[3column][content]
 (မေးခွန်း-၁) 

ရိုဇာထားပြီး အင်တာနက်ကနေ ရည်းစားတွေနဲ့ မဖွယ်မရာတွေ ပြောကြဆိုကြတယ်။ ပုံတွေပြကြတယ်။ တဏှာရာဂဖြစ်စေတယ်။ ဒါမျိုးတွေဟာ ရိုဇာကို ဘယ်လောက် ထိခိုက်ပါသလဲ ရှင်းပြပေးပါ ဆရာ။

အလင်းမျက်ဝန်းက ကျနော့်ရဲ့မျက်ဝန်းပါပဲနော်။

စါဒန်ဟူစိန် (ကလော)


 (အဖြေ-၁) 

  • ကုရ်အာန်ကျမ်းတော်မှာ စွောင်မ် (ခေါ်) ရိုဇာကိုထားခိုင်းရတဲ့ ရည်ရွယ်ချက်ကိုက သက္ကဝါတရားရစေဖို့လို့ လာရှိထားပါတယ်။

  • စွောင်မ် ရိုဇာထားပြီး မဖွယ်မရာပြောတာ၊ တဏှာရာဂကို အားပေးစေတဲ့အရာတွေ ပြုလုပ်တာဟာ စွောင်မ်ရဲ့ အဓိကရည်ရွယ်ချက်ကြီးကို ထိခိုက်စေလို့ ရိုဇာကို ဘယ်လောက်ထိခိုက်သလဲဆိုတဲ့ အတိုင်းအတာကို မပြောပြနိုင်လောက်အောင်ကို များပါတယ်။

အလ္လာဟ်အရှင်၊ ကျွန်တော်တို့ကို ထိန်းသိမ်းတော်မူပါစေ။ (အာမီးန်)

[/content][content]
 (မေးခွန်း-၂) 
နမားဇ်ဖတ်တိုင်းလိုလို စိတ်တွေက အတွေးလွန်ပြီး လွင့်ပျံနေတတ်ပါတယ်။ အဲ့ဒါ နမားဇ်ပိုင်ပါသလား? လွတ်သွားတဲ့ နမားဇ်တွေကို ပြန်ဖြည့်ချင်ပါတယ်။ နည်းလမ်းမသိလို့ပါ။
ဟိုစနားဘီ (လွိုင်ကော်)
 (အဖြေ-၂) 
  • စွလာသ်မှာ ခုရှူအ် စိတ်ပါဝင်စားခြင်းဟာ အလွန်အင်မတန်မှ အရေးပါလှတဲ့ကိစ္စပါ။ စွလာသ်ဝတ်ပြုတဲ့အခါ အလိုလို ရောက်ရောက်လာတဲ့ အတွေးတွေကတော့ ရှိတတ်စမြဲပါ။ အဲဒါတွေကို ဖယ်ထုတ်ရင်း၊ စိတ်ကိုနှစ်မြှုပ်ရင်းနဲ့ စွလာသ်ကို ဆုံးခန်းတိုင်အောင် ဝတ်ပြုပါ။
  • ဒါပေမယ့်လည်း အတွေးကို မိမိဘက်က တမင်အတလိယူလာတယ်ဆိုရင်တော့ အလွန်မှကို ဆိုးရွားတဲ့ကိစ္စကြီး ဖြစ်သွားပါပြီ။ စွလာသ်အတွင်းမှာ အတွေးလွန်တာဟာ ရှိုင်သွာန်ဘက်ကလာတဲ့ကိစ္စမို့လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ ဒီကြားထဲ အတွေးတွေနဲ့ စစ်တိုက်ရင်း စွလာသ်ဝတ်ပြုပါ။ စွလာသ်ကို မလွှတ်လိုက်ပါနဲ့။ စွလာသ်ပိုင်ပါတယ်။
  • လွတ်ခဲ့တဲ့ စွလာသ်တွေကို မှတ်မိရင်တော့ ဘယ်စွလာသ်၊ ဘယ်စွလာသ်ဆိုပြီး ရည်စူးကာ ကဿွာဝတ်ပြုပါ။ မမှတ်မိတော့ရင် နောက်ဆုံးလွတ်ခဲ့တဲ့ ဘယ်စွလာသ်ကို ဝတ်ပြုပါ့မယ်။ ဒါမှမဟုတ် အရင်ဆုံး လွတ်ခဲ့တဲ့ ဘယ်စွလာသ်ကို ဝတ်ပြုပါ့မယ်လို့ ရည်စူးပြီး ဖြည့်စွက်ကဿွာ ဝတ်ပြုနိုင်ပါတယ်။
[/content][content]
 (မေးခွန်း-၃) 

ကျနော် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ အိမ်သာတက်ပြီးတော့ ရေပေးမထားလို့ တစ်ရှူးနဲ့သုတ်ပြီး နမားဇ်ဖတ်ခဲ့ဘူးပါတယ်။ အလေးသွားတာပါ။ မေးချင်တာက အလေးသွားပြီး ရေမရှိရင် တစ်ရှူးနဲ့သန့်ရှင်းလို့ ရပါသလား? ရေပြန်ဆေးဖို့ လိုအပ်ပါသလား?

ဦးမောင်ကို (မင်္ဂလာတောင်ညွန့်)


 (အဖြေ-၃) 

  • အလေးသွားပြီး သန့်ပြန့်တဲ့အရာတစ်ခုခုနဲ့ ပြောင်စင်အောင် သန့်စင်လိုက်ရင်လည်း ရပါတယ်။ ဥပမာ- မြေဆိုင်ခဲတို့၊ တစ်ရှူးတို့ စသဖြင့်ပေါ့။

  • ဒါပေမယ့် ရေနဲ့သန့်စင်တာဟာ အသန့်ရှင်းဆုံးနဲ့ အလ္လာဟ်အရှင် အနှစ်သက်တော်မူဆုံးဖြစ်လို့ ရေရတဲ့နေရာမှာ ချက်ချင်း ဆေးကြောလိုက်တာ အကောင်းဆုံးပါ။

  • တစ်ရှူးရော ရေရော သုံးနိုင်ရင်တော့ အကောင်းတကာ့ အကောင်းဆုံးပါ။

  • ကုရ်အာန်ကျမ်းတော်မြတ် (၉း၁၀၈) ကို လေ့လာဖို့ တိုက်တွန်းပါတယ်။


[/content][/3column]