တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ “ နာဂျာယင် အစ္စလာမ့်ယဉ်ကျေးမှုရေးရာ ကောလိပ် ” ၏ အောင်လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ဖျော်ဖြေရန်အတွက် လေ့ကျင့်နေသည့် ဆယ်ကျော်သက်အရွယ် တရုတ်မွတ်စ်လင်မ် သမီးငယ်လေးများ ဖြစ်ပါတယ်။

သူတို့ဟာ အလ္လာဟ့်ဂုဏ်တော်များကို အရဗီနှင့်တရုတ်ဘာသာများဖြင့် ရေးစပ်သီကုံးထားတဲ့ ကဆွီဒါဖြင့် ဧည့်ခံဖျော်ဖြေဖို့အတွက် ယခုလို ကျောင်းတွင်း ကြိုတင်လေ့ကျင့်မှုကို ပြုလုပ်နေကြဟန် ဖြစ်ပါတယ်။

ဤရုပ်သံကို လူမှုကွန်ယက်တွေပေါ်မှာ ပြန်လည်မျှဝေခဲ့ကြပြီး လူကြည့်များခဲ့သလို သဘောထားအမျိုးမျိုးနဲ့ မှတ်ချက်ပေးကြတာတွေကိုလည်း မြင်တွေ့ရပါတယ်။

“ တရုတ်နိုင်ငံဟာ ဘာသာတရားတွေကို ဦးစားမပေးသလို၊ ဆိုးဆိုးရွားရွားလည်း မဆက်ဆံပါဘူး။ ဘယ်သူမဆို နေတတ်ရင်တော့ ပျော်ရွှင်မှုတွေကိုလည်း စိတ်ကြိုက် ဖန်တီးလို့ ရနိုင်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာမှ မဟုတ်ပါဘူး။ ကမ္ဘာ့ဘယ်ဒေသမှာ မဆိုပါပဲ။ ” လို့ သဘောထားမှတ်ချက်တစ်ခုကိုလည်း မြင်တွေ့ရပါတယ်။

GKM-01/18 © အလင်းမျက်ဝန်း
[error title="သုခုမမျက်ဝန်း" icon="exclamation-circle"]» ဤ “သုခုမမျက်ဝန်း” အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးနေပါသည်။
» ဤအစီအစဉ်အား အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/OMcoqmEItAo[/error]