နာရီပေါင်း (၃၄၀၀) ကျော် ပျံသန်းပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ပထမဆုံးသော အီဂျစ်နိုင်ငံသူ မွတ်စ်လင်မ်အမျိုးသမီး လေယာဉ်မှူး

အီဂျစ်နိုင်ငံသူ မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မာဂျိဒဟ်မာလစ်က်ဟာ အီဂျစ်နိုင်ငံလေကြောင်းလိုင်းမှာ အကြီးမားဆုံးသော ဧရာမလေယာဉ်အမျိုးအစားဖြစ်တဲ့ ဘိုးအင်း ၇၇၇-၃၀၀ လေယာဉ်ကြီးကို ပထမဦးဆုံးမောင်းနှင်းပြီး အမေရိကနဲ့ ဥရောပအထိ ရောက်အောင် ဝေးလံတဲ့ခရီးတွေကို ဖြတ်ကျော်ပြီး အောင်မြင်စွာနဲ့ ပျံသန်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ နာရီပေါင်း (၃၄၀၀) ကျော်လောက် ပျံသန်းပြီး ကမ္ဘာ့စံချိန်ကို ချိုးပြနိုင်ခဲ့ပါတယ်။ ဒီစံချိန်ကို သူမ မတိုင်ခင်က အမျိုးသားလေယာဉ်မှူးနှစ်ဦးသာ ချိုးနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။

အမျိုးသမီးလေယာဉ်မှုး မာဂျိဒဟ်မာလစ်က်ဟာ ငယ်စဉ်ဘဝကတည်းက ဒီလို ဝေဟင်ပေါ်က ခက်ခဲတဲ့အလုပ်ကို ဝါသနာထုံခဲ့သူ ဖြစ်ပါတယ်။

သူမရဲ့ဖခင် မာလစ်က်အဒလီဟာ ယခင် အီဂျစ်နိုင်ငံရဲ့ လေယဉ်မှုးအကြီးအကဲတစ်ဦးလည်း ဖြစ်ခဲ့ပေမယ့် ဖခင်ရဲ့အရှိန်အဝါကို အသုံးချမှီခိုတာမျိုး မလုပ်ခဲ့ပါဘူး။

အထက်တန်းအောင်မြင်ပြီးတာနဲ့ သူမဟာ လေကြောင်းသိပ္ပံမှာ တက်ရောက်ဆည်းပူးခဲ့ပြီး ကျောင်းပြီးတဲ့အခါ လေကြောင်းလိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရောက် လျှောက်ထားခဲ့ပါတယ်။ အဆိုပါ လေကြာင်းကုမ္ပဏီမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ထိ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

အီဂျစ်လေကြောင်းလိုင်းမှာ လေယာဉ်မှူးနှစ်ဦး ခေါ်ယူတဲ့အခါ ဝင်ခွင့်ကို ဝင်ရောက်ဖြေဆိုခဲ့ပေမယ့် သူမဟာ ရှုံးနိမ့်ခဲ့ရပေမယ့် ကံကောင်းချင်တော့ ၂၀၀၈ ခုနှစ်မှာပဲ နောက်ထပ် လေယဉ်မှူးနှစ်ဦးကို ထပ်မံခေါ်ယူခဲ့တာကြောင့် ထပ်မံဝင်ရောက်ဖြေဆိုပြီး သူမ စာမေးပွဲ အောင်မြင်သွားခဲ့ပါတယ်။

ထူးခြားစွာပဲ သူမကို လေယာဉ်မှူးဟောင်းတစ်ဦးရဲ့ သမီးမှန်း ဘယ်သူကမှ မရိပ်မိခဲ့ကြပါဘူး။ သူမရဲ့ကြိုးစားမှုကြောင့် လေကြောင်းလိုင်းမှာ ရာထူးတစ်ခုပြီးတစ်ခု တိုးတက်အောင်မြင်လာခဲ့ရာမှ လက်ရှိရာထူးအထိကို အမှီအခိုကင်းစွာနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

သူမ အလုပ်ရာထူးရပြီး (၃) နှစ်ကြာပြီးနောက်မှသာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တချို့ဟာ သူမကို လေယဉ်မှူးအကြီးအကဲဟောင်းရဲ့ သမီးမှန်း သိခဲ့ကြတာ ဖြစ်ပါတယ်။

သူမဟာ အီဂျစ်နိုင်ငံကနေ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံထိ ခက်ခဲရှည်လျားတဲ့ ခရီးစဉ်တွေကို ပျံသန်းခဲ့သူဖြစ်ပြီး ဘယ်ခရီးမျိုးအတွက်မဆို သူမ အမြဲတမ်း အဆင်သင့်ရှိနေပါတယ်။

သူမဟာ ခရီးသည် (၃၅၅) ဦး တင်ဆောင်ထားတဲ့ လေယဉ်ပျံကြီးကို ဝေဟင်ပေါ်မှာ (၅၅) နာရီလောက် ကြာမြင့်အောင် မောင်းရတဲ့ခရီးစဉ်မျိုးကို တစ်လမှာ သုံးကြိမ် ဦးဆောင်ပြီး မောင်းနှင်နေရပါတယ်။

ဒီတာဝန်ဟာ အလွန်မှ ခက်ခဲပြီး အမြဲတမ်း လန်းဆန်းတက်ကြွကာ သတိဝီရိယရှိနေဖို့လည်း အလွန်လိုအပ်ပါတယ်။

ဒီအတွက် သူမရဲ့ခင်ပွန်းဖြစ်တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ အဟ်မဒ်ကာမိလ်က အပြည့်အဝ အားပေးကူညီနေပါတယ်။

သူမရဲ့ခင်ပွန်းက သူမ အောင်မြင်ဖို့အတွက် လိုအပ်သမျှကို စီမံပေးပါတယ်။

ဒါ့ကြောင့်ပဲ သူမဟာ အိမ်မှာလည်း ဇနီးကောင်းတစ်ဦးရဲ့တာဝန်ကို ကျေပွန်ပြီး လုပ်ငန်းခွင်မှာလည်း လေယဉ်မှုးတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်နိုင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

MML-02/2/17 © အလင်းမျက်ဝန်း | ကိုးကား » العربية