ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် သုခုမမျက်ဝန်းမှာတော့ အမှန်နှင့်အမှားကို ခွဲခြမ်းစိတ်ဖြာပေးခဲ့သူ ကမ္ဘာ့ပထမဦးဆုံးသော သမ္မတကြီး အွမ္မရ်ဖာရူးက် رضي الله ﺗﻌﺎﻟﯽٰ عنه သခင်ကြီးအား ဂုဏ်ပြုသီဆိုထားတဲ့ ကဆွီဒါလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးကို ကူဝိတ်နိုင်ငံ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မေရှာရီ အရဗီဘာသာစကားဖြင့် သီဆိုထားပြီး စင်မြင့်ထက်ဖျော်ဖြေသီဆိုမှု (Live Show) ပုံစံလေးနဲ့ မြင်တွေ့ရမှာမို့ သုခုမမျက်ဝန်း ပရိသတ်ကြီးအတွက် အမြင်သစ်တစ်ခုပုံစံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အာဏာရှင်တွေ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ခဲ့ကြတဲ့ သမ္မတကြီး အွမ္မရ်ဖာရူးက်ရဲ့ မြင့်မြတ်မှု၊ ရဲရင့်ပြတ်သားမှု၊ လက်ရုံးရည်၊ နှလုံးရည်တို့ကို ဖော်ကျူးထားပြီး သခင်ကြီးဟာ အမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ဘယ်လောက်ထိ တန်ဖိုးကြီးမားတဲ့သူဖြစ်တယ်ဆိုတာတွေကိုလည်း လှပတဲစကားလုံးတွေနဲ့ မြင်တွေ့ရမှာပါ။

အဘက်ဘက်က စိတ်ပျက်အားငယ်နေကြတဲ့ မြန်မာမွတ်စ်လင်မ်တွေအတွက် ဤကဆွီဒါလေးက အင်အားတစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

သမ္မတကြီး အွမ္မရ်ဖာရူးက်သခင်အပေါ် အေးချမ်းသာယာမှုတွေ အစဉ်ခညောင်းနိုင်ပါစေ!

ENTM-08/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/69mqQD5MqfI
[/error]