ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ပြဿနာအသွင်ဆောင်လာသော ဟိဂျာဗ်အဝတ်အစားကိစ္စ ဆော်ဒီအိုလမာအဖွဲ့အကြီးအကဲ ရှင်းလင်း

အမျိုးသမီးများ အိဗာအဟ်အဝတ်အစားကိုပဲ ဝတ်ဆင်ဖို့ အရေးမကြီးဘူးဆိုတဲ့ ဖသ်ဝါနဲ့ ပတ်သက်ပြီး ဆော်ဒီနိုင်ငံ အိုလမာအဖွဲ့ဝင်အကြီးအကဲဟာ (၁၀-၂-၂၀၁၈) စနေနေ့မှာ ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဆော်ဒီနိုင်ငံအခြေစိုက် ကမ္ဘာ့အိုလမာပညာရှင်အကြီးအကဲများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ တော်ဝင်ရုံးတော်ရဲ့ အတိုင်ပင်ခံတစ်ဦးလည်းဖြစ်တဲ့ ရှိုင်ခ်အဗ်ဒွလ္လာဟ် အလ်မုသ်ွလက်ဟာ ပြီးခဲ့တဲ့သောကြာနေ့ (၉-၂-၂၀၁၈) ပြည်တွင်းရုပ်သံအစီအစဉ်တစ်ခုအတွင်း ၎င်းပြောကြားခဲ့တဲ့ ဖသ်ဝါဓမ္မသတ်ရဲ့ မူလရည်ရွယ်ချက်ကို ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မိမိဆိုလိုတဲ့စကားဟာ ဟိဂျာဗ်အဝတ်အစားကို ဝတ်ဆင်ပြီးနောက် သာသနာ့ စည်းမျဉ်းတွေကို လေးလေးနက်နက်ကျင့်သုံးကြစေဖို့၊ သန့်ရှင်းစင်ကြယ်မှုရှိစေဖို့၊ ကာအိနြေ္ဒစောင့်စည်းဖို့ အစရှိတဲ့ အကြောင်းခံများကို ပျံ့နှံ့စေခြင်းအတွက် အခြေခံ၍ ပြောကြားခြင်းသာဖြစ်ပြီး ဟိဂျာဗ်လုံလုံခြုံခြုံဝတ်ဆင်ခြင်းမပြုဖို့ ပြောဆိုခဲ့တာ လုံးဝမဟုတ်ဘူးလို့ ဖြေရှင်းသွားပါတယ်။

ပြည်တွင်းအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ နိဒါအွလ်အစ္စလာမ်အမည်ရှိ အသံလွှင့်ဌာနနဲ့တွေ့ဆုံစဉ် “ အမျိုးသမီးတွေအတွက် လုံလုံခြုံခြုံ အဝတ်အစားဝတ်ဆင်ရာမှာ သီးသန့်သတ်မှတ်ထားတဲ့ အမျိုးအစားရှိပါသလား” ဆိုတဲ့ မေးခွန်းအပေါ် ပြန်လည်ဖြေကြားမှုရဲ့ အစိတ်အပိုင်းတစ်ခုဟာ လူမှုကွန်ယက်အတွင်း ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

“ ဘာသာတရားကိုင်းရှိုင်းတဲ့ ကမ္ဘာတဝန်းက မွတ်စ်လင်မ် အမျိုးသမီးတွေဟာ ဆော်ဒီမှာဝတ်နေတဲ့ အိဗာအဟ် အဝတ်အစားတွေကိုပဲ ဝတ်ဆင်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့်လူတွေကို အိဗာအဟ် အဝတ်အစားကိုသာ ဝတ်ဆင်ဖို့ အတင်းဖိအားမပေးသင့်ပါဘူး ” ဆိုတဲ့ ရှိုက်ခ်ရဲ့ ဖြေကြားချက် တစ်စိတ်တစ်ပိုင်းဟာ လူမှုကွန်ယက်အတွင်း အလျင်အမြန် ပျံ့နှံ့ခဲ့ပါတယ်။

မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးအနေဖြင့် အစ္စလာမ့်ဟိဂျာဗ်ဝတ်ဆင်ခြင်းဟာ အလ္လာ့ဟ်အမိန့်နာခံခြင်း၊ အိဗာဒသ်ဆည်းကပ်ခဝပ်မှုတွေထဲက ခဝပ်မှုတစ်ခုပြုခြင်းလို့ ခံယူရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်အတွက်ရော မွတ်စ်လင်မ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ကိုပါ ဂုဏ်သိက္ခာထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မိမိလုပ်ရပ်အားဖြင့် သာသနာ့ဂုဏ်သိက္ခာ တိုးပွါးစေလိုကြောင်းကို တိုက်တွန်းနှိုးဆော်ထားခြင်းသာဖြစ်တယ်လို့ ရှိုက်ခ်က ရှင်းလင်းသွားပါတယ်။

ရှိုင်ခ်အနေနဲ့ အဝတ်အစားတိုင်းဟာ လုံခြုံမှုရှိရမယ်၊ သာသနာတော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ကိုက်ညီရမယ်၊ ဦးခေါင်းကနေ ခြေအထိ ဝတ်ဆင်လိုက်တဲ့ ဟိဂျာဗ်ဖြစ်ဖြစ်၊ တခြား ဟိဂျာဗ်ဝတ်ရုံ ဖြစ်ဖြစ် အဓိကကတော့ ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံရမယ်၊ ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းတွေ ပေါ်လွင်တာမျိုး မဖြစ်ရဘူး၊ အမျိုးသားတွေရဲ့ အဝတ်အစားနဲ့ မတူဆင်ရဘူး၊ အင်္ကျီအတွင်းကို ထိုးဖောက်မြင်ရသည့် ပါးကပ်နေသော အဝတ်အစားမျိုးတွေကို ဝတ်ဆင်ခြင်း မပြုရဘူး၊ သူတစ်ပါးသတိထားမိစေလောက်အောင် အမွေးအကြိုင်တွေ သုတ်လိမ်းမထားရဘူး၊ ပြစားတဲ့အဝတ်အစားမျိုးမဖြစ်ရဘူးလို့ ဖိကဟ်ဓမ္မသတ်ကျမ်းတွေမှာ ပါရှိထားတဲ့၊ သာသနာ့သုခမိန်ကြီးများရဲ့ စာပေကျမ်းဂန်အသီးသီးမှာ ရေးသားစုဆောင်းထားပြီးဖြစ်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ အဆိုတွေကို ပြန်လည် မျှဝေခြင်းသာ ဖြစ်ပါတယ်။

ဆိုလိုတာက အစ္စလာမ်သာသနာက သတ်မှတ်ထားသလို ခန္ဓာကိုယ်အား လုံခြုံနေမယ်ဆိုရင် ဆော်ဒီမှာ ဝတ်ကြတဲ့ အိဗာအဟ်လို့ခေါ်တဲ့ အဝတ်အစားကိုသာမက အခြားနိုင်ငံက ဘယ်လိုအဝတ်အစားမျိုးကိုမဆို ဝတ်ဆင်နိုင်တယ်။ အမျိုးသမီးတွေအတွက် လုံခြုံအောင် ဘယ်လိုအဝတ်အစားကိုသာ ဝတ်ရမယ်လို့ အတင်းဖိအားမပေးသင့်ဘူးလို့ ဆိုလိုထားခြင်းဖြစ်ကြောင်းကိုလည်း ရှိုက်ခ်က ဆက်လက် ရှင်းလင်းသွားပါတယ်။

G-News-001/2/18

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat