02/24/17

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


အစ္စလာမ်သာသနာဟာ လူသာမျိုးနွယ်ရဲ့ ကဏ္ဍအသီးသီး၊ အရေးကိစ္စအဝဝတို့မှာ အစဉ်အမြဲ ဂရုမူ ကြည့်ရှုစောင့်ရှောက်လေ့ရှိတဲ့အလျောက် အားကစားကိစ္စကိုလည်း ချန်လှပ်မထားခဲ့ဘဲ လမ်းညွှန်ထားပါတယ်။

အစ္စလာမ်သာသနာကို ဆောင်ကြဉ်းယူဆောင်လာတော်မူတဲ့ ချစ်နဗီ မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ် (ﺻﻠﯽ الله ﺗﻌﺎﻟﯽٰ ﻋﻠﯿﮧ ﻭﺍٓﻟﮧ ﻭﺳﻠﻢ) က မွတ်စ်လင်မ်တွေကို အားကစားလုပ်ဖို့ တိုက်တွန်းခဲ့တော်မူပါတယ်။

တချို့အားကစားတွေကို ကိုယ်တော်မြတ် ﷺ ကိုယ်တိုင် ပြုလုပ်တော်မူခဲ့ပါတယ်။

ဥပမာအားဖြင့် ကိုယ်တော်မြတ်ဟာ အပြေးအားကစားကို လုပ်ခဲ့ကြောင်း၊ မိခင်မွန်အာအိရှဟ်သခင်မကြီးနဲ့အတူ အပြေးပြိုင်တော်မူခဲ့ကြောင်း သြဝါဒတော်တွေမှာ လာရှိထားပါတယ်။

ကိုယ်တော်မြတ် တိုက်တွန်းအားပေးတဲ့ အားကစားတွေလည်း အများကြီး ရှိပါတယ်။

ယခုအခါမှာ နွေရာသီရောက်တော့မှာ ဖြစ်လို့ မိမိတို့ရဲ့ ရင်သွေးငယ်ကလေးတွေကို နွေရာသီအားကစား သင်တန်းတစ်ခုခုမှာ ထားချင်တဲ့ မိဘတွေအတွက် ဘယ်လိုအားကစားမျိုးတွေကို ရွေးချယ်မလဲ၊ အစ္စလာမ်က ဘယ်လိုအားကစားမျိုးတွေကို ခွင့်ပြုသလဲ စတာတွေကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းဗလီရဲ့ သောကြာနေ့တရားဟောအစီအစဉ်မှာ ဆရာတစ်ပါးက လမ်းညွှန်ဟောကြားခဲ့ပါတယ်။

အစ္စလာမ်သာသနာနဲ့ အားကစားအကြောင်း ဟောကြားရာမှာ အဆိုပါဆရာအနေနဲ့ -

ကလေးငယ်တွေကို အပြေးအားကစား၊ ခုန်ခြင်း၊ ရေကူးခြင်း၊ ပုံဆွဲခြင်း၊ နဘမ်းလှဲခြင်းအားကစား၊ လေးပစ်/မြှားပစ်အားကစား၊ အလေးမခြင်း၊ ဘောလုံးကစားခြင်း၊ ဘောလီဘောကစားခြင်း၊ ဘတ်စ်ကဒ်ဘောကစားခြင်း၊ ပိုက်ကျော်ခြင်းကစားခြင်း၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဂျူဒို၊ ဂျွမ်းဘား၊ တိုက်ကွမ်ဒို၊ သိုင်းပြောင်းပြန်၊ ရိုးရာသိုင်း၊ လက်ဝှေ့ စသဖြင့် အားကစားတွေကို သင်ယူဖို့ အစ္စလာမ်က ခွင့်ပြုထားကြောင်း ဟောကြားသွားပါတယ်။

ဆက်လက်ပြီး ဆရာက နွေကျောင်းပိတ်ရက်မှာ မိဘတွေက ကလေးတွေနဲ့အတူ အချိန်ပေးဖို့၊ တစ်နှစ်လုံး စာသင်ယူခြင်းမှာ ပင်ပန်းခဲ့ရရှာတဲ့ ကလေးတွေနဲ့ ကိုယ်ပါအတူ ပါဝင်ဆော့ကစားဖို့နဲ့ သဲမြေတွေကို ဆော့ကစားအပန်းဖြေနိုင်ဖို့ ချောင်းသာ၊ ငွေဆောင်စတဲ့ နေရာတွေကို ခေါ်ဆောင်သွားပေးဖို့ကိုလည်း ဟောကြားသွားပါတယ်။

ထိုသို့ ဟောကြားနေစဉ်အတွင်းမှာပဲ ဗိုလ်အောင်ကျော်လမ်းဗလီဂေါပကအဖွဲ့က နွေရာသီကာလမှာ အားကစားသင်တန်း၊ ပညာရေးသင်တန်းအသီးသီးမှာ တက်ရောက်ချင်တဲ့ ရင်သွေးငယ်လေးတွေကို တာဝန်ခံထံမှာ စာရင်း ပေးသွင်းနိုင်ကြောင်းနဲ့ အဆိုပါ ကလေးတွေရဲ့ ကာယ၊ ဉာဏတိုးတက်ရေးမှာ တစ်ဖက်တစ်လမ်းမှ ကူညီအကျိုးပြုရင်း သူတို့လေးတွေတက်ရောက်ချင်တဲ့ သင်တန်းတွေမှာ လိုက်လံ အပ်နှံပေးသွားမှာ ဖြစ်ကြောင်း ကြေညာသွားပါတယ်။

Mnews-01/2/17 © အလင်းမျက်ဝန်း


ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး လင်ဆေးလိုဟန်တစ်ယောက် လန်ဒန်မြို့တော်ရဲ့ ဟီသရူးလေဆိပ်မှာ လူမျိုးရေး ခွဲခြားဆက်ဆံတာကို ခံခဲ့ရပါတယ်။

သူမကို ပုဝါဆောင်းထားလို့ဆိုပြီး လေဆိပ်ဝန်ထမ်းတစ်ဦးက ဆောင်းထားတဲ့ပုဝါကို အဓမ္မချွတ်ခိုင်းခဲ့ပါတယ်။

လိုဟန်ဟာ ITV သတင်းဌာနရဲ့ မနက်ပိုင်းအစီအစဉ်မှာ ပါဝင်တင်ဆက်ဖို့အတွက် လန်ဒန်မြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဟီးသရူးလေဆိပ်မှာ လုံခြုံရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက သူမ လေယာဉ်ပေါ် မတက်ခင် ခေါင်းပေါ်က ဆောင်းထားတဲ့ ပုဝါကို ချွတ်ဖို့စေခိုင်းခဲ့တာပါ။

ဒါဟာ သူမဘဝမှာ ပထမဦးဆုံးအကြိမ်ခံစားခဲ့ရတဲ့ ခွဲခြားဆက်ဆံခံရမှု ဖြစ်တယ်လို့ လင်ဆေးလိုဟန်က ပြောပါတယ်။

“ လုံခြုံရေးတာဝန်ကျအမျိုးသမီးက ကျမရဲ့ခေါင်းဆောင်းပုဝါကို ချွတ်ခိုင်းခဲ့ပါတယ်။ ကျမကလည်း ချွတ်ပေးလိုက်ပါတယ်။ ပုဝါချွတ်ပေးရတာက ကျမအတွက် ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျမစိုးရိမ်မိတာက ကျမနေရာမှာ ပုဝါချွတ်ရတာကို မကြိုက်တဲ့ အခြားအမျိုးသမီးတစ်ဦးဖြစ်နေရင် ဘယ်လိုဖြစ်မလဲပေါ့နော်။ အဲ့ဒီလုံခြုံရေးမက ကျမရဲ့နိုင်ငံကူးလက်မှတ်ကို ကြည့်ပြီးမှ ကျမရဲ့နာမည်ကို တွေ့သွားလို့ ကျမကို ပြန်ပြီးတော့ တောင်းပန်ခဲ့ပါတယ်။ ” လင်ဆေးလိုဟန်က ပြောပြသွားပါတယ်။

မွတ်စ်လင်မ်တစ်ဦးအဖြစ် ခံယူလိုက်ပြီလား၊ မခံယူရသေးဘူးလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး လင်ဆေးဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ မပြောချင်သေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

နာမည်ကျော်မင်းသမီး လင်ဆေးလိုဟန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက တူရ်ကီသမ္မတ အာဒိုဂန်ကို “ ကမ္ဘာကြီးဟာငါးနိုင်ငံတည်းရှိတာမဟုတ်ပါဘူး ” လို့ ရေးထိုးထားတဲ့ လည်ဆွဲတစ်ခု လက်ဆောင်ပေးခဲ့ပါသေးတယ်။

ဒီစာသားရဲ့အလိုသဘောကတော့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ရလဒ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗီတိုငါးနိုင်ငံရဲ့ ခြယ်လှယ်မှုအောက်မှာပဲ ရှိမနေသင့်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

တူရ်ကီသမ္မတကြီး အာဒိုဂန်ဟာ နေရာတိုင်းမှာ ဒီစကားကို ပြောဆိုလေ့ရှိပြီး ကုလနဲ့လုံခြုံရေးကောင်စီကို ပြောင်းလဲချိန်တန်ပြီလို့ ညွှန်းဆိုလေ့ရှိပါတယ်။

လင်ဆေးလိုဟန်ဟာ မကြာခဏ ပုဝါဆောင်းပြီး ထွက်ပေါ်လာလေ့ရှိခြင်း၊ Instagram မှာ သူမရဲ့ အကောင့်ပေါ်က ဓာတ်ပုံဟောင်းတွေ အားလုံးကို ဖျက်ပစ်ပြီး “ အလိုက်ကွမ်မွတ်စ်လင်မ် ” လို့ ရေးသားပြခဲ့ခြင်းနဲ့ ကုရ်အာန်ကျမ်းတော်မြတ် အင်္ဂလိပ်ဘာသာပြန်စာအုပ်ကို ကိုင်ဆောင်ထားတဲ့ သူမရဲ့ဓာတ်ပုံတွေကြောင့် လူတွေက သူမဟာ အစ္စလာမ်ဘာသာကို လက်ခံလိုက်ပြီလို့ ထင်ကြေးပေးခြင်း ခံနေရပါတယ်။

Inews-037/2/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat