ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် သုခုမမျက်ဝန်းမှာတော့ ကမ္ဘာဦး သဘာဝသာသနာဖြစ်တဲ့ အစ္စလာမ်ဘာသာကို အသစ်တစ်ဖန် ပြန်လည်လန်းဆန်းစေခဲ့သော မွတ်စ်လင်မ်တို့ရဲ့ စံပြပုဂ္ဂိုလ်ကြီး တမန်တော် မိုဟမ္မဒ် ﷺ အား ဂုဏ်ပြုသီဆိုထားတဲ့ ကဆွီဒါလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးကို ကူဝိတ်နိုင်ငံ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မေရှာရီ အရဗီဘာသာစကားဖြင့် သီဆိုထားပြီး စတူဒီယိုတွင်းသီဆိုမှု၊ ဖန်တီးမှုမြင်ကွင်းပုံစံမျိုးလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။

ဝေနေယျစကြဝဠာခပ်သိမ်းအတွက် မေတ္တာကရုဏာလူသားအဖြစ် ပွင့်ပေါ်ခဲ့တဲ့ နောက်ဆုံးတမန်တော်ကြီး မိုဟမ္မဒ် ﷺ ရဲ့ ဂုဏ်ရည်တန်ဖိုး၊ ပေးဆပ်မှုခန္တီးပါရမီတွေကို ဖော်ကျူးဖွဲ့ဆိုထားပါတယ်။ ကဆွီဒါလေးကိုနားထောင်ရင်း အနည်းဆုံးတော့ စလ်ဝသ်စလာမ်တွေ အကြိမ်ကြိမ်ပို့သမှုတွေကို နားဆင်နိုင်မှာပါ။

ကျွန်ုပ်တို့သိပ်ချစ်ရတဲ့ ကိုယ်တော် မိုဟမ္မဒ် အပေါ် ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေ!

ENTM-11/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/mXbssNRzPCI
[/error]