတွေမှာ ပညာသင်ယူပြုပြင်မှု ခံယူနေတဲ့ ကလေးတွေအပေါ် ခန္ဓာကိုယ်အရရော၊ ဦးနှောက်ပိုင်းဆိုင်ရာအရရော ပြင်းထန်ကြမ်းတမ်းစွာ ပြုမူဆက်ဆံမှုကို ဆန့်ကျင်တဲ့ ဥပဒေကို မွတ်စ်လင်မ်လူမှုအဖွဲ့အစည်းဥက္ကဌ မဲဟ်သားဗ်အက္ကဗရ်ရရှီဒီက ဦးဆောင်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဥပဒေပါ စာသားများအရ ကလေးငယ်များကို ပြင်းပြင်းထန်ထန်ပြုမူသူတွေကို ဆန့်ကျင်မှုဟာ တစ်လအတွင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျောင်းဆရာ၊ ဆရာမများအပါအဝင် အဆိုပါဥပဒေနဲ့ငြိစွန်းတဲ့ ဝန်ထမ်းတွေကိုပါ ဆန့်ကျင်အရေးယူသွားမှာ ဖြစ်ပါတယ်။

အဆိုပါဥပဒေကို ဆွေးနွေးကြရင်း အစိုးရနဲ့ အတိုက်အခံပါတီဝင်များဟာ ကလေးတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရင်း ကလေးငယ်များကို အပြုသဘောဆောင်တဲ့ နည်းလမ်းပုံစံတွေနဲ့ ကိုင်တွယ်နိုင်ကြဖို့ အရေးကြီးတယ်လို့ ပြောကြားသွားပါတယ်။

Inews-004/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


မနေ့က ဖေဖော်ဝါရီလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဟိဂျာဗ်ဝတ်ဆင်ရေးနေ့ဖြစ်တာကြောင့် နယူးယောက်မြို့တော်မှာ အမေရိကန်ပြည်ထောင်စုအလံများကို ဦးခေါင်းပေါ် ခြုံထည်ပုဝါပုံစံမျိုး ဝတ်ဆင်စည်းနှောင်ကာ ခေါင်းပေါင်းပြီး မြောက်မြားစွာသော မွတ်စ်လင်မ်များနဲ့တကွ တခြားဘာသာဝင် အမျိုးသမီးများကပါ ပျော်ရွှင်စွာနဲ့ ပါဝင်ကျင်းပခဲ့ကြပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ကလည်း ဥရောပတစ်ခွင်လုံးမှာ ဟိဂျာဗ် လုံလုံခြုံခြုံဝတ်ဆင်ခြင်းကို ဆန့်ကျင်တဲ့ ဖြိုခွင်းမှုတွေအပေါ် တုန့်ပြန်ပြောကြားလိုက်ပါတယ်။

“ အမျိုးသမီး မိန်းကလေးတွေ ဘာဝတ်ဆင်ကြရမှာလဲဆိုတာ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်မှုအတိုင်းပဲ ဖြစ်သင့်ပါတယ်။ ”

နယူးယောက်ရဲ့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ အခမ်းအနားမှာ အမျိုးသမီးတွေဟာ အမေရိကန်အလံတွေကို ဦးခေါင်းတွေအပေါ်မှာ ပေါင်းခြုံပြီး စုရုံးခဲ့ကြပါတယ်။

အဆိုပါ ခေါင်းပေါင်း၍ စုရုံးခဲ့ကြတဲ့ အမျိုးသမီးကြီးတွေနဲ့ မိန်းကလေးတွေထဲမှာ မွတ်စ်လင်တွေတင်မကဘဲ အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်ပနိုင်ငံသူ မိန်းကလေးတွေကလည်း ဒေါ်နယ်ထရမ့်ရဲ့ ပေါ်လစီတွေကို ဆန့်ကျင်ပြီး မွတ်စ်လင်မ်တွေနဲ့ တစ်သားတည်းဖြစ်ကြောင်း ဖော်ထုတ်ဖို့အတွက် စုရုံးခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့အတူ ဗြိတိသျှပါလီမန်မှာလည်း ကမ္ဘာ့လုံလုံခြုံခြုံ ဝတ်ဆင်ရေးနေ့မှာ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ကြပါတယ်။

ကမ္ဘာ့ဟိဂျားဗ်ဝတ်ဆင်ရေးနေ့အခါသမယမှာ မွတ်စ်လင်မ်မိန်းကလေးတွေနဲ့ ထပ်တူထပ်မျှ တစ်သားတည်းဖြစ်ကြောင်း ထုတ်ဖော်ပြသဖို့အတွက် နိုင်ငံပေါင်းများစွာမှာ အမျိုးသမီးပေါင်းများစွာဟာ ဟိဂျာဗ်လို့ခေါ်တဲ့ လုံလုံခြုံခြုံအဝတ်အစားတွေကို ဝတ်ဆင်ပြီး ဆဲလ်ဖီရိုက်၍ လူမှုကွန်ယက်တွေအပေါ်မှာ ဖြန့်ဝေပြသခဲ့ကြပါတယ်။

တစ်ဖက်မှာတော့ ဥရောပ နိုင်ငံအများစုဟာ ဟိဂျာဗ် ဝတ်ဆင်ခြင်းဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ကန့်သတ်ခဲ့ကြပါတယ်။

ဂျာမဏီအကြီးအကဲ အန်ဂျလာမာကဲလ်ကလည်း မျက်နှာတစ်ခုလုံး ဖုံးအုပ်ဝတ်ဆင်ခြင်းကို တားမြစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ပြင်သစ်မှာလည်း လူသူထူထပ်တဲ့ နေရာတွေမှာ မျက်နှာတစ်ခုလုံး ဖုံးအုပ်တာကို တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

Inews-003/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

ဓာတ်ပုံ » RFA Burmese

ရှဟီဒီ အဗ်ဒွလ်ဂနီ (ခ) အာဇာနည်ကြီး ဦးကိုနီအား ဇန်နဝါရီလ (၂၉) နေ့က ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် အနီးကပ် ချိန်ရွယ်၍ ပစ်ခတ်လုပ်ကြံသူကို ဖမ်းဆီးဖို့ကြိုးစားရင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ အမျိုးသမီးဖြစ်သူကို ရန်ကုန်တိုင်းဒေသကြီး အိုလမာ-အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ရဲ့ ပညာရေးနဲ့ လူမှုရေးအကျိုးတော်ဆောင်အဖွဲ့က အလှူငွေများ သွားရောက်လှူဒါန်း အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်း၊ ဟာဂျီ မိုဟမ္မဒ် စလီးမ် (ခ) ဦးခင်မောင်သန်း (လစန္ဒာ)၊ ဟာဂျီ ဦးတင်နိုင် (AMT) နဲ့ ဟာဂျီ ဦးသန်းမောင် တို့ပါဝင်တဲ့ အဆိုပါအဖွဲ့ဟာ ယနေ့ ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ကွယ်လွန်သူ ဦးနေဝင်းမိသားစုထံ သွားရောက်၍ အလှူတော်ငွေ (၅) သိန်းကျပ်ကိုပေးအပ်ရင်း အားပေးစကားများ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဦးနေဝင်း၏ လုပ်ရပ်အပေါ် ဂုဏ်ယူကြောင်း၊ စာနာထောက်ထားကြောင်းတို့ကို ပြောကြားခဲ့ပြီး၊ ဦးနေဝင်းမိသားစုမှလည်း မိမိတို့အပေါ် ယခုလို သတိတရဖြင့် လာရောက်အားပေးသည့်အပေါ် အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့မိသားစုတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများ အစကတည်းကလည်း မရှိခဲ့ကြောင်းတို့ကို ပြန်လည်ပြောကြားပြီး ဝမ်းမြောက်စွာနဲ့ အလှူငွေကို လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့်စနေနေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်မည့် ဦးကိုနီနေအိမ်ရှိရာ (၄၂) လမ်း၌ ကွယ်လူသူများအတွက် ရည်စူးသော ဝမ်းနည်းဖွယ်အထိမ်းအမှတ် အလှူတော်သို့လည်း ဦးနေဝင်း မိသားစုအား ကြွရောက်ပေးရန်အတွက် ကာယကံရှင်များကိုယ်စား မိမိတို့မှ ကိုယ်စားပြု ဖိတ်ကြားခဲ့တယ်လို့ ပါဝင်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးကျော်ငြိမ်းက အလင်းမျက်ဝန်းကို ရှင်းပြခဲ့ပါတယ်။

Mnews-003/2/17 © အလင်းမျက်ဝန်း


ရခိုင်ပြည်နယ်က မွတ်စ်လင်မ်တွေဟာ သူတို့ရဲ့ ရပိုင်ခွင့်တွေ လိုအပ်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားတာဖြစ်ပြီး လူမျိုးသစ်တစ်ခုဖြစ်လာဖို့နဲ့ သီးခြားနယ်မြေတစ်ခုပေါ်ထွန်းလာဖို့ ထောက်ခံပြောဆိုနေတာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ ANP ဗဟိုဌာနချုပ်ရုံးမှာ မနေ့ညနေက တွေ့ဆုံခဲ့ကြရာမှာ သံအမတ်ကြီးက အဲဒီလိုပြောဆိုခဲ့တာပါ။

အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်က အမှန်တကယ် နိုင်ငံသားဖြစ်ခွင့် ရထိုက်တဲ့သူတွေနဲ့ အထောက်အထားမှန်ကန်တဲ့ မွတ်စ်လင်မ်တွေ နိုင်ငံသားဖြစ်ခွင့်ရရှိပြီး အခြားသူတွေနဲ့ တန်းတူအခွင့်အရေး ရရှိလာဖို့ဖြစ်တယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်ကတော့ မွတ်စ်လင်မ်တွေထဲက နိုင်ငံသားဖြစ်နေသူတွေနဲ့ ဥပဒေအရ နိုင်ငံသားတစ်မျိုးမျိုးဖြစ်လာနိုင်သူတွေကို ဥပဒေနဲ့အညီ စိစစ်လက်ခံပြီး ရခိုင်ပြည်နယ်တစ်ခုတည်းမှာ ပိတ်လှောင်မထားဘဲ မြန်မာပြည်အနှံ့ လွတ်လပ်စွာသွားလာ အခြေချခွင့်ပြုဖို့ ပါတီအနေနဲ့ အစဉ်တစိုက်ကြိုးပမ်းနေတယ်လို့ အမေရိကန် သံအမတ်ကြီးကို ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် စစ်တွေဆိပ်ကမ်းကနေ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ရိုက်ကုန်သွယ်ခွင့်ပြုဖို့လိုအပ်ပြီး အခုလိုခွင့်ပြုနိုင်ဖို့ ဗဟိုအစိုးရကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ ခွင့်မပြုကြောင်းလည်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်မြကျော်က မနေ့က သံအမတ်ကြီးနဲ့တွေ့ဆုံစဉ်မှာ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ဟာ မြန်မာ့နိုင်ငံရေးအခြေအနေတွေအပါအဝင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မောင်တောဒေသအရေးနဲ့ နိုင်ငံသားပြဿနာအရေးကိစ္စတွေကို မနေ့က အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ဒီနေ့မှာလည်း အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့နဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

Mnews-002/2/17
ကိုးကား » RFA Burmese

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat