كل نفس ذائقة الموت 

ကမ္ဘာ့နိုင်ငံများစွာ၌ လူပေါင်းသန်း(၅၀၀) ကျော်အား ကိုယ်စားပြု ပျံ့နှံ့လုပ်ကိုင်နေသည့် အစ္စလာမ်သာသနာပြုအဖွဲ့အစည်းတစ်ခုဖြစ်သော သဗ်လီဂ်ဂျမာအသ် အဖွဲ့အစည်းကြီး၏ ဥသျှောင်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်သူ အမီးရေ့ဆွာဟိဗ် ဟဇရသ်ကြီး ဟာဂျီ ဘိုင်အဗ်ဒွလ် ဝဟ်ဟာဇ်ဆပ်သည် ယနေ့ (၁၈-၁၁-၂၀၁၈) တွင် ဤသင်္ခါရလောကီမှ အလ္လာဟ်အရှင်မြတ်သခင်၏ အမိန့်တော်ကိုခံယူ၍ လောကုတ္တရာသို့ အပြီးအပိုင် ခွဲခွါသွားပြီ ဖြစ်ပါသည်။

သူတော်စင်ကြီး၏ နောက်ဆုံးခရီး ဂျနာဇာနမားဇ်ကို ၎င်းသက်ဆုံးတိုင်နေထိုင်ခဲ့သည့် ပါကစ္စတန်နိုင်ငံရှိ ရိုင်ဝါန်မရ်ကဇ်ဗလီကြီးမှာ ဝတ်ပြုသွားမယ်လို့ သိရပါတယ်။

၁၉၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် သက်တော် (၉၆) နှစ်အရွယ်ရှိပြီဖြစ်သည့် သူတော်စင်ကြီးသည် သဗ်လီဂ်ဂျမာအသ်လုပ်ငန်းကို စတင်ဖော်ဆောင်ခဲ့သော ဆရာသခင်ကြီးများနှင့် လက်တွဲ၍ ဘဝတစ်ခုလုံးကို ပုံအပ်ကာ ကြီးပြင်းခဲ့သည့် ရှားပါးသက်တော်ရှည် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါသည်။

သူတော်စင်ကြီးသည် မြန်မာနိုင်ငံသို့လည်း (၂၀၀၈) ခုနှစ်ခန့်က ရောက်ရှိခဲ့ပြီး လူဦးရေ(၁)သိန်းကျော် တက်ရောက်သည့် အိဂ်ျသေမာ (ခေါ်) ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းပွဲကြီးကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း ကျင်းပရာ၌ ပါဝင်ခဲ့ပါသည်။

သူတော်စင်ကြီး၏ ကမ္ဘာအနှံ့ ငြိမ်းချမ်းရေးသာသနာပြုခရီးစဉ်များတွင် ဟောကြားပို့ချသော ငြိမ်းချမ်းရေးဒေသနာ တရားတော်များကို လူပေါင်းသိန်းချီ လာရောက်၍ နာယူလေ့ရှိပါသည်။

ကမ္ဘာ့မွတ်စ်လင်မ်တို့အတွက် ကြီးကျယ်မြင့်မြတ်လှသည့် ဝလီသူတော်စင် မုဗလ္လိဂ်၊ ဒါအီကြီးတစ်ပါးကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်လို့ ပါကစ္စတန်မီဒီယာများအပါအဝင် ကမ္ဘာအရပ်ရပ်မှ အစ္စလာမ့်မီဒီယာများက ဝမ်းနည်းကြောင်းများ အသီးသီးထုတ်ဖော် ရေးသားနေကြပါတယ်။

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ
အင်​န်​နာလိလ္လာဟိ ဝအင်​န်​နာ အိလိုင်းဟိရာဂျိအူးန်​။