02/05/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၁၁) နာရီမှစတင်၍ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အသက်ပေးစတေးခဲ့ရသူ ရှဟီဒ် အဗ္ဗဒွလ် ဃနီ (ခ) အာဇာနည် ဦးကိုနီနှင့် ကွယ်လွန်သူ အရ်ဝါများအတွက်ရည်စူးပြီး ကျန်ရစ်သူမိသားစုမှ ဇေယာရသ် အားမ်ဒအ်ဝသ် (ကုသိုလ်ပြု စတုဒီသာအလှူတော်) ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၄၂)လမ်းထိပ်၊ မဟာဗန္ဓုလလမ်းမကြီးပေါ်မှာြုပုလုပ်ကျွေးမွေးခဲ့တဲ့ ၎င်းအားမ်ဒအ်ဝသ်အလှူတော်သို့ လူမျိုး၊ ဘာသာစုံမှ ရာနှင့်ချီသော လူပေါင်းများစွာ လာရောက်၍ အားပေးသုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ယမန်နေ့ (၄-၂-၂၀၁၇) စနေနေ့ကလည်း အဆိုပါနေရာမှာ အကြမ်းဖက်သမားလက်ချက်ကြောင့် သေဆုံးခဲ့ရသူ ရှေ့နေကြီး ဦးကိုနီနှင့် ယာဉ်မောင်း ဦးနေဝင်း တို့အတွက် ရည်စူးပြီး ဆုတောင်းပွဲအခမ်းအနား စတုဒီသာအလှူတော်ကြီးတစ်ခုကို နိုင်ငံရေးအသိုင်းအဝန်းမှ ဦးဆောင်ပြုလုပ်ခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်များကလည်း ပူးပေါင်းအားဖြည့်ခဲ့ကြပါတယ်။

Mnews-005/2/17 © အလင်းမျက်ဝန်း

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/pwn01LT-ZME
[/info]


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်ဌာနချုပ်က ရေတွက်ထုတ်ပြန်တဲ့ ဒုက္ခသည်တွေရဲ့ အရေအတွက်အရ ယခုအချိန်မှာ တူရ်ကီနိုင်ငံမှာ ဒုက္ခသည်အများဆုံး ရောက်ရှိနေထိုင်နေကြပါတယ်။ အဆိုပါ တူရ်ကီနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တွေရဲ့ အရေအတွက်ဟာ (၃၁) သိန်းလောက် ရှိနေပါတယ်။

ဒုတိယအရေအတွက်အများဆုံးကတော့ ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပါတယ်။ ပါကစ္စတန်မှာတော့ (၁၆) သိန်းသော ဒုက္ခသည်တွေ ခိုလှုံနေထိုင်နေကြပါတယ်။

လဗ်နွန်နိုင်ငံမှာ (၁၁) သိန်း၊ အီရန်နိုင်ငံမှာ (၈) သိန်းနီးပါး၊ အီသီယိုပီးယားနိုင်ငံမှာ (၇) သိန်းကျော်၊ ဂျော်ဒန်နိုင်ငံမှာ (၆.၅) သိန်းကျော်၊ လစ်ဗျားနိုင်ငံမှာ (၅.၅) သိန်းကျော်၊ ယူဂန်ဒါနိုင်ငံမှာ (၄) သိန်းကျော်၊ ချက်သမ္မတနိုင်ငံမှာ (၄) သိန်းကျော်၊ ဆူဒန်နိုင်ငံမှာ (၃.၅) သိန်းကျော်၊ အီတလီနိုင်ငံမှာ (၁) သိန်းကျော်၊ သြစတေးလျနိုင်ငံမှာ (၁.၅) သိန်းကျော်၊ ဆွီဒင်နိုင်ငံမှာ (၇) သောင်းနီးပါး၊ ပြင်သစ်နိုင်ငံမှာ (၃) သိန်းနီးပါးနဲ့ ဂျာမဏီနိုင်ငံမှာ (၃) သိန်းကျော်လောက် အသီးသီးခိုလှုံနေထိုင်နေကြပြီး အခြားနိုင်ငံများစွာမှာလည်း ရှိနေပါသေးတယ်။

၎င်းအဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်အရ ယခုနှစ် ၂၀၁၇ အစောပိုင်းကာလမှာတင် ကမ္ဘာအနှံ့မှာ ဒုက္ခသည်ဦးရေ စုစုပေါင်း (၆၅) သန်းကျော်လောက် ရှိလာနေပြီလို့ သိရပါတယ်။

အဆိုပါစာရင်းဇယားညွှန်းကိန်းတွေအရ အစ္စလာမ့်နိုင်ငံတွေဆီကို ဒုက္ခသည်တွေ ဝင်ရောက်ခိုလှုံမှုဟာ အများဆုံးဖြစ်နေတာကို မြင်တွေ့ရပါတယ်။

Inews-010/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


မွတ်စ်လင်မ်နိုင်ငံတချို့မှ နိုင်ငံသားတွေ အမေရိကန်ကို မဝင်ရဘူးလို့ တားမြစ်တဲ့ထရမ့်ရဲ့ ဥပဒေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ပေးခဲ့တဲ့ ဝါရှင်တန်ပြည်နယ်၊ စီယာတလ်မြို့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကို ရင်ဆိုင်သွားမယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

အသက်ဝင်နေတဲ့ ထရမ့်ဥပဒေ ဆက်လက်တည်မြဲရှင်သန်ရေး အာမခံချက်ရှိစေဖို့အတွက် တရားရေးဝန်ကြီးဌာနဟာ ၎င်းအမှုကို အမြန်ဆုံး ဖက်ဒရယ်တရားရုံးတော်ကို တင်သွင်းပြီး ပိုမိုခိုင်မာအောင် လုပ်ဆောင်မယ်လို့ အိမ်ဖြူတော်ကလည်း ဖွင့်ဟလိုက်ပါတယ်။

ဖွင့်ဟပြောဆိုချက်တွေထဲမှာတော့ အိမ်ဖြူတော်ဟာ ခိုလှုံသူတွေ၊ ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ထရမ့်ဥပဒေကို ခတ္တရပ်ဆိုင်းမယ့်ကိစ္စကို ဆန့်ကျင်ပြီး တိုက်ခိုက်သွားမယ်လို့ ပါဝင်ခဲ့ပါတယ်။

“ သမ္မတဟာ နိုင်ငံတော်ကို ကာကွယ်ရေးအတွက် အဓိကဦးတည်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူ့မှာ အခြေခံဥပဒေကို သုံးစွဲခွင့်အာဏာနဲ့ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ဖို့ တာဝန်ရှိပါတယ် ” လို့လည်း ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ဥပဒေထဲက တချို့ဟာ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ရပ်ဆိုင်းရမယ့်လို့ ဝါရှင်တန်ပြည်နယ် တရားသူကြီး ဂျီးမက်စ်ရူဗတ်က အမိန့်ထုတ်ပြန်ပြီးနောက် သိပ်မကြာခင်မှာပဲ အခုလို ပြင်းထန်တဲ့ နိုင်ငံရေးပွတ်တိုက်မှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ဥပဒေတွေဟာ မွတ်စ်လင်မ်များအပေါ် လူမျိုးရေးဆန့်ကျင်ခွဲခြားခြင်းဖြစ်တာကြောင့် အခြေခံဥပဒေနဲ့ ဖီလာဆန့်ကျင်နေတယ်ဆိုတဲ့စွဲချက်နဲ့ ရှေ့နေတွေဟာ ထရမ့်နဲ့ဆန့်ကျင်ပြီး မင်နီဆိုးတားနဲ့ ဝါရှင်တန်ပြည်နယ်နှစ်ခုက တရားရုံးတွေမှာ အမှုတင်သွင်းပြီး တရားစွဲဆိုခဲ့တာကြောင့် တရားရုံးက စီရင်ချက်မချခင်အချိန်ထိ ထရမ့်ဥပဒေကို ခေတ္တဆိုင်းငံ့ထားရမယ်ဆိုတဲ့ အမိန့်ကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဝါရှင်တန်တရားရုံးက ထုတ်ပြန်လိုက်တဲ့ အဆိုပါရပ်ဆိုင်းထားရမယ့်အမိန့်ဥပဒေဟာ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် (၅၀) စလုံးမှာ အမှုကိုစီရင်ချက်ချပြီးတဲ့အချိန်အထိ အသက်ဝင်နေမှာ ဖြစ်ပါတယ်။

ဖော်ပြပါ ပြည်နယ်နှစ်ခုအနက် တစ်ခုခုက ၎င်းထရမ့်ဥပဒေကို အခြေခံဥပဒေနဲ့ ဖီလာဆန့်ကျင်နေခြင်းဖြစ်တယ်ဆိုတဲ့ ဆုံးဖြတ်ခဲ့ရင်တော့ ၎င်းဥပဒေများဟာ တစ်နိုင်ငံလုံးမှာ ပျက်ပြယ်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Inews-008/2/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة


အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့အဖြစ် ဖေဖော်ဝါရီ လ (၄) ရက် (ယမန်နေ့) ကမ္ဘာတစ်ဝှန်းမှာ ကျင်းပခဲ့ကြပါတယ်။

ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ကင်ဆာရောဂါကို လူသားတွေ သတိဝီရိယရှိနေကြစေဖို့နဲ့ အဲဒီရောဂါကနေ ရှောင်ရှားဖို့ အကြောင်းရင်းတွေကို အသိပညာပေး နိုးကြားစေဖို့အတွက် ဖြစ်ပါတယ်။

နိုင်ငံအသီးသီးမှာ အဆိုပါနေ့ကို အကြောင်းပြုပြီး လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနဲ့ အနုပညာအစည်းအရုံးများက ကြီးမှူးကျင်းပတဲ့ ရုပ်ရှင်ပွဲတော်တွေ၊ ဆွေးနွေးပွဲတွေ၊ လမ်းလျှောက်မှုတွေနဲ့ အခမ်းအနားများကို စီစဉ်ကျင်းပခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားတွေဟာ ဒီရောဂါနဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို အသိပေးမျှဝေခံစား နိုးကြားစေပါတယ်။

ကမ္ဘာ့ကုလမသဂ္ဂအဖွဲ့ချုပ်ကြီးလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ တကယ်လို့ လက်ရှိအခြေအနေကိုသာ ထိန်းချုပ်ဖို့မကြိုးစားကြဘူးဆိုရင် လာမယ့် ၂၀၃၀ ခုနှစ်လောက်မှာ ကင်ဆာရောဂါကြောင့် သေဆုံးတဲ့အရေအတွက်ဟာ အတိုင်းအဆများစွာ တိုးပွားလာဖွယ်ရာ ရှိနေပါတယ်။

ကင်ဆာရောဂါဟာ ချက်ချင်းဆိုသလို ရောဂါဖြစ်ပွားမှုကို အတည်ပြုနိုင်ရင် ကုသဖို့ကလည်း ဖြစ်နိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဒါပေမဲ့ တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ကင်ဆာရောဂါ စတင်ဖြစ်ပွားချိန်မှာ အတိအကျ ရှင်းရှင်းလင်းလင်းအဖြေထုတ်နိုင်ဖို့ဆိုတာ အခွင့်အလမ်း နည်းနေပါသေးတယ်။ အကြောင်းရင်းကတော့ ကင်ဆာရောဂါလက္ခဏာဟာ အများပြည်သူတွေ အလွယ်တကူ သတိမထားမိနိုင်တဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါစဖြစ်ဖြစ်ခြင်းရဲ့ လက္ခဏာတွေထဲမှာ အလိုအလျောက် ပင်ပန်းခြင်း၊ ခန္ဓာကိုယ်အလေးချိန် ရုတ်တရက်ဆိုသလို လျော့နည်းသွားခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ အစာအိမ်ဟာ ဆက်တိုက်ဆိုသလို မကောင်းခြင်းနဲ့ ချောင်းဆိုးခြင်း စတာတွေ ပါဝင်ပါတယ်။

Inews-007/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat