ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ ကြာသပတေးနေ့က ရိုးရာဓလေ့ ခြေထောက်ရေဆေးသန့်စင်ပွဲတော်ကို ရောမမြို့တော်မှာ ကိုယ်တိုင်ပါဝင်ကျင်းပခဲ့ပါတယ်။

အဆိုပါရိုးရာဓလေ့ပွဲတော်ရဲ့ အစဉ်အလာအရ ပုံမှန်အားဖြင့် ကက်သလစ်ဘာသာဝင် အမျိုးသား ၁၂ ဦးကိုသာ ပြုလုပ်ပေးလေ့ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ မွတ်စလင်မ်များအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် (၁၂) ဦးတို့ရဲ့ ခြေထောက်တွေကို တယုတယနဲ့ ပွတ်တိုက်ဆေးကြောသန့်စင်ပေးပြီးနောက် ပုဝါဖြင့်သုတ်၍ ၎င်းခြေထောက်များကို နမ်းရှုံ့ခဲ့ပါတယ်။

အဆိုပါပွဲတော်အတွင်း ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားခဲ့ပါတယ်။

“ မွတ်စ်လင်မ်တွေနဲ့ ကျွန်ုပ်တို့ ကက်သလစ်ဘာသာဝင်တွေဟာ တစ်ပါးတည်းသော ထာဝရဘုရားသခင် (အလ္လာဟ်အရှင်မြတ်) ကို လက်ခံကိုးကွယ်ယုံကြည်မှုမှာ တူညီကြတဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေပဲ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားချင်ကြတဲ့ လူတွေချည်းပဲ ဖြစ်ကြပါတယ်။ ”

အခုလို ရေဆေးကြောသန့်စင်ပေးခြင်းခံရတဲ့ ပုဂ္ဂိုလ် (၁၂) ဦးထဲမှာ အမျိုးသမီး (၄) ဦးလည်း ပါဝင်ခဲ့ပါတယ်။

မနှစ်ကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုးရာဓလေ့အစဉ်အလာကနေ ခွဲထွက်ပြီး အကျဉ်းသား (၁၂) ဦးတို့ရဲ့ ခြေထောက်တွေကို ဆေးကြောသန့်စင်ပေးခဲ့ပါသေးတယ်။

လူတစ်ချို့ရဲ့ ဘာသာတရားတွေအပေါ် ရန်လိုမုန်းတီးလှုံ့ဆော်နေတဲ့ လုပ်ရပ်တွေကိုလည်း ဆန့်ကျင်ရှုတ်ချသွားခဲ့ပါတယ်။

Inews-015/3/17 © အလင်းမျက်ဝန်း | ကိုးကား » Euro News

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/0o-xxXPfQxw
[/info]