ဗလီပြန်လည်မွမ်းမံရေး အွန်လိုင်းအလှူခံမှ (၂) ရက်အတွင်း ကန်ဒေါ်လာ (၁၀) သိန်းကျော်ရရှိ


အမေရိကန်နိုင်ငံ၊ ဝိတိုရိယမြို့မှာ မီးဘေးသင့်မှုကြောင့် ရှဟီးဒ်ဖြစ်သွားခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကို ပြန်လည်မွမ်းမံဖို့အတွက် အွန်လိုင်းပေါ်မှာ အလှူငွေစုဆောင်းတဲ့ ကမ်ပိန်းတစ်ခုကို တက်ကြွလှုပ်ရှားသူတွေက ဦးဆောင် ပြုလုပ်ခဲ့ပြီးနောက် သိပ်မကြာမီမှာပဲ အမေရိကန်ဒေါ်လာ (၁) သန်းနဲ့အထက် ရရှိခဲ့ပါတယ်။

ဂိုဖန်ဒ်မီ အမည်ရှိတဲ့ စာမျက်နှာပေါ်မှာ (၂) ရက်တာ ကာလအတွင်းမှာတင် လူမျိုး၊ ဘာသာစုံလင်တဲ့ လူဦးရေ (၁၉၀၀၀) ကျော်လောက်က အလှူငွေတွေကို အခုလို ဝိုင်းဝန်းထည့်ဝင် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါစုဆောင်းရရှိထားတဲ့ အလှူငွေတွေကိုတော့ ဗလီဝတ်ကျောင်းတော်ကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဗလီတာဝန်ရှိသူတွေက ပြေကြားပါတယ်။

အခုလို ဗလီပြန်လည်တည်ဆောက်မွမ်းမံရေးအတွက် အင်တိုက်အားတိုက်နဲ့ ထည့်ဝင်လှူဒါန်းခဲ့ကြသူတွေအပါအဝင် အမေရိကန်နိုင်ငံသားတွေရဲ့ ဗလီကြီး မီးလောင်စဉ်က ပူးပေါင်းအကာအကွယ်ပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်းကိုလည်း ဗလီဂေါပကအဖွဲ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ည (၂) နာရီ အချိန်လောက်က အဆိုပါဗလီဝတ်ကျောင်းတော်ဟာ အမေရိကန်လူမျိုးရေးအစွန်းရောက်သူတွေရဲ့ အကြမ်းဖက်မှုကြောင့် မီးသင့်လောင်ကျွမ်းခဲ့တယ်လို့ ယူဆရတာကြောင့် FBI နဲ့ တခြားသော အမေရိကန်ထောက်လှမ်းရေးဌာနတွေကတော့ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

(၄) နာလောက်ကြာအောင် မီးလောင်ကျွမ်းပြီး ရှဟီးဒ်ဖြစ်ခဲ့ရတဲ့ အဆိုပါဗလီဝတ်ကျောင်းတော်ကြီးဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကလည်း အမည်မသိလူတစ်ချို့ဟာ ဗလီကြီးရဲ့နံရံတွေပေါ်မှာ ညစ်ညမ်းစာသားတွေ၊ ဘာသာရေးစော်ကားတဲ့စကားလုံးတွေကို ရေးသားခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ ကြုံခဲ့ရဖူးပါတယ်။

Inews-005/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV