မွတ်စ်လင်မ်အားကစားမယ်တစ်ဦးရဲ့ ပြိုင်ပွဲဝင်ဟန်

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ယခုလအတွင်း အမျိုးသမီးသီးသန့် ဂျင်မ်ကစားခွင့်ခန်းမတွေကို ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်း အမျိုးသမီးတွေ ကျန်းမာရေးကိုယ်ကာယ လေ့ကျင့်ဖို့အတွက် ဂျင်မ်ကစားခွင့်လိုင်စင်ကိစ္စတွေကို စတင်တော့မှာ ဖြစ်တယ်လို့ ဆော်ဒီမီဒီယာတွေရဲ့အဆိုအရ သိရပါတယ်။

ဘုရင့်သမီးတော် ရီမာဗင်သေ့ ဗန်ဒရ်က အခုလို ပြောပြပါတယ်။

“ ဆော်ဒီနိုင်ငံတော်ရဲ့ မြို့နယ်တိုင်းမှာ အမျိုးသမီးတွေအတွက် ဂျင်မ်ခန်းမတွေ တည်ထောင်ပြုလုပ်ပေးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ”

အဆိုပါရည်ရွယ်ချက်အတွက် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြူနီစပယ်ဝန်ကြီးဌာနဲ့ စီးပွားရေးဝန်ကြီးဌာနတို့ဟာ လက်တွေ့အကောင်အထည်ဖော်ရာမှစ၍ ပြီးမြောက်သည်အထိ လုပ်ငန်းအစီအစဉ်တွေမှာ ပူးပေါင်းအကူအညီပေးသွားကြမှာ ဖြစ်ပါတယ်။

ဒီခန်းမတွေမှာတော့ ခန္ဓာကိုယ်အလေးအချိန်လျှော့ချဖို့၊ ကိုယ်ခန္ဓာလှပကောင်းမွန်အောင်ပြုလုပ်ဖို့၊ အပြေးနဲ့ ကာယလေ့ကျင့်ဖို့အတွက် လွယ်ကူအထောက်အကူဖြစ်စေရေး လုပ်ငန်းစဉ်တွေအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

ဘောလုံးကစားခြင်း၊ ဘောလီဘော၊ ခရစ်ကတ်၊ ဘတ်စ်ကတ်ဘော ကစားခြင်းနဲ့ တင်းနစ်ရိုက်ခြင်း အစရှိတဲ့ အုပ်စုနဲ့ခက်ခက်ခဲခဲ ကစားရတဲ့ အားကစားတွေကိုတော့ ဂျင်မ်ခန်းမတွေမှာ ဆော့ကစားခွင့်လိုင်စင်ကို ထုတ်မပေးဘူးလို့ သိရပါတယ်။

အခုလို ဂျင်မ်တွေတည်ထောင်ပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေမှာ အသိတရားတွေ နိုးကြားပြီး ကျန်းမာကြံ့ခိုင်သူတွေ ဖြစ်လာစေဖို့ဖြစ်တာကြောင့် အမျိုးသမီးတိုင်း ပါဝင်လာအောင်လည်း အလုပ်ရုံဆွေးနွေးပွဲတွေကို ကျယ်ပြန့်စွာ စီစဉ်သွားမယ်လို့ သိရပါတယ်။

Inews-021/2/17 © အလင်းမျက်ဝန်း | ကိုးကား » SAMAA