အီဂျစ်မှာမွေးပြီး အီဂျစ်မှာ ကြီးပြင်းခဲ့တဲ့ အဗ္ဗဒွလ်ဝလီဒ်ဟူစိုင်န်ဆိုတဲ့ မွတ်စ်လင်မ် ဆေးကျောင်းသား လူငယ်လေးတစ်ဦးဟာ နောင်နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်လောက်အကြာမှာတော့ ယနေ့ခေတ် ဆေးသိပ္ပံပညာအတွက် အကြီးမားဆုံးသော တီထွင်ဖန်တီးမှုတစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

အစားထိုးကုသမယ့် နှလုံးနဲ့အဆုတ်တွေကို အရင်ကလို ရေခဲရိုက်ပြီး ထိန်းသိမ်းစရာမလိုတော့ဘဲ ၎င်းထက် အချိန်သုံးဆလောက်ကြာအောင် ပိုမိုထိန်းသိမ်းနိုင်တဲ့ နည်းပညာတစ်ခုကို တီထွင်ခဲ့ပါတယ်။

၎င်းနည်းပညာဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းကို လူသားတစ်ဦး သက်ရှိထင်ရှားရှိစဉ်ကလိုပဲ ပုံမှန်အလုပ်ဆက်လုပ်နိုင်အောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ အချိန်မလုံလောက်တာကြောင့် ရရှိတဲ့အင်္ဂါအစိတ်အပိုင်း (၁၀) ခုမှာ (၃) ခုလောက်ပဲ အသုံးတည့်ခဲ့ပါတယ်။

အခုတော့ ခန္ဓာအင်္ဂါ အစားထိုးပြုလုပ်ပေးမယ့် ခွဲစိတ်ဆရာဝန်ကြီးတွေဟာ အရင်ကလို အချိန်လုစရာမလိုတော့ဘဲ အေးအေးဆေးဆေးနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

၎င်းတီထွင်မှုကြောင့် လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ဒေါက်တာအဗ္ဗဒွလ်ဝလီဒ်ဟူစိုင်န်ကို 2017 EPO European Inventor Award ဆုအပါအဝင် ဆုပေါင်းများစွာနဲ့ ဆေးပညာလောကရဲ့ ဂုဏ်ပြုချီးမြှင့်မှုကို ခံခဲ့ရပါတယ်။

HMM-01/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/x-RynSZCuGw
[/error]