မနေ့က (၁၀-၆-၂၀၁၇) စနေနေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzō Abe) ဟာ နိုင်ငံ(၃၈)ခုမှ မွတ်စ်လင်မ် သံအမတ်တွေကို ဖိတ်ကြားပြီး ဝါဖြေညစာစားဧည့်ခံပွဲတစ်ရပ်ကို တိုကျိုမြို့တော်က ဝန်ကြီးချုပ်ရုံးအတွင်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဝါဖြေဧည့်ခံပွဲသို့ နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ဧည့်သည်တော်များနဲ့အတူ ဂျပန်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

“ မွတ်စ်လင်မ်တွေနဲ့ ဂျပန်တွေဟာ အကောင်းဆုံးသော အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးမှုမှာ ထပ်တူပါပဲ။ ရိုးရာအစဉ်အလာကို မြတ်နိုးတန်ဘိုးထား ထိန်းသိမ်းတတ်ကြပြီး အသိဉာဏ်ပညာ ကြွယ်ဝမှုအရာမှာ ထပ်တူကျတယ်ဆိုတာ ငြင်းကွယ်လို့မရပါဘူး ” လို့ ဝန်ကြီးချုပ် အာဘေးရဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။

ယခုလို ဝါဖြေဧည့်ခံပွဲကို ၂၀၀၅ ခုနှစ်ကတည်းက ဂျပန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂျူနီချီရို ကိုအီဇုမိ (Junichiro Koizumi) က စတင်ပြီးတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Inews-06/6/17 © အလင်းမျက်ဝန်း | ကိုးကား » Japan Today & Pan Orient News

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/xt4Z-7AEGqk
[/info]