ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ သုခုမမျက်ဝန်း (ဖျော်ဖြေရေးအစီအစဉ်) မှာတော့ ဘင်္ဂါလီအဆိုတော် အစ်က်ဘလ် ဟိုစိုင်န် ဂျီဘွန်း ရဲ့ ပြီးခဲ့တဲ့ သောကြာနေ့ (၂၂-၉-၂၀၁၇) က ဖြန့်ချိလိုက်တဲ့ အသစ်စက်စက် ကဆွီဒါတေးသီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ကဆွီဒါတေးသီချင်းဖြစ်တာကြောင့် တီးလုံးသံစဉ်တော့ အနည်းငယ်ထည့်သွင်းတီးခတ်ထားတဲ့အကြောင်း ဦးစွာဖော်ပြလိုပါတယ်။

“ အရှင်မြတ်သခင်ဖြင့် လုံလောက်သည် ” လို့ အမည်ရတဲ့ ကဆွီဒါတေးသီးချင်းလေးကိုတော့ အင်္ဂလိပ်-အရဗီ (၂-ဘာသာ) နဲ့ သီဆိုထားတာဖြစ်ပြီး မြန်မာမွတ်စ်လင်မ် ပရိသတ်ကြီးအတွက် မြန်မာဘာသာပြန်စာတမ်းထိုးလေးနဲ့တကွ ပြန်လည်တင်ဆက်ပေးထားပါတယ်။

အလ္လာဟ်အရှင်မြတ်သည်သာ အကောင်းဆုံးအုပ်ထိန်းသူဖြစ်ပြီး အရာရာအတွက် ပြည့်စုံလုံလောက်တဲ့အကြောင်း၊ မွတ်စ်လင်မ်တို့ရဲ့ လောကီရမက်ဆန္ဒတွေအပေါ် အားထားနေတဲ့အတွက် အလ္လာဟ်အရှင်မြတ်နဲ့ ဝေးကွာနေရတဲ့အကြောင်း၊ မွတ်စ်လင်မ်တွေအား အေးချမ်းတည်ငြိမ်စွာနဲ့ အေဗာဒသ်ခဝပ်နိုင်ဖို့ ခက်ခဲကြမ်းတမ်းစွာ ဘဝကို ရုန်းကန်နေရသူတွေကိုအကြောင်းပြုပြီး ချီးမြှင့်ပေးသနားဖို့ အစရှိတဲ့ဇစ်ကစ်ရ်ဆုတောင်းစာသားတွေဖြင့် သီကုံးရွတ်ဆိုထားပါတယ်။

ဒါ့အပြင် သီဆိုသူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ ကမ္ဘာကျော် ဖိနှိပ်ခံ မွတ်စ်လင်မ်အသိုင်းအဝိုင်းတစ်ခုအား ကယ်တင်ပုံကိုလည်း ရင်သပ်ရှုမောစွာဖြင့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ENTM-08/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/Fk8BXNrChhE
[/error]