အားကစားဝတ်စုံတွေ ဖန်တီးထုတ်လုပ်တဲ့ ကမ္ဘာကျော် NIKE ကုမ္ပဏီကြီးဟာ မွတ်စ်လင်မ် အားကစားမယ်တို့အတွက် လုံခြုံစွာဝတ်ဆင်နိုင်မယ့် အားကစားသုံး ဟိဂျာဗ်ဝတ်စုံကို မကြာမီမှာ ထုတ်လုပ်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၎င်းကုမ္ပဏီကြီးရဲ့ တာဝန်ရှိသူတစ်ဦးက မီဒီယာများကို အခုလို ပြောကြားသွားပါတယ်။

“ ဟိဂျာဗ်ဝတ်စုံရဲ့ အရေးပါမှုနဲ့ စိတ်ဝင်တစား အသုံးများလာမှုကို ရှေးရှုပြီးတော့ NIKE ကုမ္ပဏီအနေနဲ့ အားကစားဟိဂျာဗ်ဝတ်စုံကို မိတ်ဆက်ပေးဖို့ စီစဉ်နေပါတယ်။ ဒီဝတ်စုံကို ဈေးကွက်မှာ ချပြနိုင်ဖို့ကတော့ တစ်နှစ်လောက် ကြာအုံးမယ် ထင်ပါတယ်။ မွတ်စ်လင်မ် အားကစားမယ်တွေ လုံလုံခြုံခြုံနဲ့ဝတ်ဆင်ပြီး ကစားနိုင်ဖို့ ဒီ အားကစားဟိဂျာဗ်ဝတ်စုံကို လာမယ့် ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီအမီ ဈေးကွက်ထဲ အရောက်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ”

Inews-012/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV