အီရန်နိုင်ငံရဲ့ ကြိုးကိုင်မှုအောက်မှာရှိနေတဲ့ အဖွဲ့တစ်ခုကို ကူဝိတ်တရားရုံးက အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပြီးနောက်မှာ အီရန်သံတမန် (၁၅) ဦးကိုလည်း နိုင်ငံအတွင်းမှ နှင်ထုတ်လိုက်ပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ စစ်ရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းစဉ်တွေကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။

ကူဝိတ်တရားရုံးချုပ်ဟာ ပြီးခဲ့တဲ့လအတွင်းက ကူဝိတ်နိုင်ငံအတွင်း တိုက်ခိုက်မှုများပြုလုပ်ဖို့ ကြံစည်နေတဲ့ အီရန်နဲ့ လက်ဘနွန်နိုင်ငံတို့ရဲ့ ထောက်ပံ့ခံ ဟဇ်ဘိုလာအကြမ်းဖက်အဖွဲ့ကို အဓိကကြိုးကိုင်နေသူတစ်ဦးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပါအဝင် အခြားသူ အယောက် ၂၀ ကိုလည်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်နေတဲ့အတွက် ကူဝိတ်နိုင်ငံအနေနဲ့ သံတမန်ကျင့်ဝတ်အရရော ဂျီနီဗာကွန်ဗန်းရှင်းသဘောတူညီမှုအရရော အီရန်အပေါ် သံတမန်ရေးအရ အရေးယူမှုတွေကို မဆိုင်းမတွပြုလုပ်ခဲ့တယ်လို့ အစိုးရအဖွဲ့ရုံးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီး (ယာယီ) တာဝန်ယူထားသည့် ရှိုက်ခ်မိုဟမ္မဒ် ဆာဘတ်ရှ်က သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ကူဝိတ်နိုင်ငံဟာ မကြာသေးမီက ပေါ်ပေါက်ခဲ့တဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ကာတာနိုင်ငံပြဿနာအတွင်း ကြားနေခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီး အာရပ်ဗ်ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အီရန်ရဲ့သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ပင်လယ်ကွေ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။

Inews-13/07/17 © အလင်းမျက်ဝန်း | ကိုးကား » G-News