မွတ်စ်လင်မ်ကျမ်းမှာ ဟဒီးဆ်တော်တစ်ပုဒ် လာရှိပါတယ်။

عَنِ ابْنِ عُمَرَ ، أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ نَهَى عَنِ الْقَزَعِ. قَالَ : قُلْتُ لِنَافِعٍ : وَمَا الْقَزَعُ ؟ قَالَ : يُحْلَقُ بَعْضُ رَأْسِ الصَّبِيِّ، وَيُتْرَكُ بَعْضٌ.

အလိုသဘောက ကလေးငယ်များကို ခေါင်းရဲ့တချို့နေရာတွေရိတ်ပေးပြီး တချို့ကိုမရိတ်ပေးတာမျိုး လုပ်ပေးခြင်းကနေ တမန်တော်မြတ် ﷺ တားမြစ်ထားပါတယ်။ (မွတ်စ်လင်မ်ကျမ်း-၂၁၂၀)

ခေတ်စားနေတဲ့ ဆံပင်ပုံစံလေးတွေရှိပါတယ်။ အလယ်မှာအရှည်ထားပြီး နားထင်ဘက်တွေမှာ ဆံပင်တွေကို အပြောင်ရိတ်ပစ်ပါတယ်။ လိုင်းလေးတွေလည်း ထိုးထားကြပါသေးတယ်။

တချို့မွတ်စ်လင်မ် မိဘတွေဟာ မိမိတို့ရင်သွေးငယ်များကို ဒီလိုပုံစံညှပ်ပေးတာမျိုးတွေရှိသလို ကလေးငယ်ကိုယ်တိုင်က ညှပ်ချင်တာမျိုးတွေလည်း ရှိနေပါတယ်။

မိမိတို့ကိုယ်တိုင်ရော ကလေးငယ်များကိုပါ ခေတ်ရဲ့ ကျွန်ပြုခံရခြင်းမှ ထိန်းသိမ်းကြဖို့လိုပါတယ်။ အစ္စလာမ်သာသနာက ဘဝရဲ့ခရီးတစ်ထောက်တိုင်းအတွက် လမ်းညွှန်ပြီးသားပါ။ သာသနာ့အမိန့်တွေကို လေ့လာလိုက်စားပြီး မိမိတို့ရဲ့သက်တမ်းကို လှပစွာမွေးမြူဖို့ ကြိုးစားရမှာပါ။

အစ္စလာမ့်အရောင်ကို မှေးမှိန်စေခြင်းရဲ့ အဓိကတရားခံဟာ မွတ်စ်လင်မ်တွေပါပဲ။ မွတ်စ်လင်မ်တွေဟာ မိမိတို့အပေါ် သွန်သင်ထားပေးတဲ့ သာသနာ့လမ်းစဉ်တွေကို မျက်ကွယ်ပြုပြီး အနောက်တိုင်းရဲ့ နေပုံထိုင်ပုံတွေအား အငမ်းမရ လိုက်စားခဲ့မိလို့ပါပဲ။

ဟဒီးဆ်နှင့် ဆန့်ကျင်နေသည့် ကိစ္စရပ်တွေကနေ မွတ်စ်လင်မ်ထုကို အလ္လာဟ်အရှင်မြတ်သခင် ကာကွယ်ထိန်းသိမ်းတော်မူပါစေ… (အာမီးန်)

အောက်ပါကျမ်းအသီးသီးမှာလည်း ဒီဟဒီးဆ်တော် လာရှိထားပါတယ်။
ဗိုခါရီကျမ်း (၅၉၂၀၊ ၅၉၂၁)၊ အဗူဒါဝူးဒ်ကျမ်း (၄၁၉၃-၄၁၉၄)၊ နစာအီကျမ်း (၅၀၅၀၊ ၅၀၅၁၊ ၅၂၂၈၊ ၅၂၂၉၊ ၅၂၃၀၊ ၅၂၃၁)၊ အိဗ်နို့မာဂျဟ်ကျမ်း (၃၆၃၇၊ ၃၆၃၈)၊ မုစ်နဒ်အဟ်မဒ်ကျမ်း (၄၄၇၃၊ ၄၉၇၃၊ ၄၉၇၄၊ ၅၁၇၅၊ ၅၃၅၆၊ ၅၅၄၈၊ ၅၅၅၀၊ ၅၇၇၀၊ ၅၈၄၆၊ ၅၉၈၉၊ ၅၉၉၀၊ ၆၂၁၂၊ ၆၂၉၄၊ ၆၄၂၀၊ ၆၄၂၂၊ ၆၄၅၉)

မှတ်ချက် » ဆေးကုရန်အတွက် အချို့ဆံပင်များ ကွက်ကြားရိပ်ရခြင်းကိုတော့ ခြွင်းချက်အဖြစ် ပညာရှင်များက ပြုပိုင်ကြောင်း ဖေါ်ပြထားပါတယ်။

မောင်ဝ်လာနာ အနီးစ် (နဒ်ဝီ) (မြစ်ကြီးနား)

MOL-002 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။