ဆော်ဒီဦးဆောင်တဲ့ အာရဗ်မဟာမိတ်တွေရဲ့ ကာတာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ထားမှုဟာ တရားမမျှတဘူးလို့ ကာတာနိုင်ငံဘက်က တုန့်ပြန်လိုက်ပါတယ်။

ကာတာနိုင်ငံအနေနဲ့ အစွန်းရောက်အဖွဲ့အစည်းတွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးမှုကသာ အဖြေရရှိမှာဖြစ်တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိုက်ခ် မိုဟမ္မဒ် ဘင် အဗ္ဗဒွရ် ရဟ်မာန်း က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ကို ရောက်ရှိနေစဉ်အတွင်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

“ မိမိတို့ ကာတာနိုင်ငံအနေနဲ့ အာရဗ်ပင်လယ်ကွေ့ လုံခြုံရေးနဲ့ ပက်သက်လာရင် ဘယ်လိုခေါင်းစဉ်မျိုးကိုမဆို ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားချင်ပါတယ် ” လို့ ၎င်းက ဆက်လက်ပြောကြားသွားပါတယ်။

ကာတာနိုင်ငံဟာ အစွန်းရောက်အဖွဲ့အစည်းတွေကို ထောက်ပံ့နေသလို ရှီအာဝါဒလက်ကိုင်ထားတဲ့ အီရန်နိုင်ငံနဲ့လည်း ဆက်စပ်ပတ်သက်မှုတွေ ပြုလုပ်လာတာကြောင့် ဆော်ဒီဦးဆောင်တဲ့ အာရဗ်မဟာမိတ်နိုင်ငံတွေက အဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။

ကာတာဘက်ကတော့ အဆိုပါစွပ်စွဲချက်တွေ အားလုံးကို ငြင်းဆန်ထားပါတယ်။

Inews-08/6/17 © အလင်းမျက်ဝန်း | ကိုးကား » AFP TV & You Tube

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/KGAcsUmJN7M
[/info]