2018

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


كل نفس ذائقة الموت 

ကမ္ဘာ့နိုင်ငံများစွာ၌ လူပေါင်းသန်း(၅၀၀) ကျော်အား ကိုယ်စားပြု ပျံ့နှံ့လုပ်ကိုင်နေသည့် အစ္စလာမ်သာသနာပြုအဖွဲ့အစည်းတစ်ခုဖြစ်သော သဗ်လီဂ်ဂျမာအသ် အဖွဲ့အစည်းကြီး၏ ဥသျှောင်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်သူ အမီးရေ့ဆွာဟိဗ် ဟဇရသ်ကြီး ဟာဂျီ ဘိုင်အဗ်ဒွလ် ဝဟ်ဟာဇ်ဆပ်သည် ယနေ့ (၁၈-၁၁-၂၀၁၈) တွင် ဤသင်္ခါရလောကီမှ အလ္လာဟ်အရှင်မြတ်သခင်၏ အမိန့်တော်ကိုခံယူ၍ လောကုတ္တရာသို့ အပြီးအပိုင် ခွဲခွါသွားပြီ ဖြစ်ပါသည်။

သူတော်စင်ကြီး၏ နောက်ဆုံးခရီး ဂျနာဇာနမားဇ်ကို ၎င်းသက်ဆုံးတိုင်နေထိုင်ခဲ့သည့် ပါကစ္စတန်နိုင်ငံရှိ ရိုင်ဝါန်မရ်ကဇ်ဗလီကြီးမှာ ဝတ်ပြုသွားမယ်လို့ သိရပါတယ်။

၁၉၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် သက်တော် (၉၆) နှစ်အရွယ်ရှိပြီဖြစ်သည့် သူတော်စင်ကြီးသည် သဗ်လီဂ်ဂျမာအသ်လုပ်ငန်းကို စတင်ဖော်ဆောင်ခဲ့သော ဆရာသခင်ကြီးများနှင့် လက်တွဲ၍ ဘဝတစ်ခုလုံးကို ပုံအပ်ကာ ကြီးပြင်းခဲ့သည့် ရှားပါးသက်တော်ရှည် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါသည်။

သူတော်စင်ကြီးသည် မြန်မာနိုင်ငံသို့လည်း (၂၀၀၈) ခုနှစ်ခန့်က ရောက်ရှိခဲ့ပြီး လူဦးရေ(၁)သိန်းကျော် တက်ရောက်သည့် အိဂ်ျသေမာ (ခေါ်) ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းပွဲကြီးကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း ကျင်းပရာ၌ ပါဝင်ခဲ့ပါသည်။

သူတော်စင်ကြီး၏ ကမ္ဘာအနှံ့ ငြိမ်းချမ်းရေးသာသနာပြုခရီးစဉ်များတွင် ဟောကြားပို့ချသော ငြိမ်းချမ်းရေးဒေသနာ တရားတော်များကို လူပေါင်းသိန်းချီ လာရောက်၍ နာယူလေ့ရှိပါသည်။

ကမ္ဘာ့မွတ်စ်လင်မ်တို့အတွက် ကြီးကျယ်မြင့်မြတ်လှသည့် ဝလီသူတော်စင် မုဗလ္လိဂ်၊ ဒါအီကြီးတစ်ပါးကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်လို့ ပါကစ္စတန်မီဒီယာများအပါအဝင် ကမ္ဘာအရပ်ရပ်မှ အစ္စလာမ့်မီဒီယာများက ဝမ်းနည်းကြောင်းများ အသီးသီးထုတ်ဖော် ရေးသားနေကြပါတယ်။

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ
အင်​န်​နာလိလ္လာဟိ ဝအင်​န်​နာ အိလိုင်းဟိရာဂျိအူးန်​။

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေး၊ ပညာရေးနှင့် ဘာသာရေး နယ်ပယ်တို့တွင် သြဇာတိက္ကမကြီးမားလှသည့် အသက် (၈၁) နှစ်အရွယ် ဆရာသခင်ကြီး မောင်ဝ်လာနာ ဆမီအွလ်ဟက် စွာဟိဗ်ကို ရာဝလ်ပင်ဒီမြို့ နေအိမ်ရှိတွင်း တစ်ဦးတည်းရှိနေချိန်မှာ ဓားဖြင့် အလစ်ဝင်ရောက် တိုက်ခိုက်ထိုးသတ်မှုကြောင့် (၂-၁၁၂၀၁၈) သောကြာနေ့က ရှဟီးဒ်ဖြစ် ကွယ်လွန်သွားရှာပါတယ်။

လုပ်ကြံခံရမှုကို သိရှိတဲ့အချိန်မှာတော့ အနီးရှိ ဆေးရုံးကို ချက်ချင်းတင်ပို့ခဲ့ပေမဲ့ အသက်မမှီတော့ကြောင်းနှင့် တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ယခုလို တိုက်ခိုက်ခဲ့ရတဲ့အကြောင်းရင်းကို မသိရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပါကစ္စတန်နိုင်ငံရှိ သာသနာ့ရေးရာလုပ်ငန်းစဉ်များကို တက်ကြွစွာ ဦးဆောင်နေသည့် သာသနာ့ပညာရှင်များအစုအဝေးဖြစ်သော ဂျမီအသ် အိုလမာအေ အစ္စလာမ် အဖွဲ့ကြီး၏ အကြီးအကဲဖြစ်ပြီး နိုင်ငံရေးပါတီများကြားတွင်လည်း သြဇာအရှိန်အဝါကြီးမားသော ဆရာသခင်ကြီးသည် ဂျာမိအဟ် ဟက္ကာနီယာ ဒါရွလ်အိုလူးမ် ကျောင်းတော်ကြီးကိုလည်း ဦးဆောင်နေပြီး သာသနာ့ပညာနှင့် ခေတ်ပညာကို အချိုးအစားကျစွာ သင်ယူနိုင်အောင် ပုံဖော်ခဲ့သူ ဖြစ်ပါသည်။

အဆိုပါ ဒါရွလ်အိုလူးမ် ဟက္ကာနီယာ ကျောင်းတော်ကြီးသည် ပါကစ္စတန်နှင့် အာဖဂန်နိုင်ငံ နယ်စပ် ခိုင်ဗရ်ဒေသတွင် တည်ရှိ၍ နှစ်နိုင်ငံမှ ထက်မြတ်သော သာသနာ့ပညာရှင်များစွာကို မွေးထုတ်ပေးနေပြီး ၎င်းကျောင်းသားများဖြင့် အခြေပြုပေါ်ပေါက်လာသည့် သွာလေဗန် (ခေါ်) ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကြီးမှာ အမေရိကန်စစ်တပ်အပါအဝင်နှင့် အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ စောင့်ကြည့်အန္တရာယ်ပေးခြင်းကို ခံနေရသည်။

ဆရာသခင်ကြီးသည် ကမ္ဘာ့မွတ်စ်လင်မ်တို့အတွက် ရှေ့တန်းထွက်ဆောင်ရွက်လုပ်ကိုင်နေသည့် သွာလေဗန်အဖွဲ့ဝင်များ၏ ဖခင်ကြီးတစ်ဦးသဖွယ် ချစ်ခင်လေးစားခြင်းကို ရရှိထားပြီး၊ (၁၇) နှစ်ကြာ မပြီးဆုံးနိုင်သည့် အာဖဂန်ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နှင့် အာဖဂန်အစိုးရတို့က ဆရာသခင်ကြီးကို ချဉ်းကပ်၍ မေတ္တာရပ်ခံနေကြသလို ဆရာသခင်ကြီးကိုယ်တိုင်လည်း ငြိမ်းချမ်းရေးအတွက် သက်ဆုံးတိုင် မဆုတ်မနစ် ကြိုးပမ်းခဲ့ပါသည်။

ဆရာသခင်ကြီး ရှဟီးဒ်ဖြစ်ကွယ်လွန်မှုနှင့်ပတ်သက်ပြီး လက်ရှိပါကစ္စတန်သမ္မတ အာရစ်ဖ် အလ်ဗီနှင့် ဝန်ကြီးချုပ် အင်မရန်းခါန်းတို့အပါအဝင် ပါကစ္စတန်နိုင်ငံရှိ ကျော်ကြားသူများက လှိုက်လှဲစွာ ဝမ်းနည်းကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ သူရဲဘောကြောင်စွာ လုပ်ကြံတိုက်ခိုက်သတ်ဖြတ်သူကိုလည်း အပြင်းအထန် ရှုပ်ချခဲ့ကြလေသည်။

ထူးချွန်ထက်မြက်သည့် ပညာရှင်ကြီးတစ်ဦးဖြစ်ရုံသာမက သစ္စာသမာဓိပြည့်စုံကြံ့ခိုင်လှသည့် ဘာသာရေးခေါင်းဆောင်ကြီးအဖြစ်နှင့် ပါကစ္စတန်လူထုအတွက် မားမားမတ်မတ် ဦးဆောင်ရပ်တည်ခဲ့သည့်ပုဂ္ဂိုလ်တစ်ဦးကို မိမိတို့ပါကစ္စတန်နိုင်ငံက လက်လွှတ်ဆုံးရှုံးသွားရလေပြီဟု ဝန်ကြီးချုပ်ခါန်းက မိမိရောက်ရှိနေသည့် တရုတ်ပြည်ခရီးစဉ်အတွင်း ကမ္ဘာ့သတင်းထောက်များကို စိတ်ထိခိုက်စွာ ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းမှ ရခိုင်လူမျိုးအချို့ လာရောက်အခြေချ ကျူးကျော်နေထိုင်တဲ့ ကျေးရွာတစ်ကို ဖယ်ရှားစဉ် ဦးဆောင်တည်ထောင်သူ၏နေအိမ်အတွင်းမှ အကြမ်းဖက်ဖောက်ခွဲရေးသုံး စစ်လက်နက်နှင့် ဆက်သွယ်ရေးပစ္စည်းများကို သက်ဆိုင်ရာက သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သင်္ဘောကွေ့ကျေးရွာလို့ အမည်ပေးထားတဲ့ ၎င်းကျေးရွာကို ဦးဆောင်တည်ထောင်သူ ဦးထွန်းမြင့်ဦး၏ နေအိမ်အတွင်းမှ လက်ပစ်ဗုံး၊ ကျည်ကာအင်္ကျီ၊ စစ်သုံးဦးထုပ်၊ ဓားလက်နက်များ၊ လက်ကိုင်စကားပြောစက်များအပါအဝင် ကွန်ပျူတာနှင့် ကင်မရာများကို သိမ်းဆည်းရမိခဲ့တဲ့အကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ပြောဆိုချက်ကို ဒေသအခြေပြု သတင်းအေဂျင်စီတစ်ခုက ဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်းပိုင်းမှ ကျေးရွာများ မီးရှိုဖျက်ဆီးခံရမှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတဲ့ ဒေသခံ မွတ်စ်လင်မ်အများစုနေထိုင်ရာ ကျေးရွာပျက်များပေါ်တွင် လာရောက်ကျူးကျော်နေထိုင်ကြသူများအား သက်ဆိုင်ရာက ဆက်လက်နေထိုင်ခြင်းမပြုရန် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး တားမြစ်ခဲ့ပါတယ်။

ကျူးကျော်သူများဘက်က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလလောက်ကတည်းက ခက်ခက်ခဲခဲနဲ့ ကျေးရွာကိုတည်ထောင်ခဲ့ရတာကြောင့် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်နေထိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့မှာတော့ တစ်ပတ်အတွင်း အပြီးတိုင်ဖယ်ရှားပေးဖို့ ထပ်မံညွှန်ကြားခံခဲ့ရပါတယ်။

အဆိုပါ ကျူးကျော်ကျေးရွာတွင် လာရောက်နေထိုင်သူအများစုမှာ အတည်တကျမရှိ ကြုံရာကျပန်းသမားများဖြစ်ကြပြီး ရခိုင်ပြည်နယ်မှ မြို့နယ်အချို့နှင့် မော်လမြိုင်၊ ရန်ကုန်မြို့များက ရောက်ရှိလာကြသူများ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကျူးကျော်သူများဘက်က ဖယ်ရှားခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့ကစတင်ကာ အစိုးရအစီအစဉ်နဲ့ ရာနဲ့ချီတဲ့ ရဲဝန်ထမ်းနှင့်မီးသတ်တပ်ဖွဲ့များက ဦးဆောင်ဖျက်သိမ်းနေတယ်လို့ သိရပါတယ်။

၎င်းသင်္ဘောကွေ့ကျူးကျော်ကျေးရွာကို ဦးစီးတည်ထောင်သူဖြစ်တဲ့ ဦးထွန်းမြင့်ဦးနှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော်တို့သည် ယခင်က ရန်ကုန်မြို့တွင် နေထိုင်ခဲ့သူများဖြစ်ကြပြီး နယ်စပ်ဒေသအနီး အနောက်တံခါးစောင့်ရှောက်ရေး မဟာဗျူဟာအရ ယခုလိုရွှေ့ပြောင်းအခြေချလာခြင်းဖြစ်ဖွယ်ရှိပါတယ်။

ယခုအခါ ၎င်းတို့လင်မယားနှစ်ဦးကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ပစ္စည်းများကိုလည်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုးကား - root ageycy


ဇွန်လ (၈) ရက် တနင်္ဂနွေနေ့ ညနေ (၃း၄၅) အချိန်မှာ ဆော်ဒီနိုင်ငံအလယ်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဘူရီဒါဒေသရဲ့ လမ်းစစ်ဆေးရေးဂိတ်တစ်ခုကို ရောက်ရှိလာတဲ့ ကားတစ်စီးပေါ်က သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။

အုပ်ချုပ်ရေးမြို့တော် ရိယာဒ်မြောက်ပိုင်းရှိ အဝေးပြေးကားလမ်းမပေါ်က လုံခြုံရေးစစ်ဆေးဂိတ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးရဲဝန်ထမ်းတွေကို ကားပေါ်လိုက်ပါလာတဲ့ အကြမ်းဖက်သမား (၃)ဦးက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရဲများကလည်း ချက်ချင်းပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်သမား (၂) ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးကိုတော့ ဒဏ်ရာတွေနဲ့ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုကြောင့်ပဲ ရဲဝန်ထမ်း အရာရှိတစ်ဦးနဲ့ လမ်းဆောက်လုပ်ရေးဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ ပူးတွဲဖော်ပြခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာ ဒဏ်ရရသူ အကြမ်းဖက်သမားကိုလည်း ဆေးရုံသို့ လွှဲပြောင်းကာအတွင်းလူနာအဖြစ် တင်ပို့ထားပြီး မည်သည့်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Inews-01/7/18 © အလင်းမျက်ဝန်း | ကိုးကား » Internet


ကမ္ဘာ့လူသုံးအများဆုံးဖြစ်လာတဲ့ Facebook လူမှုကွန်ယက်ဟာ သုံးစွဲသူတွေအတွက် လွယ်ကူစွာ အသုံးချနိုင်တဲ့ နည်းပညာတွေကို တဖြည်းဖြည်းချင်း ထည့်သွင်းလာပါတယ်။

တကယ်လို့ သင်ဟာ Facebook လူမှုကွန်ယက်ကို အသုံးပြုနေသူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ သင်ကိုယ်တိုင် အလင်းမျက်ဝန်းရဲ့ Facebook စာမျက်နှာပေါ် ဖော်ပြထားတဲ့ ဤအကြောင်းအရာလေးရဲ့အောက်မှာ လွယ်ကူစွာနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်လိုက်ပါ။

Comment ပေါ်မှာ CONGRATS XOXO BFF ဆိုတဲ့ စကားလုံး သုံးခုကို စာလုံးပေါင်းမှန်မှန်နဲ့ သီးခြားစီ ရိုက်နှိပ်ကြည့်လိုက်တဲ့အခါ ထူးခြားမှုလေးတွေကို သင်ကိုယ်တိုင် မြင်လိုက်ရပါလိမ့်မယ်။

CONGRATS သာမက Congratulations လို့လည်း ရိုက်ထည့်လို့ရပါတယ်။
သင့်မိတ်ဆွေရဲ့ ဝမ်းသာစရာသတင်းအတွက် ဂုဏ်ပြုဖို့ comment/post ရေးသားရာမှာ ဒီစကားလုံးလေးကို ရိုက်ထည့်လိုက်ရင်တော့ ပူဖောင်းနဲ့ရောင်စုံစက္ကူစလေးတွေကို ပျော်ရွှင်ဖွယ်အဖြစ် မြင်တွေလိုက်ရမှာဖြစ်ပြီး စာလုံးလေးကတော့ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

XOXO ဆိုတာကတော့ စိတ်ရောကိုယ်ပါ ခင်မင်မှု၊ အသိအမှတ်ပြုမှု၊ ယုံကြည်ကိုးစားမှု၊ လေးစားမှု တွေကို ပြသတဲ့ ခေတ်ပေါ် စကားလုံးတိုလေးတစ်ခုပါ။
ဒါကို မန့်တွေ၊ ပို့စ်တွေမှာ ရိုက်လိုက်ရင်တော့ အသဲလေးတွေ တလက်လက်နဲ့ ပေါ်လာပြီး XOXO စာလုံးလေးဟာလည်း သာမန်နဲ့မတူတဲ့ အသဲနီရောင်လေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

BFF ဆိုတာကတော့ အကောင်းဆုံးအဆွေခင်ပွန်းလို့ ဆိုလိုတာဖြစ်ပြီး မိန်းကလေးတွေအတွက်တော့ ခင်ပွန်းချစ်သူကို ဖော်ကျူးတဲ့ အင်္ဂလိပ်စာလုံးတိုလေးပေါ့။
ဒါကို ရိုက်ကြည့်လိုက်ရင်တော့ လက်ခုပ်တစ်စုံပေါ်ထွက်လာပြီး သာမန်စကားလုံးတွေလို အမဲရောင်မဟုတ်တဲ့ အစိမ်းရောင် BFF စာတမ်းကို မြင်ရပါလိမ့်မယ်။

အခုဖော်ပြခဲ့တာကတော့ မိုဘိုင်းဖုန်းတွေပေါ်မှာ မြင်ရမယ့်ပုံသဏ္ဍာန်လေးတွေပဲ ဖြစ်ပါတယ်။ PC ကွန်ပျူတာတွေပေါ်မှာတော့ ပိုမိုမြိုင်ဆိုင်စွာနဲ့ မြင်တွေ့ရပါလိမ့်မယ်။

အလင်းမျက်ဝန်းက စမ်းသပ်ရာမှာတော့ Comments နဲ့ Posts တွေပေါ်မှာပဲ အသုံးပြုလို့ရပါတယ်။ လောလောဆယ်မှာတော့ Messenger တွေမှာ ဒီနည်းပညာကို အသုံးပြုလို့မရသေးဘူးလို့ ထင်ပါတယ်။

အမေရိကန်အခြေစိုက် ကမ္ဘာကျော် နည်းပညာသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Mashable ကတော့ ဒီနည်းပညာကို hidden Easter eggs (ဝှက်ထားတဲ့ဥများ) လို့ အမည်ပေးထားပြီး “rad” “lmao” “thank you so much” အစရှိတဲ့စကားလုံးလေးတွေကိုလည်း အခုလို ထူးထူးခြားခြားလေးတွေ မြင်လာရနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပေမဲ့ အလင်းမျက်ဝန်းရဲ့ စမ်းသပ်မှုတွေအရတော့ လတ်တလောမှာ မရသေးပါဘူး။

အချို့သော ဖေ့စ်ဘွက်စာမျက်နှာတွေကတော့ ဒီနည်းပညာအကြောင်း မသိသေးတဲ့သူတွေကို “ အကောင့်လုံခြုံမှုရှိမရှိစစ်ဆေးနည်း ” ဆိုတာမျိုး ခေါင်းစဉ်တပ်ဖော်ပြပြီး ရေးလိုက်တဲ့စာလုံး နီနေရင် မလုံခြုံဘူး၊ စိမ်းနေရင် လုံခြုံတယ်၊ ဝါနေရင် စိတ်မချရဘူးဆိုတာမျိုးတွေ ရေးသားကာ လူတွေကို သိမ်းသွင်းစွဲဆောင်ကြတာမျိုးတွေလဲ ရှိတတ်ပါတယ်။

IDU-001/18 © အလင်းမျက်ဝန်း

အမျိုးသမီးများ အိဗာအဟ်အဝတ်အစားကိုပဲ ဝတ်ဆင်ဖို့ အရေးမကြီးဘူးဆိုတဲ့ ဖသ်ဝါနဲ့ ပတ်သက်ပြီး ဆော်ဒီနိုင်ငံ အိုလမာအဖွဲ့ဝင်အကြီးအကဲဟာ (၁၀-၂-၂၀၁၈) စနေနေ့မှာ ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဆော်ဒီနိုင်ငံအခြေစိုက် ကမ္ဘာ့အိုလမာပညာရှင်အကြီးအကဲများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ တော်ဝင်ရုံးတော်ရဲ့ အတိုင်ပင်ခံတစ်ဦးလည်းဖြစ်တဲ့ ရှိုင်ခ်အဗ်ဒွလ္လာဟ် အလ်မုသ်ွလက်ဟာ ပြီးခဲ့တဲ့သောကြာနေ့ (၉-၂-၂၀၁၈) ပြည်တွင်းရုပ်သံအစီအစဉ်တစ်ခုအတွင်း ၎င်းပြောကြားခဲ့တဲ့ ဖသ်ဝါဓမ္မသတ်ရဲ့ မူလရည်ရွယ်ချက်ကို ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မိမိဆိုလိုတဲ့စကားဟာ ဟိဂျာဗ်အဝတ်အစားကို ဝတ်ဆင်ပြီးနောက် သာသနာ့ စည်းမျဉ်းတွေကို လေးလေးနက်နက်ကျင့်သုံးကြစေဖို့၊ သန့်ရှင်းစင်ကြယ်မှုရှိစေဖို့၊ ကာအိနြေ္ဒစောင့်စည်းဖို့ အစရှိတဲ့ အကြောင်းခံများကို ပျံ့နှံ့စေခြင်းအတွက် အခြေခံ၍ ပြောကြားခြင်းသာဖြစ်ပြီး ဟိဂျာဗ်လုံလုံခြုံခြုံဝတ်ဆင်ခြင်းမပြုဖို့ ပြောဆိုခဲ့တာ လုံးဝမဟုတ်ဘူးလို့ ဖြေရှင်းသွားပါတယ်။

ပြည်တွင်းအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ နိဒါအွလ်အစ္စလာမ်အမည်ရှိ အသံလွှင့်ဌာနနဲ့တွေ့ဆုံစဉ် “ အမျိုးသမီးတွေအတွက် လုံလုံခြုံခြုံ အဝတ်အစားဝတ်ဆင်ရာမှာ သီးသန့်သတ်မှတ်ထားတဲ့ အမျိုးအစားရှိပါသလား” ဆိုတဲ့ မေးခွန်းအပေါ် ပြန်လည်ဖြေကြားမှုရဲ့ အစိတ်အပိုင်းတစ်ခုဟာ လူမှုကွန်ယက်အတွင်း ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

“ ဘာသာတရားကိုင်းရှိုင်းတဲ့ ကမ္ဘာတဝန်းက မွတ်စ်လင်မ် အမျိုးသမီးတွေဟာ ဆော်ဒီမှာဝတ်နေတဲ့ အိဗာအဟ် အဝတ်အစားတွေကိုပဲ ဝတ်ဆင်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့်လူတွေကို အိဗာအဟ် အဝတ်အစားကိုသာ ဝတ်ဆင်ဖို့ အတင်းဖိအားမပေးသင့်ပါဘူး ” ဆိုတဲ့ ရှိုက်ခ်ရဲ့ ဖြေကြားချက် တစ်စိတ်တစ်ပိုင်းဟာ လူမှုကွန်ယက်အတွင်း အလျင်အမြန် ပျံ့နှံ့ခဲ့ပါတယ်။

မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးအနေဖြင့် အစ္စလာမ့်ဟိဂျာဗ်ဝတ်ဆင်ခြင်းဟာ အလ္လာ့ဟ်အမိန့်နာခံခြင်း၊ အိဗာဒသ်ဆည်းကပ်ခဝပ်မှုတွေထဲက ခဝပ်မှုတစ်ခုပြုခြင်းလို့ ခံယူရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်အတွက်ရော မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ကိုပါ ဂုဏ်သိက္ခာထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မိမိလုပ်ရပ်အားဖြင့် သာသနာ့ဂုဏ်သိက္ခာ တိုးပွါးစေလိုကြောင်းကို တိုက်တွန်းနှိုးဆော်ထားခြင်းသာဖြစ်တယ်လို့ ရှိုက်ခ်က ရှင်းလင်းသွားပါတယ်။

