ပြင်သစ်နိုင်ငံမှာ ဖေ့စ်ဘုခ်နဲ့ ဂူဂဲလ်တို့ရဲ့ သတင်းထုတ်ပြန်ရေးဌာနတွေနဲ့ ပူးပေါင်းပြီး သတင်းမှားတွေ၊ လုပ်ကြံလီဆယ်တဲ့ပို့စ်တွေကို ရပ်တန့်ပစ်ဖို့အတွက် ပေါင်းစည်းရေးကမ်ပိန်းတစ်ခုကို စတင်လိုက်ပါတယ်။

လက်တလောဖြစ်စဉ်များကို အစီရင်ခံတင်ပြတဲ့ သတင်းတွေမှာ မဟုတ်တဲ့အသိတွေ၊ မရေရာတဲ့ဖြန့်ဝေမှုတွေကို တားမြစ်ဖို့အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ ဖေ့စ်ဘုခ်ဟာ လွန်ခဲ့တဲ့လမှာကတည်းက ဂျာမဏီနိုင်ငံမှာ အခုလို ကမ်ပိန်းမျိုးကို စတင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်နိုင်ငံမှာ ယခုအစပြုလိုက်တဲ့ ဒီကမ်ပိန်းကတော့ ပိုပြီး ထူးခြားပြည့်စုံလှပါတယ်။

ဘာကြောင့်လဲဆိုတော့ အခုအခါမှာ ဖေ့စ်ဘုခ်နဲ့ ဂူဂဲလ်တင်မကဘဲ ISP တွေအပါအဝင် ပြင်သစ်နိုင်ငံရဲ့ ရေစီးကြောင်းပေါ်က အရေးပါတဲ့ သတင်းမီဒီယာကြီးတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြလို့ပါပဲ။

အဆိုပါကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ ပြင်သစ်နိုင်ငံရဲ့ ဧပြီလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဘယ်သတင်းမှားမျိုးရဲ့ သက်ရောက်မှုကိုမှ မရရှိစေဖို့အတွက် တင်းတင်းကြပ်ကြပ် တားမြစ်ပိတ်ပင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

အစ္စလာမ်သာသနာတော်မှာတော့ အလ္လာဟ်အရှင်မြတ်သခင်က ကုရ်အာန်ကျမ်းတော်မြတ်မှာ “ အသင်တို့ဆီကို မကောင်းတဲ့သူတစ်ဦး တစ်ယောက်က သတင်းတစ်ခုခု သယ်ဆောင်လာရင် သေချာစူးစမ်းပါ။ ဝေကွဲအောင်လုပ်ပါ။ ” လို့ မိန့်ကြားထားတဲ့အပြင် “ ကြားလေသမျှစကားကို စူးစမ်းဆင်ခြင်မှုမရှိဘဲ ပြန်လည်ဖောက်သည်ချတဲ့သူဟာ လူလိမ်ဖြစ်တယ် ” လို့ တမန်တော်မြတ်မုဟမ္မဒ် ﷺ ကလည်း မိန့်မှာထားပါတယ်။

ဒါကြောင့် သတင်းလိမ်၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒဖြန့်တာ၊ ကောလဟလထုတ်လွှင့်နေတာကို အစ္စလာမ်သာသနာက ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Inews-012/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV