ဇွန်လ (၈) ရက် တနင်္ဂနွေနေ့ ညနေ (၃း၄၅) အချိန်မှာ ဆော်ဒီနိုင်ငံအလယ်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဘူရီဒါဒေသရဲ့ လမ်းစစ်ဆေးရေးဂိတ်တစ်ခုကို ရောက်ရှိလာတဲ့ ကားတစ်စီးပေါ်က သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။

အုပ်ချုပ်ရေးမြို့တော် ရိယာဒ်မြောက်ပိုင်းရှိ အဝေးပြေးကားလမ်းမပေါ်က လုံခြုံရေးစစ်ဆေးဂိတ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးရဲဝန်ထမ်းတွေကို ကားပေါ်လိုက်ပါလာတဲ့ အကြမ်းဖက်သမား (၃)ဦးက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရဲများကလည်း ချက်ချင်းပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်သမား (၂) ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးကိုတော့ ဒဏ်ရာတွေနဲ့ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုကြောင့်ပဲ ရဲဝန်ထမ်း အရာရှိတစ်ဦးနဲ့ လမ်းဆောက်လုပ်ရေးဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ ပူးတွဲဖော်ပြခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာ ဒဏ်ရရသူ အကြမ်းဖက်သမားကိုလည်း ဆေးရုံသို့ လွှဲပြောင်းကာအတွင်းလူနာအဖြစ် တင်ပို့ထားပြီး မည်သည့်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Inews-01/7/18 © အလင်းမျက်ဝန်း | ကိုးကား » Internet