ရှိုင်ခ်အနေနဲ့ အဝတ်အစားတိုင်းဟာ လုံခြုံမှုရှိရမယ်၊ သာသနာတော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ကိုက်ညီရမယ်၊ ဦးခေါင်းကနေ ခြေအထိ ဝတ်ဆင်လိုက်တဲ့ ဟိဂျာဗ်ဖြစ်ဖြစ်၊ တခြား ဟိဂျာဗ်ဝတ်ရုံ ဖြစ်ဖြစ် အဓိကကတော့ ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံရမယ်၊ ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းတွေ ပေါ်လွင်တာမျိုး မဖြစ်ရဘူး၊ အမျိုးသားတွေရဲ့ အဝတ်အစားနဲ့ မတူဆင်ရဘူး၊ အင်္ကျီအတွင်းကို ထိုးဖောက်မြင်ရသည့် ပါးကပ်နေသော အဝတ်အစားမျိုးတွေကို ဝတ်ဆင်ခြင်း မပြုရဘူး၊ သူတစ်ပါးသတိထားမိစေလောက်အောင် အမွေးအကြိုင်တွေ သုတ်လိမ်းမထားရဘူး၊ ပြစားတဲ့အဝတ်အစားမျိုးမဖြစ်ရဘူးလို့ ဖိကဟ်ဓမ္မသတ်ကျမ်းတွေမှာ ပါရှိထားတဲ့၊ သာသနာ့သုခမိန်ကြီးများရဲ့ စာပေကျမ်းဂန်အသီးသီးမှာ ရေးသားစုဆောင်းထားပြီးဖြစ်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ အဆိုတွေကို ပြန်လည် မျှဝေခြင်းသာ ဖြစ်ပါတယ်။

ဆိုလိုတာက အစ္စလာမ်သာသနာက သတ်မှတ်ထားသလို ခန္ဓာကိုယ်အား လုံခြုံနေမယ်ဆိုရင် ဆော်ဒီမှာ ဝတ်ကြတဲ့ အိဗာအဟ်လို့ခေါ်တဲ့ အဝတ်အစားကိုသာမက အခြားနိုင်ငံက ဘယ်လိုအဝတ်အစားမျိုးကိုမဆို ဝတ်ဆင်နိုင်တယ်။ အမျိုးသမီးတွေအတွက် လုံခြုံအောင် ဘယ်လိုအဝတ်အစားကိုသာ ဝတ်ရမယ်လို့ အတင်းဖိအားမပေးသင့်ဘူးလို့ ဆိုလိုထားခြင်းဖြစ်ကြောင်းကိုလည်း ရှိုက်ခ်က ဆက်လက် ရှင်းလင်းသွားပါတယ်။

G-News-001/2/18

[2column][content]
 (မေးခွန်း-၁) 

မိန်းမနဲ့ ၁-နှစ်ကျော် အဆက်သွယ် ပြတ်ပြီး ပြန်ပေါင်းရင် နေကာ ပြန်ဖတ်ရပါသလား? ကောင်လေးက ကောင်မလေးရဲ့မြို့မှာ လိုက်နေတာပါ။ အဆက်အသွယ် ပြတ်သွားတဲ့ အကြောင်းကတော့ စကားများ စိတ်စိုးပြီး သူ့နေရပ်မြို့ကို ပြန်လာတာပါ။ အလင်းမျက်ဝန်းကို အစဉ်အားပေးလျက်ပါ။
ဆလီမွလ္လာ (နေပြည်တော်)
 (အဖြေ-၁) 
  • ကိုယ့်အမျိုးသမီးနဲ့ စိတ်ဆိုးပြီး အမျိုးသမီးနေတဲ့ မြို့ရွာဒေသကနေ မိမိမြို့ရွာဒေသကို ပြန်သွားပြီး အဆက်အသွယ်မလုပ်ဘဲနေတာနဲ့ နိကာဟ်မပြတ်ပါ။ ဒါကြောင့် နိကာဟ်ပြန်ဖတ်ဖို့ မလိုပါဘူး။ စိတ်ပြေသွားလို့ ပြန်ပေါင်းလိုတဲ့အခါ ဒီအတိုင်း ပြန်ပေါင်းလို့ ရပါတယ်။
  • ဒါပေမဲ့ အမျိုးသားက မိမိဇနီးသည်အနားကို မလာတော့ဘူး၊ မကပ်တော့ဘူးလို့ ကစမ်ကျိန်ဆိုမိရင်တော့ အောက်ပါအာယသ်တော်နဲ့ ရှင်းလင်းချက်တွေကို လေ့လာပါ။ ဒါကို အီလာအ် လုပ်တယ်လို့ ခေါ်ဝေါ်ပါတယ်။
  • မိမိတို့၏ ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂ အမှုပြုကြမည် မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလ စောင့်ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီးနောက် (၄-လအတွင်း မိမိတို့၏ ကျိန်ဆိုချက်ကို) ပြန်လည်ရုပ်သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်ကရုဏာပြုတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
  • အစ္စလာမ်သာသနာမထွန်းကားမီ “ ဂျာဟိလီယတ် ” အမိုက်ခေတ်တွင် အရဗ်လူမျိုးတို့သည် မိမိတို့၏ ဇနီးမိန်းမများနှင့်စပ်လျဉ်း၍ အမျက်ဒေါသထွက်သောအခါ “ ငါတို့သည်မိမိတို့၏ ဇနီးမိန်းမများနှင့် ကာယသံသဂ္ဂအမှု ပြုကြမည် မဟုတ်ပါ ” ဟူ၍ ကျိန်ဆိုလေ့ရှိကြ၏။ သို့ကျိန်ဆိုခြင်းကို “ အီလာ ” ဟူ၍ ခေါ်ဆိုကြသည်။
  • အရဗ်လူမျိုးတို့သည် “ အီလာ ” ပြုခြင်းကို “ တွလာက် ” လင်ခန်းမယားခန်း ပြတ်စဲခြင်းဟု ယူဆကြ၏၊ သို့ယူဆကြသည့်အတိုင်း ယင်းသူတို့သည် “ အီလာ ” ပြုပြီးသည့်နောက်တွင် မိမိတို့၏ ဇနီးမိန်းမများအား စားစရိတ်နှင့်တကွ အခြားပေးအပ်ရမည့် အခွင့်အလမ်းများကို ရပ်စဲလိုက်ကြ၏။
  • “ အီလာ ” နှင့်စပ်လျဉ်း၍ အရဗ်လူမျိုးတို့၏ အယူအဆ အပြုအမူများသည် မှားယွင်းလျှက်ရှိကြောင်း၊ အစ္စလာမ်သာသနာတွင် “ အီလာ ” သည် လင်ခန်းမယားခန်း ပြတ်စဲခြင်း၏ အဓိပ္ပာယ်သို့ မသက်ရောက်ကြောင်း၊ “ အီလာ ” သည် လင်ခန်းမယားခန်းပြတ်စဲရန် လမ်းကြောင်း နိဒါန်းစကားမျှဖြစ်ကြောင်း၊ သို့နိဒါန်းစကားမျှဖြစ်ပေရာ “ အီလာ ” ပြုမိသော လင်ယောက်ျားတို့သည် မိမိတို့၏ “ အီလာ ” နှင့်စပ်လျဉ်း၍ အေးအေးဆေးဆေး ရှေ့နောက်ပြန်လည် စဉ်းစားနိုင်ရန်အတွက် ၄-လ ခွင့်ပြုထားကြောင်း၊ ထိုအတောအတွင်း လင်ယောက်ျားတို့သည် မိမိတို့၏ ဇနီးမိန်းမများနှင့် အကြင်လင်မယားအဖြစ် ဆက်လက်ပေါင်းသင်းလိုက ပေါင်းသင်းနိုင်ကြောင်း၊ လင်ခန်းမယားခန်း ပြတ်စဲလိုကလည်း ပြတ်စဲနိုင်ကြောင်းများကို ထင်ရှားသိသာစေရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော် (၂း၂၂၆-၂၂၇) ကို ထုတ်ပြန်ပို့ချတော်မူလေသည်။ ကြည့်-(မာဂျီဒီ)။
  • “ အီလာ ” ဟူသည် အစ္စလာမ်သာသနာ မထွန်းကားမီ အမိုက်ခေတ်တွင် အရဗ်လူမျိုးတို့ မိမိတို့၏ ဇနီးမယားများအား ဒုက္ခပေးခြင်းတစ်ရပ်ပင် ဖြစ်ပေသည်။ လင်ယောက်ျားများသည် အကယ်၍ မိမိတို့၏ ဇနီးမိန်းမများကို ချစ်ခင်ကြင်နာကြသည်လည်းမရှိ၊ လင်ယူပိုင်ခွင့်လည်း မပေးလိုကြ၊ ထိုအခါမျိုးတွင် လင်ယောက်ျားများသည် “ အီလာ ” (ဝါ) ငါတို့သည် မိမိတို့ ဇနီးမိန်းမများထံသို့ ချဉ်းကပ်ကြမည် မဟုတ်ပါဟု ကျိန်ဆိုပြီး ဇနီးမိန်းမတို့အား “ လင်ရှိ မုဆိုးမ ” သဖွယ် တွဲလဲထားလေ့ရှိကြ၏။ အရဗ်လူမျိုးတို့သည် အစ္စလာမ်သာသနာ ထွန်းကားခါစ အချိန်တွင်လည်း ဖော်ပြပါအတိုင်း “ အီလာ ” လုပ်၍ ဇနီးမိန်းမတို့အား ဒုက္ခပေးလျှက်ရှိကြကုန်၏။ ထိုအခါ ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော် (၂း၂၂၆-၂၂၇) သည် ကျရောက်လာခဲ့လေသည်။ ဤကား စအီဒ်အိဗ်နုအလ် မုစိုင်ယိဗ်၏ အဆိုတည်း။ ကြည့်-(ခါဇင်န်)။
  • ထို့ပြင် အကယ်၍သာ ယင်းသူတို့သည်၊ ကွာရှင်းခြင်းကိုသာ စိတ်ပိုင်းဖြတ်ကြပါလျှင် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့၏ ကျိန်ဆိုချက်တို့ကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင်၊ (ထိုသူတို့၏ စိတ်ပြဌာန်းချက်များကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။
  • စကားချပ်အဖြစ် ယနေ့ကာလမှာ တချို့သော ဟာဂျီတွေဟာ ဟဂ်ျဝတ်ပြုဖို့သော်လည်းကောင်း၊ အွမ္မရဟ်ပြုလုပ်ဖို့သော်လည်းကောင်း မက္ကဟ်ရွှေမြို့တော်သို့ ရောက်ရှိကြတဲ့အခါ တချို့သော ဆရာသမားတွေရဲ့ တိုက်တွန်းမှုဖြင့် ဟရမ်အတွင်း နိကဟ်အသစ် ပြန်ဖတ်ကြပါတယ်။ ဆရာသမားတွေက မြင့်မြတ်ကြောင်း အမျိုးမျိုးသော အထောက်အထားတွေ ပေးကြပါတယ်။ အလ္လာဟ်အရှင်မြတ်သခင် ထိန်းသိမ်းတော်မူပါစေ။ အလွန်ဝမ်းနည်းဖွယ်ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ အစ္စလာမ်သာသနာမှာ မှန်ကန်တဲ့နိကဟ်တစ်ခုဟာ ဘဝတစ်လျှောက်လုံးအတွက် လုံလောက်ပါတယ်။ ကွဖ်ရ် စကားတစ်ခွန်း ပြောမိလိုက်လို့ နိကဟ်ပြတ်သွားတယ်၊ လူဟာ အမေ့အမှားနဲ့ မကင်းလို့ နိကဟ်ပြတ်သွားတယ် စသဖြင့် ပြောဆိုစည်းရုံးတာကို တွေ့ရပါတယ်။ ဒါဟာ အလွန်မှကို မှားယွင်းတဲ့ကိစ္စတစ်ရပ် ဖြစ်ပါတယ်။
  • အဲဒီလို မလိုအပ်ဘဲ နိကဟ်အသစ်လည်း ပြန်ဖတ်စရာ မလိုအပ်ပါဘူး။ ဟရမ်နယ်မြေဟာ မွန်မြတ်တဲ့နယ်မြေဆိုတာ အမှန်ပါ။ ဒါပေမဲ့ အဲဒီထွတ်မြတ်တဲ့ နေရာမှာ နိကဟ်အသစ်ဖတ်ဖို့ ကုရ်အာန်ကျမ်းရော ဟဒီဆ်တော်မှာပါ မည်သည့်ညွှန်ကြားထားချက်မှ မရှိတဲ့အတွက် ပြန်လည် ဖတ်စရာ မလိုပါဘူး။ တကယ်မွန်မြတ်ရိုးမှန်ရင် ကိုယ်တော်မြတ်နှင့် စွဟာဗဟ်ကြီးတွေအပါအဝင် ကျန် အိမာမ်ကြီးတွေ၊ သူတော်စင်ကြီးတွေ ပြုလုပ်ခဲ့ကြမှာပါ။ ဒါပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ လုပ်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ဘယ်သူက ဘယ်လောက်ပဲ တိုက်တွန်းနေပါစေ၊ မလိုအပ်ဘဲ ပြန်ဖတ်စရာ မလိုပါကြောင်း အလင်းမျက်ဝန်းမှ သတိပေးနှိုးဆော်အပ်ပါတယ်။
[/content][content]
 (မေးခွန်း-၂) 

နမာဇ်​ဖတ်​တဲ့အခါ... အအူဇိုနဲ့ ဗိစ္စမိလ်​လာကို အလ်​ဟမ်​​ရှေ့မှာ ဆိုကြပါတယ်။ ပြီးရင်​ အခြားစူရာဟ်​တွဲကြပါတယ်။ သိချင်​တာက အခြားစူရာမဆိုခင်​ ဗိစ္စမိလ်​လာ ထပ်​ဆိုရပါသလား ခမျာ...
အောင်​​အောင်​ (ရန်ကုန်)
 (အဖြေ-၂) 
  • စွလာသ် ဝတ်ပြုရာမှာ စူရဟ်ဖာသိဟဟ် မရွတ်ဖတ်မီ အအူဇုနဲ့ ဗိစ္စမိလ္လာဟ် ဆိုခြင်းဟာ စွန္နသ် ဖြစ်ပါတယ်။ စွန္နသ်ဖြစ်ကြောင်းလည်း ဖိကဟ်ကျမ်းတွေမှာ ဖော်ပြကြပါတယ်။
  • ဒါပေမဲ့ ဟနဖီဖိကဟ်ကျမ်းတွေမှာတော့ အခြားစူရဟ်တစ်ခုခုမတွဲခင် ဗိစ္စမိလ္လာဟ် ဆိုရမဲ့အကြောင်း၊ ဗိစ္စမိလ္လာဟ်ဆိုခြင်းဟာ စွန္နသ်ဖြစ်ကြောင်း စတာတွေ မဖော်ပြထားပါဘူး။ ရှာဖိအီပညာရှင်ကြီးတွေကတော့ စူရဟ်တစ်ခုခုမတွဲမီ ဗိစ္စမိလ္လာဟ်ရွတ်ဆိုကြပါတယ်။
  • ဒါကြောင့် ဗိစ္စမိလ္လာဟ်ဆိုခြင်းဟာ စွန္နသ်ဖြစ်တဲ့အတွက် မဆိုမနေရ တာဝန်တစ်ခု မဟုတ်တာ၊ ဗိစ္စမိလ္လာဟ် မဆိုခြင်းဖြင့် စွလာသ်မှာ တစ်စုံတစ်ခု လျော့နည်းခြင်း မဖြစ်တာကတော့ သေချာပါတယ်။
 (မေးခွန်း-၃) 

ဆရာ...
  1. တစ်ခါက ကျနော့်ဆီကို မိတ်ဆွေတစ်ယောက်လာပြီး သူ့အိမ်မှာ ပြဿနာတက်ပီးလာခဲ့တာလို့ ပြောပါတယ်။ ကျနော်က ပြောပါတယ်။ ဒါဆို မင်းအိမ်က လိုက်လာရင် ဘယ်လိုပြောရမလဲလို့မေးတော့ သူက မရှိဘူးလို့ပြောလိုက်ဆိုပြီး ပြောခိုင်းပါတယ်။ ဒါနဲ့ သူ့အိမ်ကလဲ တကယ်ပဲ လိုက်လာပါတယ်။ အိမ်က ပျောက်သွားတဲ့သူ ဒီကိုလာလားလို့ မေးတော့ ကျနော်က မလာဘူးလို့ ပြောလိုက်တယ်။ ဒါနဲ့ အဲ့လူက ထက်ပီး ဘာမေးလဲဆိုတော့ ကဆမ်နဲ့နော်လို့ ပြောတော့ ကျနော် ခေါင်းညိမ့်မိသွားတယ်။ အဲဒါ ကဆမ်ရဲ့ ကဖွာရာပေးရမလား ဆရာ။
  2. လူတစ်ယောက်က facebook အရမ်းသုံးတော့ သူ့ကိုယ်သူ ဒဏ်ခတ်တဲ့အနေနဲ့ပြောတယ်။ facebook သုံးရင် ငါ့ပေါ် အလ္လာဟ်လအ်နသ်လို့ ပြောတယ်။ ပြီးတော့လည်း သောဝ်ဗာဟ်လုပ်ပြီး ပြန်သုံးနေပါတယ်။ သူ့ပေါ်မှာ ကဖွာရာထိုက်လား။
ဂျိုနိုဒ် (ခေတ္တ-ထိုင်း)
 (အဖြေ-၃) 
  • ဖိကဟ်ကျမ်းတွေမှာ ကျိန်ဆိုခြင်းသုံးမျိုး ဖော်ပြကြပါတယ်။ (၁) လဂ်ဝ်- အချည်းနှီးကျိန်ဆိုခြင်း၊ (၂) ဂုမူးစ်- သိလျက်နဲ့ ဖြစ်ပြီးကိစ္စတစ်ခုကို လိမ်လည်ကျိန်ဆိုခြင်းနဲ့ (၃) မွန်အကိဒ်- အနာဂတ်မှာ တစ်ခုခုလုပ်မယ် မလုပ်ဘူးလို့ အတည်ကျိန်ဆိုခြင်းတို့ ဖြစ်ပါတယ်။
  • ပထမအမျိုးအစားကို ကုရ်အာန် (၂း၂၂၅နဲ့ ၅း၈၉) တို့မှာ လေ့လာပါ။ ကုရ်အာန်အလင်းပြကျမ်းမှ ကူးယူဖော်ပြလိုက်ပါတယ်။ [ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏ စိတ်နှလုံးများက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ်ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၂း၂၂၅) ]
  1. “လဃ်ဝ်” ဟူသည် မိမိ၏မှားယွင်းသောထင်မြင်ယူဆချက်အပေါ်တွင် မူတည်၍ ကျိန်ဆိုခြင်းကိုဆိုလိုသည်ဟူ၍ အိမာမ် အဗူဟနီဖဟ်သခင် မိန့်ကြားခဲ့သည်။ ဆိုလိုရင်းအနက်ကား အသင်တို့ (လိမ်လည်လိုသော စေတနာမပါဘဲ) မေ့မှား၍ကျိန်ဆိုမိသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်၊ သို့ရာတွင် အသင်တို့ လိမ်လည်ရန်ရည်စူး၍ ကျိန်ဆိုသောကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍မူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ (ကုရ်အာန် ၅း၈၉)မှာ ဆက်လက်လေ့လာပါ။
  2. ဂုမူးစ်-သိလျက်နဲ့ဖြစ်ပြီးကိစ္စတစ်ခုကိုလိမ်လည်ကျိန်ဆိုခြင်း။ဒါကဟရာမ်ပါ။မေးခွန်းပါကိစ္စကဒီအမျိုးအစားထဲကပါ။ဒီလိုမျိုးကျိန်ဆိုတာဟာပြစ်မှုကြီးမြောက်ပါတယ်။သောင်ဗဟ်လုပ်ရပါလိမ့်မယ်။ဂမူးစ်လို့မှည့်ခေါ်ရတဲ့အကြောင်းရင်းကဒီလိုကျိန်ဆိုခြင်းဟာကျိန်ဆိုသူကိုအပါယ်ငရဲမီးထဲနစ်မြုပ်စေတဲ့ အတွက်ပါ။ ကစမ်ကျိန်ဆိုတာမမြောက်တဲ့အတွက် ကဖ္ဖာရဟ်ပေးစရာမလိုပါဘူး။ အမြန်ဆုံးသောင်ဗဟ်လုပ်ဖို့ တော့ အရေးကြီးပါတယ်။ ဒီအာယသ်တော်တွေကိုလေ့လာပါ။ (ကုရ်အာန် ၁၆း၉၄၊ ၃း၇၇)
  3. မွန်အကိဒ်-အနာဂတ်မှာတစ်ခုခုလုပ်မယ် မလုပ်ဘူးလို့ အတည်ကျိန်ဆိုခြင်း။ ဒီကစမ်ကမြောက်ပါ တယ်။ အတည်ဖြစ်ပါတယ်။ ဒါကြောင့် မိမိကျိန်ဆိုတဲ့အတိုင်းလုပ်ဖြစ်ရင် ဘာတာဝန်မှ ချစရာမလိုအပ်ဘဲကျိန်ဆိုတဲ့အတိုင်းမလုပ်ဖြစ်ရင်တော့ ကစမ်ပျက်ပြယ်သွားတဲ့အတွက် ကဖ္ဖာရဟ်ပေးရပါမယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကုရ်အာန် ၅း၈၉ မှာပဲလေ့လာပါ။
  • နောက်တစ်ခုကတော့ မိမိကိုယ်ကိုကျိန်ဆဲခွင့် မရှိပါဘူး။ ဒါကြောင့် တစ်ခုခုမလုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကျိန်စာတိုက်လို့ မရပါဘူး။ သူရဲ့ ကျိန်စာတိုက်ခြင်းဟာကစမ်ကျိန်ဆိုတာပဲဆိုရင်တော့ အထက်ကအဖြေအတိုင်းဆောင်ရွက်ရပါမယ်။
  • တရားတော်ကကစမ်ကျိန်ဆိုခြင်းကိုလက်လွတ်စပယ် မလုပ်ဖို့ ပညတ်ထားပါတယ်။ အလ္လာ့ဟ်နာမတော်ကိုမလိုအပ်ဘဲအလွဲသုံးစားမလုပ်သင့်ပါဘူး။ဒါကြောင့် အတတ်နိုင်ဆုံးကစမ်မကျိန်ဆိုဖြစ်အောင် ထိန်းသိမ်းရပါမယ်။ ခပ်ပေါ့ပေါ့လေးမပြုမူသင့်ပါဘူး။ (ကုရ်အာန် ၆၈း၁၀)ကိုလေ့လာပါ။ နောက်ဆုံးကျိန်ဆိုဖို့ လိုအပ်ပြီဆိုရင် အလ္လာ့ဟ်နာမတော်နဲ့ပဲကျိန်ဆိုရပါမယ်။
[/content][/2column]


တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ “ နာဂျာယင် အစ္စလာမ့်ယဉ်ကျေးမှုရေးရာ ကောလိပ် ” ၏ အောင်လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ဖျော်ဖြေရန်အတွက် လေ့ကျင့်နေသည့် ဆယ်ကျော်သက်အရွယ် တရုတ်မွတ်စ်လင်မ် သမီးငယ်လေးများ ဖြစ်ပါတယ်။

သူတို့ဟာ အလ္လာဟ့်ဂုဏ်တော်များကို အရဗီနှင့်တရုတ်ဘာသာများဖြင့် ရေးစပ်သီကုံးထားတဲ့ ကဆွီဒါဖြင့် ဧည့်ခံဖျော်ဖြေဖို့အတွက် ယခုလို ကျောင်းတွင်း ကြိုတင်လေ့ကျင့်မှုကို ပြုလုပ်နေကြဟန် ဖြစ်ပါတယ်။

ဤရုပ်သံကို လူမှုကွန်ယက်တွေပေါ်မှာ ပြန်လည်မျှဝေခဲ့ကြပြီး လူကြည့်များခဲ့သလို သဘောထားအမျိုးမျိုးနဲ့ မှတ်ချက်ပေးကြတာတွေကိုလည်း မြင်တွေ့ရပါတယ်။

“ တရုတ်နိုင်ငံဟာ ဘာသာတရားတွေကို ဦးစားမပေးသလို၊ ဆိုးဆိုးရွားရွားလည်း မဆက်ဆံပါဘူး။ ဘယ်သူမဆို နေတတ်ရင်တော့ ပျော်ရွှင်မှုတွေကိုလည်း စိတ်ကြိုက် ဖန်တီးလို့ ရနိုင်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာမှ မဟုတ်ပါဘူး။ ကမ္ဘာ့ဘယ်ဒေသမှာ မဆိုပါပဲ။ ” လို့ သဘောထားမှတ်ချက်တစ်ခုကိုလည်း မြင်တွေ့ရပါတယ်။

GKM-01/18 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]» ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
» ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/OMcoqmEItAo[/error]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat