ဒီတစ်ပါတ် အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ် (သုခုမမျက်ဝန်း) မှာတော့ ကမ္ဘာကျော် အဆိုတော် မဟာရ်ဇီန်း ရဲ့ နောက်ဆုံးထွက် အလ်ဘမ်ထဲက ခေါင်းစဉ်ကဆွီဒါ (Title Nasheed) လေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကဆွီဒါလေးရဲ့မူရင်းအမည်ကတော့ The Power ဖြစ်ပါတယ်။ အလင်းမျက်ဝန်းကတော့ စာသားအကြောင်းအရာလေးတွေနဲ့လိုက်ဖက်အောင် “ နှလုံးသားစွမ်းအင် ” လို့ အမည်ပေးထားပါတယ်။

အရဗီ၊ အင်္ဂလိပ်နှင့် အာဖရိကန် (ခိုဇာ) ဘာသာစကားသုံးမျိုးနဲ့ သီဆိုထားတဲ့ ဒီကဆွီဒါလေးမှာတော့ အဆိုတော် မဟာရ်ဇီန်း က အရဗီ+အင်္ဂလိပ် (၂) ဘာသာနဲ့ သီဆိုထားပြီး တောင်အာဖရိကအဆိုတော် အေမာခိုနိုဝီဆင်းတူး က အာဖရိကန်ဘာသာစကားတစ်မျိုးဖြစ်တဲ့ ခိုဇာဘာသာစကားနဲ့ တွဲဖက်သီဆိုသွားပါတယ်။

သီဆိုသူ နှစ်ဦးစလုံး ပါဝင်သရုပ်ဆောင်ထားပြီး အာဖရိကဒေသတဝိုက်ရဲ့ ရှုမျှော်ရှုခင်းတွေကိုပါ တစ်ဝကြီးခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

တတိယကလိမာဟ်ရဲ့ နိဒါန်းပိုဒ်ကို အဓိကဖွဲ့ဆိုထားခြင်းဖြစ်တာကြောင့် အာဖရိကဒေသကို မြင်ယောင်ရင်း အလ္လာဟ့်ရဲ့ကြီးကျယ်မှုတွေကို အံ့သြရွက္ကူရ်ပြုနိုင်မှာ ဖြစ်ပါတယ်။

ENTM-12/17 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]
  1. ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
  2. ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/OrUGZ5awqgk
[/error]